[Zawgyi]

မီလန္ၿမိဳ႕ခံ ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးတဲ့ နာမည္ေက်ာ္ ကစားသမားမ်ား (၁)

အခုေနာက္ပုိင္းႏွစ္ေတြမွာ မီလန္ၿမိဳ႕ခံႏွစ္သင္းစလုံးရဲ႕ အရွိန္အ၀ါက တျဖည္းျဖည္က်ဆင္းလာေပမယ့္ တစ္ခ်ိန္က သူတို႔ႏွစ္သင္းဟာ အီတလီေဘာလုံးေလာကရဲ႕ Giant ေတြအျဖစ္ ရပ္တည္ခဲ့တာ ပရိသတ္ေတြ အသိပါပဲ။ ကမၻာ႔အေကာင္းဆုံးဆုိတဲ့ ေဘာလုံးသမားေတြဟာ ေအစီမီလန္၊ အင္တာမီလန္အသင္းမွာ ကစားခဲ့ၾကၿပီး တခ်ိဳ႕ဆုိရင္ ႏွစ္သင္းစလုံးအတြက္ ကစားခဲ့ဖူးတယ္။ အဲဒီကစားသမားေတြက ဘယ္သူေတြလဲဆုိေတာ့ . . .

ဗီအဲရာ Patrick Vieira

Patrick-Vieira

Patrick-Vieira

အာဆင္နယ္ဂႏၳ၀င္ ဗီအဲရာဟာ ၁၉၉၅ ခုႏွစ္တုန္းက ေအစီမီလန္အသင္းကုိ ေျပာင္းေရႊ႕ကစားခဲ့တယ္။ ဒါေပမဲ့ ပုံမွန္ကစားခြင့္မရခဲ့ဘဲ တစ္ရာသီသာၾကာၿပီး အာဆင္နယ္အသင္းနည္းျပ အာစင္၀င္းဂါး Arsene Wenger က ဗီအဲရာကုိ ေခၚယူခဲ့တယ္။ အာဆင္နယ္အသင္းမွာ ဗီအဲရာရဲဲ႕ ေအာင္ျမင္မႈေတြကုိေတာ့ ပရိသတ္ေတြ သိၿပီးသားျဖစ္မွာပါ။ အာဆင္နယ္နဲ႔ လမ္းခဲြၿပီးေနာက္မွာ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္အသင္းေတြဆီ ေျပာငး္ေရႊ႕ခဲ့ၿပီး အင္တာမီလန္အသင္းနဲ႔ စီးရီးေအ(၄)ႀကိမ္ဆက္ ဆြတ္ခူးခဲ့တယ္။

အက္ဂါေဒးဗစ္ Edgar Davids

Edgar-Davids

Edgar-Davids

ေဘာလုံးသမားဘ၀မွာ “Pitbull”(ေခြးဘီလူး)ဆုိတဲ့ နာမည္ေျပာင္ရခဲ့တဲ့ ဒတ္ခ်္ နာမည္ေက်ာ္ကစားသမားႀကီး အက္ဂါေဒးဗစ္ကုိ ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ သူဟာ မီလန္ၿမိဳ႕ခံႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးေပမယ့္ သိပ္မၾကာခဲ့ပါဘူး။ ၁၉၉၆-၉၇ မွာ ေအစီမီလန္ ၊ ၂၀၀၄-၀၅မွာ အင္တာမီလန္အသင္းအတြက္ ကစားခဲ့ၿပီး ေအာင္ျမင္မႈ မရခဲ့ဘဲ သူ႔ကစားသမားဘ၀ ေအာင္ျမင္မႈအမ်ားဆုံးရခဲ့တာက ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒုိ Ronaldo

Ronaldo

Ronaldo

၁၉၉၇ ခုႏွစ္တုန္းက အင္တာမီလန္အသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္ျဖစ္လာတဲ့ ေရာ္နယ္လ္ဒုိကုိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခ့ဲတယ္။ ဒါေပမဲ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကုိက္ခဲ့ဘဲ ေရာ္နယ္လ္ဒုိဟာ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ခဲ့ရၿပီး အသင္းနဲ႔ UEFA ဖလားတစ္လုံးသာရခဲ့တယ္။ ၂၀၀၆ ခုႏွစ္မွာ ေအစီမီလန္အသငး္ကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ဒဏ္ရာျပႆနာ၊ ခႏၶာကုိယ္အေလးခ်ိန္ မ်ားလာတာေတြေၾကာင့္ ေျခစြမ္းမျပႏုိင္ခဲ့ပါဘူး။

ပီယာလုိ Andrea Pirlo

Andrea-Pirlo

Andrea-Pirlo

အင္တာမီလန္အသင္းရဲ႕ အႀကီးမားဆုံး ဆုံး႐ႈံးမႈကုိ ေျပာပါဆုိရင္ ၂၀၀၁ ခုႏွစ္မွာ ပီယာလုိကုိ ၿမိဳ႕ခံၿပိဳင္ဘက္ ေအစီမီလန္အသင္းဆီ ေရာင္းခ်ခဲ့တာပါပဲ။ ပီယာလုိဟာ ေအစီမီလန္အသင္းရဲ႕ ဂႏၳ၀င္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံရတဲ့အထိ ေအာင္ျမင္ခဲ့ၿပီး ခ်န္ပီယံလိဂ္(၂)ႀကိမ္၊ စီးရီးေအ(၂)ႀကိမ္အပါအ၀င္ ဆုဖလား(၉)ခုအထိ ရယူႏုိင္ခဲ့တယ္။

ဗီယာရီ Christian Vieri

Christian-Vieri

Christian-Vieri

ေရာ္နယ္လ္ဒုိကုိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ အင္တာမီလန္အသင္းဟာ ၁၉၉၉ ခုႏွစ္မွာလည္း ဗီယာရီကုိ ေပါင္(၃၂)သန္းနဲ႔ ေခၚယူခဲ့ၿပီး စံခ်ိန္ထပ္ခ်ိဳးခဲ့တယ္။ အင္တာမီလန္အသင္းအတြက္ ၁၉၉၉ ကေန ၂၀၀၅ ခုႏွစ္အထိ ကစားခဲ့ၿပီး ၂၀၀၅ မွာေတာ့ ေအစီမီလန္အသင္းကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ တစ္ရာသီသာ ကစားခဲ့တယ္။

မီလန္ၿမိဳ႕ခံႏွစ္သင္းမွာ ကစားခဲ့ဖူးတဲ့ နာမည္ေက်ာ္ကစားသမားေတြက အမ်ားႀကီးပါပဲ။ အဲဒီထဲက (၅)ဦးကုိ အပုိင္း(၁)အျဖစ္ ေဖာ္ျပခဲ့တာျဖစ္ၿပီး က်န္တဲ့သူေတြကုိ အပုိင္း(၂) ဆက္လက္ေဖာ္ျပသြားမွာျဖစ္ပါတယ္ . .

REF:.dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မီလန်မြို့ခံ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော် ကစားသမားများ (၁)

အခုနောက်ပိုင်းနှစ်တွေမှာ မီလန်မြို့ခံနှစ်သင်းစလုံးရဲ့ အရှိန်အဝါက တဖြည်းဖြည်ကျဆင်းလာပေမယ့် တစ်ချိန်က သူတို့နှစ်သင်းဟာ အီတလီဘောလုံးလောကရဲ့ Giant တွေအဖြစ် ရပ်တည်ခဲ့တာ ပရိသတ်တွေ အသိပါပဲ။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဘောလုံးသမားတွေဟာ အေစီမီလန်၊ အင်တာမီလန်အသင်းမှာ ကစားခဲ့ကြပြီး တချို့ဆိုရင် နှစ်သင်းစလုံးအတွက် ကစားခဲ့ဖူးတယ်။ အဲဒီကစားသမားတွေက ဘယ်သူတွေလဲဆိုတော့ . . .

ဗီအဲရာ Patrick Vieira

Patrick-Vieira

Patrick-Vieira

အာဆင်နယ်ဂန္ထဝင် ဗီအဲရာဟာ ၁၉၉၅ ခုနှစ်တုန်းက အေစီမီလန်အသင်းကို ပြောင်းရွှေ့ကစားခဲ့တယ်။ ဒါပေမဲ့ ပုံမှန်ကစားခွင့်မရခဲ့ဘဲ တစ်ရာသီသာကြာပြီး အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး Arsene Wenger က ဗီအဲရာကို ခေါ်ယူခဲ့တယ်။ အာဆင်နယ်အသင်းမှာ ဗီအဲရာရဲ့ အောင်မြင်မှုတွေကိုတော့ ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ အာဆင်နယ်နဲ့ လမ်းခွဲပြီးနောက်မှာ ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတွေဆီ ပြောင်းရွှေ့ခဲ့ပြီး အင်တာမီလန်အသင်းနဲ့ စီးရီးအေ(၄)ကြိမ်ဆက် ဆွတ်ခူးခဲ့တယ်။

အက်ဂါဒေးဗစ် Edgar Davids

Edgar-Davids

Edgar-Davids

ဘောလုံးသမားဘဝမှာ “Pitbull”(ခွေးဘီလူး)ဆိုတဲ့ နာမည်ပြောင်ရခဲ့တဲ့ ဒတ်ချ် နာမည်ကျော်ကစားသမားကြီး အက်ဂါဒေးဗစ်ကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ သူဟာ မီလန်မြို့ခံနှစ်သင်းစလုံးမှာ ကစားခဲ့ဖူးပေမယ့် သိပ်မကြာခဲ့ပါဘူး။ ၁၉၉၆-၉၇ မှာ အေစီမီလန် ၊ ၂၀၀၄-၀၅မှာ အင်တာမီလန်အသင်းအတွက် ကစားခဲ့ပြီး အောင်မြင်မှု မရခဲ့ဘဲ သူ့ကစားသမားဘ၀ အောင်မြင်မှုအများဆုံးရခဲ့တာက ဂျူဗင်တပ်စ်အသင်းနဲ့ ဖြစ်ပါတယ်။

ရော်နယ်လ်ဒို Ronaldo

Ronaldo

Ronaldo

၁၉၉၇ ခုနှစ်တုန်းက အင်တာမီလန်အသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်ဖြစ်လာတဲ့ ရော်နယ်လ်ဒိုကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘဲ ရော်နယ်လ်ဒိုဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အသင်းနဲ့ UEFA ဖလားတစ်လုံးသာရခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာပြဿနာ၊ ခန္ဓာကိုယ်အလေးချိန် များလာတာတွေကြောင့် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ပီယာလို Andrea Pirlo

Andrea-Pirlo

Andrea-Pirlo

အင်တာမီလန်အသင်းရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကို ပြောပါဆိုရင် ၂၀၀၁ ခုနှစ်မှာ ပီယာလိုကို မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းဆီ ရောင်းချခဲ့တာပါပဲ။ ပီယာလိုဟာ အေစီမီလန်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့အထိ အောင်မြင်ခဲ့ပြီး ချန်ပီယံလိဂ်(၂)ကြိမ်၊ စီးရီးအေ(၂)ကြိမ်အပါအဝင် ဆုဖလား(၉)ခုအထိ ရယူနိုင်ခဲ့တယ်။

ဗီယာရီ Christian Vieri

Christian-Vieri

Christian-Vieri

ရော်နယ်လ်ဒိုကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အင်တာမီလန်အသင်းဟာ ၁၉၉၉ ခုနှစ်မှာလည်း ဗီယာရီကို ပေါင်(၃၂)သန်းနဲ့ ခေါ်ယူခဲ့ပြီး စံချိန်ထပ်ချိုးခဲ့တယ်။ အင်တာမီလန်အသင်းအတွက် ၁၉၉၉ ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၀၅ မှာတော့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ရာသီသာ ကစားခဲ့တယ်။

မီလန်မြို့ခံနှစ်သင်းမှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော်ကစားသမားတွေက အများကြီးပါပဲ။ အဲဒီထဲက (၅)ဦးကို အပိုင်း(၁)အဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကို အပိုင်း(၂) ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ် . .

REF:.dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com