[Zawgyi]

ဒီရာသီ ပရီးမီးယားလိဂ္မွာ အခြင့္အေရးေတြကုိ ျဖဳန္းတီးမႈ အမ်ားဆုံး ကစားသမားမ်ား အပုိင္း(၂)

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြက မုိင္တိုင္ (၁၂)ကုိ ေရာက္ရွိလာပါၿပီ။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္ သြင္းဂုိးအမ်ားဆုံးစာရင္းမွာ အဂြဲ႐ုိး Agüero (၈ဂုိး)၊ အူဘာမီယန္း Aubameyang နဲ႔ ဟာဇက္ Hazard (၇ဂုိးစီ)တို႔က ဦးေဆာင္ေနၾကတယ္။ သူတို႔ေတြက အၿပိဳင္အဆုိင္ ေျခစြမ္းျပဂုိးေတြ သြင္းေနေပမယ့္ ဒီကစားသမားေတြနဲ႔ ဆန္႔က်င္ဘက္ အခြင့္အေရးေတြ လဲြေခ်ာ္ေနတဲ့ ကစားသမားေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ပဲြစဥ္ (၁၂)အၿပီး ဂုိးသြင္းခြင့္ေတြ ျဖဳန္းတီးမႈအမ်ားဆုံး ကစားသမားေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ရပါတယ္။

5 Michail Antonio – 18 shots – West Ham

Michail-Antonio

Michail-Antonio

ၿပီးခဲ့တဲ့ရာသီေတြတုန္းက ၀က္စ္ဟမ္းအသင္းအတြက္ ဂုိးေတြသြင္းယူခဲ့တဲ့ အန္တိုနီယုိ Michail Antonio အတြက္ ဒီရာသီဟာ လာျခင္းမေကာင္းခဲ့ပါဘူး။ ေတာင္ပံ၊ တိုက္စစ္ေနရာေတြမွာ လုိသလုိ ကစားႏုိင္သူျဖစ္သလုိ အျမင့္ေဘာကစားတာမွာ ပုိင္ႏုိင္ကၽြမ္းက်င္သူ အန္တိုနီယုိဟာ အရည္အေသြးရွိေပမယ့္ ဂုိးေပါက္ေပ်ာက္ေနတာကေတာ့ စိတ္မေကာင္းစရာပါပဲ။

4 Christian Eriksen – 18 shots – Spurs

Christian-Eriksen

Christian-Eriksen

ဒီစာရင္းမွာ စပါးအသင္းရဲ႕ ကြင္းလယ္ဗိသုကာ အဲရစ္ဆင္ Christian Eriksen ဟာ အဆင့္(၄)ေနရာရွိေနတာက အံ့အားသင့္စရာေကာင္းေနတယ္။ Set-piece Specialist အဲရစ္ဆင္အေနနဲ႔ မၾကာခင္ ဂုိးေပါက္ျပန္ေတြ႕လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ရတာပါပဲ။

3 Nathan Redmond – 19 shots – Southampton

Nathan-Redmond

Nathan-Redmond

ေဆာက္သမ္တန္အသင္းရဲ႕ တိုက္စစ္မွာ အဓိက အားထားရတဲ့သူလုိ႔ သတ္မွတ္ရမယ့္ ရက္ဒ္မြန္း Nathan Redmond ဂုိးေပါက္ေပ်ာက္ေနတဲ့အတြက္ ေဆာက္သမ္တန္ ရလဒ္ဆုိးေနတာက သိပ္ေတာ့ အံ့ၾသစရာမဟုတ္ဘူး။ ရက္ဒ္မြန္းဟာ Finishing အရမ္းေကာင္းတဲ့သူ မဟုတ္ေပမယ့္ ဂုိးေပါက္ကန္သြငး္မႈ (၁၉)ႀကိမ္မွာ တစ္ဂုိးမွ မရတာကေတာ့ တိုက္စစ္ကစားသမားတစ္ဦးအတြက္ မျဖစ္သင့္ဘူးလုိ႔ပဲ ဆုိရမယ္။

2 Aaron Mooy – 19 shots – Huddersfield

Aaron-Mooy

Aaron-Mooy

ဟတ္ဒါဖီးလ္ကြင္းလယ္လူ အာရြန္မြိဳင္း Aaron Mooy က တိုက္စစ္ထက္ ဂုိးဖန္တီးဖုိ႔ကုိ ပုိအားသာတဲ့သူျဖစ္လုိ႔ သူ ဂုိးေပါက္ေပ်ာက္ေနတာကုိ အျပစ္ဆုိလုိ႔ေတာ့ မရပါဘူး။ ဟတ္ဒါဖီးလ္အသင္းရဲ႕ ပင္တိုင္ ပယ္နယ္တီကန္သြင္းတဲ့သူျဖစ္လုိ႔ လာမယ့္ပဲြေတြက်ရင္ အာရြန္မြိဳင္းအေနနဲ႔ ဂုိးေပါက္ျပန္ေတြ႕ဖုိ႔ေတာ့ ရွိပါတယ္။

1 Steve Mounie – 21 shots – Huddersfield

Steve-Mounie-

Steve-Mounie-

ဒီရာသီ ပရီးမီးယားလိဂ္မွာ ဟတ္ဒါဖီးလ္အသင္းက (၆)ဂုိးသာ သြင္းထားတဲ့အတြက္ သူတို႔အသင္းက ကစားသမားအမ်ားစု အခုစာရင္းမွာ ပါ၀င္လာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဟတ္ဒါဖီးလ္တိုက္စစ္မွာ အတိုင္းအတာတစ္ခုအထိ အားကုိးရတဲ့ မူနီး Steve Mounie ဟာ ဒီရာသီမွာေတာ့ ဆုိးဆုိးရြားရြားပဲ (၇)ပဲြကစားၿပီးတဲ့အခ်ိန္အထိ တစ္ဂုိးမွ မရေသးပါဘူး။

ဒီကစားသမားေတြကေတာ့ ပရီးမီးယားလိဂ္ ပဲြစဥ္(၁၂)အၿပီးအထိ ဂုိးေပါက္မေတြ႕ေသးတဲ့ ကစားသမားေတြျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ လာမယ့္ပဲြစဥ္ေတြက်ရင္ေတာ့ ဂုိးေပါက္ေပ်ာက္ေနတဲ့ မွတ္တမ္းဆုိးကုိ အဆုံးသတ္ႏုိင္ဖုိ႔ လုိအပ္ေနပါၿပီ . .

REF:dreamteamfc
Photo:dreamteamfc,SPORTbible,IBTimes UK
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေးတွေကို ဖြုန်းတီးမှု အများဆုံး ကစားသမားများ အပိုင်း(၂)

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက မိုင်တိုင် (၁၂)ကို ရောက်ရှိလာပါပြီ။ အခုလောလောဆယ် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးစာရင်းမှာ အဂွဲရိုး Agüero (၈ဂိုး)၊ အူဘာမီယန်း Aubameyang နဲ့ ဟာဇက် Hazard (၇ဂိုးစီ)တို့က ဦးဆောင်နေကြတယ်။ သူတို့တွေက အပြိုင်အဆိုင် ခြေစွမ်းပြဂိုးတွေ သွင်းနေပေမယ့် ဒီကစားသမားတွေနဲ့ ဆန့်ကျင်ဘက် အခွင့်အရေးတွေ လွဲချော်နေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီး ဂိုးသွင်းခွင့်တွေ ဖြုန်းတီးမှုအများဆုံး ကစားသမားတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ရပါတယ်။

5 Michail Antonio – 18 shots – West Ham

Michail-Antonio

Michail-Antonio

ပြီးခဲ့တဲ့ရာသီတွေတုန်းက ဝက်စ်ဟမ်းအသင်းအတွက် ဂိုးတွေသွင်းယူခဲ့တဲ့ အန်တိုနီယို Michail Antonio အတွက် ဒီရာသီဟာ လာခြင်းမကောင်းခဲ့ပါဘူး။ တောင်ပံ၊ တိုက်စစ်နေရာတွေမှာ လိုသလို ကစားနိုင်သူဖြစ်သလို အမြင့်ဘောကစားတာမှာ ပိုင်နိုင်ကျွမ်းကျင်သူ အန်တိုနီယိုဟာ အရည်အသွေးရှိပေမယ့် ဂိုးပေါက်ပျောက်နေတာကတော့ စိတ်မကောင်းစရာပါပဲ။

4 Christian Eriksen – 18 shots – Spurs

Christian-Eriksen

Christian-Eriksen

ဒီစာရင်းမှာ စပါးအသင်းရဲ့ ကွင်းလယ်ဗိသုကာ အဲရစ်ဆင် Christian Eriksen ဟာ အဆင့်(၄)နေရာရှိနေတာက အံ့အားသင့်စရာကောင်းနေတယ်။ Set-piece Specialist အဲရစ်ဆင်အနေနဲ့ မကြာခင် ဂိုးပေါက်ပြန်တွေ့လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။

3 Nathan Redmond – 19 shots – Southampton

Nathan-Redmond

Nathan-Redmond

ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှာ အဓိက အားထားရတဲ့သူလို့ သတ်မှတ်ရမယ့် ရက်ဒ်မွန်း Nathan Redmond ဂိုးပေါက်ပျောက်နေတဲ့အတွက် ဆောက်သမ်တန် ရလဒ်ဆိုးနေတာက သိပ်တော့ အံ့သြစရာမဟုတ်ဘူး။ ရက်ဒ်မွန်းဟာ Finishing အရမ်းကောင်းတဲ့သူ မဟုတ်ပေမယ့် ဂိုးပေါက်ကန်သွင်းမှု (၁၉)ကြိမ်မှာ တစ်ဂိုးမှ မရတာကတော့ တိုက်စစ်ကစားသမားတစ်ဦးအတွက် မဖြစ်သင့်ဘူးလို့ပဲ ဆိုရမယ်။

2 Aaron Mooy – 19 shots – Huddersfield

Aaron-Mooy

Aaron-Mooy

ဟတ်ဒါဖီးလ်ကွင်းလယ်လူ အာရွန်မွိုင်း Aaron Mooy က တိုက်စစ်ထက် ဂိုးဖန်တီးဖို့ကို ပိုအားသာတဲ့သူဖြစ်လို့ သူ ဂိုးပေါက်ပျောက်နေတာကို အပြစ်ဆိုလို့တော့ မရပါဘူး။ ဟတ်ဒါဖီးလ်အသင်းရဲ့ ပင်တိုင် ပယ်နယ်တီကန်သွင်းတဲ့သူဖြစ်လို့ လာမယ့်ပွဲတွေကျရင် အာရွန်မွိုင်းအနေနဲ့ ဂိုးပေါက်ပြန်တွေ့ဖို့တော့ ရှိပါတယ်။

1 Steve Mounie – 21 shots – Huddersfield

Steve-Mounie-

Steve-Mounie-

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟတ်ဒါဖီးလ်အသင်းက (၆)ဂိုးသာ သွင်းထားတဲ့အတွက် သူတို့အသင်းက ကစားသမားအများစု အခုစာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဟတ်ဒါဖီးလ်တိုက်စစ်မှာ အတိုင်းအတာတစ်ခုအထိ အားကိုးရတဲ့ မူနီး Steve Mounie ဟာ ဒီရာသီမှာတော့ ဆိုးဆိုးရွားရွားပဲ (၇)ပွဲကစားပြီးတဲ့အချိန်အထိ တစ်ဂိုးမှ မရသေးပါဘူး။

ဒီကစားသမားတွေကတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)အပြီးအထိ ဂိုးပေါက်မတွေ့သေးတဲ့ ကစားသမားတွေဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ လာမယ့်ပွဲစဉ်တွေကျရင်တော့ ဂိုးပေါက်ပျောက်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေပါပြီ . .

REF:dreamteamfc
Photo:dreamteamfc,SPORTbible,IBTimes UK
Naing Linn(Akhayar)
www.akhayar.com