ငိုေၾကြးျခင္းဟာ က်န္းမာေရးကိုေကာင္းေစႏိုင္တယ္ဆိုတဲ့ အခ်က္ ၁၀ ခ်က္

Crying

[Zawgyi]

ငိုေၾကြးျခင္းဟာ က်န္းမာေရးကိုေကာင္းေစႏိုင္တယ္ဆိုတဲ့ အခ်က္ ၁၀ ခ်က္

ကၽြန္ေတာ္တို႔ဟာ ကိုယ္နဲ႔ရင္းႏွီးတဲ့မိတ္ေဆြတစ္ေယာက္ ဒါမွမဟုတ္ ေဆြမ်ဳိးသားခ်င္းတစ္ေယာက္ေယာက္ ငိုေၾကြးေနတဲ့အခါမွာ အငိုတိတ္သြားေအာင္ ႏွစ္သိမ့္ေပးတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီလုိငိုေနတဲ့လူတစ္ေယာက္ကို မငိုေတာ့ေအာင္ေျပာမယ့္အစား သူ႔ကုိ ကိုယ့္ရဲ႕ပုခံုးေပၚမွာ အခ်ိန္အနည္းငယ္ၾကာတဲ့အထိ ဆက္ၿပီးငိုခုိင္းတာဟာ တကယ္ကိုပဲ ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒီလုိလုပ္လိုက္ျခင္းအားျဖင့္ သူတုိ႔အတြက္ ပိုၿပီးက်န္းမာေရးအက်ဳိးရလဒ္ေကာင္းကို ရရွိေစႏိုင္ပါတယ္။

Oktoberfest
Oktoberfest

လူသားေတြအားလံုးမွာ စိတ္ခံစားမႈဟာ တကယ္ကိုပဲ အေရးပါလွပါတယ္။ ကၽြန္ေတာ္တို႔ဟာ ကိုယ့္ရဲ႕ခံစားမႈကို လက္ခံသလုိမ်ဳိးပဲ ကိုယ့္နဲ႔ရင္းႏွီးရတဲ့သူေတြရဲ႕ ခံစားခ်က္ေတြကိုလည္း လက္ခံရပါမယ္။ လူတိုင္း၊ လူတိုင္းဟာ စိတ္ညစ္စရာေတြကို တစ္ခ်ိန္မဟုတ္တစ္ခ်ိန္မွာ ႀကံဳေတြ႔ေနရဦးမွာ ျဖစ္ပါတယ္။ ဒီလုိႀကံဳေတြ႔တဲ့အခါမွာလည္း ငိုေၾကြးတတ္ၾကပါတယ္။ ဝမ္းနည္းတဲ့အခါမွာေတာ့ ငိုေၾကြးျခင္းကို ထိန္းခ်ဳပ္ထားဖုိ႔မသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ငိုေၾကြးျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္ေစလုိ႔ပဲျဖစ္ပါတယ္။ ဘာေၾကာင့္မ်ား ငိုေၾကြးျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တာလဲဆိုတဲ့ အခ်က္ ၁၀ ခ်က္ကုိ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

၁။ ငိုေၾကြးျခင္းေၾကာင့္ လူသားပီသေစတယ္။

လူသားေတြဟာ စိတ္ခံစားမႈျမင့္မားတဲ့သူေတြျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ငိုေၾကြးတယ္ဆိုတာ လူေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာပဲျဖစ္ပါတယ္။ ငိုေၾကြးေနတဲ့ လူတစ္ေယာက္ကို အားနည္းတဲ့လူတစ္ေယာက္အျဖစ္လည္း ရႈျမင္ဖုိ႔မသင့္ပါဘူး။ ဒါ့ေၾကာင့္ ေနာက္တစ္ခါ ငိုေၾကြးခ်င္တဲ့စိတ္ေပါက္လာရင္ေတာ့ ေတြေဝမေနပါနဲ႔။ ငိုေၾကြးျခင္းဟာ က်န္းမာေရးကိုေကာင္းမြန္ေစၿပီး စိတ္ဖိစီးမႈကိုေ လ်ာ႔က်ေစတာျဖစ္တဲ့အတြက္ ငိုသာငိုခ်လုိက္ပါလုိ႔ အႀကံျပဳလုိက္ရပါတယ္။

၂။ ဝမ္းနည္းပူေဆြးမႈေတြကေန သက္သာေစတယ္။

ကိုယ္ခ်စ္ခင္ရတဲ့သူတစ္ေယာက္ေယာက္၊ ကိုယ္ႏွစ္သက္တဲ့အရာတစ္ခုခုကို ဆံုးရံႈးသြားတဲ့အခါမွာ ငိုေၾကြးေလ့ရွိၾကပါတယ္။ ဒီလုိငိုေၾကြးလုိက္ျခင္းအားျဖင့္ ဝမ္နည္းပူေဆြးမႈေတြကို အနည္းနဲ႔အမ်ားေတာ့ သက္သာသြားေစႏိုင္ပါတယ္။ ငိုေၾကြးျခင္းကို ထိန္းခ်ဳပ္ထားမွသာ ေရရွည္မွာ ဒုကၡေရာက္ႏိုင္မွာျဖစ္ပါတယ္။ ဒါေ့ၾကာင့္ ဝမ္းနည္းပူေဆြးမႈေတြကိုသက္သာေစဖုိ႔ ငိုေၾကြးျခင္းကို မျဖစ္မေနလုပ္ၾကရမွာပါ။

၃။ ငိုေၾကြးျခင္းဟာ က်န္းမာျခင္းရဲ႕အစပထမဦးဆံုးလကၡဏာပဲ ျဖစ္ပါတယ္။

ေမြးခါစကေလးေလးဟာ မိခင္ဝမ္းကကၽြတ္တာနဲ႔ ငိုေၾကြးေလ့ရွိပါတယ္။ ဒီလုိငိုေၾကြးတာဟာ အဆုတ္ ေကာင္းစြာအလုပ္လုပ္တယ္ဆိုတာကုိ ျပသေနၿပီး တကယ္ကိုပဲ အေရးႀကီးတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ကေလးဟာ ငိုေၾကြးျခင္းနဲ႔စတင္ကာ ျပင္ပကမာၻေလာကထဲကို ဝင္ေရာက္လာတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ငိုေၾကြးျခင္းကို အသက္ရွင္သန္ျခင္းရဲ႕အစအျဖစ္ မွတ္ယူၾကပါတယ္။

၄။ စိတ္ခံစားမႈကို ျပန္လည္ညီမွ်ေစတယ္။

ကၽြန္ေတာ္တို႔ဟာ အရမ္းဝမ္းနည္းတဲ့အခ်ိန္က်မွ ငိုတာမဟုတ္ပါဘူး။ အရမ္းဝမ္းသာတဲ့အခ်ိန္၊ အရမ္းေဒါသထြက္တဲ့အခ်ိန္၊ အရမ္းစိတ္ဖိစီးမႈေတြမ်ားတဲ႔အခ်ိန္ေတြမွာလည္း မ်က္ရည္က်တတ္ပါတယ္။ ဒါ့ေၾကာင့္ ငိုေၾကြးျခင္းဟာ ျပင္းထန္လြန္းတဲ့စိတ္အေျခအေနေတြကို ပံုမွန္ျပန္ျဖစ္ေအာင္ လုပ္ေဆာင္ေပးတဲ့အရာတစ္ခုလုိ႔ သုေတသနပညာရွင္ေတြက ယံုၾကည္ထားၾကပါတယ္။

၅။ အေထာက္အပ့ံကို ရရွိေစတယ္။

ကၽြန္ေတာ္တို႔ဟာ ခ်စ္ခင္ရတဲ့သူတစ္ေယာက္ေယာက္ ငိုေၾကြးေနတဲ့အခါမွာ သူ႔ကိုႏွစ္သိမ့္ေပးဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ငိုေၾကြးလိုက္ျခင္းအားျဖင့္ ကိုယ့္ရဲ႕ခက္ခဲေနတဲ့အခ်ိန္ေတြမွာ ကိုယ့္အနားက လူတစ္ဦးဦးရဲ႕ အားေပးႏွစ္သိမ့္မႈကို ခံစားရမွာျဖစ္ပါတယ္။

၆။ စိတ္ကိုတတ္ၾကြေစတယ္။

စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာနာက်င္မႈေတြကို ေလ်ာ႔က်ေစတဲ့အျပင္ ငိုေၾကြးျခင္း အထူးသျဖင့္ ငိုရိႈက္ျခင္းဟာ စိတ္ကိုတတ္ၾကြလန္းဆန္းေစပါတယ္။ ငိုရိႈက္လုိက္ျခင္းဟာ လက္ဆတ္တဲ႔ေလေအးကို ဆက္ကာ ဆက္ကာ ရႈသြင္းေနတာျဖစ္တာေၾကာင့္ ဦးေႏွာက္ရဲ႕အပူခ်ိန္ကို က်ဆင္းေစပါတယ္။ ဦးေႏွာက္ရဲ႕အပူခ်ိန္က်ဆင္းသြားတဲ့အခါမွာ ပတ္ဝန္းက်င္ကအရာေတြကို ပိုၿပီးၾကည္လင္စြာ ရႈျမင္သံုးသပ္ႏိုင္မွာပါ။

၇။ ရုပ္ပိုင္းဆိုင္ရာနာက်င္မႈကို သက္သာေစတယ္။

ကၽြန္ေတာ္တို႔အားလံုးမွာ ငယ္ငယ္တုန္းက ရခဲ့ဖူးတဲ့အမာရြတ္ေလးေတြ ရွိေနတတ္ပါတယ္။ ငယ္ငယ္ကေတာ့ ဒါဏ္ရာအနာတရျဖစ္တဲ့အခါမွာ ေအာ္ငိုတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြ်န္ေတာ္တို႔ခႏၶာကိုယ္ေပၚမွာ ဆိုရြားတဲ့အရာတစ္ခုခုျဖစ္တဲ့အခါမွာ ခႏၶာကိုယ္ဟာ အေကာင္းမြန္ဆံုးပံုစံနဲ႔ တံု႔ျပန္တတ္ပါတယ္။ ရုပ္ပိုင္းဆိုင္ရာနာက်င္မႈကို ခံစားရတဲ့အခ်ိန္မွာေတာ့ အေကာင္းမြန္ဆံုး တုန္႔ျပန္မႈဟာ ငိုေၾကြးျခင္းပဲျဖစ္ပါတယ္။ ငိုေၾကြးျခင္းဟာ နာက်င္မႈကိုေျပေပ်ာက္ေစလုိ႔ပဲ ျဖစ္ပါတယ္။ အခ်ိန္ၾကာၾကာ ငိုေၾကြးလိုက္ျခင္းအားျဖင့္ ခႏၶာကိုယ္က Oxytocin နဲ႔ Endorphins လုိ႔ေခၚတဲ႔ ေဟာ္မုန္းေတြ ထြက္ရွိလာပါတယ္။ ဒီေဟာ္မုန္းေတြဟာ စိတ္ခံစားမႈကိုေရာ ရုပ္ပိုင္းဆိုင္ရာခံစားမႈေဝဒနာေတြကိုပါ ေလ်ာ႔က်ေစပါတယ္။

၈။ စိုးရိမ္ပူပန္မႈနဲ႔ စိတ္အေႏွာက္အယွက္ေတြကို ကင္းေဝးေစတယ္။

ေလ့လာမႈတစ္ခုအရ ငိုေၾကြးျခင္းဟာ စိုးရိမ္ပူပန္မႈနဲ႔ စိတ္အေႏွာက္အယွက္ျဖစ္ျခင္းကို ေလ်ာ႔က်ေစတယ္လုိ႔ ဆိုပါတယ္။ ဒါ့အျပင္ ခံစားေနရတဲ့ ခံစားခ်က္ေတြကိုလည္း ပိုမိုသက္သာေစၿပီး ကိုယ္ရင္ဆိုင္ေနရတဲ့အခက္အခဲကို ရင္ဆိုင္ဖုိ႔ အဆင္သင့္ျဖစ္ေစပါတယ္။

၉။ ေသြးဖိအားကို က်ဆင္းေစတယ္။

စိတ္ဖိစီးမႈေၾကာင့္ျဖစ္လာတဲ့ေဟာ္မုန္းေတြဟာ ႏွလံုးခုန္ႏႈန္းကိုျမန္ေစၿပီး၊ မ်က္စိသူငယ္အိမ္ကို က်ယ္ေစကာ ေသြးလႊတ္ေၾကာေတြကိုလည္း ညွစ္ထားလုိက္တဲ့အတြက္ ေသြဖိအားကို ပိုမိုျမင့္မားေစပါတယ္။ ငိုေၾကြးလိုက္ျခင္းဟာ စိတ္ဖိစီးမႈကိုေလ်ာ႔က်ေစတာေၾကာင့္ ေသြးဖိအားကိုပါ ေလ်ာ႔က်ေစပါတယ္။

၁၀။ စိတ္ဖိအားေတြကို ေလ်ာ့က်ေစတယ္။

ကၽြန္ေတာ္တို႔အားလံုးမွာ စိတ္ဖိစီးမႈေတြရွိတတ္ၾကပါတယ္။ ဒီလုိစိတ္ဖိစီးမႈေတြနဲ႔ ရင္ဆိုင္ေနရၿပီဆုိရင္ေတာ့ ကြ်န္ေတာ္တို႔ခႏၶာကိုယ္ထဲမွာ ထုိင္းမိႈင္းေစၿပီး စိတ္ကိုလည္း မၾကည္မလင္ျဖစ္ေစတဲ့ ဓာတ္ေတြထြက္လာပါတယ္။ ဒီအခ်ိန္မွာ ငိုေၾကြးလိုက္မယ္ဆိုရင္ေတာ႔ ထိုင္းမိႈင္းၿပီး စိတ္မၾကည္လင္ေစတဲ့ဓာတ္ေတြဟာ မ်က္ရည္နဲ႔အတူ ထြက္က်သြားတာေၾကာင့္ ငိုၿပီးသြားတဲ့အခ်ိန္မွာ ပိုမိုၿပီးသက္ေတာင့္သက္သာရွိေစပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ခါ စိတ္ဖိစီးမႈေတြနဲ႔ရင္ဆိုင္ရၿပီဆုိရင္ေတာ့ ငိုေၾကြးဖုိ႔ရွက္မေနဘဲ စိတ္ဖိစီးမႈေတြကိုေလ်ာ႔က်ေစဖုိ႔ ငိုသာငိုလိုက္ပါလုိ႔ အႀကံေပးလိုက္ရပါတယ္။

www.akhayar.com

[Unicode]

ငိုကြွေးခြင်းဟာ ကျန်းမာရေးကိုကောင်းစေနိုင်တယ်ဆိုတဲ့ အချက် ၁၀ ချက်

ကျွန်တော်တို့ဟာ ကိုယ်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးသားချင်းတစ်ယောက်ယောက် ငိုကြွေးနေတဲ့အခါမှာ အငိုတိတ်သွားအောင် နှစ်သိမ့်ပေးတတ်ကြပါတယ်။ တကယ်တော့ ဒီလိုငိုနေတဲ့လူတစ်ယောက်ကို မငိုတော့အောင်ပြောမယ့်အစား သူ့ကို ကိုယ့်ရဲ့ပုခုံးပေါ်မှာ အချိန်အနည်းငယ်ကြာတဲ့အထိ ဆက်ပြီးငိုခိုင်းတာဟာ တကယ်ကိုပဲ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူတို့အတွက် ပိုပြီးကျန်းမာရေးအကျိုးရလဒ်ကောင်းကို ရရှိစေနိုင်ပါတယ်။

Oktoberfest
Oktoberfest

လူသားတွေအားလုံးမှာ စိတ်ခံစားမှုဟာ တကယ်ကိုပဲ အရေးပါလှပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ခံစားမှုကို လက်ခံသလိုမျိုးပဲ ကိုယ့်နဲ့ရင်းနှီးရတဲ့သူတွေရဲ့ ခံစားချက်တွေကိုလည်း လက်ခံရပါမယ်။ လူတိုင်း၊ လူတိုင်းဟာ စိတ်ညစ်စရာတွေကို တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံတွေ့နေရဦးမှာ ဖြစ်ပါတယ်။ ဒီလိုကြုံတွေ့တဲ့အခါမှာလည်း ငိုကြွေးတတ်ကြပါတယ်။ ဝမ်းနည်းတဲ့အခါမှာတော့ ငိုကြွေးခြင်းကို ထိန်းချုပ်ထားဖို့မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငိုကြွေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေလို့ပဲဖြစ်ပါတယ်။ ဘာကြောင့်များ ငိုကြွေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာလဲဆိုတဲ့ အချက် ၁၀ ချက်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ ငိုကြွေးခြင်းကြောင့် လူသားပီသစေတယ်။

လူသားတွေဟာ စိတ်ခံစားမှုမြင့်မားတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ငိုကြွေးတယ်ဆိုတာ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပဲဖြစ်ပါတယ်။ ငိုကြွေးနေတဲ့ လူတစ်ယောက်ကို အားနည်းတဲ့လူတစ်ယောက်အဖြစ်လည်း ရှုမြင်ဖို့မသင့်ပါဘူး။ ဒါ့ကြောင့် နောက်တစ်ခါ ငိုကြွေးချင်တဲ့စိတ်ပေါက်လာရင်တော့ တွေဝေမနေပါနဲ့။ ငိုကြွေးခြင်းဟာ ကျန်းမာရေးကိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုေ လျာ့ကျစေတာဖြစ်တဲ့အတွက် ငိုသာငိုချလိုက်ပါလို့ အကြံပြုလိုက်ရပါတယ်။

၂။ ဝမ်းနည်းပူဆွေးမှုတွေကနေ သက်သာစေတယ်။

ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက်ယောက်၊ ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကို ဆုံးရှုံးသွားတဲ့အခါမှာ ငိုကြွေးလေ့ရှိကြပါတယ်။ ဒီလိုငိုကြွေးလိုက်ခြင်းအားဖြင့် ဝမ်နည်းပူဆွေးမှုတွေကို အနည်းနဲ့အများတော့ သက်သာသွားစေနိုင်ပါတယ်။ ငိုကြွေးခြင်းကို ထိန်းချုပ်ထားမှသာ ရေရှည်မှာ ဒုက္ခရောက်နိုင်မှာဖြစ်ပါတယ်။ ဒါေ့ကြာင့် ဝမ်းနည်းပူဆွေးမှုတွေကိုသက်သာစေဖို့ ငိုကြွေးခြင်းကို မဖြစ်မနေလုပ်ကြရမှာပါ။

၃။ ငိုကြွေးခြင်းဟာ ကျန်းမာခြင်းရဲ့အစပထမဦးဆုံးလက္ခဏာပဲ ဖြစ်ပါတယ်။

မွေးခါစကလေးလေးဟာ မိခင်ဝမ်းကကျွတ်တာနဲ့ ငိုကြွေးလေ့ရှိပါတယ်။ ဒီလိုငိုကြွေးတာဟာ အဆုတ် ကောင်းစွာအလုပ်လုပ်တယ်ဆိုတာကို ပြသနေပြီး တကယ်ကိုပဲ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ကလေးဟာ ငိုကြွေးခြင်းနဲ့စတင်ကာ ပြင်ပကမ္ဘာလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ငိုကြွေးခြင်းကို အသက်ရှင်သန်ခြင်းရဲ့အစအဖြစ် မှတ်ယူကြပါတယ်။

၄။ စိတ်ခံစားမှုကို ပြန်လည်ညီမျှစေတယ်။

ကျွန်တော်တို့ဟာ အရမ်းဝမ်းနည်းတဲ့အချိန်ကျမှ ငိုတာမဟုတ်ပါဘူး။ အရမ်းဝမ်းသာတဲ့အချိန်၊ အရမ်းဒေါသထွက်တဲ့အချိန်၊ အရမ်းစိတ်ဖိစီးမှုတွေများတဲ့အချိန်တွေမှာလည်း မျက်ရည်ကျတတ်ပါတယ်။ ဒါ့ကြောင့် ငိုကြွေးခြင်းဟာ ပြင်းထန်လွန်းတဲ့စိတ်အခြေအနေတွေကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးတဲ့အရာတစ်ခုလို့ သုတေသနပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

၅။ အထောက်အပံ့ကို ရရှိစေတယ်။

ကျွန်တော်တို့ဟာ ချစ်ခင်ရတဲ့သူတစ်ယောက်ယောက် ငိုကြွေးနေတဲ့အခါမှာ သူ့ကိုနှစ်သိမ့်ပေးဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါ့ကြောင့် ငိုကြွေးလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ခက်ခဲနေတဲ့အချိန်တွေမှာ ကိုယ့်အနားက လူတစ်ဦးဦးရဲ့ အားပေးနှစ်သိမ့်မှုကို ခံစားရမှာဖြစ်ပါတယ်။

၆။ စိတ်ကိုတတ်ကြွစေတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို လျော့ကျစေတဲ့အပြင် ငိုကြွေးခြင်း အထူးသဖြင့် ငိုရှိုက်ခြင်းဟာ စိတ်ကိုတတ်ကြွလန်းဆန်းစေပါတယ်။ ငိုရှိုက်လိုက်ခြင်းဟာ လက်ဆတ်တဲ့လေအေးကို ဆက်ကာ ဆက်ကာ ရှုသွင်းနေတာဖြစ်တာကြောင့် ဦးနှောက်ရဲ့အပူချိန်ကို ကျဆင်းစေပါတယ်။ ဦးနှောက်ရဲ့အပူချိန်ကျဆင်းသွားတဲ့အခါမှာ ပတ်ဝန်းကျင်ကအရာတွေကို ပိုပြီးကြည်လင်စွာ ရှုမြင်သုံးသပ်နိုင်မှာပါ။

၇။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကို သက်သာစေတယ်။

ကျွန်တော်တို့အားလုံးမှာ ငယ်ငယ်တုန်းက ရခဲ့ဖူးတဲ့အမာရွတ်လေးတွေ ရှိနေတတ်ပါတယ်။ ငယ်ငယ်ကတော့ ဒါဏ်ရာအနာတရဖြစ်တဲ့အခါမှာ အော်ငိုတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာ ဆိုရွားတဲ့အရာတစ်ခုခုဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ အကောင်းမွန်ဆုံးပုံစံနဲ့ တုံ့ပြန်တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကို ခံစားရတဲ့အချိန်မှာတော့ အကောင်းမွန်ဆုံး တုန့်ပြန်မှုဟာ ငိုကြွေးခြင်းပဲဖြစ်ပါတယ်။ ငိုကြွေးခြင်းဟာ နာကျင်မှုကိုပြေပျောက်စေလို့ပဲ ဖြစ်ပါတယ်။ အချိန်ကြာကြာ ငိုကြွေးလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်က Oxytocin နဲ့ Endorphins လို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်ရှိလာပါတယ်။ ဒီဟော်မုန်းတွေဟာ စိတ်ခံစားမှုကိုရော ရုပ်ပိုင်းဆိုင်ရာခံစားမှုဝေဒနာတွေကိုပါ လျော့ကျစေပါတယ်။

၈။ စိုးရိမ်ပူပန်မှုနဲ့ စိတ်အနှောက်အယှက်တွေကို ကင်းဝေးစေတယ်။

လေ့လာမှုတစ်ခုအရ ငိုကြွေးခြင်းဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်အနှောက်အယှက်ဖြစ်ခြင်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခံစားနေရတဲ့ ခံစားချက်တွေကိုလည်း ပိုမိုသက်သာစေပြီး ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။

၉။ သွေးဖိအားကို ကျဆင်းစေတယ်။

စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ဟော်မုန်းတွေဟာ နှလုံးခုန်နှုန်းကိုမြန်စေပြီး၊ မျက်စိသူငယ်အိမ်ကို ကျယ်စေကာ သွေးလွှတ်ကြောတွေကိုလည်း ညှစ်ထားလိုက်တဲ့အတွက် သွေဖိအားကို ပိုမိုမြင့်မားစေပါတယ်။ ငိုကြွေးလိုက်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေတာကြောင့် သွေးဖိအားကိုပါ လျော့ကျစေပါတယ်။

၁၀။ စိတ်ဖိအားတွေကို လျော့ကျစေတယ်။

ကျွန်တော်တို့အားလုံးမှာ စိတ်ဖိစီးမှုတွေရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင်တော့ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ ထိုင်းမှိုင်းစေပြီး စိတ်ကိုလည်း မကြည်မလင်ဖြစ်စေတဲ့ ဓာတ်တွေထွက်လာပါတယ်။ ဒီအချိန်မှာ ငိုကြွေးလိုက်မယ်ဆိုရင်တော့ ထိုင်းမှိုင်းပြီး စိတ်မကြည်လင်စေတဲ့ဓာတ်တွေဟာ မျက်ရည်နဲ့အတူ ထွက်ကျသွားတာကြောင့် ငိုပြီးသွားတဲ့အချိန်မှာ ပိုမိုပြီးသက်တောင့်သက်သာရှိစေပါတယ်။ ဒါကြောင့် နောက်တစ်ခါ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ ငိုကြွေးဖို့ရှက်မနေဘဲ စိတ်ဖိစီးမှုတွေကိုလျော့ကျစေဖို့ ငိုသာငိုလိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။

www.akhayar.com