[Zawgyi]

၂၀၁၈-၁၉ ေဘာလံုးရာသီ အဂၤလန္ ပရီးမီးယားလိဂ္ ပြဲစဥ္မ်ား ထြက္ေပၚ

လာမယ့္ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ အသံုးျပဳမယ့္ အဂၤလန္ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္မ်ား ထြက္ေပၚလာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို တရားဝင္ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ရာသီအစမွာတင္ အသင္းႀကီး အခ်င္းခ်င္း ထိပ္တိုက္ေတြ႔ဆံုမယ့္ ပြဲစဥ္ေတြ ပါဝင္ေနပါတယ္။ ၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲကို ၂၀၁၈ခုႏွစ္၊ ၾသဂုတ္ (၁၁)ရက္ေန႔မွာ စတင္သြားမွာျဖစ္ၿပီး ၂၀၁၉ခုႏွစ္၊ ေမလ (၁၂)ရက္ေန႔မွာ အဆံုးသတ္မွာျဖစ္ပါတယ္။ ရာသီအဖြင့္ ပြဲစဥ္မွာတင္ အာဆင္နယ္အသင္းနဲ႔ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းတို႔ ေတြ႔ဆံုေနၿပီး အီမရိတ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။ နည္းျပသစ္ အူႏိုင္းအမ္မရီ Unai Emery ရဲ႕ အာဆင္နယ္အသင္းဟာ ရာသီအစမွာတင္ ပြဲက်ပ္ေတြနဲ႔ ရင္ဆိုင္ေနရၿပီး လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းနဲ႔ ပြဲစဥ္ (၁)အၿပီးမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းရဲ႕ စတန္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ လန္ဒန္ဒါဘီပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

2018-19-Premier-League-Fixtures

2018-19-Premier-League-Fixtures

ရာသီအဖြင့္ ပြဲစဥ္မွာ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္းက လက္စတာအသင္းကို အိမ္ကြင္းမွာ လက္ခံကစားသြားရမွာျဖစ္ၿပီး စပါးအသင္းက နယူးကာဆယ္အသင္းရဲ႕ အိမ္ကြင္း စိန္႔ဂ်ိမ္းစ္ပါ့ခ္ကြင္းမွာ သြားေရာက္ ကစားရမွာျဖစ္ပါတယ္။ စပါးအသင္းရဲ႕ ကြင္းသစ္ႀကီးျဖစ္တဲ့ ဝိႈက္ဟတ္လိန္းကြင္း ဖြင့္ပြဲအျဖစ္ ပြဲစဥ္ (၂)မွာ တန္းတက္ ဖူလ္ဟမ္အသင္းကို လက္ခံ ကစားသြားမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တဲ့ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ရဲ႕ လီဗာပူးလ္အသင္းကေတာ့ ရာသီအဖြင့္ ပြဲစဥ္အျဖစ္ အိမ္ကြင္း အန္ဖီးလ္မွာ ဝက္စ္ဟမ္းအသင္းကို လက္ခံ ကစားသြားမွာ ျဖစ္ပါတယ္။ လာမယ့္ ေဘာလံုးရာသီရဲ႕ မန္ခ်က္စတာ ဒါဘီပြဲစဥ္ကိုေတာ့ ႏိုဝင္ဘာလ၊ (၁၀)ရက္ေန႔မွာ မန္စီးတီးအသငး္ရဲ႕ အီးတီးဟတ္ကြင္းမွာ ယွဥ္ၿပိဳင္ ကစားသြားၾကမွာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၁)ရက္ေန႔မွာေတာ့ မာေဆးလ္ဆိုက္ဒ္ဒါဘီ ၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ အဲဗာတန္အသင္းတို႔ အန္ဖီးလ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အီမရိတ္ကြင္းမွာေတာ့ အာဆင္နယ္အသင္းနဲ႔ စပါးအသင္းတို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္ကို ကစားသြားမွာ ျဖစ္ပါတယ္။ ၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ အျပည့္အစံုကုိေတာ့ ဒီ Link မွာ ဖတ္ရႈႏုိင္ပါတယ္။

REF:Sky Sports
Photo:The Sun, Sky Sports
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈-၁၉ ဘောလုံးရာသီ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များ ထွက်ပေါ်

လာမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အသုံးပြုမယ့် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို တရားဝင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ရာသီအစမှာတင် အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်တွေ ပါဝင်နေပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ၂၀၁၈ခုနှစ်၊ သြဂုတ် (၁၁)ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ၂၀၁၉ခုနှစ်၊ မေလ (၁၂)ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ရာသီအဖွင့် ပွဲစဉ်မှာတင် အာဆင်နယ်အသင်းနဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းတို့ တွေ့ဆုံနေပြီး အီမရိတ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery ရဲ့ အာဆင်နယ်အသင်းဟာ ရာသီအစမှာတင် ပွဲကျပ်တွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ပွဲစဉ် (၁)အပြီးမှာတော့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းရဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လန်ဒန်ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

2018-19-Premier-League-Fixtures

2018-19-Premier-League-Fixtures

ရာသီအဖွင့် ပွဲစဉ်မှာ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းက လက်စတာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး စပါးအသင်းက နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပါတယ်။ စပါးအသင်းရဲ့ ကွင်းသစ်ကြီးဖြစ်တဲ့ ဝှိုက်ဟတ်လိန်းကွင်း ဖွင့်ပွဲအဖြစ် ပွဲစဉ် (၂)မှာ တန်းတက် ဖူလ်ဟမ်အသင်းကို လက်ခံ ကစားသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ လီဗာပူးလ်အသင်းကတော့ ရာသီအဖွင့် ပွဲစဉ်အဖြစ် အိမ်ကွင်း အန်ဖီးလ်မှာ ဝက်စ်ဟမ်းအသင်းကို လက်ခံ ကစားသွားမှာ ဖြစ်ပါတယ်။ လာမယ့် ဘောလုံးရာသီရဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ကိုတော့ နိုဝင်ဘာလ၊ (၁၀)ရက်နေ့မှာ မန်စီးတီးအသင်းရဲ့ အီးတီးဟတ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှာတော့ မာဆေးလ်ဆိုက်ဒ်ဒါဘီ ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အီမရိတ်ကွင်းမှာတော့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ကစားသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် အပြည့်အစုံကိုတော့ ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။

REF:Sky Sports
Photo:The Sun, Sky Sports
Aung Kyaw Wai (Akhayar)
www.akhayar.com