အောင်မြင်မှုတစ်ခုကို တစိုက်မက်မက်ရှာဖွေနေသူ၊ ကြိုးစားနေသူတွေဟာ လုပ်ငန်းခွင်ထဲမှာတင်မဟုတ်ဘဲ၊ အလုပ်ခွင်ပြင်ပအားလပ်ရက်တွေမှာလည်း အကျိုးရှိအောင် ဖြတ်ကျော်နိုင်ရင် အကောင်းဆုံးပါပဲ။ ရည်မှန်းချက်ကြီးသူတွေအတွက် အောင်မြင်သူတွေဟာ သူတို့ရဲ့ အားလပ်ရက်၊ Weekend ပိတ်ရက်တွေကို ဘယ်လို ကျော်ဖြတ်ကြသလဲ နည်းနည်းလောက် မျှဝေပေးချင်ပါတယ်။

၁။ သူငယ်ချင်းနဲ့ မိသားစုတွေကို အချိန်ပေးပါတယ်၊ အလုပ်လုပ်နေတဲ့ ရက်တွေမှာ တကယ်ခွန်အားစိုက်အလုပ်လုပ်သလိုပဲ နားရက်တွေမှာလည်း ချစ်တဲ့သူတွေကို အချိန်ပေးပြီး Work-Life Balance ကို ချိန်ညှိကြပါတယ်။

၂။ အားကစားတစ်ခုခု၊ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါတယ်။ အလုပ်ရှိနေတဲ့ ရက်တွေမှာ Gym သွားဖို့ မလွယ်ကူဘူး၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ဖို့ မလွယ်ကူဘူးဆိုရင် ပိတ်ရက်တွေမှာ သေချာလုပ်ဆောင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟ ခန္ဓာကိုယ်အတွက်တင်မဟုတ်ဘဲ လူပေါ့ပါးပြီး အတွေးသစ်၊ အမြင်သစ်တွေပါ ရစေပါတယ်။

၃။ စိတ်ကူးစိတ်သန်းတွေနောက်လိုက်ပါ၊ ကိုယ်က ရုံးမှာ Sales နဲ့ Marketing အပိုင်းကိုင်ရပေမယ့် ပန်းချီစတာမျိုး ဝါသနာပါရင် စနေ၊ တနင်္ဂနွေတွေမှာ ပန်းချီသင်တန်း တက်တာမျိုးလုပ်လို့ ရပါတယ်။

၎။ ခရီးထွက်ပါ။ ဒီလိုပိတ်ရက်လေးမှာ နီးနီးဝေးဝေး အလုပ်တွေ ခဏပစ်ချပြီး သဘာဝတရားဆီ ပြေးသွားကြည့်ပါ။

၅။ အဆက်အသွယ်ဖြတ်ပါ။ ဘာတွေနဲ့ အဆက်အသွယ်ဖြတ်ရမလဲဆိုရင် ဒီအချိန်လေးမှာတော့ အလုပ် Email တွေ၊ ဖုန်း Call တွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ကောင်းကောင်းအနားယူသင့်ပါတယ်။

၆။ လုပ်အားပေးလုပ်ပါ။ ပရဟိတလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ စာကြည့်တိုက်မှာ ဖြစ်ဖြစ်၊ အားကစားအသင်းမှာ ဖြစ်ဖြစ် ဒီအချိန်လေးတွေဟာ လုပ်အားပေးဝင်လုပ်ဖို့ အကောင်းဆုံးအချိန်တွေပဲ ဖြစ်ပါတယ်။ ဥပမာ- ပရဟိတဈေးရောင်းပွဲတော်မှာ ဝင်ရောင်းတာမျိုး ဖြစ်ဖြစ် ကိုယ်စိတ်ပါဝင်စားတာလေးတွေ လုပ်လို့ ရပါတယ်။

၇။ ကြိုတင်စီစဉ်ပါ။ တင်္နလာနေ့မှ စမယ့် အလုပ်တွေအတွက် တနင်္ဂနွေနေ့ညမှ ခေါင်းထဲ ပလုံစီပေါ်လာမယ်ဆိုရင် မလွယ်ပါဘူး။ အချိန်တစ်နာရီလောက်ပေးပြီး နောက်တစ်ပတ်အတွက် ဖရိုဖရဲဖြစ်နေတဲ့ အချိန်ဇယားတွေကို ပြင်ဆင်လိုက်ပါ။

၈။ လူတွေနဲ့ ပြောဆိုဆက်သွယ်ပါ။ ဒီအချိန်လေးတွေဟာ အလုပ်ကိစ္စမဟုတ်တဲ့ တခြားလုပ်စရာလေးတွေ လုပ်ရင်း လူတွေနဲ့ ဆက်သွယ်ဖို့ ၊ Network ချဲ့ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ကြည့်တာ၊ Seminar တွေ တက်ရင်းလူသစ်တွေနဲ့ စကားစမြည်ပြောဆိုကြည့်တာမျိုး လုပ်ပါ။

၉။ ပြန်လည်သုံးသပ်ပါ။ အောင်မြင်ခဲ့သမျှ အောင်မြင်မှုတွေကို စားမြုံ့ပြန်ပါ၊ လုပ်ခဲ့သမျှ အမှားတွေကို စဉ်းစားပြီး အပျက်သဘောဘက်ကမဟုတ်ဘဲ အပြုသဘောနဲ့ သင်ခန်းစာယူလို့ ရပါသေးတယ်။

၁၀။ တရားထိုင်ကြည့်ပါ၊ လူပေါ့ပါးဖို့ အားကစားလုပ်သလို စိတ်ပေါ့ပါးဖို့ တရားထိုင်ကြည့်ပါဦး။ တင်္နလာကနေ သောကြာ အလုပ်ရှိတဲ့ရက်တွေမှာ ပင်ပန်းလို့ အိပ်ပျော်သွားတာနဲ့ မလုပ်ဖြစ်ဘူးဆိုရင် စနေ၊ တနင်္ဂနွေမှာ ကြိုးစားကြည့်လို့ ရပါတယ်။

၁၁။ အနားယူပါ။ စနေ၊တနင်္ဂနွေပိတ်ပေးတယ်ဆိုတာရဲ့ အဓိကအချက်ကလည်း အနားယူဖို့ ပါပဲ။ အပေါ်က အချက်တွေ ပြုလုပ်သလိုပဲ နားတာကိုလည်း အချိန်သတ်သတ်မှတ်မှတ်ထားပြီး လုံးဝအနားယူဖို့ လိုအပ်ပါတယ်။

စနေ၊တနင်္ဂနွေတွေကို အကျိုးရှိရှိ ကျော်ဖြတ်နိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : Forbes.com