[Zawgyi]

ဗုဒၶဘာသာကို စိတ္ဝင္တစားေလ့လာေနၾကတဲ့ ေဟာလီးဝုဒ္နာမည္ေက်ာ္အႏုပညာရွင္မ်ား

ေဟာလီးဝုဒ္အႏုပညာရွင္ေလာကမွာ သရုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားဟာ ခရစ္ယာန္ဘာသာဝင္ေတြ ျဖစ္ၾကေပမယ့္ တျခားဘာသာေတြျဖစ္တဲ့ အစၥလာမ္၊ ဟိႏၵဴ နဲ႔ ဂ်ဴးဘာသာဝင္ေတြလည္း ရွိၾကပါတယ္။ ဒါတင္မဟုတ္ဘဲ Tom Cruise တို႔လိုမ်ိဳး ထူးထူးျခားျခား Scientology လို႔ ေခၚတဲ့ ဘာသာကို ေလ့လာေနသူအနည္းစုလည္း ရွိသလို ဗုဒၶရဲ႕ အယူဝါဒကို စိတ္ဝင္စားေလ့လာေနၾကတဲ့ နာမည္ၾကီး ဒိတ္ဒိတ္ၾကဲ အႏုပညာရွင္ေတြကိုလည္း ခုလို ေတြ႔ရႏုိင္ပါတယ္။

၁) Angelina Jolie

Angelina Jolie

Angelina Jolie

Jolie ရဲ႕ ဗုဒၶဘာသာအေပၚ အျမင္ေတြ၊ စိတ္ဝင္စားမႈေတြဟာ သူ႔ရဲ႕ ကေမၻာဒီးယားႏုိင္ငံကေန ေမြးစားလုိက္တဲ့ သားေလး Maddox အေပၚ အေၾကာင္းခံပါတယ္။ ကေမၻာဒီးယားသားေလး Maddox ကို ေမြးစားျပီးတာနဲ႔ သူဟာ ခမာဘာသာစကားနဲ႔ ေရးထားတဲ့ ဗုဒၶဆုေတာင္းစာတစ္ခုကုိေတာင္ တက္တူးထိုးခဲ့ပါေသးတယ္။ သူဟာ ဗုဒၶဘုရားကို ကုိးကြယ္သလို မဟုတ္ေပမယ့္ သူ႔ရဲ႕မိသားစုမွာေတာ့ ဗုဒၶဘာသာဟာ အေရးၾကီးတဲ့ အစိတ္အပုိင္းတစ္ခုျဖစ္ေနပါတယ္။

၂) Brad Pitt

Brad Pitt

Brad Pitt ဟာလည္း Maddox အေၾကာင္းျပဳျပီး ဗုဒၶဘာသာကုိ စိတ္ဝင္စားလာရတာပါပဲ။ သူနဲ႔ Jolie ဟာ ကေမာၻဒီးယားသားငယ္ Maddox ကို ေမြးစားျပီးတည္းက ဗုဒၶဘာသာဘုရားေက်ာင္းေစတီေတြကို မၾကာခဏသြားလည္ခဲ့ၾကပါတယ္။ သားေလး Maddox ကိုလည္း အိမ္မွာ ဗုဒၶအဆံုးအမေတြနဲ႔ ထိေတြ႔သင္ၾကားေစဖို႔ လုပ္ေဆာင္ေပးၾကတဲ့ အျမင္က်ယ္တဲ့ မိဘေတြျဖစ္ပါတယ္။

၃) Kate Hudson

Kate Hudson

Kate Hudson

ဂ်ဴးဘာသာဝင္ အဖြားရဲ႕ လက္ေပၚမွာ ၾကီးျပင္းခဲ့ရေပမယ့္ Kate Hudson ဟာ ဗုဒၶရဲ႕ အယူဝါဒအဆံုးအမေတြကို လက္ခံတဲ့သူပါ။ ဒီလို ဗုဒၶဘာသာက သူ႔ကို လႊမ္းမိုးသက္ဝင္ေစရတာကလည္း သူ႔အေမ Goldie Hawn ေၾကာင့္လည္းပါပါတယ္။ သူ႔အေမဟာ Kate Hudson ကို ဘဝရဲ႕ သင္ခန္းစာေတြျဖစ္တဲ့ လူတုိင္းဟာ ခ်စ္ခင္တြယ္တာမႈေတြခံစားရႏုိင္သလို စိတ္ပ်က္စိတ္ကုန္ဖြယ္ရာေတြလည္း ၾကံဳေတြ႔ႏုိင္ေၾကာင္း၊ ရယ္ေမာေပ်ာ္ရႊင္ရျခင္းေတြရွိသလို နာက်င္ခံစားရမႈေတြလည္း ရွိႏုိင္ေၾကာင္း သင္ၾကားေပးခဲ့ပါတယ္။

၄) Orlando Bloom

Orlando Bloom

Orlando Bloom

‘The Lord of the Rings’ ဇာတ္ကားစုေတြရဲ႕ မင္းသား Orlando Bloom ကေတာ့ ဗုဒၶဝါဒကို လက္ခံယံုၾကည္တာ ဘဝရဲ႕ အေစာပ္ုိင္းျဖစ္တဲ့ ၂၀၀၄ ခုႏွစ္တည္းက ျဖစ္ပါတယ္။ ေနာက္ပုိင္းမွာေတာ့ Soka Gakkai International လို႔ ေခၚတဲ့ ဂ်ပန္ဗုဒၶဘာသာဘုန္းေတာ္ၾကီး Nichiren ရဲ႕အယူအဆသင္ၾကားမႈေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ဗုဒၶဘာသာအသင္းေတာ္ၾကီးရဲ့ တင္းျပည့္အဖြဲ႔ဝင္ျဖစ္လာခဲ့ပါတယ္။ သူဟာ သူ႔လိုပဲ ဗုဒၶဘာသာကို ေလ့လာယံုၾကည္တဲ့ မင္းသမီး Kate Bosworth နဲ႔ ဒိတ္လုပ္ျပီး တြဲေနတုန္းကဆုိရင္ သူ႔ရဲ႕ လန္ဒန္ျမိဳ႕ကအိမ္မွာ ဘုရားစင္ေတာင္ထည့္ေဆာက္ခဲ့သူပါ။ ဒါတင္မဟုတ္ဘဲ ကယ္လီဖုိးနီးယားျပည္နယ္၊ မာလီဘူးအရပ္မွာ တရားစခန္းလိုမ်ိဳး ေဆာက္ဖို႔ေတာင္ ၾကံစည္ခဲ့သူျဖစ္ပါတယ္။

၅) Sharon Stone

Sharon Stone

Sharon Stone

‘Basin Instinct’ မွာပါဝင္သရုပ္ေဆာင္ခဲ့တဲ့ ေဟာလီးဝုဒ္မင္းသမီးေတြမွာ အေတာ္ကို ညိႈ႕အားျပင္းလွတဲ့ မင္းသမီးၾကီး Sharon Stone ဟာ တိဘက္ဗုဒၶဘာသာကို ကူးေျပာင္းခဲ့ျပီး ျဖစ္ပါတယ္။ သူ႔ရဲ႕ ဘာသာေရးခံယူခ်က္ေတြဟာ ထူးျခားဆန္းျပားပါတယ္။ သူဟာ ဘာသာေရးကုိင္းရႈိင္းတဲ့သူလည္းျဖစ္ျပီးေတာ့ ခရစ္ယာန္ဘာသာေရးသေဘာအတုိင္း ဘုရားသခင္ရွိတယ္ဆိုတာ ယံုၾကည္ေပမယ့္ တစ္ဖက္မွာလည္း  ဗုဒၶအယူဝါဒအတုိင္း ေန႔စဥ္တရားထုိင္တာမ်ိဳးေတြလည္း ရွိေနပါတယ္။

သူ႔ရဲ႕ ဗုဒၶဘာသာအေပၚ သက္ဝင္မႈက ဘုရားတစ္ပါးလို သက္ဝင္ယံုၾကည္တာထက္ ဘဝေနမႈနည္းလမ္းေတြကို ျပသေပးခဲ့သူလို႔ သိမွတ္မႈမိ်ဳး ျဖစ္ပါတယ္။ Karma လို႔ ေခၚတဲ့ ကံ ကံဧ။္အက်ိဳးနဲ႔ အေၾကာင္းရွိလို႔ အက်ိဳးျဖစ္တယ္ဆိုတဲ့ အသိသညာေတြကိုလည္း ယံုၾကည္သူ ျဖစ္ပါတယ္။ သူ႔ကို Dalai Lama နဲ႔ Richard Gere က မိတ္မဆက္ေပးခင္ ႏွစ္မ်ားဆီကေတာ့ သူဟာ Church of Scientology ရဲ့ အဖြဲ႔ဝင္လည္း ျဖစ္ခဲ့ဖူးပါတယ္။

၆) Richard Gere

Richard Gere

Richard Gere

ဗုဒၶဘာသာနဲ႔ အကၽြမ္းတဝင္ရွိတဲ့ ေနာက္ထပ္အႏုပညာရွင္တစ္ေယာက္ကေတာ့ Richard Gere ျဖစ္ပါတယ္။ သူဟာ ပထမဆံုး ဇင္ဗုဒၶဘာသာကို Kyozan Joshu Sasaki ဆိုတဲ့ ဂ်ပန္လူမ်ိဳး ဇင္အယူဝါဒဆရာဆီမွာ သင္ၾကားခဲ့ပါတယ္။ သူရဲ့ ဗုဒၶဘာသာကို စိတ္ဝင္စားမႈ ပိုၾကီးထြားလာတာကေတာ့ သူ႔အသက္ ၂၉ ႏွစ္အရြယ္ နီေပါကို ခရီးႏွင္ခဲ့တုန္းကနဲ႔ အိႏိၵယႏုိင္ငံမွာ Dalai Lama နဲ႔ ေတြ႔ဆံုျပီး ေနာက္ပိုင္းမွာ ျဖစ္ပါတယ္။ Dalai Lama ကို ေထာက္ခံသူတစ္ေယာက္အေနနဲ႔ Richard Gere ဟာ ဗုဒၶဘာသာဝင္တစ္ေယာက္လို က်င့္ၾကံေနထိုင္ပါတယ္။

၇) Sarah Jessica Parker

Sarah Jessica Parker

Sarah Jessica Parker

လူေတာ္ေတာ္မ်ားမ်ား သူတို႔ဆီက အနုပညာရွင္ေတာ္ေတာ္မ်ားမ်ား ဗုဒၶဘာသာကို ညြတ္ကုိင္းၾကတယ္ဆုိတာဟာ သူ႔ရဲ့ ရုိးရွင္းတဲ့ အေတြးအေခၚနဲ႔ နာမ္ဝါဒစိတ္ဝိဥာဥ္ပိုင္းကို အာရံုစုိက္မႈအပိုင္းေတြေၾကာင့္ ျဖစ္ပါတယ္။ ဂ်ဴးဘာသာဝင္အေနနဲ႔ ၾကီးျပင္းလာတဲ့ Sarah Jessica Parker ဟာလည္း ဒီအခ်က္ေတြေၾကာင့္ပဲ ဗုဒၶဘာသာကို စိတ္ဝင္စားတာ ျဖစ္ပါတယ္။ သူဟာ Jew Bu လို႔ ခံယူထားသူျဖစ္ျပီး Jew Bu ဆိုတာ ဗုဒၶဘာသာဝင္တစ္ေယာက္ရဲ႕ အယူအဆအေတြးအေခၚေတြနဲ႔  ဟီဘရူးသင္ၾကားပံုေတြကို ေရာစပ္ခံယူထားတဲ့ လူေတြကို ေခၚဆိုတာပါ။

၈) Steven Seagal

Steven Seagal

Steven Seagal

ေနာက္ထပ္ထင္ရွားတဲ့သူတစ္ေယာက္ကေတာ့ Steven Segal ပဲ ျဖစ္ပါတယ္။ Lama ျဖစ္တဲ့ Penor Rinpoche ဟာ Seagal ဟာ Lama ဝင္စားသူ တစ္ေယာက္ျဖစ္ေၾကာင္း ေၾကညာခဲ့တဲ့အတြက္ အေမရိကန္ ဗုဒၶဘာသာအသုိင္းအဝုိင္းထဲမွာ ပြဲဆူခဲ့ပါေသးတယ္။

၉) Uma Thurman

Uma Thurman

Uma Thurman

‘Kill Bill’ ရဲ႕ မင္းသမီး Uma Thurman ကို ဗုဒၶဘာသာနဲ႔ မိတ္ဆက္ေပးခဲ့တာကေတာ့ သူ႔ရဲ႕ အေဖပါ။ သူ႔ရဲ႕အေဖဟာ တိဘက္ဗုဒၶဘာသာဝင္ဘုန္းၾကီးအျဖစ္ ခံယူခဲ့တဲ့ ပထမဆံုးအေနာက္တုိင္းသားလို႔လည္း ဆိုပါတယ္။ Uma ရဲ႕ နာမည္ကိုက တိဘက္အမည္ ‘Dbuma Chenpo’ ဆိုတဲ့ နာမည္ကေန ဆင္းသက္လာတာ ျဖစ္ပါတယ္၊ db ရဲ႕ အဓိပၸာယ္ကေတာ့ ၾကီးျမတ္တဲ့ အလယ္အလတ္လမ္းစဥ္လို႔ သေဘာရပါတယ္။

၁၀) Keanu Reeves

Keanu Reeves

Keanu Reeves

Keanu Reeves ကို ဗုဒၶဘာသာဝင္တစ္ေယာက္လို႔ ေကာလာဟလေတြ ထြက္ေနေပမယ့္ တကယ္ေတာ့ အဲဒီလို မဟုတ္ပါဘူး။ အခ်က္အလက္ေတြအရဆိုရင္ သူဟာ ဗုဒၶအယူဝါဒအဆံုးအမေတြကို စိတ္ဝင္စားလို႔ ေလ့လာသင္ၾကားေနဆဲ အဆင့္သာ ရွိပါေသးတယ္။ သူ႔ကို ဗုဒၶဘာသာဝင္လို႔ ထင္ရတဲ့ အေၾကာင္းကေတာ့ ၁၉၉၃ ခုႏွစ္က သူပါဝင္သရုပ္ေဆာင္ခဲ့တဲ့ ‘Little Buddha’ ဇာတ္ကားေၾကာင့္ပဲ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.mensxp.com
[Unicode]

ဗုဒ္ဓဘာသာကို စိတ်ဝင်တစားလေ့လာနေကြတဲ့ ဟောလီးဝုဒ်နာမည်ကျော်အနုပညာရှင်များ

ဟောလီးဝုဒ်အနုပညာရှင်လောကမှာ သရုပ်ဆောင်တော်တော်များများဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပေမယ့် တခြားဘာသာတွေဖြစ်တဲ့ အစ္စလာမ်၊ ဟိန္ဒူ နဲ့ ဂျူးဘာသာဝင်တွေလည်း ရှိကြပါတယ်။ ဒါတင်မဟုတ်ဘဲ Tom Cruise တို့လိုမျိုး ထူးထူးခြားခြား Scientology လို့ ခေါ်တဲ့ ဘာသာကို လေ့လာနေသူအနည်းစုလည်း ရှိသလို ဗုဒ္ဓရဲ့ အယူဝါဒကို စိတ်ဝင်စားလေ့လာနေကြတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကိုလည်း ခုလို တွေ့ရနိုင်ပါတယ်။

၁) Angelina Jolie

Angelina Jolie

Angelina Jolie

Jolie ရဲ့ ဗုဒ္ဓဘာသာအပေါ် အမြင်တွေ၊ စိတ်ဝင်စားမှုတွေဟာ သူ့ရဲ့ ကမ္ဘောဒီးယားနိုင်ငံကနေ မွေးစားလိုက်တဲ့ သားလေး Maddox အပေါ် အကြောင်းခံပါတယ်။ ကမ္ဘောဒီးယားသားလေး Maddox ကို မွေးစားပြီးတာနဲ့ သူဟာ ခမာဘာသာစကားနဲ့ ရေးထားတဲ့ ဗုဒ္ဓဆုတောင်းစာတစ်ခုကိုတောင် တက်တူးထိုးခဲ့ပါသေးတယ်။ သူဟာ ဗုဒ္ဓဘုရားကို ကိုးကွယ်သလို မဟုတ်ပေမယ့် သူ့ရဲ့မိသားစုမှာတော့ ဗုဒ္ဓဘာသာဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။

၂) Brad Pitt

Brad Pitt

Brad Pitt ဟာလည်း Maddox အကြောင်းပြုပြီး ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာရတာပါပဲ။ သူနဲ့ Jolie ဟာ ကမ္ဘောဒီးယားသားငယ် Maddox ကို မွေးစားပြီးတည်းက ဗုဒ္ဓဘာသာဘုရားကျောင်းစေတီတွေကို မကြာခဏသွားလည်ခဲ့ကြပါတယ်။ သားလေး Maddox ကိုလည်း အိမ်မှာ ဗုဒ္ဓအဆုံးအမတွေနဲ့ ထိတွေ့သင်ကြားစေဖို့ လုပ်ဆောင်ပေးကြတဲ့ အမြင်ကျယ်တဲ့ မိဘတွေဖြစ်ပါတယ်။

၃) Kate Hudson

Kate Hudson

Kate Hudson

ဂျူးဘာသာဝင် အဖွားရဲ့ လက်ပေါ်မှာ ကြီးပြင်းခဲ့ရပေမယ့် Kate Hudson ဟာ ဗုဒ္ဓရဲ့ အယူဝါဒအဆုံးအမတွေကို လက်ခံတဲ့သူပါ။ ဒီလို ဗုဒ္ဓဘာသာက သူ့ကို လွှမ်းမိုးသက်ဝင်စေရတာကလည်း သူ့အမေ Goldie Hawn ကြောင့်လည်းပါပါတယ်။ သူ့အမေဟာ Kate Hudson ကို ဘဝရဲ့ သင်ခန်းစာတွေဖြစ်တဲ့ လူတိုင်းဟာ ချစ်ခင်တွယ်တာမှုတွေခံစားရနိုင်သလို စိတ်ပျက်စိတ်ကုန်ဖွယ်ရာတွေလည်း ကြုံတွေ့နိုင်ကြောင်း၊ ရယ်မောပျော်ရွှင်ရခြင်းတွေရှိသလို နာကျင်ခံစားရမှုတွေလည်း ရှိနိုင်ကြောင်း သင်ကြားပေးခဲ့ပါတယ်။

၄) Orlando Bloom

Orlando Bloom

Orlando Bloom

‘The Lord of the Rings’ ဇာတ်ကားစုတွေရဲ့ မင်းသား Orlando Bloom ကတော့ ဗုဒ္ဓဝါဒကို လက်ခံယုံကြည်တာ ဘဝရဲ့ အစောပိုင်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်တည်းက ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Soka Gakkai International လို့ ခေါ်တဲ့ ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီး Nichiren ရဲ့အယူအဆသင်ကြားမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ ဗုဒ္ဓဘာသာအသင်းတော်ကြီးရဲ့ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ သူဟာ သူ့လိုပဲ ဗုဒ္ဓဘာသာကို လေ့လာယုံကြည်တဲ့ မင်းသမီး Kate Bosworth နဲ့ ဒိတ်လုပ်ပြီး တွဲနေတုန်းကဆိုရင် သူ့ရဲ့ လန်ဒန်မြို့ကအိမ်မှာ ဘုရားစင်တောင်ထည့်ဆောက်ခဲ့သူပါ။ ဒါတင်မဟုတ်ဘဲ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးအရပ်မှာ တရားစခန်းလိုမျိုး ဆောက်ဖို့တောင် ကြံစည်ခဲ့သူဖြစ်ပါတယ်။

၅) Sharon Stone

Sharon Stone

Sharon Stone

‘Basin Instinct’ မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီးတွေမှာ အတော်ကို ညှို့အားပြင်းလှတဲ့ မင်းသမီးကြီး Sharon Stone ဟာ တိဘက်ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးခံယူချက်တွေဟာ ထူးခြားဆန်းပြားပါတယ်။ သူဟာ ဘာသာရေးကိုင်းရှိုင်းတဲ့သူလည်းဖြစ်ပြီးတော့ ခရစ်ယာန်ဘာသာရေးသဘောအတိုင်း ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်ပေမယ့် တစ်ဖက်မှာလည်း  ဗုဒ္ဓအယူဝါဒအတိုင်း နေ့စဉ်တရားထိုင်တာမျိုးတွေလည်း ရှိနေပါတယ်။

သူ့ရဲ့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်မှုက ဘုရားတစ်ပါးလို သက်ဝင်ယုံကြည်တာထက် ဘဝနေမှုနည်းလမ်းတွေကို ပြသပေးခဲ့သူလို့ သိမှတ်မှုမျိုး ဖြစ်ပါတယ်။ Karma လို့ ခေါ်တဲ့ ကံ ကံဧ။်အကျိုးနဲ့ အကြောင်းရှိလို့ အကျိုးဖြစ်တယ်ဆိုတဲ့ အသိသညာတွေကိုလည်း ယုံကြည်သူ ဖြစ်ပါတယ်။ သူ့ကို Dalai Lama နဲ့ Richard Gere က မိတ်မဆက်ပေးခင် နှစ်များဆီကတော့ သူဟာ Church of Scientology ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးပါတယ်။

၆) Richard Gere

Richard Gere

Richard Gere

ဗုဒ္ဓဘာသာနဲ့ အကျွမ်းတဝင်ရှိတဲ့ နောက်ထပ်အနုပညာရှင်တစ်ယောက်ကတော့ Richard Gere ဖြစ်ပါတယ်။ သူဟာ ပထမဆုံး ဇင်ဗုဒ္ဓဘာသာကို Kyozan Joshu Sasaki ဆိုတဲ့ ဂျပန်လူမျိုး ဇင်အယူဝါဒဆရာဆီမှာ သင်ကြားခဲ့ပါတယ်။ သူရဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှု ပိုကြီးထွားလာတာကတော့ သူ့အသက် ၂၉ နှစ်အရွယ် နီပေါကို ခရီးနှင်ခဲ့တုန်းကနဲ့ အိန္ဒိယနိုင်ငံမှာ Dalai Lama နဲ့ တွေ့ဆုံပြီး နောက်ပိုင်းမှာ ဖြစ်ပါတယ်။ Dalai Lama ကို ထောက်ခံသူတစ်ယောက်အနေနဲ့ Richard Gere ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို ကျင့်ကြံနေထိုင်ပါတယ်။

၇) Sarah Jessica Parker

Sarah Jessica Parker

Sarah Jessica Parker

လူတော်တော်များများ သူတို့ဆီက အနုပညာရှင်တော်တော်များများ ဗုဒ္ဓဘာသာကို ညွတ်ကိုင်းကြတယ်ဆိုတာဟာ သူ့ရဲ့ ရိုးရှင်းတဲ့ အတွေးအခေါ်နဲ့ နာမ်ဝါဒစိတ်ဝိဉာဉ်ပိုင်းကို အာရုံစိုက်မှုအပိုင်းတွေကြောင့် ဖြစ်ပါတယ်။ ဂျူးဘာသာဝင်အနေနဲ့ ကြီးပြင်းလာတဲ့ Sarah Jessica Parker ဟာလည်း ဒီအချက်တွေကြောင့်ပဲ ဗုဒ္ဓဘာသာကို စိတ်ဝင်စားတာ ဖြစ်ပါတယ်။ သူဟာ Jew Bu လို့ ခံယူထားသူဖြစ်ပြီး Jew Bu ဆိုတာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အယူအဆအတွေးအခေါ်တွေနဲ့  ဟီဘရူးသင်ကြားပုံတွေကို ရောစပ်ခံယူထားတဲ့ လူတွေကို ခေါ်ဆိုတာပါ။

၈) Steven Seagal

Steven Seagal

Steven Seagal

နောက်ထပ်ထင်ရှားတဲ့သူတစ်ယောက်ကတော့ Steven Segal ပဲ ဖြစ်ပါတယ်။ Lama ဖြစ်တဲ့ Penor Rinpoche ဟာ Seagal ဟာ Lama ဝင်စားသူ တစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် အမေရိကန် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းထဲမှာ ပွဲဆူခဲ့ပါသေးတယ်။

၉) Uma Thurman

Uma Thurman

Uma Thurman

‘Kill Bill’ ရဲ့ မင်းသမီး Uma Thurman ကို ဗုဒ္ဓဘာသာနဲ့ မိတ်ဆက်ပေးခဲ့တာကတော့ သူ့ရဲ့ အဖေပါ။ သူ့ရဲ့အဖေဟာ တိဘက်ဗုဒ္ဓဘာသာဝင်ဘုန်းကြီးအဖြစ် ခံယူခဲ့တဲ့ ပထမဆုံးအနောက်တိုင်းသားလို့လည်း ဆိုပါတယ်။ Uma ရဲ့ နာမည်ကိုက တိဘက်အမည် ‘Dbuma Chenpo’ ဆိုတဲ့ နာမည်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်၊ db ရဲ့ အဓိပ္ပာယ်ကတော့ ကြီးမြတ်တဲ့ အလယ်အလတ်လမ်းစဉ်လို့ သဘောရပါတယ်။

၁၀) Keanu Reeves

Keanu Reeves

Keanu Reeves

Keanu Reeves ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ ကောလာဟလတွေ ထွက်နေပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ အချက်အလက်တွေအရဆိုရင် သူဟာ ဗုဒ္ဓအယူဝါဒအဆုံးအမတွေကို စိတ်ဝင်စားလို့ လေ့လာသင်ကြားနေဆဲ အဆင့်သာ ရှိပါသေးတယ်။ သူ့ကို ဗုဒ္ဓဘာသာဝင်လို့ ထင်ရတဲ့ အကြောင်းကတော့ ၁၉၉၃ ခုနှစ်က သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘Little Buddha’ ဇာတ်ကားကြောင့်ပဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.mensxp.com