[Zawgyi]

(၃၉)ႏွစ္ၾကာ မွတ္တမ္းေကာင္းတစ္ခုကုိ ဒီရာသီ ပရီးမီးယားလိဂ္မွာ ျပန္ျမင္ေတြ႕ရၿပီ

ဒီတစ္ပတ္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြစဥ္ (၁၁)အၿပီးမွာ (၃၉)ႏွစ္အထိ ၾကာျမင့္ေနၿပီျဖစ္တဲ့ မွတ္တမ္းေကာင္းတစ္ခုကုိ ျပန္ျမင္ေတြ႕ခဲ့ရပါၿပီ။ အဲဒါကေတာ့ (၁၁)ပဲြကစားအၿပီး ႐ႈံးပဲြမရွိတဲ့အသင္း (၃)သင္းအထိ ရွိေနတဲ့ မွတ္တမ္းျဖစ္ပါတယ္။ ပဲြစဥ္(၁၁)မွာ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ သေရက်ခဲ့ၿပီး မန္စီးတီး၊ ခ်ယ္လ္ဆီးအသင္းတို႔ ႏုိင္ပဲြေတြ ရယူခဲ့လုိ႔ ဒီ(၃)သင္းစလုံး ႐ႈံးပဲြမရွိမွတ္တမ္းကုိ ဆက္ထိန္းႏုိင္ခဲ့တယ္။

Manchester-City-Players

Manchester-City-Players

ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္မွာ (၁၁)ပဲြကစားအၿပီး (၃)သင္း ႐ႈံးပဲြမရွိတာ တစ္ခါမွ မရွိခဲ့ဖူးဘဲ အရင္ ပထမတန္းတုန္းကေတာ့ ၁၉၇၈-၇၉ ရာသီတုန္းက ရွိခဲ့ဖူးတယ္။ အဲဒီတုန္းက လီဗာပူးလ္၊ ေနာ္တင္ဟမ္ေဖာ္ရက္စ္၊ အဲဗာတန္အသင္းတို႔ဟာ (၁၁)ပဲြကစားၿပီးတဲ့အခ်ိန္အထိ လုံး၀႐ႈံးပဲြမရွိခဲ့ဘဲ လီဗာပူးလ္အသငး္က ရာသီကုန္မွာ ဗုိလ္စဲြခဲ့တယ္။ အခုေတာ့ (၃၉)ႏွစ္အၾကာမွာ မန္စီးတီး၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီးတို႔က အဲဒီလုိ ျပန္လည္စြမ္းေဆာင္ခဲ့ၾကၿပီး ၁၉၇၈-၇၉ ရာသီလုိပဲ ဒီတစ္ခါမွာ ႐ႈံးပဲြမရွိေသးတဲ့ (၃)သင္းထဲက (၁)သင္း ဗုိလ္စဲြႏုိင္မလား ေစာင့္ၾကည့္ရမယ္။

Maurizio-Sarri

Maurizio-Sarri

ေနာက္ထပ္ မွတ္တမ္းေကာင္းရယူခဲ့တာက ခ်ယ္လ္ဆီးအသင္းနည္းျပ ဆာရီ Maurizio Sarri ပါပဲ။ ဆာရီဟာ ပဲြစဥ္(၁၁)ပဲြကစားၿပီးခ်ိန္မွာ (၈)ပဲြႏုိင္၊ (၃)ပဲြသေရက်ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့လုိ႔ (၂၈)ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ မွတ္တမ္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့တာပါ။ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ အသင္းတစ္သင္းကုိ စတင္ကုိင္တြယ္ၿပီး ပထမဆုံးရာသီမွာ (၁၁)ပဲြဆက္ ႐ႈံးပဲြမရွိေအာင္ စြမ္းေဆာင္ခဲ့သူအျဖစ္ ေနာ္တင္ဟမ္ေဖာ္ရက္စ္ နည္းျပေဟာင္း Frank Clark က မွတ္တမ္း၀င္ထားၿပီး ၁၉၉၄ ၾသဂုတ္ကေန ေအာက္တိုဘာလအထိ သူ႔အသင္းက လုံး၀႐ႈံးပဲြမရွိခဲ့ဘူး။ အခုေတာ့ ဆာရီဟာ Frank Clark ရဲ႕ စံခ်ိန္ကုိ အမီလုိက္ႏုိင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္တစ္ပတ္က်ရင္ အဲဗာတန္နဲ႔ အိမ္ကြင္းကစားရမွာျဖစ္လုိ႔ စံခ်ိန္သစ္တင္ႏုိင္မလား ေစာင့္ၾကည့္ရမယ္။

REF:Goal,.sportskeeda
Photo:DNA India,Stadium Astro,Talk Chelsea
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၃၉)နှစ်ကြာ မှတ်တမ်းကောင်းတစ်ခုကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြန်မြင်တွေ့ရပြီ

ဒီတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးမှာ (၃၉)နှစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပြန်မြင်တွေ့ခဲ့ရပါပြီ။ အဲဒါကတော့ (၁၁)ပွဲကစားအပြီး ရှုံးပွဲမရှိတဲ့အသင်း (၃)သင်းအထိ ရှိနေတဲ့ မှတ်တမ်းဖြစ်ပါတယ်။ ပွဲစဉ်(၁၁)မှာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ သရေကျခဲ့ပြီး မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ နိုင်ပွဲတွေ ရယူခဲ့လို့ ဒီ(၃)သင်းစလုံး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့တယ်။

Manchester-City-Players

Manchester-City-Players

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ (၁၁)ပွဲကစားအပြီး (၃)သင်း ရှုံးပွဲမရှိတာ တစ်ခါမှ မရှိခဲ့ဖူးဘဲ အရင် ပထမတန်းတုန်းကတော့ ၁၉၇၈-၇၉ ရာသီတုန်းက ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက လီဗာပူးလ်၊ နော်တင်ဟမ်ဖော်ရက်စ်၊ အဲဗာတန်အသင်းတို့ဟာ (၁၁)ပွဲကစားပြီးတဲ့အချိန်အထိ လုံးဝရှုံးပွဲမရှိခဲ့ဘဲ လီဗာပူးလ်အသင်းက ရာသီကုန်မှာ ဗိုလ်စွဲခဲ့တယ်။ အခုတော့ (၃၉)နှစ်အကြာမှာ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးတို့က အဲဒီလို ပြန်လည်စွမ်းဆောင်ခဲ့ကြပြီး ၁၉၇၈-၇၉ ရာသီလိုပဲ ဒီတစ်ခါမှာ ရှုံးပွဲမရှိသေးတဲ့ (၃)သင်းထဲက (၁)သင်း ဗိုလ်စွဲနိုင်မလား စောင့်ကြည့်ရမယ်။

Maurizio-Sarri

Maurizio-Sarri

နောက်ထပ် မှတ်တမ်းကောင်းရယူခဲ့တာက ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Maurizio Sarri ပါပဲ။ ဆာရီဟာ ပွဲစဉ်(၁၁)ပွဲကစားပြီးချိန်မှာ (၈)ပွဲနိုင်၊ (၃)ပွဲသရေကျအောင် စွမ်းဆောင်နိုင်ခဲ့လို့ (၂၈)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသင်းတစ်သင်းကို စတင်ကိုင်တွယ်ပြီး ပထမဆုံးရာသီမှာ (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ခဲ့သူအဖြစ် နော်တင်ဟမ်ဖော်ရက်စ် နည်းပြဟောင်း Frank Clark က မှတ်တမ်းဝင်ထားပြီး ၁၉၉၄ သြဂုတ်ကနေ အောက်တိုဘာလအထိ သူ့အသင်းက လုံးဝရှုံးပွဲမရှိခဲ့ဘူး။ အခုတော့ ဆာရီဟာ Frank Clark ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်တစ်ပတ်ကျရင် အဲဗာတန်နဲ့ အိမ်ကွင်းကစားရမှာဖြစ်လို့ စံချိန်သစ်တင်နိုင်မလား စောင့်ကြည့်ရမယ်။

REF:Goal,.sportskeeda
Photo:DNA India,Stadium Astro,Talk Chelsea
Naing Linn(Akhayar)
www.akhayar.com