[Zawgyi]
10-MAN SHORTLIST
Houssem Aouar – Lyon – 20
Kylian Mbappe – PSG – 19
Rodrygo – Santos – 17
REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com
[Unicode]
ယူ-၂၁ Ballon d’Or ဆု ဆန်ခါတင် (၁၀)ဦးစာရင်း ထွက်ပေါ်လာပြီ
နာမည်ကြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဒီနှစ်မှာ ပထမဆုံးအကြိမ် စတင်ချီးမြှင့်မယ့် ယူ-၂၁ Ballon d’Or ဆုအတွက် ဆန်ခါတင်(၁၀)ဦးကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက Ballon d’Or ဆုအပြင် ယူ-၂၁ Ballon d’Or ဆု၊ ဥရောပအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုတွေကို ဒီနှစ်ကစတင် ချီးမြှင့်သွားမှာပါ။ ယူ-၂၁ Ballon d’Or ဆုကို Trophee Kopa လို့လည်း နာမည်သတ်မှတ်ပြီး  Ballon d’Or ဆုကို ၁၉၅၈မှာ ဆွတ်ခူးခဲ့တဲ့ ပထမဆုံး ပြင်သစ်ကစားသမား ရေမွန်ကိုပါ Raymond Kopa ကို ဂုဏ်ပြုတဲ့အနေနဲ့ Trophee Kopa လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
shortlist-for-first-ever-U21-Ballon-dOr
shortlist-for-first-ever-U21-Ballon-dOr
ဒီဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်းမှာ လက်ရှိ ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်တွေဖြစ်တဲ့ ဘာပေ Mbappe ၊ အလက်ဇန္ဒားအာနိုးလ် Alexander-Arnold ၊ ဂျက်စတင်ကလွိုက်ဗတ် Justin Kluivert ၊ ပူလီရှစ် Pulisic စသူတို့ ပါဝင်ခဲ့ကြပြီး PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေက ဒီဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေပါပြီ။ ယူ-၂၁ Ballon d’Or ဆု ချီးမြှင့်ရေး ဒိုင်လူကြီးအဖွဲ့မှာတော့ ၁၉၅၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ Ballon d’Or ဆု ဆွတ်ခူးခဲ့ကြသူတွေ အားလုံး ပါဝင်ခဲ့ကြပြီး အဲဒီထဲမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့လည်း ပါဝင်ခဲ့ကြတယ်။ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ(၃)ရက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ ပထမဆုံး ယူ-၂၁ Ballon d’Or ဆုကို ဘယ်သူ ရရှိသွားမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . .
10-man-shortlist-for-first-ever-U21-Ballon-dOr
10-man-shortlist-for-first-ever-U21-Ballon-dOr
10-MAN SHORTLIST
Houssem Aouar – Lyon – 20
Trent Alexander-Arnold – Liverpool – 20
Patrick Cutrone – AC Milan – 20
Ritsu Doan – FC Groningen – 20
Gianluigi Donnarumma – AC Milan – 19
Amadou Haidara – RB Salzburg – 20
Justin Kluivert – Roma – 19
Kylian Mbappe – PSG – 19
Christian Pulisic – Borussia Dortmund – 20
Rodrygo – Santos – 17
REF:Daily Mail
Photo:365 Football,FootyRoom,dailymail
Naing Linn(Akhayar)
www.akhayar.com