[Zawgyi]

ပရိသတ္ေတြ သတိမျပဳမိေလာက္တဲ့ နာမည္ေက်ာ္ေဘာလုံးသမားေတြရဲ႕ နာမည္အျပည့္အစုံ အပုိင္း(၂)

ေဘာလုံးအားကစားကုိ အ႐ူးအမူးအားေပးတဲ့ ပရိသတ္ေတြအတြက္ ကုိယ္ႀကိဳက္တဲ့ ကစားသမားဆုိတာ ရွိစၿမဲပါပဲ။ ဘရာဇီးလ္ဂႏၳ၀င္ ေရာ္နယ္လ္ဒုိ Ronaldo ၊ ျပင္သစ္ဂႏၳ၀င္ႀကီး ဇီဒန္း Zidane တို႔ လက္ထက္က စၿပီး အခု မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo တို႔ အထိ ပရိသတ္တစ္ဦးခ်င္းစီမွာ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ ကစားသမားေတြ ရွိခဲ့ၾကတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ႀကိဳက္တ့ဲ ကစားသမားေတြရဲ႕ နာမည္အျပည့္အစုံကုိ သတိျပဳမိၾကရဲ႕လား။

Neyar-C-Ronaldo-and-Messi

Neyar-C-Ronaldo-and-Messi

ဥပမာ ဒုိႀကီးလုိ႔ ကၽြန္ေတာ္တို႔ နာမည္ေျပာင္ေပးခဲ့ၾကတဲ့ ေရာ္နယ္လ္ဒုိရဲ႕ နာမည္အျပည့္အစုံကုိ ေျပာပါဆုိရင္ နည္းနည္းေတာ့ စဥ္းစားရလိမ့္မယ္။ ဒုိႀကီးရဲ႕ နာမည္အျပည့္အစုံက Ronaldo Luís Nazário de Lima ပါ။ အဲဒီလုိပဲ တျခား Super Stars ေဘာလုံးသမားေတြရဲ႕ နာမည္အျပည့္အစုံကုိ ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိခ်င္မွ သိပါလိမ့္မယ္။ အဲဒါေၾကာင့္ ပရိသတ္ေတြ ဗဟုသုတရေစဖုိ႔ ေဖာ္ျပလုိက္ရပါတယ္ . . .

Paulo Dybala

Dybala

Dybala

မက္ဆီ ေနာက္ပုိင္း အာဂ်င္တီးနား ေဘာလုံးေလာကကုိ ဦးေဆာင္ႏုိင္မယ့္သူအျဖစ္ သတ္မွတ္ခံထားရတဲ့ နာမည္ေက်ာ္တိုက္စစ္မွဴး ဒီဘားလား Paulo Dybala ကုိ ႏုိ၀င္ဘာ (၁၅)ရက္၊ ၁၉၉၃ ခုႏွစ္မွာ ေမြးဖြားခဲ့တယ္။ သူ႔မိဘေတြျဖစ္တဲ့ Adolfo Dybala နဲ႔ Alicia de Dybala တို႔ဟာ သာမန္လက္လုပ္လက္စားေတြ ျဖစ္ၿပီး မူလဇာတိက အီတလီကျဖစ္ပါတယ္။ ဒီဘားလားဟာ ၂၀၁၂ တုန္းက အီတလီႏုိင္ငံသား ခံယူခြင့္ရရွိခဲ့ပါတယ္။ ဒီဘားလားရဲ႕ နာမည္အျပည့္စုံက Paulo Bruno Exequiel Dybala ျဖစ္ၿပီး မိသားစုက မခ်မ္းသာေပမယ့္ ဒီဘားလားကေတာ့ စိတ္ဓာတ္၊ ခြန္အားအျပည့္ ခုိင္မာတဲ့ဆုံးျဖတ္ခ်က္နဲ႔အတူ ဒီေန႔ဒီအခ်ိန္အထိေရာက္ေရာက္ ႀကိဳးစားခဲ့ရတာပါ။

Neymar Júnior

Neymar

Neymar

ပီလီ Pele ၊ ေရာ္နယ္လ္ဒုိ Ronaldo ၊ ေရာ္နယ္လ္ဒင္ဟုိ Ronaldinho တို႔ေနာက္ပုိင္း ဘရာဇီးလ္ေဘာလုံးေလာကအတြက္ ၾကယ္တစ္ပြင့္ျဖစ္လာတဲ့ ေနမာ Neymar Júnior ရဲ႕ ဘ၀မွာ သူဖခင္က အဓိက က်ခဲ့တယ္။ Neymar Santos Senior နဲ႔ Nadine da Silva တို႔ရဲ႕သားျဖစ္သူ ေနမာရဲ႕ နာမည္အျပည့္အစုံက Neymar da Silva Santos Junior ပါ။ ဖခင္ျဖစ္သူက ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္တာေၾကာင့္ ေနမာဟာ အေဖ့ေျခရာနင္းႏုိင္ခဲ့တဲ့အျပင္ အေဖထက္ပုိၿပီး ထင္ရွားခဲ့သူျဖစ္ပါတယ္။

Kylian Mbappé

Mbappe

Mbappe

ျပင္သစ္နဲ႔ PSG အသင္းတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမား ဘာေပ Kylian Mbappé ဟာ အသက္နဲ႔ မလုိက္ေအာင္ ဆုဖလားေတြ အမ်ားႀကီး ရယူႏုိင္ခဲ့သူပါ။ ဖခင္ျဖစ္သူ Wilfred Mbappé ဟာ ကင္မရြန္းလူမ်ိဳးျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ နည္းျပျဖစ္သလုိ ဘာေပရဲ႕ ေအးဂ်င့္အျဖစ္လည္း ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ မိခင္ျဖစ္တ့ဲ Fayza Lamari ကေတာ့ လက္နဲ႔ပစ္သြင္းရတဲ့ Handball ကစားသမားေဟာင္းျဖစ္ၿပီး ဇာတိကေတာ့ အယ္လ္ဂ်ီးရီးယားႏုိင္ငံသူပါ။ ဘာေပရဲ႕ နာမည္အျပည့္အစုံက Kylian Mbappé Lottin ျဖစ္ၿပီး ဒီနာမည္ကုိ သိတဲ့သူက ခပ္ရွားရွားျဖစ္ပါလိမ့္မယ္။

Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဒီစာရင္းမွာ မပါမျဖစ္ကေတာ့ ေဘာလုံးမင္းသား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ပါပဲ။ ေရာ္နယ္လ္ဒုိဆုိတဲ့ အမည္ဟာ ဘရာဇီးလ္ဂႏၳ၀င္ ဒုိႀကီးကုိ အစဲြျပဳၿပီး သတ္မွတ္ထားတာ မဟုတ္ပါဘူး။ သူ႔ မိဘေတြက အေမရိကန္သမၼတေဟာင္း Ronald Reagan ကုိ ႏွစ္သက္သူေတြျဖစ္လုိ႔ အဲဒီနာမည္ပါေအာင္ ေနာက္ဆုံးနာမည္ကုိ ေရာ္နယ္လ္ဒုိလုိ႔ ေပးခဲ့တာပါ။ မိဘေတြျဖစ္တဲ့ Jose Dinis Aveiro နဲ႔ Maria Dolores dos Santos တို႔ရဲ႕ ေပါင္းစပ္မႈကေန ျဖစ္တည္လာသူ စီေရာ္နယ္လ္ဒုိရဲ႕ ငယ္ဘ၀က ၾကမ္းတမ္းခဲ့တယ္ဆုိတာ စီေရာ္နယ္လ္ဒုိအမာခံ ပရိသတ္ေတြ သိၿပီးသားျဖစ္ပါလိမ့္မယ္။ သူ႔ နာမည္အျပည့္အစုံက Cristiano Ronaldo dos Santos Aveiro ျဖစ္ၿပီး ဖခင္ေနာက္ဆုံးနာမည္ Aveiro ၊ မိခင္ရဲ႕ dos Santos ကုိ ယူထားတာလည္းျဖစ္ပါတယ္။

Lionel Messi

Messi

Messi

စီေရာ္နယ္လ္ဒုိပါရင္ မက္ဆီ Lionel Messi ကုိလည္း ခ်န္ထားလုိ႔ မျဖစ္ပါဘူး။ မက္ဆီရဲ႕ မိဘ နာမည္က Jorge Messi နဲ႔ Celia Cuccittini တို႔ျဖစ္ပါတယ္။ သူ႔ဖခင္ျဖစ္သူ Jorge Messi ဟာ စတီးလ္စက္႐ုံက မန္ေနဂ်ာျဖစ္ၿပီး မိခင္ျဖစ္တဲ့ Celia Cuccittini ကလည္း သံလုိက္နဲ႔ပတ္သက္တဲ့ စက္႐ုံမွာ အလုပ္လုပ္ခဲ့သူျဖစ္ပါတယ္။ မက္ဆီရဲ႕ မိသားစုက စပိန္၊ အီတလီအဆက္ေတြျဖစ္လုိ႔ သူ႔နာမည္ကုိလည္း စပိန္ဓေလ့ထုံးတမ္းအရ ဖခင္နဲ႔ မိခင္ျဖစ္သူရဲ႕ ေနာက္ဆုံးနာမည္ကုိ ထည့္သြင္းၿပီး Lionel Messi Cuccittini လုိ႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

အခုဆုိရင္ ပရိသတ္ေတြလည္း ကုိယ္အားေပးတဲ့ ေဘာလုံးသမားေတြရဲ႕ နာမည္အျပည့္အစုံနဲ႔ ေနာက္ခံဇာတ္ေၾကာင္းေတြကုိ ဗဟုသုတအျဖစ္ သိသြားၾကၿပီျဖစ္ပါတယ္။ တကယ္လုိ႔ ကိုယ့္သူငယ္ခ်င္းထဲမွာလည္း မသိတဲ့သူေတြရွိရင္ လက္တို႔ေပးၾကပါဦး . .

REF:sportskeeda
Photo:Pinterest,Twitter,You Tube,Sports Illustrated,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရိသတ်တွေ သတိမပြုမိလောက်တဲ့ နာမည်ကျော်ဘောလုံးသမားတွေရဲ့ နာမည်အပြည့်အစုံ အပိုင်း(၂)

ဘောလုံးအားကစားကို အရူးအမူးအားပေးတဲ့ ပရိသတ်တွေအတွက် ကိုယ်ကြိုက်တဲ့ ကစားသမားဆိုတာ ရှိစမြဲပါပဲ။ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို Ronaldo ၊ ပြင်သစ်ဂန္ထဝင်ကြီး ဇီဒန်း Zidane တို့ လက်ထက်က စပြီး အခု မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ အထိ ပရိသတ်တစ်ဦးချင်းစီမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားသမားတွေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုက်တဲ့ ကစားသမားတွေရဲ့ နာမည်အပြည့်အစုံကို သတိပြုမိကြရဲ့လား။

Neyar-C-Ronaldo-and-Messi

Neyar-C-Ronaldo-and-Messi

ဥပမာ ဒိုကြီးလို့ ကျွန်တော်တို့ နာမည်ပြောင်ပေးခဲ့ကြတဲ့ ရော်နယ်လ်ဒိုရဲ့ နာမည်အပြည့်အစုံကို ပြောပါဆိုရင် နည်းနည်းတော့ စဉ်းစားရလိမ့်မယ်။ ဒိုကြီးရဲ့ နာမည်အပြည့်အစုံက Ronaldo Luís Nazário de Lima ပါ။ အဲဒီလိုပဲ တခြား Super Stars ဘောလုံးသမားတွေရဲ့ နာမည်အပြည့်အစုံကို ပရိသတ်တော်တော်များများ သိချင်မှ သိပါလိမ့်မယ်။ အဲဒါကြောင့် ပရိသတ်တွေ ဗဟုသုတရစေဖို့ ဖော်ပြလိုက်ရပါတယ် . . .

Paulo Dybala

Dybala

Dybala

မက်ဆီ နောက်ပိုင်း အာဂျင်တီးနား ဘောလုံးလောကကို ဦးဆောင်နိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရတဲ့ နာမည်ကျော်တိုက်စစ်မှူး ဒီဘားလား Paulo Dybala ကို နိုဝင်ဘာ (၁၅)ရက်၊ ၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူ့မိဘတွေဖြစ်တဲ့ Adolfo Dybala နဲ့ Alicia de Dybala တို့ဟာ သာမန်လက်လုပ်လက်စားတွေ ဖြစ်ပြီး မူလဇာတိက အီတလီကဖြစ်ပါတယ်။ ဒီဘားလားဟာ ၂၀၁၂ တုန်းက အီတလီနိုင်ငံသား ခံယူခွင့်ရရှိခဲ့ပါတယ်။ ဒီဘားလားရဲ့ နာမည်အပြည့်စုံက Paulo Bruno Exequiel Dybala ဖြစ်ပြီး မိသားစုက မချမ်းသာပေမယ့် ဒီဘားလားကတော့ စိတ်ဓာတ်၊ ခွန်အားအပြည့် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူ ဒီနေ့ဒီအချိန်အထိရောက်ရောက် ကြိုးစားခဲ့ရတာပါ။

Neymar Júnior

Neymar

Neymar

ပီလီ Pele ၊ ရော်နယ်လ်ဒို Ronaldo ၊ ရော်နယ်လ်ဒင်ဟို Ronaldinho တို့နောက်ပိုင်း ဘရာဇီးလ်ဘောလုံးလောကအတွက် ကြယ်တစ်ပွင့်ဖြစ်လာတဲ့ နေမာ Neymar Júnior ရဲ့ ဘဝမှာ သူဖခင်က အဓိက ကျခဲ့တယ်။ Neymar Santos Senior နဲ့ Nadine da Silva တို့ရဲ့သားဖြစ်သူ နေမာရဲ့ နာမည်အပြည့်အစုံက Neymar da Silva Santos Junior ပါ။ ဖခင်ဖြစ်သူက ဘောလုံးသမားဟောင်းတစ်ဦးဖြစ်တာကြောင့် နေမာဟာ အဖေ့ခြေရာနင်းနိုင်ခဲ့တဲ့အပြင် အဖေထက်ပိုပြီး ထင်ရှားခဲ့သူဖြစ်ပါတယ်။

Kylian Mbappé

Mbappe

Mbappe

ပြင်သစ်နဲ့ PSG အသင်းတို့ရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘာပေ Kylian Mbappé ဟာ အသက်နဲ့ မလိုက်အောင် ဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့သူပါ။ ဖခင်ဖြစ်သူ Wilfred Mbappé ဟာ ကင်မရွန်းလူမျိုးဖြစ်ပြီး ပရော်ဖက်ရှင်နယ် နည်းပြဖြစ်သလို ဘာပေရဲ့ အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ Fayza Lamari ကတော့ လက်နဲ့ပစ်သွင်းရတဲ့ Handball ကစားသမားဟောင်းဖြစ်ပြီး ဇာတိကတော့ အယ်လ်ဂျီးရီးယားနိုင်ငံသူပါ။ ဘာပေရဲ့ နာမည်အပြည့်အစုံက Kylian Mbappé Lottin ဖြစ်ပြီး ဒီနာမည်ကို သိတဲ့သူက ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။

Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

ဒီစာရင်းမှာ မပါမဖြစ်ကတော့ ဘောလုံးမင်းသား စီရော်နယ်လ်ဒို Cristiano Ronaldo ပါပဲ။ ရော်နယ်လ်ဒိုဆိုတဲ့ အမည်ဟာ ဘရာဇီးလ်ဂန္ထဝင် ဒိုကြီးကို အစွဲပြုပြီး သတ်မှတ်ထားတာ မဟုတ်ပါဘူး။ သူ့ မိဘတွေက အမေရိကန်သမ္မတဟောင်း Ronald Reagan ကို နှစ်သက်သူတွေဖြစ်လို့ အဲဒီနာမည်ပါအောင် နောက်ဆုံးနာမည်ကို ရော်နယ်လ်ဒိုလို့ ပေးခဲ့တာပါ။ မိဘတွေဖြစ်တဲ့ Jose Dinis Aveiro နဲ့ Maria Dolores dos Santos တို့ရဲ့ ပေါင်းစပ်မှုကနေ ဖြစ်တည်လာသူ စီရော်နယ်လ်ဒိုရဲ့ ငယ်ဘဝက ကြမ်းတမ်းခဲ့တယ်ဆိုတာ စီရော်နယ်လ်ဒိုအမာခံ ပရိသတ်တွေ သိပြီးသားဖြစ်ပါလိမ့်မယ်။ သူ့ နာမည်အပြည့်အစုံက Cristiano Ronaldo dos Santos Aveiro ဖြစ်ပြီး ဖခင်နောက်ဆုံးနာမည် Aveiro ၊ မိခင်ရဲ့ dos Santos ကို ယူထားတာလည်းဖြစ်ပါတယ်။

Lionel Messi

Messi

Messi

စီရော်နယ်လ်ဒိုပါရင် မက်ဆီ Lionel Messi ကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ မက်ဆီရဲ့ မိဘ နာမည်က Jorge Messi နဲ့ Celia Cuccittini တို့ဖြစ်ပါတယ်။ သူ့ဖခင်ဖြစ်သူ Jorge Messi ဟာ စတီးလ်စက်ရုံက မန်နေဂျာဖြစ်ပြီး မိခင်ဖြစ်တဲ့ Celia Cuccittini ကလည်း သံလိုက်နဲ့ပတ်သက်တဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ မက်ဆီရဲ့ မိသားစုက စပိန်၊ အီတလီအဆက်တွေဖြစ်လို့ သူ့နာမည်ကိုလည်း စပိန်ဓလေ့ထုံးတမ်းအရ ဖခင်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးနာမည်ကို ထည့်သွင်းပြီး Lionel Messi Cuccittini လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ပရိသတ်တွေလည်း ကိုယ်အားပေးတဲ့ ဘောလုံးသမားတွေရဲ့ နာမည်အပြည့်အစုံနဲ့ နောက်ခံဇာတ်ကြောင်းတွေကို ဗဟုသုတအဖြစ် သိသွားကြပြီဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်သူငယ်ချင်းထဲမှာလည်း မသိတဲ့သူတွေရှိရင် လက်တို့ပေးကြပါဦး . .

REF:sportskeeda
Photo:Pinterest,Twitter,You Tube,Sports Illustrated,
Naing Linn(Akhayar)
www.akhayar.com