[Zawgyi]



 

Song Joong Ki




 

Kim Myung Soo



Jang Keun Suk



Won Bin


 


Lee Seung Gi



Park Yoo Chun



Jo In Sung



Go Soo



Hyun Bin



ကြည်သာ (Akhayar)

Photo Credit:Allkpop

www.akhayar.com

[Unicode]

၁၀၀ ရာခိုင်နှုန်း မျက်နှာခွဲစိတ်ပြုပြင်ထားခြင်း မရှိတဲ့ကိုရီးယားမင်းသားချောများ

၁၀၀ ရာခိုင်နှုန်းခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ ကိုရီးယားမင်းသား ၉ ယောက်ကို ဖော်ပြပေးချင်ပါတယ်။ ကိုရီးယားနိုင်ငံဟာဆိုရင် မျက်နှာခွဲစိတ်ပြုပြင်ခြင်း ကို အင်မတန်ပြုလုပ်လေ့ရှိတဲ့ နိုင်ငံဖြစ်တာကြောင့် မင်းသား၊ မင်းသမီး တော်တော်များများ ကလည်း ခွဲစိတ်ပြုပြင်ခြင်းနဲ့ မကင်းတဲ့သူတွေများပါတယ်။ ဒီအထဲကမှ ခွဲစိတ်ပြုပြင်ထားခြင်း မရှိတဲ့ မင်းသား ၉ ယောက်ကတော့ …..

 

Song Joong Ki

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Song Joong Ki ဟာမျက်နှာကို လုံးဝခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ မင်းသမီး Song Hye Kyo နဲ့ ၂၀၁၇ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။

သူအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေကတော့ နန်းတွင်းရိုးရာ ဇာတ်ကားတစ်ခုဖြစ်တဲ့ Sungkyunkwan Scandal(2010)၊ The Innocent Man (2012)၊ A Werewolf Boy(2012) ဖြစ်ပါတယ်။

မင်းသမီး Song Hye Kyo နဲ့ အတူတူသရုပ်ဆောင်ခဲ့တဲ့ Descendants of the Sun (2016) မှာလည်းအောင်မြင်မှုတွေများစွာရရှိခဲ့သလို Best Couple Award ဆုကိုလည်း သူတို့နှစ်ယောက်လုံး ဒီဇာတ်ကားနဲ့ ရရှိခဲ့ကြတာဖြစ်ပါတယ်။

 

Kim Myung Soo

Kim Myung Soo ကလည်း မျက်နှာကို လုံးဝခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတွေထဲကတစ်ယောက်ပါ။ သူ့ကိုတော့ ၁၉၉၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သွေးအမျိုးအစားကတော့ အိုသွေးဖြစ်ပါတယ်။ သူ့ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာမွေးဖွားခဲ့တာပါ။

Kim Myung Soo ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုရီးယား K Pop ရဲ့ Infinite ဆိုတဲ့ အမျိုးသားအဖွဲ့ ထဲမှာ L ဆိုပြီးသိကြတဲ့ ဆိုတော်တစ်ယောက်ပါ။ သူပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ The Emperor: Owner of the Mask (2017) ၊ My Catman (2016) နဲ့ The Day After We Broke Up(2016) စတာတွေဖြစ်ပါတယ်။

Jang Keun Suk

Jang Keun Suk ကတော့ ကိုရီးယားနိုင်ငံရဲ့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာမွေးခဲ့တဲ့ အတွက် အခုဆိုရင် အသက် ၃၀ နှစ်ပြည့်ပြီးသွားပါပြီ။

သူပါဝင်ဖူးတဲ့ အောင်မြင်တဲ့ဇာတ်ကားတွေကတော့ You’re Beautiful(2009)၊ Mary Stayed Out All Night(2010) ၊ Love Rain(2012) ၊ Pretty Man(2013) နဲ့ The Royal Gambler(2016) စတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ သူကလည်း ကိုရီးယားမင်းသားတွေထဲမှာ မျက်နှာကိုခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

Won Bin

ကိုရီးယားနိုင်ငံရဲ့အောင်မြင်တဲ့ မင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Won Bin ကလည်း ခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတွေထဲမှာပါဝင်ပါတယ်။ သူရဲ့အောင်မြင်တဲ့ ဇာတ်ကားတွေကတော့ Guns & Talks(2001)၊ Taegukgi(2004) ၊My Brother(2004)၊ Mother(2009)နဲ့ The Man from Nowhere(2010) တို့ပဲဖြစ်ပါတယ်။

 

Won Bin ဟာ၂၀၁၅ ခုနှစ်မှာ မင်းသမီး Lee Na Young နဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင် ကလေးတစ်ယောက်အဖေ တောင်ဖြစ်နေပါပြီ။

Lee Seung Gi

Lee Seung Gi ကို ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။သူ ကတော့ ကိုရီးယားနိုင်ငံရဲ့ အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကြီး သီချင်းတွေကတော့ Because You’re My Woman ၊ Will You Marry Me နဲ့ Return ဆိုတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

Brilliant Legacy (2009) ၊ My Girlfriend Is a Nine-Tailed Fox(2010) ၊ The King 2 Hearts(2012) ၊ Gu Family Book (2013) ၊ You’re All Surrounded (2014) နဲ့ A Korean Odyssey( 2017- 2018) စတဲ့ ဇာတ်ကားတွေကတော့ မင်းသား Lee Seung Gi ရဲ့အောင်မြင်တဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Park Yoo Chun

Park Yoo Chun ကိုတော့ ၁၉၈၆ ခုနှစ် ဇွန်လ ၄ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အဆိုတော် သီချင်းရေးဆရာ နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

အဆိုတော်အဖွဲ့ဖြစ်တဲ့ TVXQ ရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေကတော့ Sungkyunkwan Scandal(2010) ၊ Miss Ripley(2011) ၊ Rooftop Prince( 2012) ၊ Missing You (2012) ၊ Three Days(2014) နဲ့ The Girl Who Sees Smells(2015) တို့ပဲဖြစ်ပါတယ်။ သူကလည်း မျက်နှာကို ခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

Jo In Sung

Jo In Sung ကလည်း မျက်နှာကို ခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပါတယ်။

သူအောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ That Winter, the Wind Blows(2013) ၊ It’s Okay,That’s Love (2014) ၊ The Classic (2003) ၊ A Dirty Carnival (2006) ၊ A Frozen Flower (2008) နဲ့ The King (2017) တို့ပဲဖြစ်ပါတယ်။

Go Soo

Go Soo ကိုတော့ ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ မွေးခဲ့တာဖြစ်ပါတယ်။ သူကလည်း မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ပါ။

သူအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေကတော့ White Night (2009) ၊ The Front Line(2011) ၊ Green Rose(2005) ၊ Piano(2001) တို့ပဲဖြစ်ပါတယ်။

Hyun Bin

Hyun Bin ကိုတော့ ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က မွေးခဲ့တာဖြစ်ပါတယ်။ သူကလည်း မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

သူအောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ My Name is Kim Sam soon (2005) ၊ Worlds Within(2008) နဲ့ Secret Garden( 2010-2011) တို့ပဲဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Allkpop

www.akhayar.com

သဘာဝအတိုင်းလှပနေတဲ့ ကိုရီးယား မင်းသမီးတွေ အကြောင်းကို ဖတ်ချင်ရင် ဒီမှာဖတ်ပါ။