[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

၁၂နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကျင်းပခဲ့တဲ့ ဇဏ်ခီနဲ့ ခရစ်စတီးနားခီ

ဇွန်လ ၂၅ ရက်နေ့ ရက်နေ့က မင်းသားဇဏ်ခီနဲ့ ဒါရိုက်တာခရစ်စတီးနားခီ တို့ရဲ့ ၁၂ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို မြနန္ဒာကမ္ဘောဇဘုန်းကြီးကျောင်း မှာပြုလုပ်ခဲ့ပါတယ်။ သူတို့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ အလှူပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတချို့လည်း လာရောက်ခဲ့တာကိုတွေ့ရပါတယ်။

ဥပါယ်တံမျဉ် ၊ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားနှစ်ခုနဲ့ ပရိသတ်ရဲ့ ရင်ခွင်ထဲကိုဝင်ရောက်ခဲ့တဲ့ မင်းသားနဲ့ ဒါရိုက်တာတို့ဟာ တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း အောင်မြင်တဲ့ ဘဝတစ်ခုကိုတည်ဆောက်နိုင်ခဲ့တဲ့ သူတွေလည်းဖြစ်ပါတယ်။

၁၂ နှစ်ပြည့်မင်္ဂလာအထိမ်းအမှတ်မှသည်နောင်ထပ်နှစ်ပေါင်း ရာကျော်တိုင်အနုပညာအလုပ်တွေကို အတူတူလုပ်ရင်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝ ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Christina Kyi Facebook ၊ May Myint Mo Facebook

www.akhayar.com