[Zawgyi]

၂၀၁၇ ခုႏွစ္အတြက္ အကယ္ဒမီေရႊစင္ရုပ္ဆုဆြတ္ခူးရရွိသူမ်ားစာရင္း

၂၀၁၇ ခုႏွစ္အတြက္ အကယ္ဒမီဆုခ်ီးျမွင့္ပြဲကို မတ္လ ၂၃ ရက္(ေသာၾကာေန႔) ညေနပိုင္းက Myanmar Event Park မွာ က်င္းပခဲ့ပါတယ္။ အႏုပညာရွင္ ၊ အတတ္ပညာရွင္မ်ား စံုလင္စြာတက္ေရာက္ခဲ့ျပီး အခမ္းအနားအဖြင့္အမွာစကားကို ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္ခ်ီးျမွင့္ေျပာၾကားခဲ့ပါတယ္။

ျပန္ၾကားေရးဝန္ၾကီး ဦးေဖျမင့္နဲ႔ ရုပ္ရွင္အစည္းအရုံး ဥကၠဌ ဦးဇင္ဝုိင္းတုိ႔ကလည္း အမွာစကားေျပာၾကားျပီးေနာက္မွာေတာ့ ဆုရရွိသူမ်ားစာရင္းကို ေၾကညာခဲ့ပါတယ္။ ဒီဆုေပးပြဲဲဟာ ၆၆ ၾကိမ္ေျမာက္ဆုေပးပြဲအခမ္းအနားျဖစ္ျပီး ျပန္ၾကားေရးဝန္ၾကီးဌာနကေန က်င္းပေပးေနရာက ၂၀၁၃ ခုႏွစ္မွာ ျမန္မာ့ရုပ္ရွင္အစည္းအရံုးက လႊဲေျပာင္းက်င္းပခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္ရဲ့ ဆုစာရင္းကေတာ့

ရုပ္ရွင္တစ္သက္တာဆု

ဒီႏွစ္မွာေတာ့ ထူးထူးျခားျခား ရုပ္ရွင္တစ္သက္တာဆုကို ဂုဏ္ျပဳခ်ီးျမွင့္တာပါဝင္ျပီး ရုပ္ရွင္တစ္သက္တာဆုကို ဘဘ စည္သူ“ဗုိလ္ကေလးတင့္ေအာင္” ကို ခ်ီးျမွင့္လိုက္ပါတယ္။ ဒီဆုကို ရုပ္ရွင္ေလာကသားအားလံုးက ဂုဏ္ျပဳခ်ီးျမွင့္တာ ျဖစ္ျပီး ဆုတံဆိပ္အတြက္ ေရႊစင္ေရႊသား ၅ က်ပ္သားနဲ႔ လစဥ္ခ်ီးျမွင့္ေငြ ၅ သိန္းက်ပ္ကိုလည္း ခ်ီးျမွင့္ခံရသူ သက္ရွိထင္ရွားရွိစဥ္ကာလအထိ ခ်ီးျမွင့္ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ဒီဆုကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ေပးအပ္ခ်ီးျမွင့္သြားခဲ့ပါတယ္။

ရုပ္ရွင္အသံဆု

၂၀၁၇ ခုနွစ္အတြက္ ရုပ္ရွင္အသံဆုကိုေတာ့ သိန္းေအာင္(ထာဝရအေမ) ဇာတ္ကားနဲ႔ ရရွိသြားခဲ့ပါတယ္။ ဒီဆုကို အကယ္ဒမီဦးေအးျမင့္က ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ရုပ္ရွင္တည္းျဖတ္ဆု

၂၀၁၇ ခုႏွစ္အတြက္ ရုပ္ရွင္တည္းျဖတ္ဆုကိုေတာ့ အုိဝင္(ထာဝရအေမ) ဇာတ္ကားနဲ႔ ရရွိသြားခဲ့ပါတယ္။ ဒီဆုကို အကယ္ဒမီ(၆)ဆုရွင္ ေဇာ္မင္း (ဟံသာေျမ) က ဖြင့္ေဖာက္ခ်ီးျမွွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ရုပ္ရွင္ဓာတ္ပံုဆု

၂၀၁၇ ခုႏွစ္အတြက္ ရုပ္ရွင္ဓာတ္ပံုဆုကိုေတာ့ ေက်ာက္ျဖဴ(ပေဒသာ) ကိုေနဝင္းက (သရဲမ၊ဘီလူးမႏွင့္ မိန္းမပ်ိဳ) ဇာတ္ကားမွာ ထပ္ဆင့္အကယ္ဒမီအေနနဲ႔ ရရွိခဲ့တာ ျဖစ္ပါတယ္။ဒီဆုကို အကယ္ဒမီ ဦးၾကည္က ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ရုပ္ရွင္ေတးဂီတဆု

၂၀၁၇ ခုႏွစ္အတြက္ ရုပ္ရွင္ေတးဂီတဆုကိုေတာ့ စႏၵရားတင္ဝင္းလႈိင္က (ကြမး္လံုရက္ ၄၀) ဇာတ္ကားနဲ႔ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဆုကို Dr. Andrew Kaung က ဖြင့္ေဖာက္ေၾကညာခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ရုပ္ရွင္ဇာတ္ညြန္းဆု

၂၀၁၇ ခုနွစ္အတြက္ ရုပ္ရွင္ဇာတ္ညႊန္းဆုကုိ ဝုိင္း (ရင္ဘတ္ထဲက ဓါး) ရရွိခဲ့ပါတယ္။ ဒီဆုကို အကယ္ဒမီ စည္သူ (ဦး) ၾကည္စိုးထြန္းက ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒါရိုက္တာဆု

၂၀၁၇ ခုႏွစ္အတြက္ ဒါရိုက္တာဆုကိုေတာ့ စင္ေရာ္ေမာင္ေမာင္က (ထာဝရအေမ)ဇာတ္ကားနဲ႔ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဆုကို အကယ္ဒမီဒါရိုက္တာ ဦးဝင္းေဖက ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

အေကာင္းဆံုးရုပ္ရွင္ဇာတ္ကားဆု

၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆံုးဇာတ္ကားဆုကိုေတာ့ (ေနျခည္မွာ ေရႊရည္ေလာင္းဇာတ္ကား)နဲ႔ မဂၤလာေဇာ္ရုပ္ရွင္ထုတ္လုပ္ေရးက  ဆြတ္ခူးရရွိသြားခဲ့ပါတယ္။ ဒီဆုကို ျပန္ၾကားေရးဝန္ၾကီး ေဒါက္တာ ေဖျမင့္က ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသားဇာတ္ပို႔ဆု

၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို႔ဆိုကိုေတာ့ ျမင့္ျမတ္ (အေမွာင္ေတြ ရြာခ်တဲ့ မိုးတိမ္) ဇာတ္ကားနဲ႔ ရရွိခဲ့ပါတယ္။ဒီဆုကို အကယ္ဒမီေနေအာင္က ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသမီးဇာတ္ပို႔ဆု

၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို႔ဆုကို ပိုင္ျဖိဳးသုက (သရဲမ၊ ဘီလူးမႏွင့္ မိန္းမပ်ိဳ) ဇာတ္ကားနဲ႔ ရရွိခဲ့ပါတယ္။ ဒီဆုကို အကယ္ဒမီမ်ားရွင္ ေဒၚျမင့္ျမင့္ခင္က ဖြင့္ေဖာက္ေၾကညာေပးခဲ့ပါတယ္။

အမ်ိဳးသားဇာတေ္ဆာင္ဆု

၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ေနတုိး (တာေတၾကီးဇာတ္ကား) နဲ႔ တတိယေျမာက္ အကယ္ဒမီဆုကို ရရွိခဲ့ပါတယ္။ ဒီဆုကို မင္းသားၾကီး ဦးၾကည္စိုးက ဖြင့္ေဖာက္ခ်ီးျမွင့္ေပးခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသမီးဇာတ္ေဆာင္ဆု

၂၀၁၇  ခုႏွစ္အတြက္ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို အိျႏၵာေက်ာ္ဇင္က (ရင္ဘတ္ထဲက ဓါး) ဇာတ္ကားနဲ႔ ဒုတိယေျမာက္ အကယ္ဒမီဆုကို ရရွိခဲ့ပါတယ္။ ဒီဆုကို အကယ္ဒမီမ်ားရွင္ ေဒၚဝါဝါဝင္းေရႊက ဖြင့္ေဖာက္ေၾကညာေပးခဲ့တာ ျဖစ္ပါတယ္။

www.akhayar.com

Photo Credit : Sun Thit Myanmar

[Unicode]

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီရွှေစင်ရုပ်ဆုဆွတ်ခူးရရှိသူများစာရင်း

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုချီးမြှင့်ပွဲကို မတ်လ ၂၃ ရက်(သောကြာနေ့) ညနေပိုင်းက Myanmar Event Park မှာ ကျင်းပခဲ့ပါတယ်။ အနုပညာရှင် ၊ အတတ်ပညာရှင်များ စုံလင်စွာတက်ရောက်ခဲ့ပြီး အခမ်းအနားအဖွင့်အမှာစကားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ချီးမြှင့်ပြောကြားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းတို့ကလည်း အမှာစကားပြောကြားပြီးနောက်မှာတော့ ဆုရရှိသူများစာရင်းကို ကြေညာခဲ့ပါတယ်။ ဒီဆုပေးပွဲဟာ ၆၆ ကြိမ်မြောက်ဆုပေးပွဲအခမ်းအနားဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကနေ ကျင်းပပေးနေရာက ၂၀၁၃ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်အစည်းအရုံးက လွှဲပြောင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆုစာရင်းကတော့

ရုပ်ရှင်တစ်သက်တာဆု

ဒီနှစ်မှာတော့ ထူးထူးခြားခြား ရုပ်ရှင်တစ်သက်တာဆုကို ဂုဏ်ပြုချီးမြှင့်တာပါဝင်ပြီး ရုပ်ရှင်တစ်သက်တာဆုကို ဘဘ စည်သူ“ဗိုလ်ကလေးတင့်အောင်” ကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုကို ရုပ်ရှင်လောကသားအားလုံးက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပြီး ဆုတံဆိပ်အတွက် ရွှေစင်ရွှေသား ၅ ကျပ်သားနဲ့ လစဉ်ချီးမြှင့်ငွေ ၅ သိန်းကျပ်ကိုလည်း ချီးမြှင့်ခံရသူ သက်ရှိထင်ရှားရှိစဉ်ကာလအထိ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်ချီးမြှင့်သွားခဲ့ပါတယ်။

ရုပ်ရှင်အသံဆု

၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်အသံဆုကိုတော့ သိန်းအောင်(ထာဝရအမေ) ဇာတ်ကားနဲ့ ရရှိသွားခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီဦးအေးမြင့်က ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်တည်းဖြတ်ဆု

၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်တည်းဖြတ်ဆုကိုတော့ အိုဝင်(ထာဝရအမေ) ဇာတ်ကားနဲ့ ရရှိသွားခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီ(၆)ဆုရှင် ဇော်မင်း (ဟံသာမြေ) က ဖွင့်ဖောက်ချီးမြှှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ဓာတ်ပုံဆု

၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကိုတော့ ကျောက်ဖြူ(ပဒေသာ) ကိုနေဝင်းက (သရဲမ၊ဘီလူးမနှင့် မိန်းမပျို) ဇာတ်ကားမှာ ထပ်ဆင့်အကယ်ဒမီအနေနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ဒီဆုကို အကယ်ဒမီ ဦးကြည်က ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်တေးဂီတဆု

၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်တေးဂီတဆုကိုတော့ စန္ဒရားတင်ဝင်းလှိုင်က (ကွမ်းလုံရက် ၄၀) ဇာတ်ကားနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကို Dr. Andrew Kaung က ဖွင့်ဖောက်ကြေညာချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ညွန်းဆု

၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ညွှန်းဆုကို ဝိုင်း (ရင်ဘတ်ထဲက ဓါး) ရရှိခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီ စည်သူ (ဦး) ကြည်စိုးထွန်းက ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာဆု

၂၀၁၇ ခုနှစ်အတွက် ဒါရိုက်တာဆုကိုတော့ စင်ရော်မောင်မောင်က (ထာဝရအမေ)ဇာတ်ကားနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကို အကယ်ဒမီဒါရိုက်တာ ဦးဝင်းဖေက ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ကားဆုကိုတော့ (နေခြည်မှာ ရွှေရည်လောင်းဇာတ်ကား)နဲ့ မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေးက  ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒီဆုကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဇာတ်ပို့ဆု

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆိုကိုတော့ မြင့်မြတ် (အမှောင်တွေ ရွာချတဲ့ မိုးတိမ်) ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ဒီဆုကို အကယ်ဒမီနေအောင်က ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဇာတ်ပို့ဆု

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ပိုင်ဖြိုးသုက (သရဲမ၊ ဘီလူးမနှင့် မိန်းမပျို) ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်က ဖွင့်ဖောက်ကြေညာပေးခဲ့ပါတယ်။

အမျိုးသားဇာတေ်ဆာင်ဆု

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို နေတိုး (တာတေကြီးဇာတ်ကား) နဲ့ တတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကို မင်းသားကြီး ဦးကြည်စိုးက ဖွင့်ဖောက်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆု

၂၀၁၇  ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို အိန္ဒြာကျော်ဇင်က (ရင်ဘတ်ထဲက ဓါး) ဇာတ်ကားနဲ့ ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကို အကယ်ဒမီများရှင် ဒေါ်ဝါဝါဝင်းရွှေက ဖွင့်ဖောက်ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

www.akhayar.com

Photo Credit : Sun Thit Myanmar