အက်ရှင်ကြမ်းတွေ၊ သဘာဝလွန်ကားတွေ၊ လျို့ဝှက်သည်းဖိုရုပ်ရှင်ဇာတ်ကားတွေနဲ့ ညည်းငွေ့နေပြီဆိုရင်တော့ ဒီရုပ်ရှင်တွေကို ပြောင်းကြည့်လိုက်ပါ။ ရိုးရိုးရှင်းရှင်းဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အစကနေအဆုံးအထိ ပရိသတ်ရဲ့ အာရုံကိုဆွဲခေါ်သွားနိုင်ပါတယ်။  ၂၀၁၆ တုန်းက Sundance မှာ ဆုအသီးသီးရခဲ့တဲ့ရုပ်ရှင်ကားတွေထဲကမှ ကောင်းနိုးရာရာတွေကို အခရာက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Swiss Army Man

ဟာသဆန်တယ်၊ဝမ်းနည်းဖို့ကောင်းတယ်၊ ရယ်ရတယ်။ အဲ့ဒီသုံးခုလုံးတစ်ပြိုင်နက်ခံစားရစေတဲ့ရုပ်ရှင်ကားပါ။မင်းသားနှစ်ယောက်လုံးနာမည်ကြီးတယ်တဲ့အပြင် နှစ်ယောက်တည်းနဲ့ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်သွားပါတယ်။ ဟယ်ရီပေါ်တာမင်းသားရယ်၊ မျက်နှာမြင်တာနဲ့သိနိုင်တဲ့ ဗီလိန်မင်းသားပေါဒါနိုရယ် ပါဝင်ပါတယ်။ ရုပ်ရုင်မှာပါဝင်တဲ့တေးဂီတကတော့ ရှယ်ပါပဲ။ သံစုံတီးဝိုင်း နဲ့သေချာကိုတီးပေးထားတာပါ။ ရုပ်ရှင်ကြည့်ပြီးတာနဲ့ ဒီသံစဉ်တွေကို YouTube မှာပြန်ရှာချင်လာတဲ့အထိ ပါပဲ။

Birth of a Nation

နှလုံးသားကိုဆွဲလှုပ်သွားသလိုပါပဲ။ တော်တော်ကြီးကိုဝမ်းနည်းရပါတယ်။ လူသားချင်းစာနာစိတ်မထားတဲ့အကြောင်းကို ရိုက်ပြထားပါတယ်။ သေချာတာတစ်ခုကတော့ မျက်ရည်ကျရမှာပါ။ Trailer ကြည့်တာနဲ့တင် မျက်ရည်တွေဝဲသွားနိုင်ပါတယ်။ ၂၀၁၆ တုန်းက Sundance မှာပြခဲ့တဲ့ကားတွေမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကနာမည်တော့ မကြီးပေမယ့် သရုပ်ဆောင်ထားတာ တော့်တော့်ကိုကောင်းပါတယ်။ ကြည့်နေရင်းနဲ့ ဝမ်းမနည်းခင် ဒေါသတွေအရင်ထွက်လာနိုင်ပါတယ်။

Weiner

နယူးယော့မြို့တော်ဝန်အဖြစ်ဝင်ရောက်ရွေးကောက်ခံသူတစ်ယောက်နဲ့ ဟီလာရီကလာတန်တို့အကြား ပက်သက်မှုကိုရိုက်ကူးထားတာပါ။ Documentary ပုံစံ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟီလာရီကလင်တန် ရွေးကောက်ပွဲဝင်တဲ့အချိန်နဲ့ မရှေးမနှောင်းမှာထွက်ရှိလာခဲ့တဲ့အတွက် ကြောင့် ဒီဇာတ်ကားကတော်တော်ကြီးကို ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဇာတ်လမ်း၊ဇာတ်ညွှန်းကတော့ အကောင်းကြီး မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသဘောတရားတွေကို တော်တော်နားလည်သွားမှာပါ။

You May Also Like: “ကမ္ဘာ့ငွေကြေး ထက်ဝက်ကိုပိုင်ဆိုင်ထားတဲ့ လူသားရှစ်ဦး”

Sonita

အီရတ်မှာလူဖြစ်ရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ အနောက်တိုင်းယာဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကြားကွာဟချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ မတူညီတဲ့လူအဖွဲ့အစည်းနှစ်ခုကို မြင်သာထင်သာရှိအောင်ရိုက်ကူးထားတာကြောင့် အတွေးတစ်ခု တော့ရရှိစေမှာပါ။ အရှေ့အလယ်ပိုင်းမှာ ရှင်သန်ရတာ ဖိနှပ်ချုပ်ချယ်မှုတအားများတယ်ပြီးတော့ လွတ်လပ်မှု နည်းပါးတယ်ဆိုတဲ့အကြောင်းရိုက်ထား တာပါ။

First Girl I Loved

မိန်းကလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အခါ ဘာတွေဖြစ်ပေါ်လာမလဲဆိုတာကို တစ်ကားလုံးမှာဖြော်ပထားပါတယ်။ ပုံမှန်အချစ်ဇာတ်လမ်းတွေကနေခွဲထွက်သွားတဲ့ ဇာတ်လမ်း၊ဇာတ်ညွှန်းက ပရိသတ်ကို တစ်ကားလုံးဖမ်းစားထားပါတယ်။ အချစ်ဆိုတာက ပေးဆပ်ခြင်းလား၊ ရယူခြင်းလားဆိုတာကို ဒီဇာတ်ကားကြည့်ပြီးတဲ့အခါမှာ တစ်ခုခုကွဲပြားသွားပါလိမ့်မယ်။ သေချာတာကတော့ အချစ်ဆိုတာတကယ့်ကိုပူ လောင်စေတဲ့အရာပါ။

Trapped (Special Recommendation)

ဒီဇာတ်ကားမှာတော့ မြန်မာနိုင်ငံတင်မက တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ ဆယ်ရွယ်သက်အရွယ်မှာ မမျှော်လင့်ပဲကိုယ်ဝန်ရသွားတဲ့ မိန်းကလေးတစ်ဦးအကြောင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုပြောရင် အရသာပေါ့သွားမှာမို့ မပြောတော့ပါဘူး။

မင်းသုခ (အခရာ)

(www.akhayar.com)