[Zawgyi]

ဆာလာ Salah ရဲ႕လိဂ္ဂုိးစံခ်ိန္၊ မန္စီးတီးရဲ႕ ရမွတ္စံခ်ိန္ေတြအပါအ၀င္ အမွတ္တရမ်ားနဲ႔ အဆုံးသတ္ခဲ့တဲ့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ္ရာသီ

၂၀၁၇-၁၈ ပရီးမီးယားလိဂ္ရာသီကေတာ့ လီဗာပူးလ္အသင္း ေတာင္ပံတိုက္စစ္ ကစားသမား ဆာလာ Salah ရဲ႕လိဂ္သြင္းဂုိးစံခ်ိန္၊ မန္စီးတီးအသင္းရဲ႕ရမွတ္စံခ်ိန္၊ မန္ယူ၀ါရင့္ကြင္းလယ္လူ ကာရစ္ Carrick ေဘာလုံးသမားဘ၀ ေနာက္ဆုံးႏႈတ္ဆက္ပဲြ၊ အာဆင္နယ္အသင္းဂႏၳ၀င္နည္းျပ အာစင္၀င္းဂါး Arsene Wenger အတြက္ အာဆင္နယ္နည္းျပ ဘ၀ ေနာက္ဆုံးရာသီ စတဲ့ အမွတ္တရေတြမ်ားနဲ႔အတူ ကန္႔လန္႔ကာ ပိတ္သိမ္းခဲ့ပါၿပီ။ လီ ဗာပူးလ္အသင္းရဲ႕ အီဂ်စ္တိုက္စစ္ကစားသမား ဆာလာဟာ ဘ႐ုိက္တန္ကုိ (၄-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာ အသင္းအတြက္ အဖြင့္ဂုိး သြင္းယူခဲ့ၿပီး ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ (၃၂)ဂုိးေျမာက္ဂုိးလည္းျဖစ္ခဲ့တယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ (၃၈)ပဲြအျဖစ္ သတ္မွတ္ခဲ့တဲ့ ၁၉၉၅-၉၆ ရာသီကေန ဒီရာသီမတိုင္ခင္အထိ တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံးက (၃၁)ဂုိးျဖစ္ၿပီး ရွီးယား Shearer ၊ စီေရာ္နယ္လ္ဒုိ C.Ronaldo၊ ဆြာရက္ဇ္ Suarez တို႔က သြင္းယူခဲ့တာပါ။ အဲဒီစံခ်ိန္ကုိ အခု ဆာလာက တစ္ဂုိးအသာနဲ႔ ခ်ိဳးျဖတ္ႏုိင္ခဲ့ပါၿပီ။

Mo Salah has now scored 32 Premier League goals this season

Mo Salah has now scored 32 Premier League goals this season

ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းဟာ ရာသီပိတ္ပဲြမွာ ေဆာက္သမ္တန္ကုိ (၁-၀)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့အတြက္ စံခ်ိန္မွတ္တမ္းေကာင္းေတြ အမ်ားႀကီးရယူႏုိင္ခဲ့ပါတယ္။ ဒီပဲြကုိ အႏုိင္ရခဲ့လုိ႔ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္မွာ ရမွတ္(၁၀၀)အထိရယူခဲ့တဲ့ ပထမဆုံးအသင္းျဖစ္ခဲ့သလုိ အေ၀းကြင္းႏုိင္ပဲြအမ်ားဆုံးအသင္းအျဖစ္ (၁၆)ပဲြနဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ စံခ်ိန္ကုိ ခ်ိဳးျဖတ္ႏုိင္ခဲ့တယ္။ ဒါ့အျပင္ ၂၀၀၄- ၀၅ရာသီက ခ်ယ္လ္ဆီးအသင္းတင္ရွိခဲ့တဲ့ အေ၀းကြင္းရမွတ္အမ်ားဆုံး (၄၈)မွတ္စံခ်ိန္ကုိ ရမွတ္(၅၀)နဲ႔ ခ်ိဳးျဖတ္ၿပီး စံခ်ိန္သစ္တင္ႏုိင္ခဲ့ပါၿပီ။ မန္စီးတီးရဲ႕ စံခ်ိန္ေတြက ဒီေလာက္နဲ႔တင္ မၿပီးေသးပါဘူး။ တစ္ရာသီလုံးမွာ ႏုိင္ပဲြ(၃၂)ပဲြအထိ ရယူခဲ့တာေၾကာင့္ အဂၤလန္ေဘာလုံးသမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း ႏုိင္ပဲြအမ်ားဆုံး အသင္းအျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့ၿပီျဖစ္သလုိ ဒုတိယေနရာက မန္ယူကုိ (၁၉)မွတ္ျဖတ္ႏုိင္ခဲ့တာေၾကာင့္ ဒုတိယေနရာက အသင္းကုိ အမွတ္အမ်ားဆုံးျဖတ္ၿပီး ဗုိလ္စဲြခဲ့တဲ့အသင္းလည္းျဖစ္ခဲ့တယ္။

မန္ယူအသင္းရဲ႕ အဂၤလန္၀ါရင့္ကြင္းလယ္လူ ကာရစ္ Carrick အတြက္ ဒီရာသီဟာ ေဘာလုံးသမားဘ၀ ေနာက္ဆုံး ရာသီပါပဲ။ အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကာရစ္ဟာ မန္ယူအသင္းမွာ ၂၀၀၆ ကေန ၂၀၁၈ ခုႏွစ္အထိကစားခဲ့ၿပီး ပရီးမီးယားလိဂ္(၅)ႀကိမ္၊ FA ဖလား(၁)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္၊ ယူ႐ုိပါလိဂ္(၁)ႀကိမ္ အပါအ၀င္ ဆုဖလားေပါင္းမ်ားစြာ ရယူႏုိင္ခဲ့ပါတယ္။ ၀က္စ္ဟမ္းအသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ စတင္ခဲ့တဲ့ ကာရစ္ဟာ (၁၉)ႏွစ္ၾကာ က်င္လည္ခဲ့တဲ့ ေဘာလုံးသမားဘ၀ကုိ အဆုံးသတ္ၿပီး ေမာ္ရင္ဟုိ Mourinho ရဲ႕ လက္ေထာက္နည္းျပအျဖစ္ ေဆာင္ရြက္သြားဖုိ႔ရွိေနပါတယ္။ အာဆင္နယ္အသင္းနည္းျပ အာစင္၀င္းဂါး Arsene Wenger ကလည္း ဟတ္ဒါဖီးလ္နဲ႔ပဲြအၿပီးမွာ (၂၂)ႏွစ္ၾကာ ကုိင္တြယ္ခဲ့တဲ့ အာဆင္နယ္အသင္းနည္းျပရာထူးကုိ စြန္႔လႊတ္ခဲ့ပါၿပီ။ အာစင္၀င္းဂါးဟာ အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၃)ႀကိမ္၊ FA ဖလား(၇)ႀကိမ္ ရရွိခဲ့ၿပီး သူ႕ရဲ႕ေနာက္ဆုံးရာသီမွာ အသင္းအတြက္ ဆုဖလားမရခဲ့သလုိ၊ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လဲြေခ်ာ္ခဲ့တဲ့အတြက္ေတာ့ စိတ္မေကာင္းစရာျဖစ္ခဲ့ပါတယ္။

michael-carrick retire

michael-carrick retire

ခ်ယ္လ္ဆီးအသင္းဟာ အေ၀းကြင္းမွာ နယူးကာဆယ္ကုိ (၃-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီး လီဗာပူးလ္အသင္းက ဘ႐ုိက္တန္ကုိ (၄)ဂုိးျပတ္အႏုိင္ရခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္း ယူ႐ုိပါလိဂ္၀င္ခြင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ခ်ယ္လ္ဆီးနည္းျပကြန္တီ Conte ဟာ ရာထူးကေန ထုတ္ပယ္ခံရဖုိ႔ ရာႏႈန္းမ်ားသြားပါၿပီ။ ဆြမ္ဆီး၊ စတုတ္စီးတီးနဲ႔ ၀က္စ္ဘရြန္းအသင္းတို႔ကေတာ့ လာမယ့္ရာသီက်ရင္ လိဂ္ခ်န္ပီယံရွစ္မွာ ကစားရမွာျဖစ္ပါတယ္။ ရင္ခုန္စိတ္လႈပ္ရွားစရာေတြနဲ႔ ၂၀၁၇-၁၈ ပရီးမီးယားလိဂ္ရာသီကေတာ့ အဆုံးသတ္သြားပါၿပီ။ လာမယ့္ ရာသီသစ္မွာလည္း ဘယ္လုိမ်ိဳး ရသေတြ ခံစားရမလဲဆိုတာ ႀကိဳတင္ေတြးေတာရင္းနဲ႔ ၂၀၁၈-၁၉ ရာသီ ကုိ ေစာင့္စား ေမွ်ာ္လင့္လုိက္ၾကရေအာင္ . . . .

၂၀၁၇-၁၈ ရာသီနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

– မန္စီးတီးအသင္းနည္းျပ ဂြါဒီယုိလာ Guardiola ဟာ သူ႔ရဲ႕နည္းျပဘ၀သက္တမ္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ အမွတ္(၁၀၀)ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။
– ပရီးမီးယားလိဂ္တစ္ရာသီအတြင္း ဂုိး(၃၀)နဲ႔အထက္ သြင္းယူခဲ့သူႏွစ္ေယာက္ (ဆာလာ၊ ဟာရီကိန္း)ျဖစ္ခဲ့တာက ၁၉၉၃-၉၄ ေနာက္ပုိင္း(အန္ဒီကုိးလ္ ၃၄ဂုိး၊ အလန္ရွီးယား ၃၁ဂုိး) ပထမဆုံးအႀကိမ္ပါ။
– စတုတ္စီးတီးတိုက္စစ္မွဴး ပီတာခေရာ႔ခ်္ Peter Crouch ရဲ႕ေခါင္းတိုက္သြင္းဂုိးက ဒီရာသီပရီးမီးယားလိဂ္ ၿပိဳင္ပဲြရဲ႕ သြင္းဂုိး(၁၀၀၀)ျပည့္အျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။
– ဆာလာဟာ ဒီရာသီမွာ မတူညီတဲ့အသင္း(၁၇)သင္းကုိ ဂုိးသြင္းခဲ့ၿပီး ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း အဲဒီလုိ စြမ္းေဆာင္ခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္ခဲ့တယ္။
– စပါးအသင္းတိုက္စစ္မွဴး ဟာရီကိန္းဟာ စပါးအသင္းကစားသမားေဟာင္း ကလုိက္ဖ္အလန္ (၁၉၈၆- ၈၇ ၄၉ဂုိး)ေနာက္ပုိင္း တစ္ရာသီအတြင္း အသင္းအတြက္ ၿပိဳင္ပဲြစုံမွာ ဂုိး(၄၀)နဲ႔အထက္ သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္ခဲ့ပါတယ္။

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ္အႏွစ္ခ်ဳပ္

Champions – Manchester City ,3rd Premier League title , 5th English title

Relegated – Swansea City ,Stoke City, West Bromwich Albion

Champions League – Man City ,Man U ,Tottenham , Liverpool

Europa League – Chelsea, Arsenal, Burnley

Matches played – 380

Goals scored – 1,018 (2.68 per match)

Top goalscorer – Mohamed Salah (32 goals)

Best goalkeeper – David de Gea (18 clean sheets)

Biggest home win

Man City 5–0 Liverpool (9 September 2017)

Man City 5–0 Crystal Palace (23 September 2017)

Man City 7–2 Stoke City (14 October 2017)

Arsenal 5–0 Huddersfield Town (29 November 2017)

Liverpool 5–0 Swansea City (26 December 2017)

Chelsea 5–0 Stoke City (30 December 2017)

Liverpool 5–0 Watford (17 March 2018)

Man City 5–0 Swansea City (22 April 2018)

Crystal Palace 5–0 Leicester City (28 April 2018)

Arsenal 5–0 Burnley (6 May 2018)

Biggest away win
Watford 0–6 Manchester City (16 September 2017)Highest scoring Manchester City 7–2 Stoke City (14 October 2017)Tottenham Hotspur 5–4 Leicester City (13 May 2018)Longest winning run- 18 matches Manchester CityLongest unbeaten run – 22 matches Manchester CityLongest winless run 20 matches – West Brom

Longest losing run – 8 matches West Brom

Highest attendance – 83,222 Tottenham 1–0 Arsenal (10 February 2018)

Lowest attendance- 10,242 Bournemouth 2–1 West Brom (17 March 2018)

Total attendance 14,429,890

Average attendance 38,275

REF:Wikipedia,Goal.com
Photo: Sky Sports,Man City.com,Cafe Goal.com
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ဆာလာ Salah ရဲ့လိဂ်ဂိုးစံချိန်၊ မန်စီးတီးရဲ့ ရမှတ်စံချိန်တွေအပါအဝင် အမှတ်တရများနဲ့ အဆုံးသတ်ခဲ့တဲ့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ရာသီ

၂၀၁၇-၁၈ ပရီးမီးယားလိဂ်ရာသီကတော့ လီဗာပူးလ်အသင်း တောင်ပံတိုက်စစ် ကစားသမား ဆာလာ Salah ရဲ့လိဂ်သွင်းဂိုးစံချိန်၊ မန်စီးတီးအသင်းရဲ့ရမှတ်စံချိန်၊ မန်ယူဝါရင့်ကွင်းလယ်လူ ကာရစ် Carrick ဘောလုံးသမားဘ၀ နောက်ဆုံးနှုတ်ဆက်ပွဲ၊ အာဆင်နယ်အသင်းဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး Arsene Wenger အတွက် အာဆင်နယ်နည်းပြ ဘ၀ နောက်ဆုံးရာသီ စတဲ့ အမှတ်တရတွေများနဲ့အတူ ကန့်လန့်ကာ ပိတ်သိမ်းခဲ့ပါပြီ။ လီ ဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဘရိုက်တန်ကို (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃၂)ဂိုးမြောက်ဂိုးလည်းဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃၈)ပွဲအဖြစ် သတ်မှတ်ခဲ့တဲ့ ၁၉၉၅-၉၆ ရာသီကနေ ဒီရာသီမတိုင်ခင်အထိ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးက (၃၁)ဂိုးဖြစ်ပြီး ရှီးယား Shearer ၊ စီရော်နယ်လ်ဒို C.Ronaldo၊ ဆွာရက်ဇ် Suarez တို့က သွင်းယူခဲ့တာပါ။ အဲဒီစံချိန်ကို အခု ဆာလာက တစ်ဂိုးအသာနဲ့ ချိုးဖြတ်နိုင်ခဲ့ပါပြီ။

Mo Salah has now scored 32 Premier League goals this season

Mo Salah has now scored 32 Premier League goals this season

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ရာသီပိတ်ပွဲမှာ ဆောက်သမ်တန်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့အတွက် စံချိန်မှတ်တမ်းကောင်းတွေ အများကြီးရယူနိုင်ခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့လို့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ရမှတ်(၁၀၀)အထိရယူခဲ့တဲ့ ပထမဆုံးအသင်းဖြစ်ခဲ့သလို အဝေးကွင်းနိုင်ပွဲအများဆုံးအသင်းအဖြစ် (၁၆)ပွဲနဲ့ ချယ်လ်ဆီးအသင်းရဲ့ စံချိန်ကို ချိုးဖြတ်နိုင်ခဲ့တယ်။ ဒါ့အပြင် ၂၀၀၄- ၀၅ရာသီက ချယ်လ်ဆီးအသင်းတင်ရှိခဲ့တဲ့ အဝေးကွင်းရမှတ်အများဆုံး (၄၈)မှတ်စံချိန်ကို ရမှတ်(၅၀)နဲ့ ချိုးဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။ မန်စီးတီးရဲ့ စံချိန်တွေက ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ တစ်ရာသီလုံးမှာ နိုင်ပွဲ(၃၂)ပွဲအထိ ရယူခဲ့တာကြောင့် အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း နိုင်ပွဲအများဆုံး အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သလို ဒုတိယနေရာက မန်ယူကို (၁၉)မှတ်ဖြတ်နိုင်ခဲ့တာကြောင့် ဒုတိယနေရာက အသင်းကို အမှတ်အများဆုံးဖြတ်ပြီး ဗိုလ်စွဲခဲ့တဲ့အသင်းလည်းဖြစ်ခဲ့တယ်။

မန်ယူအသင်းရဲ့ အင်္ဂလန်ဝါရင့်ကွင်းလယ်လူ ကာရစ် Carrick အတွက် ဒီရာသီဟာ ဘောလုံးသမားဘ၀ နောက်ဆုံး ရာသီပါပဲ။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရစ်ဟာ မန်ယူအသင်းမှာ ၂၀၀၆ ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်(၅)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်၊ ယူရိုပါလိဂ်(၁)ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့တဲ့ ကာရစ်ဟာ (၁၉)နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး မော်ရင်ဟို Mourinho ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး Arsene Wenger ကလည်း ဟတ်ဒါဖီးလ်နဲ့ပွဲအပြီးမှာ (၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းနည်းပြရာထူးကို စွန့်လွှတ်ခဲ့ပါပြီ။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား(၇)ကြိမ် ရရှိခဲ့ပြီး သူ့ရဲ့နောက်ဆုံးရာသီမှာ အသင်းအတွက် ဆုဖလားမရခဲ့သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့အတွက်တော့ စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။

michael-carrick retire

michael-carrick retire

ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ နယူးကာဆယ်ကို (၃-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်အသင်းက ဘရိုက်တန်ကို (၄)ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ချယ်လ်ဆီးနည်းပြကွန်တီ Conte ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရာနှုန်းများသွားပါပြီ။ ဆွမ်ဆီး၊ စတုတ်စီးတီးနဲ့ ဝက်စ်ဘရွန်းအသင်းတို့ကတော့ လာမယ့်ရာသီကျရင် လိဂ်ချန်ပီယံရှစ်မှာ ကစားရမှာဖြစ်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ရာသီကတော့ အဆုံးသတ်သွားပါပြီ။ လာမယ့် ရာသီသစ်မှာလည်း ဘယ်လိုမျိုး ရသတွေ ခံစားရမလဲဆိုတာ ကြိုတင်တွေးတောရင်းနဲ့ ၂၀၁၈-၁၉ ရာသီ ကို စောင့်စား မျှော်လင့်လိုက်ကြရအောင် . . . .

၂၀၁၇-၁၈ ရာသီနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

– မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ Guardiola ဟာ သူ့ရဲ့နည်းပြဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် အမှတ်(၁၀၀)ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
– ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုး(၃၀)နဲ့အထက် သွင်းယူခဲ့သူနှစ်ယောက် (ဆာလာ၊ ဟာရီကိန်း)ဖြစ်ခဲ့တာက ၁၉၉၃-၉၄ နောက်ပိုင်း(အန်ဒီကိုးလ် ၃၄ဂိုး၊ အလန်ရှီးယား ၃၁ဂိုး) ပထမဆုံးအကြိမ်ပါ။
– စတုတ်စီးတီးတိုက်စစ်မှူး ပီတာခရော့ချ် Peter Crouch ရဲ့ခေါင်းတိုက်သွင်းဂိုးက ဒီရာသီပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သွင်းဂိုး(၁၀၀၀)ပြည့်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
– ဆာလာဟာ ဒီရာသီမှာ မတူညီတဲ့အသင်း(၁၇)သင်းကို ဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အဲဒီလို စွမ်းဆောင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့တယ်။
– စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ စပါးအသင်းကစားသမားဟောင်း ကလိုက်ဖ်အလန် (၁၉၈၆- ၈၇ ၄၉ဂိုး)နောက်ပိုင်း တစ်ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်အနှစ်ချုပ်

Champions – Manchester City ,3rd Premier League title , 5th English title

Relegated – Swansea City ,Stoke City, West Bromwich Albion

Champions League – Man City ,Man U ,Tottenham , Liverpool

Europa League – Chelsea, Arsenal, Burnley

Matches played – 380

Goals scored – 1,018 (2.68 per match)

Top goalscorer – Mohamed Salah (32 goals)

Best goalkeeper – David de Gea (18 clean sheets)

Biggest home win

Man City 5–0 Liverpool (9 September 2017)

Man City 5–0 Crystal Palace (23 September 2017)

Man City 7–2 Stoke City (14 October 2017)

Arsenal 5–0 Huddersfield Town (29 November 2017)

Liverpool 5–0 Swansea City (26 December 2017)

Chelsea 5–0 Stoke City (30 December 2017)

Liverpool 5–0 Watford (17 March 2018)

Man City 5–0 Swansea City (22 April 2018)

Crystal Palace 5–0 Leicester City (28 April 2018)

Arsenal 5–0 Burnley (6 May 2018)

Biggest away win
Watford 0–6 Manchester City (16 September 2017)Highest scoring Manchester City 7–2 Stoke City (14 October 2017)Tottenham Hotspur 5–4 Leicester City (13 May 2018)Longest winning run- 18 matches Manchester CityLongest unbeaten run – 22 matches Manchester CityLongest winless run 20 matches – West Brom

Longest losing run – 8 matches West Brom

Highest attendance – 83,222 Tottenham 1–0 Arsenal (10 February 2018)

Lowest attendance- 10,242 Bournemouth 2–1 West Brom (17 March 2018)

Total attendance 14,429,890

Average attendance 38,275

REF:Wikipedia,Goal.com
Photo: Sky Sports,Man City.com,Cafe Goal.com
Naing Linn(Akhayar)
www.akhayar.com