[Zawgyi]


Streaming Giant ကြီးဖြစ်တဲ့ Netflix ဟာ လူငယ်ဆယ်ကျော်သက်ဇာတ်လမ်းထဲမှာ အရမ်းအောင်မြင်ခဲ့တဲ့ 13 Reasons Why ရဲ့ Season 2 လွှင့်မယ့် နေ့ကို မေလ ၁၈ ရက်နေ့လို့ သတ်မှတ်လိုက်ပါတယ်။







Yoe Lu (Akhayar)

www.akhayar.com

[Unicode]

13 Reasons Why ရဲ့ Season 2 Teaser Video ထွက်ပေါ်လာပါပြီ

Streaming Giant ကြီးဖြစ်တဲ့ Netflix ဟာ လူငယ်ဆယ်ကျော်သက်ဇာတ်လမ်းထဲမှာ အရမ်းအောင်မြင်ခဲ့တဲ့ 13 Reasons Why ရဲ့ Season 2 လွှင့်မယ့် နေ့ကို မေလ ၁၈ ရက်နေ့လို့ သတ်မှတ်ထားပါတယ်။

ပထမ Season တုန်းကလည်း 13 Reasons Why ဟာ အငြင်းပွားဖွယ်များနဲ့ အောင်မြင်ခဲ့တဲ့အတွက် ဒုတိယ Season ကိုလည်း ဘာတွေ ဆက်ဖြစ်လာမလဲလို့ စောင့်မျှော်ကြည့်ရမှာပါပဲ။ ပထမ Season တုန်းက Katherine Langford ချန်ထားခဲ့တဲ့ ကက်ဆက်တိပ် ၁၃ ခွေ၊ တစ်ခွေစီမှာ သူဘာကြောင့် ဒီလို ဘဝကို အဆုံးသတ်ရတယ်ဆိုတာကို သဲလွန်စတွေ ၊အတွေးအမြင်တွေနဲ့ ထားခဲ့ပါတယ်။

ဒုတိယ Season ကိုတော့ Teaser အရ Polaroids ဓာတ်ပုံတွေနဲ့ တင်ဆက်မယ်လို့ မျှော်မှန်းရပြီး ပါဝင်တဲ့ ဇာတ်ကောင်တွေအားလုံးဟာ Hannah ရဲ့ မိဘတွေနဲ့ ကျောင်းအုပ်ချုပ်ရေးကြားမှာ သူတို့ရဲ့ ပါးစပ်တွေကို ပိတ်ထားဖို့ သတိပေးခံနေကြရပါတယ်။

ဇာတ်ကောင်သစ်တွေလည်း ပါဝင်လာပြီး Chloe ဆိုတဲ့ Liberty High က Cheerleader (Anna Winters က သရုပ်ဆောင်ထားပါတယ်)ပါဝင်လာသလို Hannah ရဲ့ အမေ Olivia Baker ကလည်း သူ့သမီးရဲ့ အမှုအတွက် ကွင်းဆက်တွေကို တစ်စချင်းဆက်စပ်နေပုံကို ပြသထားပါတယ်။

အဆုံးပြကွက်မှာတော့ Clay Jensen (Minnette) ကတော့ Hannah ရဲ့ Polaroids ဓာတ်ပုံကို ကောက်ယူကြည့်တဲ့အခါ နောက်ကျောဘက်မှာ “ The tapes were just the beginning.” လို့ ရေးထားတဲ့အတွက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ရင်ခုန်စောင့်ကြည့်ရမှာပါ။

ဒုတိယ Season မှာတော့ ပထမ Season ကို အခြေခံရိုက်ကူးထားတဲ့ Jay Asher ရဲ့ အရောင်းရဆုံးစာအုပ်ထဲက အကြောင်းအရာတွေထက် ပိုလွန်သွားမယ်လို့ မျှော်မှန်းရပြီး Hannah ဟာလည်း တစ်ကားလုံးရဲ့ အသက် ပြောပြသူ ဇာတ်ကောင်မဟုတ်လောက်တော့ပါဘူး။

ကဲ! 13 Reasons Why ရဲ့ Season 2 ကို မေလ ၁၈ ရက်မှာ ရင်ခုန်စွာ ဆက်လက်စောင့်ကြည့်ကြစို့ဗျာ။

Yoe Lu (Akhayar)

www.akhayar.com

Ref : hollywoodreporter.com