[Zawgyi]

အသက္ ၂၀ အရြယ္မတိုင္ခင္ ကေလးေမြးခဲ့ၾကတဲ့ နာမည္ေက်ာ္အနုပညာရွင္မ်ား

အသက္ ၂၀ မတိုင္ခင္ ကေလးေမြးခဲ့ၾကတဲ့ နာမည္ေက်ာ္အနုပညာရွင္ေတြထဲမွာ အေမရိကန္အနုပညာရွင္ေတြမ်ားတာေတြ႔ရပါတယ္။ သူတို႔နိုင္ငံရဲ ႔ပြင့္လင္းတဲ့ လူ႔အဖြဲ႔အစည္းေၾကာင့္ ေကာင္းတာေတြရွိသလို မေကာင္းတာေတြလည္း ရွိတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ အနုပညာရွင္ ျဖစ္လာၾကတဲ့ အခါ အသက္ငယ္ငယ္ရြယ္နဲ႔ လက္ထပ္တာဟာ ေစာတယ္ ၊ နာမည္ႀကီးတစ္ေယာက္ျဖစ္ဖို႔အတြက္ အဟန္႔အတားျဖစ္ေစတယ္ ဆိုတဲ့ ေရွးဆိုးစြဲ အယူေတြရွိတတ္ၾကေပမယ့္လည္း သူတို႔ကိုၾကည့္လိုက္ျပန္ေတာ့ ကိုယ့္ရဲ ႔ႀကိဳးစားအားထုတ္မႈနဲ႔ သာသက္ဆိုင္တယ္ ဆိုတာေတြကသက္ေသျပလို႔ ေနျပန္ပါတယ္။ မိန္းကေလးေတြလည္း ျဖစ္ၾကသလို နာမည္ႀကီးအနုပညာရွင္ေတြျဖစ္လာေအာင္ ႀကိဳးစားရင္း ကေလးေတြ ကို အခုလိုေစာစီးစြာ ယူလို႔ိမိခင္တာဝန္ထမ္းေဆာင္နုိင္ခဲ့ၾကတဲ့ မိန္းမသားေတြ အေနနဲ႔ေတာ့ ဂုဏ္ယူမိပါတယ္။

Kylie Jenner

Kylie Jenner ကေတာ့ အသက္ ၁၉ နွစ္အရြယ္မွာ ကိုယ္ဝန္ရွိေနၿပီဆိုၿပီးေတာ့ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ သူမရဲ ႔ပထမဆံုးရင္ေသြးေလး ျဖစ္တဲ့ Stormi Webster ကို ၂၀၁၈ ခုနွစ္ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ေမြးခဲ့တာလည္း ျဖစ္ပါတယ္။ Kylie ကေတာ့ အသက္ငယ္ေပမယ့္လည္း သူမရဲ ႔ခ်မ္းသာၾကြယ္ဝမႈကဆိုရင္ အေမရိကန္ေဒၚလာ သန္း ၉၀၀ ခန္႔ရွိတာျဖစ္ပါတယ္။

Sofia Vergara

Sofia Vergara ဟာ အသက္ ၁၉ နွစ္အရြယ္မွာ ကေလးေမြးခဲ့တာျဖစ္ပါတယ္။ ေမြးခဲ့တာကေတာ့ သားေယာက္က်ားေလးပါ။

Jamie Lynn Spears

Jamie Lynn Spears ဟာ အသက္ ၁၆ နွစ္အရြယ္မွာ ကိုယ္ဝန္ရွိေနၿပီဆိုတာကို သူမအေနနဲ႔ သမီးေလးကို ေမွ်ာ္ေနၿပီဆိုၿပီးေတာ့ ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။ Jamie Lynn Spears ဟာ အဆိုေတာ္ Britney Spears ရဲ ႔ ညီမအရင္းျဖစ္ပါတယ္။ Jamie ရဲ ႔သမီးေလး နာမည္ကေတာ့ Maddie Briann Aldridge လို႔ေခၚပါတယ္။

Solange Knowles

Solange Knowles ကေတာ့ အေမရိကန္နိုင္ငံရဲ ႔အဆိုေတာ္ ေတးေရးဆရာမတစ္ဦးျဖစ္ပါတယ္။ သူမကေတာ့ အသက္ ၁၈ နွစ္အရြယ္မွာ သားျဖစ္သူ Daniel Julez J.Smith,Jr. ကို ေမြးခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ ႔ပထမ အမ်ိဳးသားျဖစ္တဲ့ Daniel Smith နဲ႔ ရခဲ့တာလည္း ျဖစ္ပါတယ္။

Niki Taylor

Niki Taylor ကေတာ့ အေမရိကန္ရဲ ႔စူပါေမာ္ဒယ္တစ္ဦးျဖစ္သလို အစီအစဥ္တင္ဆက္သူတစ္ဦးလည္း ျဖစ္ပါတယ္။ သူမကေတာ့ အသက္ ၁၈ နွစ္အရြယ္မွာ အျမႊာေလးနွစ္ေယာက္ရဲ ႔မိခင္ျဖစ္ခဲ့ပါတယ္။

Naomi Judd

Naomi Judd ကလည္း အေမရိကန္ရဲ ႔နာမည္ေက်ာ္ ေတးသံရွင္တစ္ေယာက္ျဖစ္သလို သီခ်င္းေတြကိုလည္း ေရးသားခဲ့သူတစ္ဦးပါ။ သူမရဲ ႔နာမည္ေက်ာ္သမီးႀကီးျဖစ္သူ Wynonna ကို အသက္ ၁၈ နွစ္အရြယ္မွာ ေမြးခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ အဆိုေတာ္ မင္းသမီးျဖစ္တဲ့ Wynonna Judd ဟာ အသက္ ၅၄ နွစ္ရွိပါၿပီ။

Aretha Franklin

အေမရိကန္ရဲ ႔ နာမည္ေက်ာ္အနုပညာရွင္တစ္ဦးျဖစ္တဲ့ အဆိုေတာ္ ေတးေရးသူ Aretha Franklin ဟာ အခုဆိုရင္ အသက္ ၇၆ နွစ္ရွိပါၿပီ။ သူမကလည္း အသက္ ၁၄ နွစ္အရြယ္မွာ သူမရဲ ႔ပထမ ရင္ေသြးေလးကို ေမြးဖြားခဲ့ၿပီး ဒုတိယရင္ေသြးေလးကိုေတာ့ အသက္ ၁၆ နွစ္အရြယ္မွာ ေမြးခဲ့တာျဖစ္ပါတယ္။

Shirley Temple

Shirley Temple ကေတာ့ ကေလးသရုပ္ေဆာင္ဘဝထဲ က နာမည္ႀကီးခဲ့တဲ့ မင္းသမီးတစ္ေယာက္ပါ။ သူမဟာ ၂၀၁၄ ခုနွစ္မွာ ကြယ္လြန္ခဲ့ၿပီး အဲ့အခ်ိန္မွာ အသက္က ၈၅ နွစ္ရွိပါၿပီ။ သူမရဲ ႔ပထမ ရင္ေသြးေလးကိုေတာ့ အသက္ ၁၉ နွစ္အရြယ္မွာ ေမြးခဲ့ၿပီးေတာ့ အသက္ ၁၇ နွစ္နဲ႔ အိမ္ေထာင္က်ခဲ့တာျဖစ္ပါတယ္။

Photo Credit: ELLE

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက် ၂၀ အရွယ်မတိုင်ခင် ကလေးမွေးခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်များ

အသက် ၂၀ မတိုင်ခင် ကလေးမွေးခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေထဲမှာ အမေရိကန်အနုပညာရှင်တွေများတာတွေ့ရပါတယ်။ သူတို့နိုင်ငံရဲ့ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကြောင့် ကောင်းတာတွေရှိသလို မကောင်းတာတွေ ရှိတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ အနုပညာရှင် ဖြစ်လာကြတဲ့ အခါ အသက်ငယ်ငယ်ရွယ်နဲ့ လက်ထပ်တာဟာ စောတယ် ၊ နာမည်ကြီးတစ်ယောက်ဖြစ်ဖို့အတွက် အဟန့်အတားဖြစ်စေတယ် ဆိုတဲ့ ရှေးဆိုးစွဲ အယူတွေရှိတတ်ကြပေမယ့်လည်း သူတို့ကိုကြည့်လိုက်ပြန်တော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ သာသက်ဆိုင်တယ် ဆိုတာတွေကသက်သေပြလို့ နေပြန်ပါတယ်။ မိန်းကလေးတွေလည်း ဖြစ်ကြသလို နာမည်ကြီးအနုပညာရှင်တွေဖြစ်လာအောင် ကြိုးစားရင်း ကလေးတွေ ကို အခုလိုစောစီးစွာ ယူလို့ိမိခင်တာဝန်ထမ်းဆောင်နိုင်ခဲ့ကြတဲ့ မိန်းမသားတွေ အနေနဲ့တော့ ဂုဏ်ယူမိပါတယ်။

Kylie Jenner

Kylie Jenner ကတော့ အသက် ၁၉ နှစ်အရွယ်မှာ ကိုယ်ဝန်ရှိနေပြီဆိုပြီးတော့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ပထမဆုံးရင်သွေးလေး ဖြစ်တဲ့ Stormi Webster ကို ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မွေးခဲ့တာလည်း ဖြစ်ပါတယ်။ Kylie ကတော့ အသက်ငယ်ပေမယ့်လည်း သူမရဲ့ချမ်းသာကြွယ်ဝမှုကဆိုရင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ခန့်ရှိတာဖြစ်ပါတယ်။

Sofia Vergara

Sofia Vergara ဟာ အသက် ၁၉ နှစ်အရွယ်မှာ ကလေးမွေးခဲ့တာဖြစ်ပါတယ်။ မွေးခဲ့တာကတော့ သားယောက်ကျားလေးပါ။

Jamie Lynn Spears

Jamie Lynn Spears ဟာ အသက် ၁၆ နှစ်အရွယ်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သူမအနေနဲ့ သမီးလေးကို မျှော်နေပြီဆိုပြီးတော့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ Jamie Lynn Spears ဟာ အဆိုတော် Britney Spears ရဲ့ ညီမအရင်းဖြစ်ပါတယ်။ Jamie ရဲ့သမီးလေး နာမည်ကတော့ Maddie Briann Aldridge လို့ခေါ်ပါတယ်။

Solange Knowles

Solange Knowles ကတော့ အမေရိကန်နိုင်ငံရဲ့အဆိုတော် တေးရေးဆရာမတစ်ဦးဖြစ်ပါတယ်။ သူမကတော့ အသက် ၁၈ နှစ်အရွယ်မှာ သားဖြစ်သူ Daniel Julez J.Smith,Jr. ကို မွေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမ အမျိုးသားဖြစ်တဲ့ Daniel Smith နဲ့ ရခဲ့တာလည်း ဖြစ်ပါတယ်။

Niki Taylor

Niki Taylor ကတော့ အမေရိကန်ရဲ့စူပါမော်ဒယ်တစ်ဦးဖြစ်သလို အစီအစဉ်တင်ဆက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမကတော့ အသက် ၁၈ နှစ်အရွယ်မှာ အမြွှာလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ခဲ့ပါတယ်။

Naomi Judd

Naomi Judd ကလည်း အမေရိကန်ရဲ့နာမည်ကျော် တေးသံရှင်တစ်ယောက်ဖြစ်သလို သီချင်းတွေကိုလည်း ရေးသားခဲ့သူတစ်ဦးပါ။ သူမရဲ့နာမည်ကျော်သမီးကြီးဖြစ်သူ Wynonna ကို အသက် ၁၈ နှစ်အရွယ်မှာ မွေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အဆိုတော် မင်းသမီးဖြစ်တဲ့ Wynonna Judd ဟာ အသက် ၅၄ နှစ်ရှိပါပြီ။

Aretha Franklin

အမေရိကန်ရဲ့ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် တေးရေးသူ Aretha Franklin ဟာ အခုဆိုရင် အသက် ၇၆ နှစ်ရှိပါပြီ။ သူမကလည်း အသက် ၁၄ နှစ်အရွယ်မှာ သူမရဲ့ပထမ ရင်သွေးလေးကို မွေးဖွားခဲ့ပြီး ဒုတိယရင်သွေးလေးကိုတော့ အသက် ၁၆ နှစ်အရွယ်မှာ မွေးခဲ့တာဖြစ်ပါတယ်။

Shirley Temple

Shirley Temple ကတော့ ကလေးသရုပ်ဆောင်ဘဝထဲ က နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ သူမဟာ ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အဲ့အချိန်မှာ အသက်က ၈၅ နှစ်ရှိပါပြီ။ သူမရဲ့ပထမ ရင်သွေးလေးကိုတော့ အသက် ၁၉ နှစ်အရွယ်မှာ မွေးခဲ့ပြီးတော့ အသက် ၁၇ နှစ်နဲ့ အိမ်ထောင်ကျခဲ့တာဖြစ်ပါတယ်။

Photo Credit: ELLE

ကြည်သာ (Akhayar)

www.akhayar.com