[Zawgyi]

YouTube မွာ တစ္သက္တာ လူၾကည့္အမ်ားဆံုး ဗြီဒီယို (၁၀) ခုကို သိၾကျပီလား

YouTube ဆုိတာ ၾကည္႔သူေတြအတြက္ စိတ္အပန္းေျပစရာ၊ ပညာရစရာေတြ စုစည္းေနသလို YouTuber ေတြအတြက္လည္း ပို္္က္ဆံရွာစရာေနရာၾကီး တစ္ခုျဖစ္ေနတာ ၾကာပါျပီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

YouTube ကို ၂၀၀၅ ခုႏွစ္မွာ စတင္ဖန္တီးခဲ့ျပီး ပထမဆံုး တင္ခဲ့တဲ့ ဗြီဒီယုိကေတာ့ “Me at the zoo” ဆိုတဲ့ ဗီြဒီယိုျဖစ္ျပီး ဧျပီလ ၂၃ ရက္ ၂၀၀၅ ခုႏွစ္မွာ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိ္န္ကစျပီး သံုးစြဲသူ တျဖည္းျဖည္းတိုးပြားလာလိုက္တာ အခုဆိုရင္ YouTube Account ေပါင္း ၁.၃ ဘီလီယံေလာက္ ေဆာက္ထားျပီးၾကပါျပီ။

၂၀၁၈ ခုႏွစ္ကို ေရာက္လာတဲ့အခါမွာ တစ္ေန႔ကို ဗြီဒီယိုေပါင္း ၅ ဘီလီယံေလာက္ကို ၾကည့္ရႈေနၾကျပီး တင္တဲ့သူေတြဟာလည္း မိနစ္တုိင္းကို ဗြီဒီယုိေတြ နာရီ ၃၀၀ စာေလာက္ တင္ေနခဲ့တာပါ။

ဒါဆုိရင္ YouTube မွာ အၾကည့္အမ်ားဆံုး Video ေတြက ဘယ္လို အေၾကာင္းအရာေတြမ်ား ျဖစ္ႏုိင္ပါသလဲ၊ ဟုတ္ပါတယ္၊ သီခ်င္းဗြီဒီယိုေတြပါ..YouTube ရဲ့ ၄.၃% ေသာ အျခင္းအရာေတြဟာ ဂီတသီးသန္႔ျဖစ္ပါတယ္။ ဒါေၾကာင့္ YouTube ရဲ့ လူၾကည့္အမ်ားဆံုး ဗြီဒီယုိ ၁၀ ခုဟာ ဂီတဗြီဒီယုိေတြ ျဖစ္ေနတာ ထူးျပီး အံ့ၾသစရာမရွိေတာ့ပါဘူး။ ကဲ ဘယ္ဗြီဒီယုိေတြက ဦးေဆာင္ေနလဲ တစ္ခ်က္ေလာက္ ၾကည့္လိုက္ရေအာင္။

Despacito – Luis Fonsi ft. Daddy Yankee

Despacito ကေတာ့ Gangnam Style ကို ေက်ာ္ျဖတ္ျပီး ထိပ္ကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ Despacito ရဲ့ အဓိပၸာယ္က အဂၤလိပ္လိုွ Slowly ျဖစ္ျပီး ပြာတိုရီကန္ အဆုိေတာ္ Luis Fonsi နဲ႔ ပြာတိုရီကန္ Rapper Daddy Yankee က သီဆိုထားတာပါ။ ဒီသီခ်င္းဟာ ႏုိင္ငံေပါင္း (၄၇)ႏုိင္ငံရဲ့ ထိပ္တန္းစာရင္းမွာ ရပ္တည္ခဲ့ျပီး Justin Bieber နဲ႔ပါ Remix Version ထြက္ခဲ့တဲ့အတြက္ ပုိျပီးေတာ့ ေအာင္ျမင္ခဲ့တယ္လို႔လည္း ယူဆရပါတယ္။ အခုဆိုရင္ ဒီဗြီဒီယိုဟာ ၾကည့္ရႈသူ( ၅)ဘီလီယံေက်ာ္ရွိေနျပီး YouTube ရဲ့ တသက္တာ အၾကည့္မ်ားဆံုး နံပါတ္ ၁ ေနရာကို ရယူထားႏုိင္ခဲ့ပါတယ္။

See You Again – Wiz Khalifa ft. Charlie Puth

“It’s been a long day without you, my friend” ဆိုတဲ့ သီခ်င္းေလးဟာ အရင္က YouTube နံပါတ္(၁)ေနရာကို Gangnam Style ကို ေက်ာ္ျဖတ္ျပီး ေရာက္ရွိခဲ့ဖူးပါတယ္။ “See You Again” ရဲံ ေအာင္ျမင္မႈဟာ Furious 7 ရဲ့ ေအာင္ျမင္မႈနဲ႔ ဆက္စပ္ေနျပီး Paul Walker ရဲ့ ေသဆံုးမႈနဲ႔လည္း ဆက္စပ္ေနပါတယ္။ ဒီသီခ်င္းဟာ သီဆိုတဲ့ အဆုိရွင္ Wiz Khalifa နဲ႔ Charlie Puth အတြက္ပါ အေအာင္ျမင္ဆံုးသီခ်င္းျဖစ္ျပီး US Billboard 100 မွာ (၁၂) ပတ္ၾကာထိပ္တန္းအဆင့္နဲ႔ ရပ္တည္ခဲ့တာပါ။ See You Again ကေတာ့ ၃.၅ ဘီလီယံ Views ရရွိထားပါတယ္။

Shape of You – Ed Sheeran

၂၀၁၇ ခုႏွစ္ဟာ Ed Sheeran ရဲ့ ႏွစ္ပါပဲ၊ Shape of You ကို ဇန္နဝါရီ ၆ ရက္ ၂၀၁၇ ခုႏွစ္မွာ ထုတ္လႊင့္ခဲ့ပါတယ္။ ဒီသီခ်င္းဟာ အၾကိမ္(၆၀) ေျမာက္ Grammy ဆုေပးပြဲမွာလည္း Best Pop Solo Performance အတြက္ ဆန္ကာတင္ေရြးခ်ယ္ျခင္းခံရပါေသးတယ္။ဇန္နဝါရီလ (၃၀) မွာ ဂီတဗြီဒီယုိတင္လိုက္တဲ့အခါမွာေတာ့ ခဏအတြင္းမွာပဲ ၁ ဘီလီယံ Views ရခဲ့တဲ့ ဗြီဒီယုိပါပဲ။ Shape of You ဟာ အခုဆိုရင္ ၃.၄ ဘီလီယံ Views ရွိေနပါျပီ။

Gangnam Style – Psy

Gangnam Style ကေတာ့ သိပ္အမ်ားၾကီးညႊန္းစရာမလိုဘဲ Trend တစ္ခုျဖစ္ေအာင္ထိ ေပါက္သြားတာပါ။ ဒီဗြီဒီယိုကိုေတာ့ ဇူလိုင္ ၁၅၊ ၂၀၁၂ ခုႏွစ္မွာ YouTube တင္ခဲ့ျပီး Justin Bieber ရဲ့ သီခ်င္းေတြကိုေတာင္ ေက်ာ္ျဖတ္ျပီး YouTube မွာ နံပါတ္တစ္ခ်ိိတ္ခဲ့တာပါ။ နံပါတ္တစ္ေနရာမွာ ရက္ေပါင္း ၁,၆၈၉ ရက္ၾကာျပီးမွ ဆင္းေပးခဲ့ရတာ ျဖစ္ပါတယ္။ အခုေတာ့ ဒီဗြီဒီယိုဟာ ၾကည့္ရႈမႈအၾကိမ္ေရ ၃.၁ ဘီိလီယံထိရွိေနျပီ ျဖစ္ပါတယ္။

UpTown Funk – Mark Ronson ft. Bruno Mars

UpTown Funk ကေတာ့ Mark Ronson နဲ႔ Bruno Mars တြဲလုပ္ထားတဲ့ သီခ်င္းပါ။ US Billboard 100 မွာ နံပါတ္ (၁) အေနနဲ႔ (၁၄) ပတ္ဆက္တုိက္ ရပ္တည္ခဲ့တဲ့ သီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းဟာ Record of the Year အပါအဝင္ Grammy ဆု (၂) ဆု ရရွိခဲ့ပါတယ္။ ခုခ်ိန္ထိ ၾကည့္ရႈမႈအၾကိမေ္ရ (၃)ဘီလီယံရွိျပီး ထိပ္တန္း ဗြီဒီယိုတစ္ခုအေနနဲ႔ ရပ္တည္ေနပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Sorry – Justin Bieber

YouTube ရဲ့ ၾကည့္ရႈသူအမ်ားဆံုး ဗြီဒီယိုေတြထဲမွာ Justin Bieber ရဲ့ ဗြီဒီယုိေတြကေတာ့ မပါလို႔ ဘယ္ျဖစ္မလဲေနာ့္။ Sorry သီခ်င္းဟာေတာ့ သူ႔ရဲ့ စတုတၳေျမာက္အယ္လ္ဘမ္ Purpose ထဲက သီခ်င္းျဖစ္ျပီး ၂၀၁၅ ခုႏွစ္ ေအာက္တုိဘာလ ၂၃ ရက္ေန႔မွာ ထြက္ရွိခဲ့ပါတယ္။

ဒီသီခ်င္းကို နယူးဇီလန္ အကနည္းျပ Parris Goebel နဲ႔ နယူးဇီလန္အကအဖြဲ႔ ReQuest Dance Crew နဲ႔ ရိုက္ကူးခဲ့ျပီး အစက Lyric Video အေနနဲ႔ ရည္ရြယ္ခဲ့ေပမယ့္ ေနာက္ပို္င္းမွာေတာ့ ေပါက္လြန္းလို႔ Official Video ျဖစ္သြားခဲ့တာပါ။ ၂.၉ ဘီလီယံ Views ရွိျပီး အဆင့္ (၆) ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။

Masha and the Bear : Recipe for Disaster – Get Movies

ဒီစာရင္းမွာပါဝင္တဲ့ တစ္ခုတည္းေသာ Music Video မဟုတ္တဲ့အျပင္ Official Video တစ္ခုလည္း မဟုတ္ဘဲ ၾကည့္သူမ်ားတဲ့ ဗြီဒီယုိပါ။ ရွရွားဘာသာစကားနဲ႔ ျဖစ္ျပီး Russian Animated TV Series လည္း ျဖစ္ပါတယ္။ သူ႔ရ့ဲ Episode တစ္ခုျဖစ္တဲ့ “Recipe of Disaster” ဟာ Episode No. 17 ျဖစ္ျပီး ၾကည့္ရႈတဲ့ အၾကိမ္ေရ ၂.၉ ဘီလီယံထိရွိေနပါတယ္။

Sugar – Maroon 5

Sugar ကေတာ့ Maroon 5 ေတြရဲ့ ပဥၥမေျမာက္ Album “V” ထဲမွာ ပါဝင္တဲ့ သီခ်င္းျဖစ္ပါတယ္။ ဒီဗြီဒီယိုထဲမွာ Maroon 5 ဟာ မဂၤလာေဆာင္ေတြကုိ ရုတ္တရက္ဝင္ေရာက္ေဖ်ာ္ေျဖတဲ့ ပံုေတြနဲ႔ ရိုက္ကူးထားတာ ျဖစ္ပါတယ္။ မဂၤလာေဆာင္ေတြကို ရုတ္တရက္ဝင္ေရာက္ေဖ်ာ္ေျဖတာဟာ အစစ္ျဖစ္ျပီး မရုိက္ကူးခင္မွာ Band တစ္ခုဝင္ေရာက္ေဖ်ာ္ေျဖမယ္လို႔ ၾကိဳတင္သတိေပးခ်က္ပို႔ခဲ့ေပမယ့္ ဘယ္သူကမွ Maroon 5 လို႔ မထင္ခဲ့ၾကပါဘူး။ ဒီလိုလုပ္ဖို႔အတြက္ Production Team ဟာ ေလာ့စ္အိန္ဂ်လိစ္က Wedding Planner ေတြနဲ႔ သင့္ေတာ္တဲ့ မဂၤလာေဆာင္ေတြကို ရွာေဖြခဲ့ရတာ ျဖစ္ပါတယ္။ View ကေတာ့ အခုထိ ၂.၅ ဘီလီယံရွိပါျပီ။

Shake It Off – Taylor Swift

Shake It Off ဟာ Taylor ရဲ့ “1989” အယ္လ္ဘမ္ထဲက သီခ်င္းျဖစ္ျပီး Billboard ရဲ့ Hot 100 Song ထဲမွာ ရက္သတၱပတ္ (၅၀)တိတိ ဆက္တိုက္ရပ္တည္ႏုိင္ခဲ့ပါတယ္။ ဒီ Video မွာ အကပံုစံမ်ိဳးစံုသံုးထားျပီး Hip-hop ၊ Lyrical ၊ Ballet ၊ Jazz ၊ Cheerleader နဲ႔ Twerking တို႔အထိပါပါတယ္။ ဒီဗြီဒီယိုဟာ ၾကည့္ရႈမႈအၾကိမ္ေရ ၂.၅ ဘီလီယံရွိျပီ ျဖစ္ျပီး အမ်ိဳးသမီးအႏုပညာရွင္တစ္ေယာက္ရဲ့ လူၾကည့္အမ်ားဆံုးဗြီဒီယိုလည္း ျဖစ္ခဲ့ပါတယ္။

Bailando – Enrique Iglesias ft. Descemer Bueno and Gente De Zona

Bailando ကေတာ့ Enrique ရဲ့ ဆယ္ေခြေျမာက္ “Sex and Love” ထဲမွာ ပါတဲ့ သိီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းကို Version မ်ိဳးစံု ဖန္တီးခဲ့ျပီး Music Video ကေတာ့ ၂.၄ ဘီလီယံ Views ထိ ေရာက္ရွိခဲ့တဲ့အတြြက္ အဆင့္ (၁၀) ေနရာမွာ ရပ္တည္နုိင္ခဲ့တာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.influencermarketinghub.com

[Unicode]

YouTube မှာ တစ်သက်တာ လူကြည့်အများဆုံး ဗွီဒီယို (၁၀) ခုကို သိကြပြီလား

YouTube ဆိုတာ ကြည့်သူတွေအတွက် စိတ်အပန်းပြေစရာ၊ ပညာရစရာတွေ စုစည်းနေသလို YouTuber တွေအတွက်လည်း ပို်က်ဆံရှာစရာနေရာကြီး တစ်ခုဖြစ်နေတာ ကြာပါပြီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

YouTube ကို ၂၀၀၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့ပြီး ပထမဆုံး တင်ခဲ့တဲ့ ဗွီဒီယိုကတော့ “Me at the zoo” ဆိုတဲ့ ဗွီဒီယိုဖြစ်ပြီး ဧပြီလ ၂၃ ရက် ၂၀၀၅ ခုနှစ်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး သုံးစွဲသူ တဖြည်းဖြည်းတိုးပွားလာလိုက်တာ အခုဆိုရင် YouTube Account ပေါင်း ၁.၃ ဘီလီယံလောက် ဆောက်ထားပြီးကြပါပြီ။

၂၀၁၈ ခုနှစ်ကို ရောက်လာတဲ့အခါမှာ တစ်နေ့ကို ဗွီဒီယိုပေါင်း ၅ ဘီလီယံလောက်ကို ကြည့်ရှုနေကြပြီး တင်တဲ့သူတွေဟာလည်း မိနစ်တိုင်းကို ဗွီဒီယိုတွေ နာရီ ၃၀၀ စာလောက် တင်နေခဲ့တာပါ။

ဒါဆိုရင် YouTube မှာ အကြည့်အများဆုံး Video တွေက ဘယ်လို အကြောင်းအရာတွေများ ဖြစ်နိုင်ပါသလဲ၊ ဟုတ်ပါတယ်၊ သီချင်းဗွီဒီယိုတွေပါ..YouTube ရဲ့ ၄.၃% သော အခြင်းအရာတွေဟာ ဂီတသီးသန့်ဖြစ်ပါတယ်။ ဒါကြောင့် YouTube ရဲ့ လူကြည့်အများဆုံး ဗွီဒီယို ၁၀ ခုဟာ ဂီတဗွီဒီယိုတွေ ဖြစ်နေတာ ထူးပြီး အံ့သြစရာမရှိတော့ပါဘူး။ ကဲ ဘယ်ဗွီဒီယိုတွေက ဦးဆောင်နေလဲ တစ်ချက်လောက် ကြည့်လိုက်ရအောင်။

Despacito – Luis Fonsi ft. Daddy Yankee

Despacito ကတော့ Gangnam Style ကို ကျော်ဖြတ်ပြီး ထိပ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ Despacito ရဲ့ အဓိပ္ပာယ်က အင်္ဂလိပ်လိုှ Slowly ဖြစ်ပြီး ပွာတိုရီကန် အဆိုတော် Luis Fonsi နဲ့ ပွာတိုရီကန် Rapper Daddy Yankee က သီဆိုထားတာပါ။ ဒီသီချင်းဟာ နိုင်ငံပေါင်း (၄၇)နိုင်ငံရဲ့ ထိပ်တန်းစာရင်းမှာ ရပ်တည်ခဲ့ပြီး Justin Bieber နဲ့ပါ Remix Version ထွက်ခဲ့တဲ့အတွက် ပိုပြီးတော့ အောင်မြင်ခဲ့တယ်လို့လည်း ယူဆရပါတယ်။ အခုဆိုရင် ဒီဗွီဒီယိုဟာ ကြည့်ရှုသူ( ၅)ဘီလီယံကျော်ရှိနေပြီး YouTube ရဲ့ တသက်တာ အကြည့်များဆုံး နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့ပါတယ်။

See You Again – Wiz Khalifa ft. Charlie Puth

“It’s been a long day without you, my friend” ဆိုတဲ့ သီချင်းလေးဟာ အရင်က YouTube နံပါတ်(၁)နေရာကို Gangnam Style ကို ကျော်ဖြတ်ပြီး ရောက်ရှိခဲ့ဖူးပါတယ်။ “See You Again” ရဲံ အောင်မြင်မှုဟာ Furious 7 ရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေပြီး Paul Walker ရဲ့ သေဆုံးမှုနဲ့လည်း ဆက်စပ်နေပါတယ်။ ဒီသီချင်းဟာ သီဆိုတဲ့ အဆိုရှင် Wiz Khalifa နဲ့ Charlie Puth အတွက်ပါ အအောင်မြင်ဆုံးသီချင်းဖြစ်ပြီး US Billboard 100 မှာ (၁၂) ပတ်ကြာထိပ်တန်းအဆင့်နဲ့ ရပ်တည်ခဲ့တာပါ။ See You Again ကတော့ ၃.၅ ဘီလီယံ Views ရရှိထားပါတယ်။

Shape of You – Ed Sheeran

၂၀၁၇ ခုနှစ်ဟာ Ed Sheeran ရဲ့ နှစ်ပါပဲ၊ Shape of You ကို ဇန်နဝါရီ ၆ ရက် ၂၀၁၇ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီသီချင်းဟာ အကြိမ်(၆၀) မြောက် Grammy ဆုပေးပွဲမှာလည်း Best Pop Solo Performance အတွက် ဆန်ကာတင်ရွေးချယ်ခြင်းခံရပါသေးတယ်။ဇန်နဝါရီလ (၃၀) မှာ ဂီတဗွီဒီယိုတင်လိုက်တဲ့အခါမှာတော့ ခဏအတွင်းမှာပဲ ၁ ဘီလီယံ Views ရခဲ့တဲ့ ဗွီဒီယိုပါပဲ။ Shape of You ဟာ အခုဆိုရင် ၃.၄ ဘီလီယံ Views ရှိနေပါပြီ။

Gangnam Style – Psy

Gangnam Style ကတော့ သိပ်အများကြီးညွှန်းစရာမလိုဘဲ Trend တစ်ခုဖြစ်အောင်ထိ ပေါက်သွားတာပါ။ ဒီဗွီဒီယိုကိုတော့ ဇူလိုင် ၁၅၊ ၂၀၁၂ ခုနှစ်မှာ YouTube တင်ခဲ့ပြီး Justin Bieber ရဲ့ သီချင်းတွေကိုတောင် ကျော်ဖြတ်ပြီး YouTube မှာ နံပါတ်တစ်ချိတ်ခဲ့တာပါ။ နံပါတ်တစ်နေရာမှာ ရက်ပေါင်း ၁,၆၈၉ ရက်ကြာပြီးမှ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ဒီဗွီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၃.၁ ဘီလီယံထိရှိနေပြီ ဖြစ်ပါတယ်။

UpTown Funk – Mark Ronson ft. Bruno Mars

UpTown Funk ကတော့ Mark Ronson နဲ့ Bruno Mars တွဲလုပ်ထားတဲ့ သီချင်းပါ။ US Billboard 100 မှာ နံပါတ် (၁) အနေနဲ့ (၁၄) ပတ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းဟာ Record of the Year အပါအဝင် Grammy ဆု (၂) ဆု ရရှိခဲ့ပါတယ်။ ခုချိန်ထိ ကြည့်ရှုမှုအကြိမေ်ရ (၃)ဘီလီယံရှိပြီး ထိပ်တန်း ဗွီဒီယိုတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Sorry – Justin Bieber

YouTube ရဲ့ ကြည့်ရှုသူအများဆုံး ဗွီဒီယိုတွေထဲမှာ Justin Bieber ရဲ့ ဗွီဒီယိုတွေကတော့ မပါလို့ ဘယ်ဖြစ်မလဲနော့်။ Sorry သီချင်းဟာတော့ သူ့ရဲ့ စတုတ္ထမြောက်အယ်လ်ဘမ် Purpose ထဲက သီချင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။

ဒီသီချင်းကို နယူးဇီလန် အကနည်းပြ Parris Goebel နဲ့ နယူးဇီလန်အကအဖွဲ့ ReQuest Dance Crew နဲ့ ရိုက်ကူးခဲ့ပြီး အစက Lyric Video အနေနဲ့ ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပေါက်လွန်းလို့ Official Video ဖြစ်သွားခဲ့တာပါ။ ၂.၉ ဘီလီယံ Views ရှိပြီး အဆင့် (၆) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Masha and the Bear : Recipe for Disaster – Get Movies

ဒီစာရင်းမှာပါဝင်တဲ့ တစ်ခုတည်းသော Music Video မဟုတ်တဲ့အပြင် Official Video တစ်ခုလည်း မဟုတ်ဘဲ ကြည့်သူများတဲ့ ဗွီဒီယိုပါ။ ရှရှားဘာသာစကားနဲ့ ဖြစ်ပြီး Russian Animated TV Series လည်း ဖြစ်ပါတယ်။ သူ့ရဲ့ Episode တစ်ခုဖြစ်တဲ့ “Recipe of Disaster” ဟာ Episode No. 17 ဖြစ်ပြီး ကြည့်ရှုတဲ့ အကြိမ်ရေ ၂.၉ ဘီလီယံထိရှိနေပါတယ်။

Sugar – Maroon 5

Sugar ကတော့ Maroon 5 တွေရဲ့ ပဉ္စမမြောက် Album “V” ထဲမှာ ပါဝင်တဲ့ သီချင်းဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲမှာ Maroon 5 ဟာ မင်္ဂလာဆောင်တွေကို ရုတ်တရက်ဝင်ရောက်ဖျော်ဖြေတဲ့ ပုံတွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်တွေကို ရုတ်တရက်ဝင်ရောက်ဖျော်ဖြေတာဟာ အစစ်ဖြစ်ပြီး မရိုက်ကူးခင်မှာ Band တစ်ခုဝင်ရောက်ဖျော်ဖြေမယ်လို့ ကြိုတင်သတိပေးချက်ပို့ခဲ့ပေမယ့် ဘယ်သူကမှ Maroon 5 လို့ မထင်ခဲ့ကြပါဘူး။ ဒီလိုလုပ်ဖို့အတွက် Production Team ဟာ လော့စ်အိန်ဂျလိစ်က Wedding Planner တွေနဲ့ သင့်တော်တဲ့ မင်္ဂလာဆောင်တွေကို ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။ View ကတော့ အခုထိ ၂.၅ ဘီလီယံရှိပါပြီ။

Shake It Off – Taylor Swift

Shake It Off ဟာ Taylor ရဲ့ “1989” အယ်လ်ဘမ်ထဲက သီချင်းဖြစ်ပြီး Billboard ရဲ့ Hot 100 Song ထဲမှာ ရက်သတ္တပတ် (၅၀)တိတိ ဆက်တိုက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီ Video မှာ အကပုံစံမျိုးစုံသုံးထားပြီး Hip-hop ၊ Lyrical ၊ Ballet ၊ Jazz ၊ Cheerleader နဲ့ Twerking တို့အထိပါပါတယ်။ ဒီဗွီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၂.၅ ဘီလီယံရှိပြီ ဖြစ်ပြီး အမျိုးသမီးအနုပညာရှင်တစ်ယောက်ရဲ့ လူကြည့်အများဆုံးဗွီဒီယိုလည်း ဖြစ်ခဲ့ပါတယ်။

Bailando – Enrique Iglesias ft. Descemer Bueno and Gente De Zona

Bailando ကတော့ Enrique ရဲ့ ဆယ်ခွေမြောက် “Sex and Love” ထဲမှာ ပါတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို Version မျိုးစုံ ဖန်တီးခဲ့ပြီး Music Video ကတော့ ၂.၄ ဘီလီယံ Views ထိ ရောက်ရှိခဲ့တဲ့အတွက် အဆင့် (၁၀) နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.influencermarketinghub.com