မုိးကလည္း ရြာ၊ အလုပ္ကလည္းမ်ားႏုိင္တဲ့ ေလးလံထိုင္းမႈိင္းတဲ့ အဂါၤေန႔ျဖစ္ေလေတာ့ အားလပ္ခ်ိန္ေလးမွာ ဒီလို ေပ်ာ္စရာ ရြင္စရာ Fun Facts ေလးေတြနဲ႔ ဦးေႏွာက္ေဆးလို႔ ရေအာင္ မွ်ေဝေပးလိုက္ပါတယ္။ ဒီအခ်က္ေတြကို သိပါသလား။

၁။ နံရံကို ေခါင္းနဲ႔ တုိက္ေဆာင့္ျခင္းဟာ တစ္နာရီကို ကီလို ၁၅၀ ေလာက္ကုန္ဆံုးေစပါတယ္တဲ့။ (ပိန္ေတာ့ ပိန္ခ်င္တယ္ေလ၊ ဒီနည္းနဲ႔ေတာ့ ကယ္လိုရီေတြ မကုန္ဆံုးပါရေစနဲ႔ :P)

၂။ Facebook စြဲလမ္းျခင္းကို စိတ္ေရာဂါတစ္ခုအျဖစ္ စိတ္ပညာရွင္ေတြက သတ္မွတ္ထားၾကပါတယ္။

၃။ Cherophobia (ခ်ဲလ္ရိုဖုိဘီးယား) ေရာဂါဆိုတာ ေပ်ာ္ရြင္ရမွာကို ေၾကာက္တဲ့ ေရာဂါျဖစ္ပါတယ္။

၄။ ငွက္ေပ်ာသီးေတြ ဘာလို႔ ေကြးေနၾကသလဲဆိုေတာ့ သူတို႔ဟာ ေနရွိရာဘက္ဆီကို ရွင္သန္ၾကီးထြားၾကလို႔ ျဖစ္ပါတယ္တဲ့။

၅။ ခင္ဗ်ားရဲ့ ဘဝသက္တမ္းအတြင္းမွာ ထြက္ရွိခဲ့တဲ့ တံေတြးေတြဟာ ေရကူးကန္ႏွစ္ကန္ကို ျဖည့္ႏုိင္တဲ့အထိ လံုေလာက္ပါတယ္တဲ့။

၆။ Heart Attack ဟာ တနလၤာေန႔မွာ ပိုျပီး ျဖစ္တတ္တယ္လို႔ ဆိုပါတယ္။

၇။ တကယ္လို႔ ခင္ဗ်ားသာ ၆ ႏွစ္နဲ႔ ၉လ ဆက္တုိက္ေလလည္ႏုိင္မယ္ဆိုရင္ ၊ အဲဒီကထြက္တဲ့ ဓာတ္ေငြ႔ဟာ Atomic Bomb တစ္ခုတည္ေဆာက္ဖို႔ လံုေလာက္တဲ့ စြမ္းအင္ကို ေပးစြမ္းႏုိင္ပါတယ္။

၈။ ခင္ဗ်ားကုိ ေလလည္ေစတဲ့ ထိပ္တန္း အစားအစာ ၆ ခုကေတာ့ ပဲအမ်ိဳးမ်ိဳး၊ ေျပာင္းဖူး၊ ငရုတ္ပြသီး၊ ပန္းေဂၚဖီ၊ ေဂၚဖီထုပ္နဲ႔ ႏြားႏုိ႔တို႔ ျဖစ္ပါတယ္။ (ဒါေတြ စုဆံုျပီး စားမိရင္ေတာ့ လူၾကားသူၾကားထဲ သြားတာမ်ိဳး ေရွာင္ရမယ္ဗ်ိဳ႕)

၉။ ျခေသၤ့တစ္ေကာင္ရဲ့ ဟိန္းေဟာက္သံကို ၅ မုိင္အကြာအေဝးကေန ၾကားႏုိင္ပါတယ္တဲ့။ (အာျပဲစိန္ ျခေသၤ့ေတြပါပဲ)

၁၀။ အဲ.. ေဟာက္တာနဲ႔ အိပ္မက္မက္တာကို တစ္ျပိဳင္နက္တည္း လုပ္လို႔ မရပါဘူးတဲ့။ ( ေဟာက္ေနရင္ အိပ္မက္မက္ေနတာ မဟုတ္၊ အိပ္မက္မက္ေနရင္ မေဟာက္ႏုိင္ဘူးေပါ့ဗ်ာ)

၁၁။ ၉၅ ရာခုိင္ႏႈန္းေသာ လူေတြဟာ သူတို႔ လူခ်င္းေတြ႔ျပီး မေျပာခ်င္တဲ့ အရာေတြအတြက္ Text Message ပို႔ၾကပါတယ္။

၁၂။ SOS အခ်က္ျပမႈကို စျပီးသံုးစြဲခဲ့တာေတာ့ Titanic သေဘာၤျဖစ္တယ္လို႔ သိရပါတယ္။

၁၃။ အႏၱာတိတ္ေရခဲေတာင္ေတြမွာ ရိွတဲ့ ၃ ရာခိုင္ႏႈန္းေသာ ေရခဲထုဟာ ပင္ဂြင္းေတြရဲ့ ဆီးသာျဖစ္ပါတယ္တဲ့။ :3

၁၄။ အီဖယ္လ္တာဝါမွာ ေလွကားထစ္စုစုေပါင္း ၁၆၆၅ ထစ္ရွိပါတယ္။

၁၅။ ပင္လယ္ဓားျပေတြဟာ နားကပ္ေတြ ဘာလို႔ ဝတ္ဆင္ၾကလဲဆုိေတာ့ ဒီလို ဝတ္ဆင္ျခင္းဟာ သူတို႔ရဲ့ အျမင္အာရုံကို ပိုၾကည္လင္ေစတယ္လို႔ ယံုၾကည္ၾကလို႔ပါပဲတဲ့။

ေပ်ာ္စရာရႊင္စရာအခ်က္အလက္ေတြမို႔ ျငင္းခုံရာေတြလည္း ရွိမွာပါ။ ေနာက္ထပ္အခ်က္ေတြကိုလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျငင္းခံုရေအာင္ ဆက္လက္တင္ဆက္ေပးဦးမွာမို႔ Akhayar Lifestyle ကို ေစာင့္ေမွ်ာ္ဖတ္ရႈေပးပါဦးခင္ဗ်ာ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : The Fact Site

Unicode

မိုးကလည်း ရွာ၊ အလုပ်ကလည်းများနိုင်တဲ့ လေးလံထိုင်းမှိုင်းတဲ့ အဂါၤနေ့ဖြစ်လေတော့ အားလပ်ချိန်လေးမှာ ဒီလို ပျော်စရာ ရွင်စရာ Fun Facts လေးတွေနဲ့ ဦးနှောက်ဆေးလို့ ရအောင် မျှဝေပေးလိုက်ပါတယ်။ ဒီအချက်တွေကို သိပါသလား။

၁။ နံရံကို ခေါင်းနဲ့ တိုက်ဆောင့်ခြင်းဟာ တစ်နာရီကို ကီလို ၁၅၀ လောက်ကုန်ဆုံးစေပါတယ်တဲ့။ (ပိန်တော့ ပိန်ချင်တယ်လေ၊ ဒီနည်းနဲ့တော့ ကယ်လိုရီတွေ မကုန်ဆုံးပါရစေနဲ့ :P)

၂။ Facebook စွဲလမ်းခြင်းကို စိတ်ရောဂါတစ်ခုအဖြစ် စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

၃။ Cherophobia (ချဲလ်ရိုဖိုဘီးယား) ရောဂါဆိုတာ ပျော်ရွင်ရမှာကို ကြောက်တဲ့ ရောဂါဖြစ်ပါတယ်။

၄။ ငှက်ပျောသီးတွေ ဘာလို့ ကွေးနေကြသလဲဆိုတော့ သူတို့ဟာ နေရှိရာဘက်ဆီကို ရှင်သန်ကြီးထွားကြလို့ ဖြစ်ပါတယ်တဲ့။

၅။ ခင်ဗျားရဲ့ ဘဝသက်တမ်းအတွင်းမှာ ထွက်ရှိခဲ့တဲ့ တံတွေးတွေဟာ ရေကူးကန်နှစ်ကန်ကို ဖြည့်နိုင်တဲ့အထိ လုံလောက်ပါတယ်တဲ့။

၆။ Heart Attack ဟာ တနင်္လာနေ့မှာ ပိုပြီး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

၇။ တကယ်လို့ ခင်ဗျားသာ ၆ နှစ်နဲ့ ၉လ ဆက်တိုက်လေလည်နိုင်မယ်ဆိုရင် ၊ အဲဒီကထွက်တဲ့ ဓာတ်ငွေ့ဟာ Atomic Bomb တစ်ခုတည်ဆောက်ဖို့ လုံလောက်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။

၈။ ခင်ဗျားကို လေလည်စေတဲ့ ထိပ်တန်း အစားအစာ ၆ ခုကတော့ ပဲအမျိုးမျိုး၊ ပြောင်းဖူး၊ ငရုတ်ပွသီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နဲ့ နွားနို့တို့ ဖြစ်ပါတယ်။ (ဒါတွေ စုဆုံပြီး စားမိရင်တော့ လူကြားသူကြားထဲ သွားတာမျိုး ရှောင်ရမယ်ဗျို့)

၉။ ခင်္သြေ့တစ်ကောင်ရဲ့ ဟိန်းဟောက်သံကို ၅ မိုင်အကွာအဝေးကနေ ကြားနိုင်ပါတယ်တဲ့။ (အာပြဲစိန် ခင်္သြေ့တွေပါပဲ)

၁၀။ အဲ.. ဟောက်တာနဲ့ အိပ်မက်မက်တာကို တစ်ပြိုင်နက်တည်း လုပ်လို့ မရပါဘူးတဲ့။ ( ဟောက်နေရင် အိပ်မက်မက်နေတာ မဟုတ်၊ အိပ်မက်မက်နေရင် မဟောက်နိုင်ဘူးပေါ့ဗျာ)

၁၁။ ၉၅ ရာခိုင်နှုန်းသော လူတွေဟာ သူတို့ လူချင်းတွေ့ပြီး မပြောချင်တဲ့ အရာတွေအတွက် Text Message ပို့ကြပါတယ်။

၁၂။ SOS အချက်ပြမှုကို စပြီးသုံးစွဲခဲ့တာတော့ Titanic သဘောၤဖြစ်တယ်လို့ သိရပါတယ်။

၁၃။ အန္တာတိတ်ရေခဲတောင်တွေမှာ ရှိတဲ့ ၃ ရာခိုင်နှုန်းသော ရေခဲထုဟာ ပင်ဂွင်းတွေရဲ့ ဆီးသာဖြစ်ပါတယ်တဲ့။ :3

၁၄။ အီဖယ်လ်တာဝါမှာ လှေကားထစ်စုစုပေါင်း ၁၆၆၅ ထစ်ရှိပါတယ်။

၁၅။ ပင်လယ်ဓားပြတွေဟာ နားကပ်တွေ ဘာလို့ ဝတ်ဆင်ကြလဲဆိုတော့ ဒီလို ဝတ်ဆင်ခြင်းဟာ သူတို့ရဲ့ အမြင်အာရုံကို ပိုကြည်လင်စေတယ်လို့ ယုံကြည်ကြလို့ပါပဲတဲ့။

ပျော်စရာရွှင်စရာအချက်အလက်တွေမို့ ငြင်းခုံရာတွေလည်း ရှိမှာပါ။ နောက်ထပ်အချက်တွေကိုလည်း ပျော်ပျော်ရွှင်ရွှင်ငြင်းခုံရအောင် ဆက်လက်တင်ဆက်ပေးဦးမှာမို့ Akhayar Lifestyle ကို စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။