9. LG V40

LG ဖုန်းတွေ မြန်မာနိုင်ငံမှာမြင်ရခဲတယ်ဆိုပေမယ့် နိုင်ငံတကာမှာတော့ လူကြိုက်များတဲ့ Brand တခုအဖြစ်ပါဝင်ပါတယ်။ ဖြစ်ချင်တော့ ကံဆိုးသူမောင်ခေက ဘယ်လိုပဲ Samsung ၊ Sony ထက်ပိုသာတဲ့ ဖုန်းပဲထုတ်ထုတ် ဝင်ငွေအနှုတ်ပြနေဆဲပါ။ V40 မှာဆိုရင် 6.4″ ရှိတဲ့ QHD+ (3120×1440) Dolby Vision Display ၊ Triple Camera နဲ့ 18W Fast Charging 3,300 mAh Battery ပါဝင်တယ်။

image (Android Guys)

အသံပိုင်း အထူးပြုလုပ်ချက်တွေက ကျေနပ်စရာကေင်းပြီး DTS:X Surround Sound ပါဝင်တယ်။ Snapdragon 845 နဲ့မောင်းနှင်ထားပြီး 6GB ၊ 128GB Storage သုံးထားပြီး Samsung ၊ Apple တို့နဲ့ယှဉ်နိုင်တဲ့ V40 ဟာ လူကြိုက်များတဲ့ဖုန်းတလုံးအဖြစ်ရပ်တည်နေပေမယ့် ပြိုင်ဖက်တွေလောက် ရောင်းအားမသွက်ခဲ့ပါဘူး။

8. iPhone XS Max ၊ XS

ပြီးခဲ့တဲ့ စက်တင်ဘာမှာ မိတ်ဆက်လိုက်တဲ့ iPhone တွေ ထင်သလောက် မပေါက်ခဲ့ဘူးဆိုမယ့် 1 to 10 တော့ ဝင်နေဆဲပါ။ ဒေါ်လာ ၁,၀၀၀ ဝန်းကျင် ကျသင့်မယ့် iPhone XS ၊ XS Max မှာဆိုရင် Type-C Adatper နဲ့ Fast Charger တွဲရက် မပါလာဘူးဆိုမယ့် တခြား အပြစ်ပြောစရာလည်း မရှိပါဘူး။

Image (Apple)

ရုပ်ဆိုးဆိုး Notch ပါတာကလွဲရင် Display Quality ပိုင်း ကျေနပ်စရာကောင်းသလို စွမ်းဆောင်ရည်ပိုင်းဆိုရင်လည်း Apple ကို ကျော်တက်ဖို့ မလွယ်သေးပါဘူး။

7. Galaxy Note 9

Samsung ထုတ် Galaxy Note 9 ကတော့ လက်ရှိ Android ဖုန်းအားလုံးမှာ အကောင်းဆုံးလို့ ယေဘူယျပြောလို့ရပါတယ်။ ထူးထူးခြားခြား Bluetooth Function ပါဝင်လာတဲ့ S Pen နဲ့ 4,000 mAh ဘက်ထရီက ထင်ရှားတဲ့အားသာချက်လို့ ပြောနိုင်ပြီး ဒေါ်လာ ၁၀၀၀ ဝန်းကျင်မှာ iPhone X ထက် အစစအရာရာ ပိုအသာစီးရတဲ့ အနေထားမှာရှိနေပါတယ်။

Image (Samsung)

နောက်ပြီး Desktop တခုလို သုံးလို့ရတဲ့အပြင် အကောင်းဆုံး Display ပိုင်ဆိုင်ထားတဲ့ Note 9 ကို ကြည့်လိုက်ရင် ဘေးဘောင်တွေ မပါးပါးအောင် ဖြတ်ထုတ်ထားသလို ခံစားရပြီး Galaxy ဖုန်းချင်းယှဉ်လိုက်ရင် ပုံတုံးကြီးဖြစ်နေပါတယ်။

6. Galaxy S10 ၊ S10 Plus

DisplayMate ကသတ်မှတ်ထားတဲ့ ကမ္ဘာ့အကောင်ဆုံး Display ပိုင်ရှင် S10 တွေကိုတော့ Premium Flagship ဖုန်းတွေလို့ ရည်ညွန်းရမှာပါ။ ကင်မရာပိုင်းမှာဆိုရင်လည်း Huawei ကို S10 5G နဲ့ ကျော်တက်နိုင်ခဲ့ပြီဖြစ်ပြီး Leica Lens သုံးထားတဲ့ဖုန်းတွေထက် ပိုသာကြောင်း ပြနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ၁၅ သိန်းဝန်းကျင်ပေးရမှာဆိုတော့ တော်ရုံ Android ဖုန်းကို အများကြီးသုံးချင်ကျမှာမဟုတ်ပါဘူး။

Image (Samsung)

ဒါပေမယ့်လည်း လိုချင်တဲ့သူတွေကတော့ ဂရုစိုက်မှာမဟုတ်တဲ့အတွက် ဘယ်လိုပဲ ဈေးကြီးတဲ့ဖုန်းပဲထုတ်ထုတ် Apple လို ပရိသတ်အခိုင်မာရထားပြီဖြစ်တဲ့ Samsung ကတော့ ကမ္ဘာ္ပအကောင်းဆုံး Display Manufacturer ဂုဏ်ပုဒ်နဲ့ Elite ဖုန်းတွေ ထုတ်နေဦးမှာ ကျိန်းသေပါပဲ။

5. iPhone XR

ဒေါ်လာ ၇၅၀ (၁၀ သိန်းဝန်းကျင်) iPhone XR ကတော့ Android နဲ့ယှဉ်ရင် ဈေးကြီးတယ်၊ ဒါမယ့် iPhone Family မှာတော့ ဈေးအသက်သာဆုံးမလို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။ US မှာဆိုရင် ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအဖြစ် ပါဝင်ခဲ့ပြီး ကင်မရာပိုင်းမှာဆိုရင်လည်း DxOMark ၁၀၁ မှတ်ရထားလို့ သေးသေးလေးနဲ့ အဆိပ်ပြင်းတယ်လို့ ပြောရဦးမှာပါ။

Image (Word Press)

နောက်ပြီး Battery လည်းပိုခံတဲ့အတွက် အကိုတွေကြားမှာ မျက်နှာပန်းလှနေတယ်။ OLED Display မဟုတ်ဘူးဆိုပေမယ့် Single Lens နဲ့ အစွာဆုံးလည်းဖြစ်နေတယ်။ ဒီအချက်တွေကပဲ iPhone XR အအောင်မြင်ဆုံးဖြစ်စေခဲ့တာလို့ပဲ သုံးသပ်ရမှာပါ။

4. OnePlus 6T

တရုတ် OEM ထဲမှာ OnePlus အောင်မြင်မှုကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ မေလ ၁၄ ရက်နေ့ကျရင် 48MP Sony Sensor သုံးထားတဲ့ OnePlus 7 Pro ထွက်တော့မှာဆိုတော့ လက်ရှိ နံပတ် ၁ ကို Dethrone လုပ်မလား မပြောတတ်ပါဘူး။

Image (OnePlus)

အခု OnePlus 6T မှာဆိုရင်လည်း ဒေါ်လာ ၅၅၀ ဝန်းကျင်နဲ့ Flagship ဖုန်းတွေကို ခဝါချနိုင်ပြီး အရည်သွေးကောင်းတဲ့ ကင်မရာ၊ Pure Android နီးနီးကောင်းမွန်တဲ့ Experience ပါဝင်သလို Snapdragon 845 ကိုမှ 8GB RAM အထိ တွဲသုံးနိုင်တဲ့အတွက် Performance Crazy သမားတွေ ရူးသွပ်နေတဲ့ဖုန်းတလုံးဆိုရင် မမှားပါဘူး။

3. Galaxy S10e

Samsung ရဲ့ S10 Family မှာ တန်ဖိုးအသင့်ဆုံး မော်ဒယ်လေးကတော့ Price to Performance နဲ့ ပိုကောင်းတဲ့နေရာ ကျော်ဖြတ်နိုင်ခဲ့တာလို့သုံးသပ်ရပါမယ်။ အကိုတွေလို Triple Camera နဲ့ Curved Screen တို့စတေးလိုက်ရပေမယ့် Compact နေရာမှာတော့ ဘုရင်တပါးအဖြစ် မင်းမူနိုင်ဆဲပါ။

Image (Interent)

2. Huawei P30 Pro

Rewrite The Rules လို့ သုံးနှုန်းထားတဲ့အတိုင်း ကင်မရာပိုင်းမှာ လိုတာထက်ပိုနေတဲ့ P30 စီးရီးတွေကို လျစ်လျူရှုထားလို့မရပါဘူး Lecia အစွမ်းနဲ့အောင်မြင်လာခဲ့တာ P30 Pro မှာဆိုရင် ISO ၄ သိန်းကျော်၊ Hybrid Zoom ကို အဆ ၅၀ အထိဆွဲရိုက်နိုင်ပါပြီ။

Image (Cloud Front)

1. Google Pixel 3 ၊ Pixel 3 XL

လက်ရှိ DxOMark Selife ရမှတ်မှာ ၉၄ မှတ်နဲ့ ဦးဆောင်နေတဲ့ Pixel 3 ကိုတော့ ချန်လှပ်ထားခဲ့လို့မရပါဘူး။ Single Camera တစ်လုံးထဲနဲ့တင် ၁၀၁ မှတ်ရထားလို့ လက်ရှိမှာ အကောင်းဆုံး စမတ်ဖုန်းတလုံးလို့လည်း ပြောရဦးမှာပါ။

Image (The Verge)

သိပြီးတဲ့အတိုင်း A.I မှာလည်း ဆရာကြီးဆိုတော့ ၇ ရက်နေ့ကျ မိတ်ဆက်လာမယ့် Pixel 3a ၊ Pixel 3a XL ကျရင်လည်း ကင်မရာပိုင်းရူးသွပ်နေတဲ့သူတွေ တန်ဖိုးသင့် Google ဖုန်းတွေ ငမ်းငမ်းတက်ကျဦးမှာ ကျိန်းသေပါပဲ။ ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းအလုံး ၂၀ ပထမပိုင်းကို ဒီ Link မှာလေ့လာကြည့်လိုက်ပါ။

Credit: Antonio Villas-Boas
2B (Akhayar)
www.akhayar.com