[Zawgyi]

၂၀၁၈ ခုႏွစ္ ဖီဖာအေကာင္းဆံုးနည္းျပဆုအတြက္ ဆန္ခါတင္စာရင္းကို ထုတ္ျပန္ေၾကညာ

ကမၻာ႔ေဘာလံုးအဖြဲ႔ခ်ဳပ္ (FIFA)ရဲ႕ ႏွစ္စဥ္ခ်ီးျမွင့္ေနၾက ဆုေတြထဲကတစ္ခုျဖစ္တဲ့ အေကာင္းဆံုးနည္းျပဆုအတြက္ ဆန္ခါတင္စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ၂၀၁၈ ခုႏွစ္ အေကာင္းဆံုးနည္းျပဆုအတြက္ ေနာက္ဆံုးဆန္ခါတင္ (၁၁)ဦးစာရင္းကို FIFA က တရားဝင္ထုတ္ျပန္ေၾကညာခဲ့တာပါ။ ၂၀၁၈ ကမၻာ႔အေကာင္းဆံုးနည္းျပဆုအတြက္ ဆန္ခါတင္စာရင္းကို ေရြးခ်ယ္ခဲ့ရာမွာ ဘရာဇီးလ္ဂႏၳဝင္တိုက္စစ္မွဴး ေရာ္နယ္လ္ဒို Ronaldo၊ ကာပယ္လ္လို Capello နဲ႔ ခ်ယ္လ္ဆီးကြင္းလယ္လူေဟာင္း လမ္းပတ္ Lampard တို႔က ပါဝင္ေရြးခ်ယ္ေပးခဲ့တာျဖစ္ပါတယ္။

Zidane-Guardiola-Dalic-Cherchesov

Zidane-Guardiola-Dalic-Cherchesov

ဆန္ခါတင္ (၁၁)ဦးထဲမွာ ပါဝင္ခဲ့တဲ့နည္းျပေတြထဲမွာ ဥေရာပခ်န္ပီယံလိဂ္ဆုဖလားကို သမိုင္းဝင္ (၃)ႀကိမ္ဆက္ ရယူခဲ့တဲ့ ရီးယဲလ္နည္းျပေဟာင္း ဇီဒန္း Zidane နဲ႔ ျပင္သစ္အသင္းကို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပ ဒက္ခ်မ့္စ္ Deschamps တို႔က ၂၀၁၈ ခုႏွစ္အတြက္ ကမၻာ႔အေကာင္းဆံုးနည္းျပဆုကို ရရွိဖို႔ ေရပန္းစားေနခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဆုဖလားကို (၃)ႀကိမ္ဆက္ ရယူႏိုင္ခဲ့သလို ဥေရာပစူပါဖလား၊ စပိန္စူပါဖလားနဲ႔ ကလပ္ကမၻာ႔ဖလားၿပိဳင္ပြဲေတြမွာ ရီးယဲလ္အသင္းကို ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့လို႔ ဇီဒန္း Zidane က အေကာင္းဆံုးနည္းျပဆုကို ရရွိဖို႔ ထိပ္ဆံုးကေရပန္းစားေနခဲ့တာျဖစ္ပါတယ္။ ဒက္ခ်မ့္စ္ Deschamps ကေတာ့ ျပင္သစ္အသင္းကို ကစားသမားဘဝမွာေကာ နည္းျပဘဝမွာ ကမၻာ႔ဖလားခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့လို႔  ဇီဒန္း Zidane နဲ႔အတူ ကမၻာ႔အေကာင္းဆံုးနည္းျပဆုအတြက္ ေရပန္းစားေနခဲ့တာျဖစ္ပါတယ္။

11-Nominees-For-The-Best-FIFA-Mens-Coach

11-Nominees-For-The-Best-FIFA-Mens-Coach

ဇီဒန္း Zidane၊ ဒက္ခ်မ့္စ္ Deschamps တို႔နဲ႔အတူ ၂၀၁၈ ခုႏွစ္ ကမၻာ႔အေကာင္းဆံုးနည္းျပဆုအတြက္ ဆန္ခါတင္ (၁၁)ဦးစာရင္းမွာ ပါဝင္ခဲ့သူေတြကေတာ့ လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp၊ မန္စီးတီးနည္းျပ ဂြါဒီယိုလာ Guardiola၊ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ Allegri၊ ဘာစီလိုနာနည္းျပ ဗယ္လ္ဗာဒီ Valverde၊ အက္သလက္တီကိုနည္းျပ ဆီျမြန္နီ Simeone၊ အဂၤလန္နည္းျပ ေဆာက္ဂိတ္ဒ္ Southgate၊ ခရိုေအးရွားနည္းျပ ဒါလစ္ Dalic၊ ရုရွားနည္းျပ ခ်ာခ်ီေဆာ့ဗ္ Cherchesov နဲ႔ ဘယ္လ္ဂ်ီယံနည္းျပ မာတီနက္ဇ္ Martinez တို႔ ပါဝင္လာခဲ့ပါတယ္။ အေကာင္းဆံုးနည္းျပဆုကို မဲစနစ္နဲ႔ ေရြးခ်ယ္သြားမွာျဖစ္ၿပီး ဇူလိုင္လ (၂၄)ရက္ေန႔ကေန ၾသဂုတ္လ (၁၀)ရက္ေန႔အတြင္း မဲေပးေရြးခ်ယ္သြားရမွာပါ။ ေဘာလံုးေလာကနဲ႔ သက္ဆိုင္တဲ့ အသိုင္းအဝိုင္း (၄)ခုက မဲေပးသြားရမွာျဖစ္ၿပီး ေဘာလံုးဂ်ာနစ္လစ္မ်ား၊ ပရိသတ္ေတြ၊ ႏိုင္ငံလက္ေရြးစင္အသင္းေတြရဲ႕ နည္းျပေတြနဲ႔ အသင္းေခါင္းေဆာင္ေတြက မဲေပးေရြးခ်ယ္သြားရမွာျဖစ္ပါတယ္။ ၾသဂုတ္လ (၁၀)ရက္ေန႔ေနာက္ပိုင္းမွာေတာ့ ေနာက္ဆံုးဆန္ခါတင္ (၃)ဦးစာရင္းကို ထုတ္ျပန္ေၾကညာသြားမွာျဖစ္ၿပီး ဆုရရွိသူရဲ႕အမည္ကို စက္တင္ဘာ (၂၄)ရက္ေန႔၊ လန္ဒန္ၿမိဳ႕မွာ က်င္းပျပဳလုပ္မယ့္ ဆုခ်ီးျမွင့္ပြဲအခမ္းအနားမွာ တရားဝင္ထုတ္ျပန္ေၾကညာကာ ခ်ီးျမွင့္ေပးသြားမွာျဖစ္ပါတယ္။

REF:FIFA.com
Photo:FIFA.com, MyKHEL
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ခုနှစ် ဖီဖာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ရဲ့ နှစ်စဉ်ချီးမြှင့်နေကြ ဆုတွေထဲကတစ်ခုဖြစ်တဲ့ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် အကောင်းဆုံးနည်းပြဆုအတွက် နောက်ဆုံးဆန်ခါတင် (၁၁)ဦးစာရင်းကို FIFA က တရားဝင်ထုတ်ပြန်ကြေညာခဲ့တာပါ။ ၂၀၁၈ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းကို ရွေးချယ်ခဲ့ရာမှာ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo၊ ကာပယ်လ်လို Capello နဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ် Lampard တို့က ပါဝင်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

Zidane-Guardiola-Dalic-Cherchesov

Zidane-Guardiola-Dalic-Cherchesov

ဆန်ခါတင် (၁၁)ဦးထဲမှာ ပါဝင်ခဲ့တဲ့နည်းပြတွေထဲမှာ ဥရောပချန်ပီယံလိဂ်ဆုဖလားကို သမိုင်းဝင် (၃)ကြိမ်ဆက် ရယူခဲ့တဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane နဲ့ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဒက်ချမ့်စ် Deschamps တို့က ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ရရှိဖို့ ရေပန်းစားနေခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို (၃)ကြိမ်ဆက် ရယူနိုင်ခဲ့သလို ဥရောပစူပါဖလား၊ စပိန်စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရီးယဲလ်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့လို့ ဇီဒန်း Zidane က အကောင်းဆုံးနည်းပြဆုကို ရရှိဖို့ ထိပ်ဆုံးကရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ဒက်ချမ့်စ် Deschamps ကတော့ ပြင်သစ်အသင်းကို ကစားသမားဘဝမှာကော နည်းပြဘဝမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဇီဒန်း Zidane နဲ့အတူ ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

11-Nominees-For-The-Best-FIFA-Mens-Coach

11-Nominees-For-The-Best-FIFA-Mens-Coach

ဇီဒန်း Zidane၊ ဒက်ချမ့်စ် Deschamps တို့နဲ့အတူ ၂၀၁၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် (၁၁)ဦးစာရင်းမှာ ပါဝင်ခဲ့သူတွေကတော့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ Allegri၊ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ Valverde၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ Simeone၊ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဒ် Southgate၊ ခရိုအေးရှားနည်းပြ ဒါလစ် Dalic၊ ရုရှားနည်းပြ ချာချီဆော့ဗ် Cherchesov နဲ့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် Martinez တို့ ပါဝင်လာခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုကို မဲစနစ်နဲ့ ရွေးချယ်သွားမှာဖြစ်ပြီး ဇူလိုင်လ (၂၄)ရက်နေ့ကနေ သြဂုတ်လ (၁၀)ရက်နေ့အတွင်း မဲပေးရွေးချယ်သွားရမှာပါ။ ဘောလုံးလောကနဲ့ သက်ဆိုင်တဲ့ အသိုင်းအဝိုင်း (၄)ခုက မဲပေးသွားရမှာဖြစ်ပြီး ဘောလုံးဂျာနစ်လစ်များ၊ ပရိသတ်တွေ၊ နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေက မဲပေးရွေးချယ်သွားရမှာဖြစ်ပါတယ်။ သြဂုတ်လ (၁၀)ရက်နေ့နောက်ပိုင်းမှာတော့ နောက်ဆုံးဆန်ခါတင် (၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး ဆုရရှိသူရဲ့အမည်ကို စက်တင်ဘာ (၂၄)ရက်နေ့၊ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်မယ့် ဆုချီးမြှင့်ပွဲအခမ်းအနားမှာ တရားဝင်ထုတ်ပြန်ကြေညာကာ ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

REF:FIFA.com
Photo:FIFA.com, MyKHEL
Aung Kyaw Wai (Akhayar)
www.akhayar.com