[Zawgyi]

စိတ္သစ္လူသစ္နဲ႔ ေရွ႕ဆက္ဖို႔ (၁၅) ရက္ Challenge လုပ္ၾကစို႔

ဘဝၾကီးမွာ ေနရတာ ျငီးေငြ႔လာသလို ျဖစ္တာေတြ၊ အလုပ္လုပ္ေနရင္း အဓိပၸါယ္မရွိတာေတြ ခံစားဖူးပါသလား။ ဒါဟာ ခင္ဗ်ားတစ္ေယာက္တည္း ျဖစ္တာ မဟုတ္ဘဲ ကၽြန္ေတာ္တို႔ အားလံုး ၾကံဳရတဲ့ အရာပါ။ အနားယူအပန္းေျဖတယ္လို႔ ေျပာၾကရင္ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းအိပ္၊ ေကာင္းေကာင္းစားၾကျပီး ခႏၶာကိုယ္ကုိပဲ အနားယူၾကပါတယ္။ စိတ္ဟာလည္း ေရာဂါျဖစ္ရျခင္းရဲ႕ အေၾကာင္းတစ္ခ်က္မို႔ သူ႔ကိုလည္း ျပဳစုဂရုစိုက္ဖို႔ လိုပါတယ္။

ေန႔စဥ္လုပ္ေနတဲ့ အရာတစ္ခုကိုမွ ေျပာင္းလဲျပီး မလုပ္ႏုိင္ရင္ ဘဝၾကီးတစ္ခုကို ေျပာင္းလဲဖို႔ မျဖစ္ႏို္င္ပါဘူးတဲ့။ ဒီမွာ ေျပာထားတဲ့အခ်က္ေလးေတြက တကူးတက အလုပ္ပ်က္အကိုင္ပ်က္လုပ္စရာမလုိဘဲ စိတ္အတြက္ ေလ့က်င့္ခန္း၊ စိတ္ကုိ ရွင္းထုတ္လို႔ ရမယ့္ အခ်က္ေလးေတြမို႔ ကုိယ့္ဘာသာ လုပ္ႏုိင္မလုပ္ႏုိင္ Challenge ေခၚလိုက္္ရေအာင္။

Day 1 : ကိုယ္အိပ္ေနက်အခ်ိန္ထက္ တစ္နာရီေလာက္ ေစာအိပ္ပါ

Day 2 : အျပင္ထြက္ျပီး လမ္းေလွ်ာက္ပါ၊ အျမဲတမ္း အလုပ္က ျပန္လာရင္ ကုပ္ခ်ိကုပ္ခ်ိနဲ႔ အိမ္ထဲ ေအာင္းေနၾကမလား။

Day 3 : ခ်စ္တဲ့ ခင္တဲ့ သူတစ္ေယာက္ကုို ဖုန္းေခၚပါ၊ ကိုယ္က ခ်စ္ခင္ေပမယ့္ မာနေၾကာင့္ ျဖစ္ျဖစ္၊ မအားလို႔ ျဖစ္ျဖစ္ ကိုယ္ခ်စ္ခင္တဲ့သူတစ္ေယာက္ကို ဖုန္းေခၚျပီး အားရပါးရစကားေျပာလိုက္ပါ။

Day 4 : ကိုယ့္အခန္း၊ ကိုယ့္စားပြဲကိုယ္ စိတ္လိုလက္ရ ရွင္းလုိက္ပါ

Day 5 : Social Media ကို တစ္ရက္ေလာက္ အသံုးမျပဳပဲေနပါ၊ Social Media ပဲ မသံုးပဲ ေနရတာ ျဖစ္တဲ့အတြက္ Google ေခါက္လို႔ ရပါေသးတယ္။

Day 6 : ဘာမွ မလုပ္ဘဲ ေနထြက္ခ်ိန္ကို ျဖစ္ျဖစ္ ၊ ေနဝင္ခ်ိန္ကို ျဖစ္ျဖစ္ ထုိင္ၾကည့္ေနလုိက္ပါ၊ တစ္ခါတေလ သဘာဝတရားၾကီးကို စိတ္ရွိတုိင္း ခံစားတာဟာ Stress ေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။

Day 7 : လံုးဝမသံုးေတာ့တဲ့ ပစၥည္း ၅ ခုကို ပစ္ထုတ္လိုက္ပါ၊ ဘာလုပ္ေနမွာလဲ၊ တခ်ိဳ႕ေတြက သံုးလည္း မသံုးရက္၊ ပစ္လည္း မပစ္ရက္ဆုိတာေတြ ရွိတဲ့အတြက္ စိတ္ပိုင္းျဖတ္ျပီး ရွင္းလိုက္ပါ။

Day 8 : မလုိအပ္တဲ့ ေနရာဌာနေတြကေန ရယူထားမိတဲ့ Email ေတြကို Unsubscribe လုပ္ပစ္လိုက္ပါ။

Day 9 : နာရီဝက္ေလာက္ ေစာထျပီး တရားထိုင္ၾကည့္ပါ

Day 10 : သူငယ္ခ်င္းတစ္ေယာက္နဲ႔ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေကာ္ဖီဒိတ္လုပ္ျပီး ေထြရာေလးပါး ေျပာပါ

Day 11 : တစ္ေန႔လံုး ဘာေစာဒကမွ မတက္ဘဲ ၾကိဳးစားေနၾကည့္ပါ

Day 12 : ကိုယ့္ဘာသာ မနက္စာထလုပ္ၾကည့္ပါ

Day 13 : ကိုယ္မလုပ္ခ်င္လို႔ ဟိုေရႊ႕ဒီေရႊ႕လုပ္ေနတဲ့ အလုပ္တစ္ခုကို လုပ္လုိက္ပါ

Day 14 : အေတြးလြန္တာေတြ ေလွ်ာ့ျပီး ပစၥဳပၸန္ကိုပဲ အာရံုစိုက္ျပီး ေနၾကည့္ပါ

Day 15 : ျပီးခဲ့တဲ့ ရက္ေတြမွာ ကိုယ္လုပ္ခဲ့တာေတြကို ျပန္သံုးသပ္ျပီး ေနာက္ရက္ေတြမွာလည္း လုပ္ခ်င္ျပီး မလုပ္ဖူးတဲ့ အလုပ္မ်ိဳး၊ စိတ္ေပ့ါပါးေစမယ့္ အရာေတြကို လုပ္ဖို႔ စဥ္းစားပါ။

တစ္ႏွစ္ကို လူေပါင္း ၈၀၀,၀၀၀ ေလာက္ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံမႈ ျဖစ္ပြားေနတဲ့အတြက္ ကိုုယ္က်န္းမာေရးကို ဂရုစိုက္သလို စိတ္ခ်မ္းသာေရးကိုလည္း ဂရုစိုက္ႏုိင္ၾကပါေစ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်ဖို့ ၁၅ ရက် Challenge လုပ်ကြစို့

ဘဝကြီးမှာ နေရတာ ငြီးငွေ့လာသလို ဖြစ်တာတွေ၊ အလုပ်လုပ်နေရင်း အဓိပ္ပါယ်မရှိတာတွေ ခံစားဖူးပါသလား။ ဒါဟာ ခင်ဗျားတစ်ယောက်တည်း ဖြစ်တာ မဟုတ်ဘဲ ကျွန်တော်တို့ အားလုံး ကြုံရတဲ့ အရာပါ။ အနားယူအပန်းဖြေတယ်လို့ ပြောကြရင် ကျွန်တော်တို့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားကြပြီး ခန္ဓာကိုယ်ကိုပဲ အနားယူကြပါတယ်။ စိတ်ဟာလည်း ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းတစ်ချက်မို့ သူ့ကိုလည်း ပြုစုဂရုစိုက်ဖို့ လိုပါတယ်။

နေ့စဉ်လုပ်နေတဲ့ အရာတစ်ခုကိုမှ ပြောင်းလဲပြီး မလုပ်နိုင်ရင် ဘဝကြီးတစ်ခုကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူးတဲ့။ ဒီမှာ ပြောထားတဲ့အချက်လေးတွေက တကူးတက အလုပ်ပျက်အကိုင်ပျက်လုပ်စရာမလိုဘဲ စိတ်အတွက် လေ့ကျင့်ခန်း၊ စိတ်ကို ရှင်းထုတ်လို့ ရမယ့် အချက်လေးတွေမို့ ကိုယ့်ဘာသာ လုပ်နိုင်မလုပ်နိုင် Challenge ခေါ်လိုက်ရအောင်။

Day 1 : ကိုယ်အိပ်နေကျအချိန်ထက် တစ်နာရီလောက် စောအိပ်ပါ

Day 2 : အပြင်ထွက်ပြီး လမ်းလျှောက်ပါ၊ အမြဲတမ်း အလုပ်က ပြန်လာရင် ကုပ်ချိကုပ်ချိနဲ့ အိမ်ထဲ အောင်းနေကြမလား။

Day 3 : ချစ်တဲ့ ခင်တဲ့ သူတစ်ယောက်ကို ဖုန်းခေါ်ပါ၊ ကိုယ်က ချစ်ခင်ပေမယ့် မာနကြောင့် ဖြစ်ဖြစ်၊ မအားလို့ ဖြစ်ဖြစ် ကိုယ်ချစ်ခင်တဲ့သူတစ်ယောက်ကို ဖုန်းခေါ်ပြီး အားရပါးရစကားပြောလိုက်ပါ။

Day 4 : ကိုယ့်အခန်း၊ ကိုယ့်စားပွဲကိုယ် စိတ်လိုလက်ရ ရှင်းလိုက်ပါ

Day 5 : Social Media ကို တစ်ရက်လောက် အသုံးမပြုပဲနေပါ၊ Social Media ပဲ မသုံးပဲ နေရတာ ဖြစ်တဲ့အတွက် Google ခေါက်လို့ ရပါသေးတယ်။

Day 6 : ဘာမှ မလုပ်ဘဲ နေထွက်ချိန်ကို ဖြစ်ဖြစ် ၊ နေဝင်ချိန်ကို ဖြစ်ဖြစ် ထိုင်ကြည့်နေလိုက်ပါ၊ တစ်ခါတလေ သဘာဝတရားကြီးကို စိတ်ရှိတိုင်း ခံစားတာဟာ Stress တွေကို လျော့ပါးသက်သာစေပါတယ်။

Day 7 : လုံးဝမသုံးတော့တဲ့ ပစ္စည်း ၅ ခုကို ပစ်ထုတ်လိုက်ပါ၊ ဘာလုပ်နေမှာလဲ၊ တချို့တွေက သုံးလည်း မသုံးရက်၊ ပစ်လည်း မပစ်ရက်ဆိုတာတွေ ရှိတဲ့အတွက် စိတ်ပိုင်းဖြတ်ပြီး ရှင်းလိုက်ပါ။

Day 8 : မလိုအပ်တဲ့ နေရာဌာနတွေကနေ ရယူထားမိတဲ့ Email တွေကို Unsubscribe လုပ်ပစ်လိုက်ပါ။

Day 9 : နာရီဝက်လောက် စောထပြီး တရားထိုင်ကြည့်ပါ

Day 10 : သူငယ်ချင်းတစ်ယောက်နဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ကော်ဖီဒိတ်လုပ်ပြီး ထွေရာလေးပါး ပြောပါ

Day 11 : တစ်နေ့လုံး ဘာစောဒကမှ မတက်ဘဲ ကြိုးစားနေကြည့်ပါ

Day 12 : ကိုယ့်ဘာသာ မနက်စာထလုပ်ကြည့်ပါ

Day 13 : ကိုယ်မလုပ်ချင်လို့ ဟိုရွှေ့ဒီရွှေ့လုပ်နေတဲ့ အလုပ်တစ်ခုကို လုပ်လိုက်ပါ

Day 14 : အတွေးလွန်တာတွေ လျှော့ပြီး ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပြီး နေကြည့်ပါ

Day 15 : ပြီးခဲ့တဲ့ ရက်တွေမှာ ကိုယ်လုပ်ခဲ့တာတွေကို ပြန်သုံးသပ်ပြီး နောက်ရက်တွေမှာလည်း လုပ်ချင်ပြီး မလုပ်ဖူးတဲ့ အလုပ်မျိုး၊ စိတ်ပေ့ါပါးစေမယ့် အရာတွေကို လုပ်ဖို့ စဉ်းစားပါ။

တစ်နှစ်ကို လူပေါင်း ၈၀၀,၀၀၀ လောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွားနေတဲ့အတွက် ကိုယ်ကျန်းမာရေးကို ဂရုစိုက်သလို စိတ်ချမ်းသာရေးကိုလည်း ဂရုစိုက်နိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com