[Zawgyi]

ဆဲလ္ဖုန္းစြဲလမ္းမႈနဲ႔ ပက္သက္ျပီး သိမွတ္ဖြယ္ ေၾကာက္စရာေကာင္းတဲ့ အခ်က္ (၁၂) ခ်က္

ဆဲလ္ဖုန္းစြဲလမ္းမႈဟာ ေခတ္ကုိလိုက္ျပီး တျဖည္းျဖည္းဆိုးဝါးလာခဲ့ပါတယ္။ အျပင္မွာ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ရင္လည္း ဖုန္းနဲ႔ မ်က္ႏွာနဲ႔ မခြာ၊ အိမ္သာသြားရင္လည္း ဖုန္းနဲ႔ ေနာက္ဆံုး ေရခ်ိဳးကန္ထဲမွာ ေရခ်ိဳးေနရင္းေတာင္ ဖုန္းသံုးၾကပါသတဲ့။ ဖုန္းကို စြဲလမ္းမႈဟာ အရက္စဲြသေလာက္၊ မူးယစ္ေဆးစြဲသေလာက္ ျဖစ္ေနပါျပီ။ ဟုတ္ပ့ါမလားဆိုရင္ေတာ့ လူေတြ ဖုန္းသံုးၾကတဲ့အေၾကာင္းစစ္တမ္းေကာက္ထားတဲ့ ဒီအခ်က္အလက္ေတြကိုပဲ ၾကည့္လိုက္ပါ

  • လူတစ္ေယာက္ဟာ တစ္ေန႔ကို ပ်မ္းမွ် အၾကိမ္ ၁၁၀ ေလာက္ ဖုန္းကို Check ပါတယ္
  • အရြယ္ေရာက္ျပီးသား လူေတြရဲ႕ ၁၂ ရာခုိင္ႏႈန္းက ေရခ်ိဳးေနရင္းေတာင္ ဖုန္းသံုးပါတယ္တဲ့။ (ခုန ေျပာသလို ေရခ်ိဳးကန္ထဲမွာ သံုးတာမ်ိဳးေပါ့)
  • လူ ၁၀၀ မွာ ၄၀ ေလာက္က အိမ္သာတက္ရင္းနဲ႔ေတာင္ ဖုန္းသံုးၾကပါတယ္
  • လူေပါင္း ၅၆% ႏႈန္းကေတာ့ မအိပ္ခင္မွာ ဖုန္းအသံုးျပဳျပီးမွ အိပ္ေလ့ရွိပါတယ္။
  • အသက္ ၁၈ ႏွစ္ကေန ၃၄ ႏွစ္အတြင္း လူေတြရဲ႕ ၅ေယာက္မွာ ၁ ေယာက္က လိင္ဆက္ဆံမႈျပဳေနခ်ိန္မွာေတာင္ ဖုန္းသံုးၾကတယ္လို႔ အံ့ၾသဖြယ္သိရပါတယ္ (ဘာညာဇာတ္ကားၾကည့္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပ့ါေလ)
  • လူေပါင္း ၆၁% ေလာက္ကေတာ့ ဖုန္းကို Power On ထားျပီး အိပ္ရာနဲ႔ အနီးဆံုး ေခါင္းအံုးေအာက္မွာ ျဖစ္ျဖစ္၊ အိပ္ရာေဘးမွာ ျဖစ္ျဖစ္ ထားအိပ္တတ္ၾကပါတယ္
  • ၇၅% ေသာ လူေတြကေတာ့ အိပ္ေပ်ာ္ျပီးတစ္ေရးႏုိးခ်ိန္မွာ ဖုန္းထသံုးတတ္ပါတယ္
  • လူ ၁၀၀ မွာ အေယာက္ ၅၀ ေလာက္က အိမ္မွာ ဖုန္းက်န္ခဲ့ရင္ ေနမထိထုိင္မသာ ျဖစ္တတ္ပါတယ္တဲ့
  • ဆယ္ေက်ာ္သက္ေတြနဲ႔ သူတို႔ရဲ႕မိဘ ၇၇% က ဖုန္းသံုးတဲ့ ကိစၥနဲ႔ စကားမ်ားရတာခ်ည္းပါပဲတဲ့
  • ဆယ္ေက်ာ္သက္ေတြရဲ႕ တစ္ဝက္ ၅၀% ေလာက္က သူတုိ႔ရဲ႕ စမတ္ဖုန္းကို စြဲလမ္းေနတယ္လို႔ ဝန္ခံၾကပါတယ္
  • ကားမေတာ္တဆျဖစ္မႈေပါင္းရဲ႕ ၂၆% ေလာက္က ကားေမာင္းရင္း ဖုန္းသံုးလို႔ ျဖစ္ရတာပါ
  • ၄၄% ေသာ လူေတြဟာ အပန္းေျဖခရီးထြက္ရင္ေတာင္ ဖုန္းနဲ႔ အလုပ္ Email မစစ္ဘဲ မေနႏုိင္ပါဘူးတဲ့

ဒါေၾကာင့္ ေခတ္သစ္စြဲလမ္းမႈျပႆနာသီခ်င္းဟာ ဖုန္းအသံုးျပဳမႈစြဲလမ္းတာကို ေရးသားသီဆိုရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေခတ္နဲ႔ အညီ အမီိလိုက္ေပမယ့္ လိုအပ္တာထက္ပုိတဲ့ စြဲလမ္းမႈမ်ိဳးကိုေတာ့ အတတ္ႏုိင္ဆံုး ေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ဆဲလ်ဖုန်းစွဲလမ်းမှုနဲ့ ပက်သက်ပြီး သိမှတ်ဖွယ် ကြောက်စရာကောင်းတဲ့ အချက် (၁၂) ချက်

ဆဲလ်ဖုန်းစွဲလမ်းမှုဟာ ခေတ်ကိုလိုက်ပြီး တဖြည်းဖြည်းဆိုးဝါးလာခဲ့ပါတယ်။ အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ရင်လည်း ဖုန်းနဲ့ မျက်နှာနဲ့ မခွာ၊ အိမ်သာသွားရင်လည်း ဖုန်းနဲ့ နောက်ဆုံး ရေချိုးကန်ထဲမှာ ရေချိုးနေရင်းတောင် ဖုန်းသုံးကြပါသတဲ့။ ဖုန်းကို စွဲလမ်းမှုဟာ အရက်စွဲသလောက်၊ မူးယစ်ဆေးစွဲသလောက် ဖြစ်နေပါပြီ။ ဟုတ်ပ့ါမလားဆိုရင်တော့ လူတွေ ဖုန်းသုံးကြတဲ့အကြောင်းစစ်တမ်းကောက်ထားတဲ့ ဒီအချက်အလက်တွေကိုပဲ ကြည့်လိုက်ပါ

  • လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ အကြိမ် ၁၁၀ လောက် ဖုန်းကို Check ပါတယ်
  • အရွယ်ရောက်ပြီးသား လူတွေရဲ့ ၁၂ ရာခိုင်နှုန်းက ရေချိုးနေရင်းတောင် ဖုန်းသုံးပါတယ်တဲ့။ (ခုန ပြောသလို ရေချိုးကန်ထဲမှာ သုံးတာမျိုးပေါ့)
  • လူ ၁၀၀ မှာ ၄၀ လောက်က အိမ်သာတက်ရင်းနဲ့တောင် ဖုန်းသုံးကြပါတယ်
  • လူပေါင်း ၅၆% နှုန်းကတော့ မအိပ်ခင်မှာ ဖုန်းအသုံးပြုပြီးမှ အိပ်လေ့ရှိပါတယ်။
  • အသက် ၁၈ နှစ်ကနေ ၃၄ နှစ်အတွင်း လူတွေရဲ့ ၅ယောက်မှာ ၁ ယောက်က လိင်ဆက်ဆံမှုပြုနေချိန်မှာတောင် ဖုန်းသုံးကြတယ်လို့ အံ့သြဖွယ်သိရပါတယ် (ဘာညာဇာတ်ကားကြည့်တာလည်း ဖြစ်ချင်ဖြစ်မှာပေ့ါလေ)
  • လူပေါင်း ၆၁% လောက်ကတော့ ဖုန်းကို Power On ထားပြီး အိပ်ရာနဲ့ အနီးဆုံး ခေါင်းအုံးအောက်မှာ ဖြစ်ဖြစ်၊ အိပ်ရာဘေးမှာ ဖြစ်ဖြစ် ထားအိပ်တတ်ကြပါတယ်
  • ၇၅% သော လူတွေကတော့ အိပ်ပျော်ပြီးတစ်ရေးနိုးချိန်မှာ ဖုန်းထသုံးတတ်ပါတယ်
  • လူ ၁၀၀ မှာ အယောက် ၅၀ လောက်က အိမ်မှာ ဖုန်းကျန်ခဲ့ရင် နေမထိထိုင်မသာ ဖြစ်တတ်ပါတယ်တဲ့
  • ဆယ်ကျော်သက်တွေနဲ့ သူတို့ရဲ့မိဘ ၇၇% က ဖုန်းသုံးတဲ့ ကိစ္စနဲ့ စကားများရတာချည်းပါပဲတဲ့
  • ဆယ်ကျော်သက်တွေရဲ့ တစ်ဝက် ၅၀% လောက်က သူတို့ရဲ့ စမတ်ဖုန်းကို စွဲလမ်းနေတယ်လို့ ဝန်ခံကြပါတယ်
  • ကားမတော်တဆဖြစ်မှုပေါင်းရဲ့ ၂၆% လောက်က ကားမောင်းရင်း ဖုန်းသုံးလို့ ဖြစ်ရတာပါ
  • ၄၄% သော လူတွေဟာ အပန်းဖြေခရီးထွက်ရင်တောင် ဖုန်းနဲ့ အလုပ် Email မစစ်ဘဲ မနေနိုင်ပါဘူးတဲ့

ဒါကြောင့် ခေတ်သစ်စွဲလမ်းမှုပြဿနာသီချင်းဟာ ဖုန်းအသုံးပြုမှုစွဲလမ်းတာကို ရေးသားသီဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်နဲ့ အညီ အမီလိုက်ပေမယ့် လိုအပ်တာထက်ပိုတဲ့ စွဲလမ်းမှုမျိုးကိုတော့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com