[Zawgyi]







REF:Wikipedia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈-၁၉ ချန်ပီယံလိဂ် Play off အဆင့်ပွဲတွေ ထွက်ပေါ်လာပြီ

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ခြေစစ်ပွဲ နောက်ဆုံးအဆင့်ဖြစ်တဲ့ Play off ပွဲစဉ်တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ Play off အဆင့်ကိုတော့ ဥရောပနာမည်ကြီး အသင်းတော်တော်များများ တက်ရောက်ခဲ့ပေမယ့် စကော့တလန်ထိပ်သီး ဆဲလ်တစ်အသင်းကတော့ တတိယအဆင့်မှာ ဂရိကလပ် AEK အေသင်အသင်းကို နှစ်ကျော့ပေါင်း (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြဘရန်ဒန်ရော်ဂျာBrendan Rodger လက်ထက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ခြေစစ်ပွဲ မအောင်ခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ရတယ်။

AEK-Athens-dump-Celtic-out-of-Champions-League

AEK-Athens-dump-Celtic-out-of-Champions-League

တခြား နာမည်ကျော်အသင်းတွေဖြစ်တဲ့ PSV ၊ ဒိုင်နမိုကိဗ် ၊ ဘင်ဖီကာ၊ အေဂျက်စ် ၊ ဒိုင်နမိုဇာဂရက် တို့ကတော့ Play off အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်နဲ့ ယူကရိန်း ထိပ်သီး ဒိုင်နမိုကိဗ်တို့ ထိပ်တိုက်တွေ့နေတာကြောင့် ဘယ်သူနောက်တစ်ဆင့်တက်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ချန်ပီယံလိဂ် Play off ပထမအကျော့ပွဲတွေကို သြဂုတ်(၂၁)၊ (၂၂)၊ ဒုတိယအကျော့ကိုတော့ (၂၈)နဲ့ (၂၉)ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် Play off အဆင့်ပွဲစဉ်များ
ရက်ဒ်စတားဘဲလ်ဂရိတ်(ဆားဘီးယား) – ဆာလ်ဘာ့ဂ်(သြစတြီးယား)
BATE (ဘီလာရုစ်) – PSV (နယ်သာလန်)
ယန်းဘွိုင်းစ် (ဆွစ်ဇာလန်) – ဒိုင်နမိုဇာဂရက် (ခရိုအေးရှား)
MOL Vidi (ဟန်ဂေရီ) – AEK အေသင်(ဂရိ)
ဘင်ဖီကာ (ပေါ်တူဂီ) – PAOK (ဂရိ)
အေဂျက်စ် (နယ်သာလန်) – ဒိုင်နမိုကိဗ် (ယူကရိန်း)

REF:Wikipedia
Photo:The Trent,eurosport.com
Naing Linn(Akhayar)
www.akhayar.com