ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတစ်ဦး အနေနဲ့ ဆုတံဆိပ်တစ်ခုရယူဖို့ဆိုတာ ခြေစွမ်းပိုင်းနဲ့ ကံတရားအပြင် တခြားအကြောင်းအရာတွေအများကြီးလိုအပ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမ ၊ ဒုတိယနဲ့ တတိယဆုတွေ ရရှိခဲ့ကြတဲ့ ကစားသမားတွေရှိနေတာကြောင့် ဒီကစားသမားတွေဟာ ပုံမှန်ထက် ထူးထူးခြားခြားကံထူးတဲ့ သူတွေလို့ပြောရမှာပါ။ ဒီလိုမျိုးဆုတံဆိပ်တွေရယူဖို့ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို အနိမ့်ဆုံး (၃)ကြိမ်ကစားဖို့လိုပြီး နှစ်ကာလအနေနဲ့ ပြောရရင် နိုင်ငံအသင်းမှာ ရွေးချယ်ခံရဖို့အတွက် (၁၂)နှစ်လောက် ပုံမှန်ခြေစွမ်းမှာရှိနေရမှာဖြစ်ပါတယ်။ ဒါဟာတကယ့်ကို မလွယ်ကူတဲ့ အနေအထားဖြစ်ပြီး အခု Akhayar Sports ပရိသတ်တွေအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမ ၊ ဒုတိယနဲ့ တတိယဆုတွေ ရရှိခဲ့တဲ့ ကစားသမား (၂) ဦးကို ဖော်ပြပေးလိုက်ပါတယ်။

Franco Baresi

အီတလီအသင်းရဲ့ အကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘာရက်ဆီ Franco Baresi ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမ ၊ ဒုတိယနဲ့ တတိယဆုတွေ ရရှိခဲ့တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၅၈)နှစ်ရှိပြီဖြစ်တဲ့ ဘာရက်ဆီ ဟာ ထိပ်တန်းအဆင့်ခြေစွမ်းကို နှစ်ကာလတော်တော်ကြာ ထိန်းထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘာရက်ဆီ ဟာ အီတလီအသင်းနဲ့အတူ ၁၉၈၂ ကမ္ဘာ့ဖလားမှာ ပထမ ၊ ၁၉၉၀ ကမ္ဘာ့ဖလားမှာ တတိယ နဲ့ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဒုတိယဆုတွေရရှိခဲ့ပါတယ်။

Klose

နောက်ထပ်ကစားသမားတစ်ဦးကတော့ ပရိသတ်တွေ အားလုံးနဲ့ ရင်းနှီးပြီးသား ကစားသမားဖြစ်တဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေး Klose ပါပဲ။ ကလိုဆေး ဟာ ကမ္ဘာ့ဖလားမှာ သွင်းဂိုး(၁၆)ဂိုးထိ သွင်းယူထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလို ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ကလိုဆေး ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြဲလိုလို အစွမ်းပြလေ့ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဂျာမနီအသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဒုတိယ ၊ ၂၀၀၆ ကမ္ဘာ့ဖလားမှာ တတိယ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပထမဆုတွေကို ရရှိခဲ့ပါတယ်။

Ref: Sportskeeda
Photo: Sporting News , Khmernote , Pinterest
Ko Kyue(Akhayar)
www.akhayar.com