[Zawgyi]
ကျော်စိုးအောင် (အခရာ)
www.akhayar.com
[Unicode]
(၃၅) နှစ်နောက်ပိုင်းမှ ကုမ္ပဏီထောင်ခဲ့ပေမယ့် အောင်မြင်ခဲ့ကြတဲ့ လုပ်ငန်းရှင်ကြီးများ
Bill Gates ဟာ Microsoft ကုမ္ပဏီကို တည်ထောင်တုန်းက အသက် (၂ဝ) ပဲ ရှိသေးသလို Steve Jobs လည်း Apple ကုမ္ပဏီကို စတုန်းက (၂၁) နှစ်သာ ရှိပါသေးတယ်။ မြင်လွယ်အောင် ပြောရရင် Mark Zuckerberg လည်း Facebook ကို စတင်တုန်းက အသက် (၂ဝ) မပြည့်သေးပါဘူး။ နာမည်ကျော်နည်းပညာလုပ်ငန်းရှင်တွေဟာ အသက် (၂ဝ) ကျော်လောက်ကတည်း ကုမ္ပဏီထောင်ခဲ့တာမို့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ငယ်ငယ်တည်းက ကုမ္ပဏီကို စထောင်ခဲ့တယ်လို့ အထင်ရှိစရာပါ။ တကယ်တော့ အောင်မြင်နေတဲ့  လုပ်ငန်းရှင်တွေရဲ့  ပျမ်းမျှအသက်က (၄ဝ) ပဲဖြစ်ပါတယ်။
Successful Entrepreneurs
Successful Entrepreneurs
အသားတင်ကြွယ်ဝမှု ၇၂ ဘီလီယံနဲ့ ကမ္ဘာ့ဆဌမမြောက်အချမ်းသာဆုံး စပိန်လုပ်ငန်းရှင်ကြီး Amancio Ortega ဆိုရင်လည်း သူ့ရဲ့ Zara အဝတ်အထည်ကုမ္ပဏီကို (၃၉) နှစ်ရောက်မှ တည်ထောင်ဖြစ်တာပါ။ Colonel Sanders ဆိုရင်လည်း အသက်ကြီးမှ KFC ကြက်ကြော်လုပ်ငန်းကို ထောင်ခဲ့တာပါ။ စွန့်ဦးတီထွင်စိတ်ဆိုတာ အသက်အရွယ်နဲ့ လုံးဝမဆိုင်ပါဘူး။ အရေးကြီးဆုံးအရာက အကြံဉာဏ်ကောင်းတွေ ထွက်ပေါ်လာချိန်မှာ အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့နဲ့ ရှုံးနိမ့်မှုကို ကြံ့ကြံ့ခိုင်ဖို့ပဲဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့လူတွေက (၃၅) နှစ်နဲ့ (၄ဝ) ကြားမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် (၁၇) ဦးပဲဖြစ်ပါတယ်။
(1) Liu Chuanzhi founded Lenovo at 39
(2) Gordon Moore founded Intel at 39
(3) Amancio Ortega founded Zara at 39
(4) Cher Wang founded HTC at 39
(5) Min Kao founded Garmin at 38
(6) Wayne Hughes founded Public Storage at 38
(7) Masaru Ibuka founded Sony at 38
(8) Hugo Boss founded Hugo Boss at 37
(9) Milton Hershey founded Hershey’s at 37
(10) Doris Fisher founded Gap at 36
(11) Rowland Macy founded Macy’s at 36
(12) Reid Hoffman founded LinkedIn at 36
(13) Namihei Odaira founded Hitachi at 36
(14) J C. Jacobsen founded Carlsberg at 35
(15) Marc Benioff founded Salesforce at 35
(16) William Boeing founded Boeing at 35
(17) William Procter founded Proctor & Gamble at 35
ကျော်စိုးအောင် (အခရာ)
www.akhayar.com