ဘောလုံးလောကမှာ နည်းပြတစ်ဦးရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါလဲဆိုတာ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ အသင်းအတွက် သင့်တော်မယ့် နည်းဗျူဟာ ချမှတ်ရမယ့်အပြင် ကစားသမားရွေးချယ်မှုအပိုင်း၊ ပွဲတစ်ပွဲရဲ့အလှည့်အပြောင်းကိုလည်း ဖန်တီးနိုင်စွမ်းရှိရမှာပါ။ ငွေကြေးအင်အား တောင့်တင်းတဲ့ အသင်းတစ်သင်းနဲ့ ဆုဖလားအောင်မြင်မှုရယူနိုင်တာထက် သာမန်အသင်းတစ်သင်းအတွက် အဓိက ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြဆိုရင် ပိုပြီး အထင်ကြီးလေးစားစရာကောင်းနေပါတယ်။ အလယ်အလတ်အသင်းကို ကိုင်တွယ်ပြီး သမိုင်းဝင် အောင်မြင်မှုရယူနိုင်ခဲ့တဲ့ နည်းပြဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ဒါကြောင့် အဲဒီနည်းပြတွေထဲက နည်းပြ(၂)ဦးကို ပရိသတ်တွေအတွက် ရွေးချယ် ဖော်ပြလိုက်ပါတယ် . .

Brian Clough (Nottingham Forest)

Peter-Taylor-and-Brian-Clough1

နော်တင်ဟမ်ဖော်ရက်စ်အသင်း နာမည်ကို အခုအချိန်မှာ ပရိသတ်တချို့ မမှတ်မိလောက်တော့ပါဘူး။ တစ်ချိန်က ဥရောပ ဘောလုံးလောကမှာ လီဗာပူးလ်အသင်းနဲ့ အပြိုင်စိုးမိုးနိုင်ခဲ့တဲ့ နော်တင်ဟမ်ဖော်ရက်စ်ဟာ ဥရောပဖလား (ချန်ပီယံလိဂ်)ကို တစ်ချိန်တုန်းက (၂)ရာသီဆက် ရယူခဲ့တယ်ဆိုရင် အခုခေတ်ပရိသတ်တွေ အံ့အားသင့်သွားပါလိမ့်မယ်။ ၁၉၇၈-၇၉ ၊ ၁၉၇၉-၈၀ ရာသီမှာ ဥရောပဖလားကို ရယူခဲ့တဲ့ နော်တင်ဟမ်ဖော်ရက်စ်အသင်းကို ဦးဆောင်ခဲ့သူက ဘရိုင်ယန်ကလောက်ပ် Brian Clough ပါပဲ။ ဘော့ပ်ပီယာစလေ Bob Paisley (၃ကြိမ်) ပြီးရင် အင်္ဂလိပ်လူမျိုးနည်းပြထဲမှာ ရှားရှားပါးပါးအဖြစ် ဥရောပဖလား (ချန်ပီယံလိဂ်)ကို (၂)ကြိမ်တိုင် ရယူနိုင်ခဲ့သူက ဘရိုင်ယန်ကလောက်ပ်တစ်ဦးသာရှိပါတယ်။

Kenny Dalglish (Blackburn Rovers)

Kenny-Dalglish

၁၉၉၄-၉၅ ရာသီတုန်းက ဘလက်ဘန်းအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့သူက လီဗာပူးလ်ဂန္ထ၀င်ကြီး ကန်နီဒဲလ်ဂလစ်ရှ် Kenny Dalglish ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ အင်္ဂလန်အမှတ်ပေးဖလားတွေ ရယူနိုင်ခဲ့တဲ့ ဒဲလ်ဂလစ်ရှ်ဟာ ဘလက်ဘန်းအသင်းကို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုရရှိအောင် ရယူပေးခဲ့သူပါ။ အလန်ရှီးယား Alan Shearer ၊ ခရစ္စဆပ်တန် Chris Sutton တို့ရဲ့ တိုက်စစ်အတွဲ၊ အသင်းခေါင်းဆောင် တင်မ်ရှားဝုဒ် Tim Sherwood ရဲ့ ဦးဆောင်မှု၊ ဒဲလ်ဂလစ်ရှ်ရဲ့ နည်းပြစွမ်းရည်တို့ ပေါင်းစပ်ပြီး သမိုင်းဝင်အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo:The Independent,sshf,premierleague,actionpulmonary
Naing Linn(Akhayar)
www.akhayar.com