[Zawgyi]

တစ္ခါၾကည့္ျပီးရင္ တစ္သက္မေမ့ႏုိင္ေစမယ့္ ရုပ္ရွင္ကား (၁၀)ကား

ဘဝတစ္သက္တာမွာ ရုပ္ရွင္ကားေပါင္းမ်ားစြာ ၾကည့္ဖူးၾကေပမယ့္ တခ်ိဳ႕ကားေတြကေတာ့ ၾကည့္ျပီးတာနဲ႔ ေမ့၊ တခ်ိဳ႕ကလည္း အခ်ိန္ၾကာသြားရင္ ေမ့၊ ဒီထဲကမွ ရွားရွားပါးပါးဇာတ္ကားတစ္ခ်ိဳ႕တေလပဲ တစ္ခါၾကည့္ျပီးရင္ တစ္သက္လံုးစြဲက်န္ခဲ့တာပါ။ ဒီထဲက ဇာတ္ကားေတြက တစ္ခါၾကည့္ျပီးရင္ ထပ္ထပ္ၾကည့္ခ်င္၊ တစ္သက္မေမ့ႏုိင္မယ့္ ဇာတ္ကားမ်ိဳးေတြမို႔ ဒီလုိ ဇာတ္ကားအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Fight Club

Brad Pitt ေခါင္းေဆာင္ပါဝင္ထားျပီး ဒါရိုက္တာ David Fincher ကရုိက္ကူးတင္ဆက္ထားပါတယ္။ သာမန္ရံုးဝန္ထမ္းေလးတစ္ောက္ကေန ဆပ္ျပာအေရာင္းသမားတစ္ေယာက္နဲ႔ ေတြ႔တဲ့အခါ ဘဝကေျပာင္းလဲသြားပံုကို ရိုက္ကူးထားတဲ့ ဒီဇာတ္ကားဟာ ဖြြင့္လိုက္တာနဲ႔ ထုိင္ခံုမွာ ျမဲျမဲထုိင္ၾကည့္ရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။

The Truman Show

Truman ဆိုတဲ့ လူတစ္ေယာက္မွာ ကို္ယ္ပုိင္ကမာၻတစ္ခုရွိျပီး သူ႔ကို လူေတြက TV မွာ ေစာင့္ၾကည့္ေနၾကပါတယ္။ Truman ရဲ့ ကမာၻအျပင္ဘက္ တျခားကမာၻတစ္ခုရွိတဲ့အခါ…ဒီကားဟာ Jim Carrey ရဲ့ ဂႏၱဝင္ဇာတ္ကားျဖစ္ျပီး ၾကည့္ကုိ ၾကည့္ရမယ့္ ဇာတ္ကားလို႔ ညႊန္းခ်င္ပါတယ္။

Eternal Sunshine of the Spotless Mind

ဒီကားဟာလည္း Jim Carrey ရဲ့ ဇာတ္ကားေကာင္းတစ္ကားပဲ ျဖစ္ျပီး Kate Winslet ပါ ပါတယ္ဆုိေတာ့ အမိုက္စားေပ့ါဗ်ာ။ Michel Gondry ရုိက္ကူးထားျပီး စံုတြဲတစ္တြဲအဆင္မေျပတဲ့အခါ သူတို႔ႏွစ္ေယာက္ၾကားက အမွတ္တရေတြ၊ မွတ္ဥာဏ္ေတြကို ေဖ်ာက္ဖ်က္ပစ္ဖို႔ ၾကိဳးစားၾကပံုကို ရုိက္ကူးတဲ့အတြက္ စိတ္ဝင္စားစရာ ဇာတ္ကားေကာင္းတစ္ကားျဖစ္မွာပါ။

Shutter Island

၁၉၅၄ ခုႏွစ္ကို အေျခတည္ထားျပီး U.S ထိပ္တန္းအရာရွိတစ္ေယာက္္ဟာ အမႈတစ္ခုကို စံုစမ္းစစ္ေဆးရပါတယ္။ ဒီအမႈကေတာ့ လူသတ္သမားတစ္ေယာက္က ေဆးရံုက ထြက္ေျပးလြတ္ေျမာက္သြားတဲ့ အမႈပါ။ ဒီကားဟာ နာမည္ၾကီးကားမို႔ အားလံုးသိျပီးသားျဖစ္မွာျဖစ္ျပီး ဒါရိုက္တာ Martin Scorsese လက္ရာကို Leonardo DiCaprio နဲ႔ ရုိက္ကူးထားပါတယ္။

Mr. Nobody

သရုပ္ေဆာင္တဲ့ ေနရာမွာ အရမ္းပိုင္တဲ့ မင္းသား Jared Leto ရ့ဲ ဇာတ္ကားျဖစ္ပါတယ္။ အေဖနဲ႔  အေမနဲ႔ ကြဲတဲ့အခါ ကေလးတစ္ေယာက္ရဲ့ ဘဝဟာလည္း က်ိဳးပဲ့သြားတာပါပဲ။ အေဖနဲ႔ အေမၾကား ဘယ္သူနဲ႔ လိုက္ေနမလဲလို႔ ဆံုးျဖတ္ရတဲ့အခါ ဘာေတြဆက္ျဖစ္လာမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။

The Thirteenth Floor

ဒါရုိက္တာ Josef Rusnak ရိုက္ကူးထားျပီး Craig Bierko နဲ႔ Gretchen Mol တို႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ Software Designer တစ္ေယာက္ရဲ႕ ဇာတ္လမ္းကို တစ္သက္လံုးမေမ့ေအာင္ ဘယ္လို ရုိက္ကူးထားမယ္ဆုိတာ တစ္ခ်က္ၾကည့္ရမွာပါ။

Rosemary’s Baby

ဒါရိုက္တာ Roman Polanski ရဲ့ ဂႏၱဝင္လက္ရာ ထိတ္လန္႔သည္းဖိုဇာတ္ကားျဖစ္ပါတယ္။ လူငယ္စံုတြဲတစ္တြဲဟာ တုိက္ခန္းသစ္တစ္ခုကို ေျပာင္းလာခဲ့ျပီး အမ်ိဳးသမီးက ကိုယ္ဝန္ရွိလာတဲ့အခါမွာ ဘာေတြ ဆက္ျဖစ္ၾကမလဲ၊ ဘယ္လို ေၾကာက္လန္႔စရာ ျမွဳပ္ကြက္ေတြ ရွိမလဲဆုိတာ ခံစားရမွာပါ။

The Jacket

ဝါရင့္စစ္မႈထမ္းေဟာင္းတစ္ေယာက္ဟာ သူမလုပ္တဲ့ လူသတ္မႈတစ္ခုအတြက္ စြပ္စြဲခံရျပီးတဲ့ေနာက္မွာ သူဟာ စိတ္ပညာအဖြဲ႔အစည္းတစ္ခုကို ေရာက္ရွိသြားျပီး  ဘယ္လိုေတြ ခံစားရမလဲဆုိတာ ပိတ္ကားေပၚမွာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ John Maybury ရိုက္ကူးထားျပီး Adrian Brody၊ Keira Knightley နဲ႔ Daniel Craig စတဲ့ နာမည္ၾကီး ဒိတ္ဒိတ္ၾကဲေတြ ပါဝင္သရုပ္ေဆာင္ထားတဲ့ကားမို႔ လက္မလႊတ္သင့္ပါဘူး။

The Matrix

ဒီကားကေတာ့ အထူးညႊန္းစရာမလိုတဲ့ The Matrix ပါဗ်ာ၊ ၾကည့္ျပီးရင္ ဇာတ္ကားတစ္ကားလံုးမဟုတ္ေတာင္ တခ်ိဳ႕ဇာတ္ကြက္ေတြကိုေတာ့ မွတ္မိေနမွာပါ။

Memento

Short-term Memory ေပ်ာက္ဆံုးေနတဲ့ Leonard အတြက္ သူ႔မိန္းမကို သတ္သြားတဲ့ လူသတ္သမားကို ရွာျပီးလက္စားေခ်ဖို႔ကို ၾကိဳးစားေနတာ သူ႔ဘဝပါပဲ။ ဒါရိုက္တာ Christopher Nolan ရဲ့ လက္ရာဆုိေတာ့ ေကာင္းမေကာင္းစဥ္းစားေနစရာ မလိုဘဲ အျမန္သာ ေျပးၾကည့္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : Blogrope.com
[Unicode]

တစ်ခါကြည့်ပြီးရင် တစ်သက်မမေ့နိုင်စေမယ့် ရုပ်ရှင်ကား (၁၀)ကား

ဘဝတစ်သက်တာမှာ ရုပ်ရှင်ကားပေါင်းများစွာ ကြည့်ဖူးကြပေမယ့် တချို့ကားတွေကတော့ ကြည့်ပြီးတာနဲ့ မေ့၊ တချို့ကလည်း အချိန်ကြာသွားရင် မေ့၊ ဒီထဲကမှ ရှားရှားပါးပါးဇာတ်ကားတစ်ချို့တလေပဲ တစ်ခါကြည့်ပြီးရင် တစ်သက်လုံးစွဲကျန်ခဲ့တာပါ။ ဒီထဲက ဇာတ်ကားတွေက တစ်ခါကြည့်ပြီးရင် ထပ်ထပ်ကြည့်ချင်၊ တစ်သက်မမေ့နိုင်မယ့် ဇာတ်ကားမျိုးတွေမို့ ဒီလို ဇာတ်ကားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Fight Club

Brad Pitt ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာ David Fincher ကရိုက်ကူးတင်ဆက်ထားပါတယ်။ သာမန်ရုံးဝန်ထမ်းလေးတစ်ောက်ကနေ ဆပ်ပြာအရောင်းသမားတစ်ယောက်နဲ့ တွေ့တဲ့အခါ ဘဝကပြောင်းလဲသွားပုံကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဖွင့်လိုက်တာနဲ့ ထိုင်ခုံမှာ မြဲမြဲထိုင်ကြည့်ရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

The Truman Show

Truman ဆိုတဲ့ လူတစ်ယောက်မှာ ကိုယ်ပိုင်ကမ္ဘာတစ်ခုရှိပြီး သူ့ကို လူတွေက TV မှာ စောင့်ကြည့်နေကြပါတယ်။ Truman ရဲ့ ကမ္ဘာအပြင်ဘက် တခြားကမ္ဘာတစ်ခုရှိတဲ့အခါ…ဒီကားဟာ Jim Carrey ရဲ့ ဂန္တဝင်ဇာတ်ကားဖြစ်ပြီး ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားလို့ ညွှန်းချင်ပါတယ်။

Eternal Sunshine of the Spotless Mind

ဒီကားဟာလည်း Jim Carrey ရဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပြီး Kate Winslet ပါ ပါတယ်ဆိုတော့ အမိုက်စားပေ့ါဗျာ။ Michel Gondry ရိုက်ကူးထားပြီး စုံတွဲတစ်တွဲအဆင်မပြေတဲ့အခါ သူတို့နှစ်ယောက်ကြားက အမှတ်တရတွေ၊ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးတဲ့အတွက် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။

Shutter Island

၁၉၅၄ ခုနှစ်ကို အခြေတည်ထားပြီး U.S ထိပ်တန်းအရာရှိတစ်ယောက်ဟာ အမှုတစ်ခုကို စုံစမ်းစစ်ဆေးရပါတယ်။ ဒီအမှုကတော့ လူသတ်သမားတစ်ယောက်က ဆေးရုံက ထွက်ပြေးလွတ်မြောက်သွားတဲ့ အမှုပါ။ ဒီကားဟာ နာမည်ကြီးကားမို့ အားလုံးသိပြီးသားဖြစ်မှာဖြစ်ပြီး ဒါရိုက်တာ Martin Scorsese လက်ရာကို Leonardo DiCaprio နဲ့ ရိုက်ကူးထားပါတယ်။

Mr. Nobody

သရုပ်ဆောင်တဲ့ နေရာမှာ အရမ်းပိုင်တဲ့ မင်းသား Jared Leto ရဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဖေနဲ့  အမေနဲ့ ကွဲတဲ့အခါ ကလေးတစ်ယောက်ရဲ့ ဘဝဟာလည်း ကျိုးပဲ့သွားတာပါပဲ။ အဖေနဲ့ အမေကြား ဘယ်သူနဲ့ လိုက်နေမလဲလို့ ဆုံးဖြတ်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

The Thirteenth Floor

ဒါရိုက်တာ Josef Rusnak ရိုက်ကူးထားပြီး Craig Bierko နဲ့ Gretchen Mol တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Software Designer တစ်ယောက်ရဲ့ ဇာတ်လမ်းကို တစ်သက်လုံးမမေ့အောင် ဘယ်လို ရိုက်ကူးထားမယ်ဆိုတာ တစ်ချက်ကြည့်ရမှာပါ။

Rosemary’s Baby

ဒါရိုက်တာ Roman Polanski ရဲ့ ဂန္တဝင်လက်ရာ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ လူငယ်စုံတွဲတစ်တွဲဟာ တိုက်ခန်းသစ်တစ်ခုကို ပြောင်းလာခဲ့ပြီး အမျိုးသမီးက ကိုယ်ဝန်ရှိလာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ၊ ဘယ်လို ကြောက်လန့်စရာ မြှုပ်ကွက်တွေ ရှိမလဲဆိုတာ ခံစားရမှာပါ။

The Jacket

ဝါရင့်စစ်မှုထမ်းဟောင်းတစ်ယောက်ဟာ သူမလုပ်တဲ့ လူသတ်မှုတစ်ခုအတွက် စွပ်စွဲခံရပြီးတဲ့နောက်မှာ သူဟာ စိတ်ပညာအဖွဲ့အစည်းတစ်ခုကို ရောက်ရှိသွားပြီး  ဘယ်လိုတွေ ခံစားရမလဲဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာပါ။ John Maybury ရိုက်ကူးထားပြီး Adrian Brody၊ Keira Knightley နဲ့ Daniel Craig စတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ကားမို့ လက်မလွှတ်သင့်ပါဘူး။

The Matrix

ဒီကားကတော့ အထူးညွှန်းစရာမလိုတဲ့ The Matrix ပါဗျာ၊ ကြည့်ပြီးရင် ဇာတ်ကားတစ်ကားလုံးမဟုတ်တောင် တချို့ဇာတ်ကွက်တွေကိုတော့ မှတ်မိနေမှာပါ။

Memento

Short-term Memory ပျောက်ဆုံးနေတဲ့ Leonard အတွက် သူ့မိန်းမကို သတ်သွားတဲ့ လူသတ်သမားကို ရှာပြီးလက်စားချေဖို့ကို ကြိုးစားနေတာ သူ့ဘဝပါပဲ။ ဒါရိုက်တာ Christopher Nolan ရဲ့ လက်ရာဆိုတော့ ကောင်းမကောင်းစဉ်းစားနေစရာ မလိုဘဲ အမြန်သာ ပြေးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : Blogrope.com