[Zawgyi]



Müller

Müller


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျာမနီအသင်းအတွက် ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ မူလာ Müller

ဘိုင်ယန်မြူးနစ် ကွင်းလယ်တိုက်စစ်ကစားသမား မူလာ Müller ဟာ ဂျာမနီအသင်းအတွက် ပွဲ(၁၀၀)ပြည့်ခဲ့ပြီလို့သိရပါတယ်။ ဂျာမနီနဲ့ နယ်သာလန်တို့(၂)ဂိုးစီသရေ ကျခဲ့တဲ့ Nations League ပွဲစဉ်မှာ မူလာဟာ ပွဲချိန်(၆၇)မိနစ်အရောက်မှာ Gnabry အစားလူစားဝင်ကစားခဲ့ပြီး ဒီမှတ်တမ်းကောင်းကို ရရှိခဲ့တာပါ။ ၂၀၁၀ ခုနှစ်မှာ ဂျာမနီအသင်းအတွက် စတင်ကစားပေးခဲ့တဲ့ မူလာ ဟာ ၂၀၁၈ ခုနှစ်အရောက်မှာတော့ ပွဲပေါင်း(၁၀၀)ပြည့်ခဲ့တာပဲဖြစ်ပါတယ်။

Müller

Müller

အသက်(၂၉)နှစ် အရွယ်ရှိပြီဖြစ်သူ မူလာဟာ လက်ရှိအချိန်ထိ ဂျာမနီအသင်းအတွက် (၃၈)ဂိုးသွင်းယူပေးထားသူ ဖြစ်ပါတယ်။ မူလာ ဟာ ဂျာမနီအသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချန်ပီယံဆုကိုရရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မူလာ ဟာ ရွှေဖိနပ်ဆုနဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတွေကို ရရှိခဲ့ပါတယ်။

Ref: Bleacher Report Football
Photo: Bleacher Report Football , Bavarian Football Works
Ko Kyue(Akhayar)
www.akhayar.com