[Zawgyi]

၂၀၁၈-၁၉ ေဘာလံုးရာသီ ပြဲစဥ္ဇယား ေပါက္ၾကားခဲ့တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ

၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ဇယားကို တရားဝင္ေၾကညာျခင္း မရွိေသးခင္မွာဘဲ ေပါက္ၾကားမႈျဖစ္ပြားခဲ့ပါတယ္။ ပြဲစဥ္အားလံုး ေပါက္ၾကားခဲ့တာ မဟုတ္ဘဲ ရာသီအဖြင့္ပြဲစဥ္ေတြ လူမႈကြန္ရက္ စာမ်က္ကတစ္ဆင့္ ေပါက္ၾကားခဲ့တာ ျဖစ္ပါတယ္။ ေပါက္ၾကားခဲ့တဲ့ သတင္းအရ ၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲကို ၾသဂုတ္လ (၁၁)ရက္ေန႔မွာ စတင္ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။ ေပါက္ၾကားခဲ့တဲ့ ရာသီအဖြင့္ပြဲစဥ္မွာ ရုပ္သံထုတ္လႊင့္မႈအရ အဆင္ေျပေစရန္ အသင္းႀကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႔ဆံုမႈမရွိေအာင္ ေရးဆြဲခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ရာသီအဖြင့္ပြဲစဥ္ေပါက္ၾကားမႈ ျဖစ္ပြားခဲ့တာ မွန္ကန္မႈရွိ၊ မရွိကို ပရီးမီးယားလိဂ္ရဲ႕ တာဝန္ရွိသူေတြက ထုတ္ျပန္ျခင္းေတာ့ မရွိေသးပါဘူး။

Premier-League-fixture-list-is-leaked

Premier-League-fixture-list-is-leaked

ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ဇယား တရားဝင္ ထုတ္ျပန္မႈကို လာမယ့္ ဇြန္လ (၁၄)ရက္ေန႔မွာ ျပဳလုပ္သြားမွာျဖစ္လို႔ တရားဝင္ ထုတ္ျပန္မႈမျပဳလုပ္ခင္ (၁၁)ရက္အလိုမွာ ရာသီအဖြင့္ပြဲစဥ္ေတြ ေပါက္ၾကားခဲ့တာ ျဖစ္ပါတယ္။ ေပါက္ၾကားခဲ့တဲ့ သတင္းေတြအရ လက္ရွိ ခ်န္ပီယံ မန္စီးတီးအသင္းက အဲဗာတန္အသင္းကို အိမ္ကြင္းမွာ လက္ခံ ကစားသြားရမွာျဖစ္ၿပီး ၿမိဳ႔ခံၿပိဳင္ဘက္ မန္ယူအသင္းကေတာ့ ေဆာက္သမ္တန္အသင္းရဲ႕ စိန္႔ေမရီကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ေပါက္ၾကားမႈ ျဖစ္ပြားခဲ့တဲ့ ရာသီအဖြင့္ပြဲစဥ္ 

ဖူလ္ဟမ္ – နယူးကာဆယ္
လက္စတာ – ဝက္ဖို႔ဒ္
ဝုလ္ဗ္ – ခ်ယ္လ္ဆီး
အာဆင္နယ္ – ဘရိုက္တန္
မန္စီးတီး – အဲဗာတန္
ဘန္ေလ – စပါး
လီဗာပူးလ္ – ဝက္စ္ဟမ္း
ဘုန္းေမာက္ – ကာဒစ္ဖ္
ဟတ္ဒါဖီးလ္ – ခရစၥတယ္လ္ပဲေလ့စ္
ေဆာက္သမ္တန္ – မန္ယူ

REF:Football London
Photo:Standard.co.uk, 501FootballNews
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈-၁၉ ဘောလုံးရာသီ ပွဲစဉ်ဇယား ပေါက်ကြားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ

၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်ဇယားကို တရားဝင်ကြေညာခြင်း မရှိသေးခင်မှာဘဲ ပေါက်ကြားမှုဖြစ်ပွားခဲ့ပါတယ်။ ပွဲစဉ်အားလုံး ပေါက်ကြားခဲ့တာ မဟုတ်ဘဲ ရာသီအဖွင့်ပွဲစဉ်တွေ လူမှုကွန်ရက် စာမျက်ကတစ်ဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ သတင်းအရ ၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲကို သြဂုတ်လ (၁၁)ရက်နေ့မှာ စတင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ရုပ်သံထုတ်လွှင့်မှုအရ အဆင်ပြေစေရန် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမရှိအောင် ရေးဆွဲခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ရာသီအဖွင့်ပွဲစဉ်ပေါက်ကြားမှု ဖြစ်ပွားခဲ့တာ မှန်ကန်မှုရှိ၊ မရှိကို ပရီးမီးယားလိဂ်ရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Premier-League-fixture-list-is-leaked

Premier-League-fixture-list-is-leaked

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်ဇယား တရားဝင် ထုတ်ပြန်မှုကို လာမယ့် ဇွန်လ (၁၄)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်လို့ တရားဝင် ထုတ်ပြန်မှုမပြုလုပ်ခင် (၁၁)ရက်အလိုမှာ ရာသီအဖွင့်ပွဲစဉ်တွေ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားသွားရမှာဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းကတော့ ဆောက်သမ်တန်အသင်းရဲ့ စိန့်မေရီကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ပေါက်ကြားမှု ဖြစ်ပွားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ် 

ဖူလ်ဟမ် – နယူးကာဆယ်
လက်စတာ – ဝက်ဖို့ဒ်
ဝုလ်ဗ် – ချယ်လ်ဆီး
အာဆင်နယ် – ဘရိုက်တန်
မန်စီးတီး – အဲဗာတန်
ဘန်လေ – စပါး
လီဗာပူးလ် – ဝက်စ်ဟမ်း
ဘုန်းမောက် – ကာဒစ်ဖ်
ဟတ်ဒါဖီးလ် – ခရစ္စတယ်လ်ပဲလေ့စ်
ဆောက်သမ်တန် – မန်ယူ

REF:Football London
Photo:Standard.co.uk, 501FootballNews
Aung Kyaw Wai (Akhayar)
www.akhayar.com