[Zawgyi]

တစ္နာရီအတြင္း သိန္းတစ္ေထာင့္ငါးရာ (ေဒၚလာ ကိုးေသာင္း) ေရာင္းခ်ႏုိင္ခဲ့တဲ့ 11.11 The World’s Biggest Sale Day

ျမန္မာႏိုင္ငံတြင္ SHOP မွ Alibaba ၏ 11.11 The World’s Biggest Sale Day အြန္လိုင္းေစ်းေရာင္းပြဲေတာ္ၾကီးအား က်င္းပခဲ့ရာ စတင္ေရာင္းခ်ခဲ့သည့္ တစ္နာရီအတြင္း သိန္းတစ္ေထာင့္ငါးရာ ($ 90,000) ေရာင္းခ်ႏိုင္ခဲ့ျပီး ၂၄ နာရီ ေစ်းေရာင္းကာလအတြင္း SHOP App အသံုးျပဳသူ တစ္သိန္းခြဲ (150,000) အထိ ျမင့္တက္ခဲ့သည့္ ေအာင္ျမင္မႈမ်ားရရွိခဲ့သည္။ အြန္လိုင္းေစ်းေရာင္း ပြဲေတာ္တြင္ တစ္နာရီအတြင္းအမ်ားဆံုး ေရာင္းခ်ႏိုင္ခဲ့သည္အထိ မွတ္ေက်ာက္တင္ႏိုင္ခဲ့သည္။

ႏို၀င္ဘာလ ၁၁ ရက္ေန႔တြင္က်င္းပခဲ့သည့္ 11.11 The World’s Biggest Sale Day အား ႏို၀င္ဘာလ ၁၀ ရက္ေန႔ ည ၁၂ နာရီတိတိ တြင္ ပစၥည္းအမ်ိဳးအစားေပါင္း ငါးေသာင္းေက်ာ္ကို စတင္ေရာင္းခ်ခဲ့ပါသည္။ ပထမဆံုးစေရာင္းခ်ခဲ့သည့္ တစ္နာရီအတြင္း ေအာ္ဒါအေရအတြက္ ၁၅၀၀ ႏွင့္ ေဒၚလာ ကိုးေသာင္း ($ 90,000) ေရာင္းခ်ႏိုင္ခဲ့သည္။ 11.11 အြန္လုိင္းေစ်းေရာင္းပြဲေတာ္တြင္ SHOP APP ကို အသံုးျပဳသူ တစ္သိန္းခြဲ (၁၅၀,၀၀၀) အထိရွိခဲ့သည္။ အမ်ားဆံုး ေရာင္းအားေကာင္းခဲ့သည့္ပစၥည္းမွာ မုိဘုိင္းဖုန္း ျဖစ္သည္။

ထိုေရာင္းအားပမာဏမွာ Shopping Mall ကုန္တိုက္တစ္ခု တစ္ေန႔ေရာင္းအားထပ္အဆေပါင္းမ်ားစြာပိုမုိ သာလြန္ခဲ့ျပီး ထိုသို႕ အဆေပါင္းမ်ားစြာ ေရာင္းအားေကာင္းခဲ့ပါသည္။ ထိုသို႔ေရာင္းအားေကာင္းခဲ့ျခင္း အဓိကအေၾကာင္းအရင္းမွာ SHOP မွ ေရာင္းခ်သူ မည္သူမဆို 0% ေကာ္မရွင္ေပးခဲ့ျခင္းျဖစ္သည္။ Seller ဘက္မွ ေကာ္မရွင္(ဆိုင္ခန္းဌားခ) လိုမေပးရေသာေၾကာင့္ product မ်ားကို ေလွ်ာ့ေစ်းမ်ားမ်ားျဖင့္ ေရာင္းခ်ႏိုင္ခဲ့ျခင္းျဖစ္သည္။

Samsung, Xiaomi, Huawei, Honor, Ponds, Vaseline, ERKE, Adidas, Nike, Maybelline ႏွင့္အျခား နာမည္ၾကီး brand ေပါင္းမ်ားစြာမွ ၉၀% mega promotion မ်ားျဖင့္ေရာင္းခ်ခဲ့သည္။ 11.11 တြင္ ေစ်း၀ယ္သူမ်ားသည္ မည္သည္႔ Visa ကဒ္ျဖင္႔မဆိုေငြ ေပးေခ်ပါက ၁၁% ေလွ်ာ႔ေဈး (အျမင္႔ဆံုး ေလွ်ာ႔ေဈးပမာဏ ၅၀,၀၀၀ က်ပ္) ထပ္ေဆာင္းေလွ်ာ႔ ေပးခဲ့သည္။ အထူးအစီအစဥ္အေနျဖင္႔ CB ဘဏ္ႏွင္႔ AGD ဘဏ္မွထုတ္ေပးထားေသာ Visa ကဒ္ျဖစ္ပါက ၂၂% အထိေလွ်ာ႔ေဈး (အမ်ားဆံုးေလွ်ာ႔ေဈးပမာဏ ၁၀၀,၀၀၀ က်ပ္အထိ) ထပ္ေဆာင္းေလွ်ာ႔ေဈးေပးခဲ့သည္။

Alibaba မွ The World’s Biggest Sale Day တြင္ 11.11 တစ္ရက္အတြင္း 30.8 Billion ေရာင္းခ်ႏိုင္ခဲ့သလို ျမန္မာႏိုင္ငံတြင္လဲ တစ္နာရီအတြင္း ေဒၚလာ ကိုးေသာင္းေက်ာ္ ($ 90,000) ေရာင္းခ်ခဲ့ႏိုင္သည့္အတြက္ Alibaba ရဲ႕ မိသားစု၀င္တစ္ဦးျဖစ္ရသည့္အတြက္ SHOP မွ ဂုဏ္ယူမိပါသည္။ 11.11 အြန္လိုင္းေစ်းေရာင္းပြဲေတာ္ၾကီး ျမန္မာႏိုင္ငံမွာ ေအာင္ျမင္မႈအမ်ားၾကီး ရယူႏိုင္ခဲ့သည့္အတြက္ ထပ္မံဂုဏ္ယူမိပါသည္။

SHOP မွ Co-Managing Director တစ္ဦးျဖစ္သူ Mr. Frans Maas မွ “11.11 က ျမန္မာႏိုင္ငံရဲ႕E commerce ေလာကအတြက္ သမိုင္း၀င္ မွတ္တမ္းတစ္ခုျဖစ္ခဲ့ပါျပီ။ ေရာင္းသူ နဲ႔ ၀ယ္ယူသူ ေထာင္ေပါင္းမ်ားစြာ အတူတကြပါ၀င္ခဲ့တဲ့ အေကာင္းဆံုးအြန္လိုင္းေစ်းေရာင္းပြဲေတာ္တစ္ခုျဖစ္ခဲ့ပါတယ္။  ကၽြန္ေတာ္တို႔ SHOP မွာ ၀ယ္ယူခဲ့ၾကတဲ့ customer မ်ားအားလံုး၊  Seller မ်ားမွလည္း သူတို႔ရဲ႕ ထုတ္ကုန္ကို ေလွ်ာ့ေစ်းအမ်ားအျပားနဲ႔ အတူတူပါ၀င္ျပီး ေရာင္းခ်ေပးခဲ့တာေၾကာင့္ အမွန္တကယ္ကို “Online Shopping Festival” ျဖစ္ခဲ့ပါတယ္။ တစ္ရက္တည္းမွာ လူေတြအမ်ားၾကီး ေရာင္းခ်ခဲ့တယ္၊ ၀ယ္ၾကတယ္ဆိုတာ မျဖစ္ဖူးပါဘူး၊ ကၽြန္ေတာ္တို႔ ေစ်းေရာင္းပြဲေတာ္ကို Seller ေရာ၊ Customer မ်ားကပါ အလြန္စိတ္အားထက္သန္စြာ ပါ၀င္ခဲ့ၾကပါတယ္”  ဟုေျပာၾကားခဲ့ပါသည္။

အခရာ (www.akhayar.com)

[Unicode]

တစ်နာရီအတွင်း သိန်းတစ်ထောင့်ငါးရာ (ဒေါ်လာ ကိုးသောင်း) ရောင်းချနိုင်ခဲ့တဲ့ 11.11 The World’s Biggest Sale Day

မြန်မာနိုင်ငံတွင် SHOP မှ Alibaba ၏ 11.11 The World’s Biggest Sale Day အွန်လိုင်းဈေးရောင်းပွဲတော်ကြီးအား ကျင်းပခဲ့ရာ စတင်ရောင်းချခဲ့သည့် တစ်နာရီအတွင်း သိန်းတစ်ထောင့်ငါးရာ ($ 90,000) ရောင်းချနိုင်ခဲ့ပြီး ၂၄ နာရီ ဈေးရောင်းကာလအတွင်း SHOP App အသုံးပြုသူ တစ်သိန်းခွဲ (150,000) အထိ မြင့်တက်ခဲ့သည့် အောင်မြင်မှုများရရှိခဲ့သည်။ အွန်လိုင်းဈေးရောင်း ပွဲတော်တွင် တစ်နာရီအတွင်းအများဆုံး ရောင်းချနိုင်ခဲ့သည်အထိ မှတ်ကျောက်တင်နိုင်ခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပခဲ့သည့် 11.11 The World’s Biggest Sale Day အား နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီတိတိ တွင် ပစ္စည်းအမျိုးအစားပေါင်း ငါးသောင်းကျော်ကို စတင်ရောင်းချခဲ့ပါသည်။ ပထမဆုံးစရောင်းချခဲ့သည့် တစ်နာရီအတွင်း အော်ဒါအရေအတွက် ၁၅၀၀ နှင့် ဒေါ်လာ ကိုးသောင်း ($ 90,000) ရောင်းချနိုင်ခဲ့သည်။ 11.11 အွန်လိုင်းဈေးရောင်းပွဲတော်တွင် SHOP APP ကို အသုံးပြုသူ တစ်သိန်းခွဲ (၁၅၀,၀၀၀) အထိရှိခဲ့သည်။ အများဆုံး ရောင်းအားကောင်းခဲ့သည့်ပစ္စည်းမှာ မိုဘိုင်းဖုန်း ဖြစ်သည်။

ထိုရောင်းအားပမာဏမှာ Shopping Mall ကုန်တိုက်တစ်ခု တစ်နေ့ရောင်းအားထပ်အဆပေါင်းများစွာပိုမို သာလွန်ခဲ့ပြီး ထိုသို့ အဆပေါင်းများစွာ ရောင်းအားကောင်းခဲ့ပါသည်။ ထိုသို့ရောင်းအားကောင်းခဲ့ခြင်း အဓိကအကြောင်းအရင်းမှာ SHOP မှ ရောင်းချသူ မည်သူမဆို 0% ကော်မရှင်ပေးခဲ့ခြင်းဖြစ်သည်။ Seller ဘက်မှ ကော်မရှင်(ဆိုင်ခန်းဌားခ) လိုမပေးရသောကြောင့် product များကို လျှော့ဈေးများများဖြင့် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

Samsung, Xiaomi, Huawei, Honor, Ponds, Vaseline, ERKE, Adidas, Nike, Maybelline နှင့်အခြား နာမည်ကြီး brand ပေါင်းများစွာမှ ၉၀% mega promotion များဖြင့်ရောင်းချခဲ့သည်။ 11.11 တွင် ဈေးဝယ်သူများသည် မည်သည့် Visa ကဒ်ဖြင့်မဆိုငွေ ပေးချေပါက ၁၁% လျှော့ဈေး (အမြင့်ဆုံး လျှော့ဈေးပမာဏ ၅၀,၀၀၀ ကျပ်) ထပ်ဆောင်းလျှော့ ပေးခဲ့သည်။ အထူးအစီအစဉ်အနေဖြင့် CB ဘဏ်နှင့် AGD ဘဏ်မှထုတ်ပေးထားသော Visa ကဒ်ဖြစ်ပါက ၂၂% အထိလျှော့ဈေး (အများဆုံးလျှော့ဈေးပမာဏ ၁၀၀,၀၀၀ ကျပ်အထိ) ထပ်ဆောင်းလျှော့ဈေးပေးခဲ့သည်။

Alibaba မှ The World’s Biggest Sale Day တွင် 11.11 တစ်ရက်အတွင်း 30.8 Billion ရောင်းချနိုင်ခဲ့သလို မြန်မာနိုင်ငံတွင်လဲ တစ်နာရီအတွင်း ဒေါ်လာ ကိုးသောင်းကျော် ($ 90,000) ရောင်းချခဲ့နိုင်သည့်အတွက် Alibaba ရဲ့ မိသားစုဝင်တစ်ဦးဖြစ်ရသည့်အတွက် SHOP မှ ဂုဏ်ယူမိပါသည်။ 11.11 အွန်လိုင်းဈေးရောင်းပွဲတော်ကြီး မြန်မာနိုင်ငံမှာ အောင်မြင်မှုအများကြီး ရယူနိုင်ခဲ့သည့်အတွက် ထပ်မံဂုဏ်ယူမိပါသည်။

SHOP မှ Co-Managing Director တစ်ဦးဖြစ်သူ Mr. Frans Maas မှ “11.11 က မြန်မာနိုင်ငံရဲ့E commerce လောကအတွက် သမိုင်းဝင် မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါပြီ။ ရောင်းသူ နဲ့ ဝယ်ယူသူ ထောင်ပေါင်းများစွာ အတူတကွပါဝင်ခဲ့တဲ့ အကောင်းဆုံးအွန်လိုင်းဈေးရောင်းပွဲတော်တစ်ခုဖြစ်ခဲ့ပါတယ်။  ကျွန်တော်တို့ SHOP မှာ ဝယ်ယူခဲ့ကြတဲ့ customer များအားလုံး၊  Seller များမှလည်း သူတို့ရဲ့ ထုတ်ကုန်ကို လျှော့ဈေးအများအပြားနဲ့ အတူတူပါဝင်ပြီး ရောင်းချပေးခဲ့တာကြောင့် အမှန်တကယ်ကို “Online Shopping Festival” ဖြစ်ခဲ့ပါတယ်။ တစ်ရက်တည်းမှာ လူတွေအများကြီး ရောင်းချခဲ့တယ်၊ ဝယ်ကြတယ်ဆိုတာ မဖြစ်ဖူးပါဘူး၊ ကျွန်တော်တို့ ဈေးရောင်းပွဲတော်ကို Seller ရော၊ Customer များကပါ အလွန်စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပါတယ်”  ဟုပြောကြားခဲ့ပါသည်။

အခရာ (www.akhayar.com)