[Zawgyi]

ေဘာလုံးေလာကမွာ အယူသီးတဲ့ ထူးထူးဆန္းဆန္း လုပ္ရပ္မ်ား (၁)

အေနာက္ႏုိင္ငံသားေတြက အာရွတိုက္က လူေတြထက္ အယူပုိသီးတာကုိ ပရိသတ္ေတြ လက္ခံရဲ႕လား။ နည္းပညာေတြ ဘယ္ေလာက္တိုးတက္ေနပါေစ၊ အေနာက္ႏုိင္ငံသားေတြရဲ႕ ထူးထူးဆန္းဆန္း အယူသီးတဲ့ လုပ္ရပ္ေတြက ဟာသဆန္ဆန္ပါပဲ။ ေဘာလုံးေလာကမွာလည္း အယူသီးတဲ့ လုပ္ရပ္ေတြလည္း ရွိခဲ့ဖူးတယ္။ ကုိယ့္ယုံၾကည္ခ်က္နဲ႔ ကုိယ္ဆုိေတာ့ အျပစ္လည္း မဆုိသာပါဘူး။ အဲဒါေၾကာင့္ ေဘာလုံးေလာကမွာ အယူသီးတဲ့ ထူးထူးဆန္းဆန္း လုပ္ရပ္မ်ား အပုိင္း(၁)ကုိ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္ . . .

ဘလန္႔ Blanc နဲ႔ ဘားသက္ဇ္ Barthez

blanc-kiss-barthez-Head

blanc-kiss-barthez-Head

ျပင္သစ္ဂႏၳ၀င္ႀကီးေတြျဖစ္တဲ့ ဘလန္႔နဲ႔ ဘားသက္ဇ္တို႔ရဲ႕ ပဲြမစခင္ အျပဳအမူက ရီစရာေကာင္းပါတယ္။ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ မီလုိက္တဲ့ ပရိသတ္ေတြ သိၿပီးသားျဖစ္မွာပါ။ အဲဒါကေတာ့ ၁၉၉၈ ကမၻာ႔ဖလားမွာ ပဲြမခင္ ဘလန္႔က ဘားသက္ဇ္ရဲ႕ ေခါင္းေျပာင္ေျပာင္ႀကီးကုိ နမ္းတာပါပဲ။ ဒီလုိလုပ္တာက ျပင္သစ္အသငး္ ရလဒ္ေကာင္းတယ္လုိ႔ ယူဆခဲ့ၿပီး တိုက္ဆုိင္မႈလုိ႔ပဲေျပာရမလား၊ အံ့ၾသစရာလုိ႔ပဲ ဆုိရမလား။ အဲဒီႏွစ္ ကမၻာ႔ဖလားမွာ ျပင္သစ္ ပထမဆုံးခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့တယ္။

ကြင္းထဲမွာ ဆားေတြ ပက္ခ့ဲတဲ့ Pisa အသင္းပုိင္ရွင္

Anconetani

Anconetani

အီတလီကလပ္ Pisa အသင္းပုိင္ရွင္ အန္ကြန္နီတာနီ Anconetani ရဲ႕ ယုံၾကည္မႈကလည္း တစ္မ်ိဳးပါ။ သူက သူ႔အသင္းကစားမယ့္ပဲြမတိုင္ခင္ ကြင္း ျမက္ခင္းေပၚမွာ ဆားေတြ ပက္ႀကဲေလ့ရွိၿပီး ဒါက အသင္းကုိ ရလဒ္ေကာင္းေစတယ္လုိ႔ ယူဆခဲ့တယ္။ အသင္းႀကီးေတြနဲ႔ ေတြ႕ၿပီဆုိရင္ ဆားေတြ အမ်ားႀကီး ပုိပက္ေလ့ရွိပါတယ္တဲ့။

ကာဒစ္ဖ္အသငး္ရဲ႕လုိဂုိ အေရာင္ေျပာင္းခဲ့တဲ့ အသင္းပုိင္ရွင္

Vincent-Tan

Vincent-Tan

ေ၀းလ္စ္ကလပ္ ကာဒစ္ဖ္အသင္းပုိင္ရွင္ မေလးရွားသန္းၾကြယ္သူေဌး ဗင္းဆင့္တန္ Vincent Tan ဟာ အနီေရာင္က သူ႔အတြက္ ကံေကာင္းတယ္လုိ႔ ယူဆတဲ့အတြက္ အသင္းရဲ႕ လုိဂုိကုိ အျပာေရာင္ကေန အနီေရာင္ေျပာင္းဖုိ႔ ေတာင္းဆုိခဲ့တယ္။ ေနာက္ထပ္ ထူးျခားတာတစ္ခုကလည္း ဗင္းဆင့္တန္ဟာ သူ႔ အသင္းနည္းျပ ကစားသမားသစ္ ေခၚမယ္ဆုိရင္ ေမြးေန႔မွာ (၈)ဂဏန္းပါတဲ့ ကစားသမားေတြကုိပဲ ဦးစားေပး ေခၚယူေစခဲ့တာပါပဲ။

ကြင္းထဲမွာ အေပါ့သြားေလ့ရွိတဲ့ ဂုိးသမား

Sergio-Goycochea

Sergio-Goycochea

တစ္ခ်ိန္က အာဂ်င္တီးနားအသင္းရဲ႕ နာမည္ေက်ာ္ဂုိးသမား Sergio Goycochea ကေတာ့ ဘယ္လုိမွ နားမလည္ႏုိင္တဲ့ အစဲြတစ္ခုရွိပါတယ္။ အဲဒါကေတာ့ ကြင္းထဲမွာ အေပ့ါသြားရင္ ရလဒ္ေကာင္းတတ္တယ္ ဆုိတာပါပဲ။ အရင္တုန္းကေတာ့ အဲဒီလုိ မဟုတ္ပါဘူး။ အဲဒီ အစဲြရသြားတာက ဒီလုိပါ။ ၁၉၉၀ ကမၻာ႔ဖလားကြာတားဖုိင္နယ္မွာ ယူဂုိဆလားဗီးယားနဲ႔ ဆုံေတြ႕ေတာ့ ပဲြကစားခ်ိန္အတြင္း အေျဖမေပၚလုိ႔ ပယ္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရၿပီး အဲဒီအခ်ိန္မွာ Sergio Goycochea က အရမ္း အေပ့ါသြားခ်င္တဲ့အတြက္ ဒုိင္လူႀကီးကုိ ခြင့္ေတာင္းပါတယ္။ ဒါေပမဲ့ စည္းမ်ဥ္းေတြအရ ခြင့္ျပဳလုိ႔ မရတာေၾကာင့္ Sergio Goycochea က ကြင္းထဲမွာပဲ ကိစၥရွင္းလုိက္ပါေတာ့တယ္။ တိုက္တိုက္ဆုိင္ဆုိင္ပဲ Sergio Goycochea ပယ္နယ္တီ ကာကြယ္ႏုိင္ခဲ့လုိ႔ အာဂ်င္တီးနားအသင္း အဲဒီပဲြမွာ အႏုိင္ရခဲ့ၿပီး ဆီမီးဖုိင္နယ္မွာ အဲဒီလုိ ထပ္လုပ္ေတာ့လည္း ႏုိင္ခဲ့ျပန္တယ္။ ဒါေပမဲ့ ဗုိလ္လုပဲြမွာ ဂ်ာမနီနဲ႔ ကစားေတာ့ Sergio Goycochea အေပ့ါ မသြားလုိ႔လားမသိဘူး အာဂ်င္တီးနား (၁-၀)ဂုိးနဲ႔ ႐ႈံးေတာ့တာပါပဲ။ အဲဒီေနာက္ပုိင္း Sergio Goycochea တစ္ေယာက္ ကြင္းထဲမွာ ေသးေပါက္ရင္ ကံေကာင္းတယ္လုိ႔ အခုိင္အမာ ယုံၾကည္သြားပါေတာ့တယ္ . . .

REF:sportskeeda
Photo:Greats Of The Game,Gentside Sport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ အယူသီးတဲ့ ထူးထူးဆန်းဆန်း လုပ်ရပ်များ (၁)

အနောက်နိုင်ငံသားတွေက အာရှတိုက်က လူတွေထက် အယူပိုသီးတာကို ပရိသတ်တွေ လက်ခံရဲ့လား။ နည်းပညာတွေ ဘယ်လောက်တိုးတက်နေပါစေ၊ အနောက်နိုင်ငံသားတွေရဲ့ ထူးထူးဆန်းဆန်း အယူသီးတဲ့ လုပ်ရပ်တွေက ဟာသဆန်ဆန်ပါပဲ။ ဘောလုံးလောကမှာလည်း အယူသီးတဲ့ လုပ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဆိုတော့ အပြစ်လည်း မဆိုသာပါဘူး။ အဲဒါကြောင့် ဘောလုံးလောကမှာ အယူသီးတဲ့ ထူးထူးဆန်းဆန်း လုပ်ရပ်များ အပိုင်း(၁)ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ် . . .

ဘလန့် Blanc နဲ့ ဘားသက်ဇ် Barthez

blanc-kiss-barthez-Head

blanc-kiss-barthez-Head

ပြင်သစ်ဂန္ထဝင်ကြီးတွေဖြစ်တဲ့ ဘလန့်နဲ့ ဘားသက်ဇ်တို့ရဲ့ ပွဲမစခင် အပြုအမူက ရီစရာကောင်းပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို မီလိုက်တဲ့ ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ အဲဒါကတော့ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ပွဲမခင် ဘလန့်က ဘားသက်ဇ်ရဲ့ ခေါင်းပြောင်ပြောင်ကြီးကို နမ်းတာပါပဲ။ ဒီလိုလုပ်တာက ပြင်သစ်အသင်း ရလဒ်ကောင်းတယ်လို့ ယူဆခဲ့ပြီး တိုက်ဆိုင်မှုလို့ပဲပြောရမလား၊ အံ့သြစရာလို့ပဲ ဆိုရမလား။ အဲဒီနှစ် ကမ္ဘာ့ဖလားမှာ ပြင်သစ် ပထမဆုံးချန်ပီယံဆုကို ဆွတ်ခူးခဲ့တယ်။

ကွင်းထဲမှာ ဆားတွေ ပက်ခဲ့တဲ့ Pisa အသင်းပိုင်ရှင်

Anconetani

Anconetani

အီတလီကလပ် Pisa အသင်းပိုင်ရှင် အန်ကွန်နီတာနီ Anconetani ရဲ့ ယုံကြည်မှုကလည်း တစ်မျိုးပါ။ သူက သူ့အသင်းကစားမယ့်ပွဲမတိုင်ခင် ကွင်း မြက်ခင်းပေါ်မှာ ဆားတွေ ပက်ကြဲလေ့ရှိပြီး ဒါက အသင်းကို ရလဒ်ကောင်းစေတယ်လို့ ယူဆခဲ့တယ်။ အသင်းကြီးတွေနဲ့ တွေ့ပြီဆိုရင် ဆားတွေ အများကြီး ပိုပက်လေ့ရှိပါတယ်တဲ့။

ကာဒစ်ဖ်အသင်းရဲ့လိုဂို အရောင်ပြောင်းခဲ့တဲ့ အသင်းပိုင်ရှင်

Vincent-Tan

Vincent-Tan

ဝေးလ်စ်ကလပ် ကာဒစ်ဖ်အသင်းပိုင်ရှင် မလေးရှားသန်းကြွယ်သူဌေး ဗင်းဆင့်တန် Vincent Tan ဟာ အနီရောင်က သူ့အတွက် ကံကောင်းတယ်လို့ ယူဆတဲ့အတွက် အသင်းရဲ့ လိုဂိုကို အပြာရောင်ကနေ အနီရောင်ပြောင်းဖို့ တောင်းဆိုခဲ့တယ်။ နောက်ထပ် ထူးခြားတာတစ်ခုကလည်း ဗင်းဆင့်တန်ဟာ သူ့ အသင်းနည်းပြ ကစားသမားသစ် ခေါ်မယ်ဆိုရင် မွေးနေ့မှာ (၈)ဂဏန်းပါတဲ့ ကစားသမားတွေကိုပဲ ဦးစားပေး ခေါ်ယူစေခဲ့တာပါပဲ။

ကွင်းထဲမှာ အပေါ့သွားလေ့ရှိတဲ့ ဂိုးသမား

Sergio-Goycochea

Sergio-Goycochea

တစ်ချိန်က အာဂျင်တီးနားအသင်းရဲ့ နာမည်ကျော်ဂိုးသမား Sergio Goycochea ကတော့ ဘယ်လိုမှ နားမလည်နိုင်တဲ့ အစွဲတစ်ခုရှိပါတယ်။ အဲဒါကတော့ ကွင်းထဲမှာ အပေ့ါသွားရင် ရလဒ်ကောင်းတတ်တယ် ဆိုတာပါပဲ။ အရင်တုန်းကတော့ အဲဒီလို မဟုတ်ပါဘူး။ အဲဒီ အစွဲရသွားတာက ဒီလိုပါ။ ၁၉၉၀ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ယူဂိုဆလားဗီးယားနဲ့ ဆုံတွေ့တော့ ပွဲကစားချိန်အတွင်း အဖြေမပေါ်လို့ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး အဲဒီအချိန်မှာ Sergio Goycochea က အရမ်း အပေ့ါသွားချင်တဲ့အတွက် ဒိုင်လူကြီးကို ခွင့်တောင်းပါတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေအရ ခွင့်ပြုလို့ မရတာကြောင့် Sergio Goycochea က ကွင်းထဲမှာပဲ ကိစ္စရှင်းလိုက်ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ Sergio Goycochea ပယ်နယ်တီ ကာကွယ်နိုင်ခဲ့လို့ အာဂျင်တီးနားအသင်း အဲဒီပွဲမှာ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အဲဒီလို ထပ်လုပ်တော့လည်း နိုင်ခဲ့ပြန်တယ်။ ဒါပေမဲ့ ဗိုလ်လုပွဲမှာ ဂျာမနီနဲ့ ကစားတော့ Sergio Goycochea အပေ့ါ မသွားလို့လားမသိဘူး အာဂျင်တီးနား (၁-ဝ)ဂိုးနဲ့ ရှုံးတော့တာပါပဲ။ အဲဒီနောက်ပိုင်း Sergio Goycochea တစ်ယောက် ကွင်းထဲမှာ သေးပေါက်ရင် ကံကောင်းတယ်လို့ အခိုင်အမာ ယုံကြည်သွားပါတော့တယ် . . .

REF:sportskeeda
Photo:Greats Of The Game,Gentside Sport
Naing Linn(Akhayar)
www.akhayar.com