၂၀၁၆ ခုနှစ်ဟာ အပူဆုံးနှစ်တစ်နှစ်ဖြစ်တယ်လို့ NASA ထုတ်ဖော်

 

ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ တစ်နေ့တခြား ပိုပိုပြီး ပူလာတယ်ဆိုပေမယ့် စံချိန်ကျိုးအောင် ပူလာတယ်ဆိုတာတော့ မသိသေးဘူးမလား။ NASA ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ အပူဆုံးနှစ်တစ်နှစ်လို့ ပြောလိုက်ပါပြီ။

၂၀၁၆ ခုနှစ်ရဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကို အဓိက အေဂျင်စီတွေဖြစ်တဲ့ UK Met Office, NASA နဲ့ NOAA က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ခဲ့ရာမှာ ၂၀၀၀ ခုနှစ်က စပြီး ကမ္ဘာမြေရဲ့ အပူချိန်ကို တိုင်းတာခဲ့ရာမှာ ၂၀၁၆ ခုနှစ်ဟာ အပူဆုံးနှစ်တစ်နှစ်ဖြစ်တယ်လို့ မှတ်တမ်းတွေ့ရှိရပါတယ်။

သိပ္ပံနည်းကျ တိုင်းတာမှုတွေအရ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၅,၀၀၀ လောက်က နောက်ဆုံးအနေနဲ့ ဒီလိုမျိုး ပူနွေးခဲ့တာပါ။ ပြီးတော့လည်း လေထုထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ နှစ်ပေါင်းလေးသန်းမှာ ဒီနှစ်လောက် တစ်ခါမှ မြင့်တက်ခြင်း မရှိခဲ့ပါဘူး။

 

You May Also Like : “ဒါတွေကို ၂ဝ၁၆မှာ ချန်ထားခဲ့လိုက်ပါ

 

အာကာသလေ့လာမှုတွေ အတွက် ထားရှိတဲ့ NASA ရဲ့ Goddard Institute က Director ဖြစ်တဲ့ Gavin Schmidt ကတော့ “အယ်လ်နီညိုဟာ ဒီနှစ်ရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ၉၀%သော အကြောင်းတရားဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ဖြစ်လာရတာပါ။ ၂၀၁၇ ခုနှစ်ဟာလည်း နောက်ထပ် အလွန်အမင်းပူတဲ့ နှစ်တစ်နှစ်ဖြစ်လာဦးမယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.theguardian.com

Photo Credit : www.techcrunch.com