တကယ်လို့ ထူးချွန်တဲ့သူတွေက သူတို့ရဲ့ ကုမ္ပဏီတွေကို တည်ထောင်နိုင်သလို သူတို့ရဲ့ ကိုယ်ပိုင် Business ကတ်တွေကိုလည်း ကိုယ်တိုင် ဒီဇိုင်းထုတ် တည်ဆောက်လေ့ရှိပါတယ်။ ဒါဟာ လှည့်ကွက်တစ်ခုပါပဲ။ ဒီကတ်ထဲမှာ ကြည့်ရှုသူအတွက် သူတို့နဲ့ ကုမ္ပဏီအပေါ် စိတ်ဝင်စားမှု ကြီးကြီးမားမားရအောင်လည်း ပြုလုပ်လေ့ရှိပါတယ်။ ယခုဖော်ပြမယ့် နည်းပညာပိုင်းဆိုင်ရာနယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိထား၊ ရရှိခဲ့တဲ့ အကြီးအကဲတွေရဲ့ ကတ်တွေနဲ့ ထူးခြားပြောင်မြောက်တဲ့ ဒီဇိုင်းတွေကို ဖော်ပြလိုက်ရပါတယ်။

 

Microsoft Windows

တည်ထောင်သူ : Bill Gates

တည်ထောင်သည့်နှစ် : ဧပြီ ၄၊ ၁၉၇၅

Bill Gates ဟာ နည်းပညာကုမ္ပဏီ ပိုင်ရှင်တွေထဲမှာ ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ အသုံးတွင်ကျယ်လှတဲ့ Window 7, Window 8.1 နဲ့ Window 10 တို့ကို တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

Apple Inc

တည်ထောင်သူ : Steve Jobs

တည်ထောင်သည့်နှစ် : ဧပြီ ၁၊ ၁၉၇၆

Steve Jobs ဟာ Apple ရဲ့ ကိုစတင် တည်ထောင်ခဲ့တဲ့ Founder တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အထုတ်ခံရပြီး Apple ကိုပြန်လည် မကိုင်တွယ်ခင် စပ်ကြားမှာ Next နဲ့ Pixar Animation စတူရီယိုတွေကိုလည်း တည်ထောင်ခဲ့တာမို့ Business ကတ်သုံးမျိုးလောက်ရှိနေတာပါ။ ဒီဇိုင်းတွေကတော့ ဆင်တူပါပဲ။

 

Facebook

တည်ထောင်သူ : Mark Zuckerberg

တည်ထောင်သည့်နှစ် : ဖေဖော်ဝါရီ ၄ရက်၊ ၂၀၀၄

Facebook တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Mark Zuckerberg ရဲ့ ကတ်ကတော့ ထူးခြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကတ်မှာ ‘ငါက CEO ပဲေ-ွးမရေ’ လို့ ရေးထားတာကြောင့်ပါ။

 

Disney Studios

တည်ထောင်သူ : Walter Elias Disney

တည်ထောင်သည့်နှစ် : အောက်တိုဘာ ၁၆၊ ၁၉၂၃

Disney ကာတွန်း ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Walter Elias Disney ကတော့ သူ့ရဲ့ Business Card ကို ရိုးရိုးရှင်းရှင်းပဲပြုလုပ်ထားပါတယ်။ ကာတွန်းဆွဲနေတဲ့ လူတစ်ယောက်ရယ်၊ Walt Disney ဆိုတဲ့နာမည်နဲ့ လိပ်စာတို့ပဲ ထည့်သွင်းထားခဲ့တာပါ။ အလွန်ချစ်ဖို့ကောင်းပါတယ်။

 

Google

တည်ထောင်သူ : Larry Page

တည်ထောင်သည့်နှစ် : စက်တင်ဘာ ၄ရက်၊ ၁၉၉၈

Google Inc ကတော့ အင်တာနက် ရှာဖွေရေးအင်ဂျင်ကြီးပါပဲ။ ယနေ့ခေတ် ကျွန်တော်တို့ရဲ့ လူနေမှုဘဝမှာ Google နဲ့ ကင်းကွာလို့ မရတော့လောက်အောင် ဖြစ်နေပါပြီ။ CEO ဖြစ်သူ Larry Page ဟာ သူ့ရဲ့ Google အတွက်ပထမဆုံး Business Card ကို ရိုးရှင်းပြီး ဒေတာတွေအားလုံးပါဝင်အောင် ထည့်သွင်းထားခဲ့ပါတယ်။

 

Yahoo

တည်ထောင်သည့်နှစ် : မတ်လ ၂ရက်၊ ၁၉၉၅

တည်ထောင်သူ : Jerry Yang

Yahoo ဟာ Google ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပေမယ့် ဒီနေ့ဒီအချိန်ထိ အသုံးပြုသူ မြောက်များစွာနဲ Active ဖြစ်နေဆဲ ဆိုက်တစ်ခုပါ။ Yahoo ရဲ့အကြီးအကဲဖြစ်တဲ့ ထိုင်ဝမ် အမေရိကန် Jerry Yang က သူ့ရဲ့ Business Card ကို လူတစ်ယောက်က မြူးထူးပျော်ရွှင်စွာ ခုန်ပေါက်နေတဲ့ပုံစံနဲ့ ဒေါင်လိုက်ပုံစံ ပြုလုပ်ထားတာပါ။

 

Twitter

တည်ထောင်သူ : Evan Williams

တည်ထောင်သည့်နှစ် : မတ်လ ၂၁ရက်၊ ၂၀၀၆

Twitter ကိုလည်း အားလုံးသိကြမယ်ထင်ပါတယ်။ Facebook ပြီးရင် လူသုံးအများဆုံး လူမှုကွန်ယက်ပါ။ CEO ဖြစ်သူ Eban Williams ရဲ့ Business Card ကလည်း ရိုးရှင်းပြီး ပေးချင်တဲ့ Messages တွေ အပြည့်ပါပဲ။ တစ်ဘက်မှာ Twitter ရဲ့ Logo ကို ထည့်သွင်းရိုက်နှိပ်ထားသလို၊ နောက်ဘက်မှာလည်း နာမည်၊ ရာထူး၊ Email, Twitter, စတဲ့ အချက်အလက်တွေ ထည့်သွင်းသွားပါတယ်။