ကမ္ဘာ့ကြေးအကြီးဆုံး DJ ၁၂ ယောက်စာရင်းကို Forbes မဂ္ဂဇင်း ကနေ ထုတ်ပြန်ခဲ့ပါတယ်။ Calvin Harris ကတော့ ပြီးခဲ့တဲ့ ၁၂ လလုံး $66 million လောက် ရရှိအပြီးမှာ EDM ရဲ့ ကြေးအကြမ်းဆုံး ဘုရင်ကြီး တစ်ပါး ပြန်ဖြစ်လာပါပြီ။ အခု စာရင်းထဲမှာ ပါတဲ့ ထိပ်တန်း DJ ဆယ်ယောက်ကလည်း $268 million လောက် ဒီနှစ်မှာ ရလိုက်ခြင်းအားဖြင့် မနှစ်က Top Ten DJ ဆယ်ယောက်ဝင်ငွေ $241 million ထက် 11% လောက် ပိုသာသွားပါတယ်။

 

၁။ Calvin Harris – $66 million

အမည်ရင်း Adam Richard Wiles ဟာ စတိုးဆိုင်ပိုင်ရှင်ဟောင်းတစ်ယောက်ဖြစ်ပြီး ဒီစာရင်းမှာတော့ ပွဲပေါင်း ၁၂၅ ပွဲနဲ့ အထက် တီးပြီး $66 million နဲ့ ဗိုလ်စွဲထားပါတယ်။ သူဟာ Rihanna, Kesha စတဲ့ သူတွေနဲ့ လက်တွဲအလုပ်လုပ်ပြီး Pop Music ကမ္ဘာမှာ အောင်မြင်မှု အများအပြား ရရှိထားပါတယ်။ EDM သီးသန့် ပွဲကြီးတွေသာမက Coachella လို ပွဲကြီး တွေပါ တီးရတဲ့ Harris ဟာ ပုံမှန် အနေနဲ့တော့ အမေရိကားရဲ့ အကြီးဆုံး ညကလပ် Hakkasan မှာ ပင်တိုင် DJ အနေနဲ့ ဖျော်ဖြေပါတယ်။

 

၂။ David Guetta – $33 million

ပြင်သစ်လူမျိုး ကလပ်မန်နေဂျာဟောင်း David Guetta ဟာ ပြီးခဲ့တဲ့ ၁၂ လလုံး Rihanna ရဲ့ ဖျော်ဖြေပွဲတွေမှာ လိုက်ပါတင်ဆက်ခဲ့ပြီး Britney Spears နဲ့ Lady Gaga ရဲ့ နောက်ဆုံးထွက်တဲ့ Album တွေအတွက်လည်း သီချင်းတွေ ပါဝင်ရေးသားခဲ့ပါတယ်။ မတ်လတုန်းကတော့ သူ့ရဲ့ အလုပ်တွဲဘက်လည်း ဖြစ်၊ သူ့ရဲ့ မိန်းမလည်း ဖြစ်တဲ့ Cathy Guetta နဲ့ ကွာရှင်းခဲ့ကြပါတယ်။

 

၃။ Avicii – $28 million

အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ဆွီဒင်လူမျိုး DJ Avicii ဟာ သူ့ရဲ့ ပထမဆုံး Album ဖြစ်တဲ့ “True”နဲ့ အတူ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ Album မှာ သူ့ရဲ့ အကြီးအကျယ်ပေါက်ခဲ့တဲ့ “Wake me up” သီချင်းလည်း ပါဝင်ပါတယ်။ Club တစ်ခုမှာ တစ်ခါ ဖျော်ဖြေပြီးတိုင်း ဂဏန်းခြောက်လုံးလောက် ဝင်ငွေရှိတဲ့ သူဟာ ပွဲပေါင်း ၈၀ လောက် ဖျော်ဖြေထားပါတယ်။

 

၎။ Tiesto – $28 million

ဒီ Dutch လူမျိုး DJ ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ သူ့ရဲ့ အာရုံကို Ibaza ကနေ Las Vegas ကို ရွှေ့လိုက်ပြီး Hakkasan မှာပဲ ကြေးကြီးကြီးနဲ့ ပုံမှန်ဖျော်ဖြေနေပါတယ်။ ရှိုးပေါင်း ၁၀၀ လောက် ဝင်ရောက်တီးခဲ့ကာ ပြီးခဲ့တဲ့ ၂၄ လလုံးလုံး $60 million လောက် ရရှိခဲ့ပါတယ်။

 

၅။ Steve Aoki – $23 million

ရှိုးပွဲပေါင်း ၂၇၇ ပွဲမှာ ဝင်ရောက်တီးခတ်အပြီးမှာ Aoki ဟာ Top 5 DJs စာရင်းထဲကို ပထမဆုံးအနေနဲ့ ရောက်ရှိလာခဲ့ပါပြီ။ သူဟာ တစ်ခါတလေ တစ်နေ့တည်း သုံးပွဲလောက် ပွဲကူးဖျော်ဖြေပြီး သူ့ရဲ့အချိန်ဇယားဟာဆိုရင် အခု စာရင်းထဲမှာ ပါတဲ့ DJ များထက် နှစ်ဆလောက် ကျပ်ပါတယ်။ (Aoki ဟာ Forbes မဂ္ဂဇင်းကို ပြောတဲ့ ပုံအရတော့ သူက ပွဲတစ်ပွဲနဲ့ တစ်ပွဲအကြား သွားလာချိန်မှာ ကားပေါ် သို့ လေယာဉ်ပေါ်မှာ ၂နာရီ၊၃ နာရီခန့် ပဲ အိပ်စက်ပြီး အလုပ်လုပ်နိုင်ပါတယ်တဲ့)။ သူဟာ Bud Light၊ Guitar Center နဲ့ Scion တို့ရဲ့  စပွန်ဆာလည်း ရရှိထားပြီး Headphone Company Sol Republic ရဲ့ ရှယ်ယာအချို့ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

 

၆။ Afro Jack – $22 million

အမည်ရင်း Nick van de Wall ဖြစ်တဲ့ Afro Jack ဟာ သူ့ရဲ့ ပထမဆုံး Studio Album “Forget The World” ကို မေလမှာ ထုတ်ဝေခဲ့ပါတယ်။ Las Vegas ရဲ့ Wynn မှာ ဖျော်ဖြေပေးဖို့ မြင့်မားတဲ့ ကြေးနဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ Forbes မဂ္ဂဇင်းကို ပြောကြားခဲ့အပြီးမှာ သူဟာ Hakkasan မှာ အလုပ်လုပ်ဖို့ အလျင်အမြန်ချိတ်ဆက်ခဲ့ပါတယ်။ Afro Jack ဟာ ပွဲပေါင်း ၁၅၀လောက် ဖျော်ဖြေခဲ့တဲ့ အပြင် Nike နဲ့ G-star Raw ဆီက စပွန်ဆာတွေလည်း ရရှိခဲ့ပါတယ်။

 

You May Also Like : “၂၀၁၆ ရဲ့ ကမ္ဘာ့အချမ်းသာဆုံး Rapper ၅ ယောက်

 

၇။ Zedd – $21 million

ဒီ ၂၄ နှစ်သား DJ လည်းဖြစ်၊ Skrillex က support ပေးခဲ့သူလည်း ဖြစ်တဲ့ Zedd ရဲ့ အနုပညာကြေးဟာ ပြီးခဲတဲ့ နှစ်တွေ အတွင်း ဒေါ်လာ ၂သောင်းကနေ  ဂဏန်း ၆လုံးအထိ မြင့်တက်လာခဲ့ပါပြီ။ ဒီသူ့ရဲ့ အောင်မြင်မှုဟာ Justin Bieber ၊ Lady Gaga အစရှိတဲ့ Pop Star တွေနဲ့ လက်တွဲလုပ်တာကနေ သူ့ရဲ့ album “Clarity” ထွက်ရှိလာတာတွေ အထိကြောင့်ပါ တရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။

 

၈။ Kaskade – $17 million

အမည်ရင်း Ryan Gary Raddon လို့ ခေါ်တဲ့ Kaskade ဟာ သူ့ရဲ့ ၁၀ ခွေမြောက် Album “Atmosphere” အတွက် Best Dance/Electronica Album အနေနဲ့ Grammy Nomination ဝင်ခဲ့ပါတယ်။ ဒီကလေးသုံးယောက်အဖေ DJ ဟာ Las Vegas က ရှိုးပွဲ ၃၀ အပါအဝင် ပွဲပေါင်း ၁၂၀လောက် ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

 

၉။ Skrillex – $16.5 million

ဒီ Grammy ဆု ခြောက်ကြိမ်မြောက်ရထားတဲ့ DJ ဟာ သူ့ရဲ့ နောက်ဆုံး Album “Recess” ကို မတ်လမှာ ထုတ်ဝေခဲ့ပါတယ်။ ဒါပေမယ့် ဒီ Album ဟာ သူ့ရဲ့ ၂၀၁၀မှာ ထွက်ခဲ့တဲ့ အပေါက်ဆုံး Album တွေ ဖြစ်တဲ့ “Scary Monsters”  နဲ့ “Nice Sprites” ကို မီဖို့ အဝေးကြီးလိုပါသေးတယ်။  တကယ်တော့ အဲဒီစံချိန်တွေ ချိုးဖို့လည်း သူ့အတွက် ဒီလောက် မလိုအပ်ပါဘူး။ Live Shows တွေကနေ ဝင်ငွေအများကြီးရသလို Wreck-It Ralph လို ရုပ်ရှင်ရိုက်တာတွေ၊ သူ့ရဲ့ Label OWSLA လည်းရှိပါသေးတယ်။

 

၁၀။ Deadmau5 – $16 million

ဒီကြွက်ခေါင်းပုံဝတ်စုံ ဝတ်လေ့ရှိတဲ့  DJ ဟာ ရှိုးပွဲတီးတာ နည်းလေ့ရှိပေမယ့် သူတကယ်တီးတဲ့ ပွဲတွေဟာလည်း ကြေးအများဆုံးရတဲ့ ပွဲတော်တွေဖြစ်ပြီး သူ့ရဲ့ တစ်ညတီးတဲ့ ကြေးဟာ ဒေါ်လာသန်းဝက်လောက် ရရှိပါတယ်။

 

၁၁။ Hardwelll – $13 million

နှစ်စဉ် DJ မဂ္ဂဇင်း Top 100 poll မှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ No. 1 EDM artist အဖြစ် မဲပေးခံရတဲ့ သူဟာ Forbes မဂ္ဂဇင်းရဲ့ ထိပ်တန်းဝင်ငွေကောင်းသူ စာရင်းမှာလည်း ပါဝင်ပါတယ်။ သူ့ရဲ့ ပထမဆုံး Album ကတော့ နောက်နှစ်ထဲမှာ ထွက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ တခြား Dutch လူမျိုး DJ တွေ ဖြစ်တဲ့ Tiesto နဲ့ Armin Van Buuren တို့လိုပဲ သူ့မှာလည်း သူ့ရဲ့ ကိုယ်ပိုင် Record Label တစ်ခုကို ၂၀၁၀မှာ တည်ထောင်ထားပါတယ်။ သူ့ရဲ့I Am Hardwell Tour ဟာ U.S မှာ ဆောင်းဦးပေါက်လောက် ကျင်းပဖို့ ရှိပြီး Madison Square Garden မှာ ပြုလုပ်မယ့် နိုဝင်ဘာ ရှိုးပွဲလည်း ပါဝင်ပါတယ်။

 

၁၂။ Armin Van Buuren – $13 million

ဒီ Dutch လူမျိုး DJ ဟာ May 2013 မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ Album “Intense” နဲ့ ပက်သက်ပြီး ရှိုးပွဲပေါင်းများစွာ ဖျော်ဖြေခဲ့ပါတယ်။ သူ့ရဲ့ လှည့်လည်ဖျော်ဖြေပွဲမှာ မြို့တော်ပေါင်း ၂၁မြို့ ပါဝင်ပြီး ခြောက်နာရီကြာ ဖျော်ဖြေမှုတွေလည်း ပါဝင်မှာပါ။ ဒီ ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Trance Music ဘုရင်ဟာ Armada Music Label ကို ၂၀၀၃ မှာ တည်ထောင်ခဲ့ပါတယ်။ မနှစ်ကတော့ သူ့ရဲ့ “This Is What Its Feel Like” သီချင်းနဲ့ Best Dance ကဏ္ဍအတွက် Grammy Nomination ဝင်ခဲ့ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.forbes.com