Apple.com ရဲ့ နှစ် (၂၀) ခရီး

Apple.com Website ဟာ နှစ် (၂၀) ပြည့်ခဲ့ပါပြီ။ ကမ္ဘာကြီးကို အကြိမ်ကြိမ်ပြောင်းလဲစေခဲ့တဲ့ ကြေညာချက်တွေ၊ ပစ္စည်းအသစ်တွေ၊ အိမ်မက်အသစ်တွေ ထုတ်ပြန်ခဲ့တဲ့ Apple.com ရဲ့ နှစ် (၂၀) စာ ခရီးစဉ်ကို (၃) မိနစ်စာ Video အတွင်းမှာ ထည့်သွင်းပေးထားပါတယ်။

 

ကျွန်တော်တို့ မမွေးခင်က ကြေညာခဲ့တဲ့ Macintosh၊ ကျွန်တော်တို့ ကလေးဘဝက iMac၊ ကျွန်တော်တို့ လူပျိုပေါက်ဘဝက iPod၊ ကျွန်တော်တို့ အိမ်မက်တွေကို ကိုင်လှုပ်ခဲ့တဲ့ iPhone စတဲ့ ကြေညာချက်တွေကို ဒီ Video မှာ တွေ့ရမှာပါ။

 

Apple.com ရဲ့ နှစ် (၂၀) စာ ခရီး နဲ့အတူ အတိတ်ကို ခဏတာ ပြန်လည်ခရီးသွားလိုက်ရအောင်ပါ။

 

အောင်မွန်ချမ်း

www.akhayar.com