[Zawgyi]



Demi Moore


Kate Moss


Robert Downey Jr


Dwayne Johnson


Ariana Grande


Scarlett Johansson


Channing Tatum


Matthew Lewis


Ryan Reynolds



ကြည်သာ (Akhayar)

Photo Credit:gobuzzed

www.akhayar.com
[Unicode]

တချိန်မှာနာမည်ကြီးဆယ်လီဖြစ်လာမယ် လို့တောင်မထင်ရတဲ့ သူတို့ငယ်ငယ်ကပုံလေးများ

အခုချိန်မှာနာမည်ကြီး မင်းသား၊ မင်းသမီးတွေ အဆိုတော်တွေဖြစ်နေကြပေမယ့်လို့ ငယ်စဉ်အခါမှာ လူတွေများတဲ့နေရာကိုမသွားရဲတာတို့ တနည်းအားဖြင့်လူကြောက်တာပေါ့လေရှိတတ်ကြပါတယ်။ အခုလိုငယ်စဉ်ဘဝမှာ အခက်အခဲတွေရင်ဆိုင်ခဲ့ကြတဲ့ ဆယ်လီ ၁၀ ယောက်ရဲ့ ပုံလေးတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Demi Moore

သူမဟာနာမည်နဲ့လိုက်အောင် တကယ်ကိုအရည်အချင်းရှိတဲ့မင်းသမီးတစ်လက်ပါ။ သူမပါဝင်ဖူးတဲ့ Ghost(1990) ဆိုတဲ့နာမည်ကြီး ဇာတ်ကားကိုလည်းကြည့်ဖူးကြမယ်ထင်ပါတယ်။ သူမဟာ ငယ်စဉ်ဘဝအခုလို ပုံလေးကနေထက်မြတ်တဲ့ သရုပ်ဆောင်မင်းသမီးအဖြစ်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။

Kate Moss

Kate Moss ဆိုတဲ့နာမည်ကြီးမော်ဒယ်တစ်ဦးရဲ့ငယ်ဘဝပုံကိုကြည့်လိုက်ရင်လည်း အခုလက်ရှိ သူမရဲ့အောင်မြင်မှုတွေ ဟာငယ်ငယ်ကသူမရဲ့ ပုံစံနဲ့အတော်ကိုကွဲလွဲနေတာကိုတွေ့နိုင်ပါတယ်။

Robert Downey Jr

Iron Man မင်းသားကြီးရဲ့ ငယ်ဘဝ ပုံရိပ်ကိုကြည့်လိုက်ရင်လည်း သူ့ရဲ့ဘဝ ကိုဘယ်လိုတွေပြောင်းလဲအောင်ကြိုးစားနိုင်ခဲ့သလဲဆိုတာကိုတွေ့မြင်နိုင်ပါတယ်။

Dwayne Johnson

Hollywood မှာ သရုပ်ဆောင်ကြေးမြင့်မင်းသားတစ်လက်ဖြစ်တဲ့ The Rock မင်းသားကြီးရဲ့ငယ်ငယ် ကပုံကိုကြည့်ပြီးတော့လက်ရှိအခြေအနေနဲ့ကွဲပြားတဲ့ ပုံစံတစ်ခုရှိခဲ့မယ်ဆိုတာကိုသိမြင်နိုင်မယ်ထင်ပါတယ်။

Ariana Grande

အဆိုတော်မလေး Ariana Grande ရဲ့ငယ်စဉ်ဘဝ ပုံလေးကိုလည်းတွေ့ဖူးချင်ကြမယ်ထင်ပါတယ်။အခုအချိန်မှာတော့ လူငယ်ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ အဆိုတော်မလေးရဲ့ငယ်ဘဝပုံစံလေးကတော့ မျက်မှန်နဲ့စာကြမ်းပိုးပုံလေးပဲဖြစ်ပါတယ်။

Scarlett Johansson

နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Scarlett Johansson ရဲ့လက်ရှိအချိန်မှာတွေ့ရတဲ့ပုံနဲ့ သူမဆယ်ကျော်သက်အရွယ် လောက်ကပုံစံပဲဖြစ်ပါတယ်။

Channing Tatum

မင်းသားချော Channing Tatum ရဲ့ငယ်ငယ်ကပုံနဲ့လက်ရှိပုံကိုကြည့်ပြီး ကောင်းမွန်တဲ့ပြောင်းလဲခြင်းပုံစံတစ်ခုရှိခဲ့တယ်ဆိုတာကိုခံစားမိမှာပါ။

Matthew Lewis

ဒီမင်းသားကို မှတ်မိကြမယ်ထင်ပါတယ်။ငယ်ငယ်ကကြည့်ခဲ့တဲ့ Harry Potter ဇာတ်ကားထဲမှာ ခပ်နုံနုံကောင်လေးတစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကလေး သရုပ်ဆောင်လေးပဲဖြစ်ပါတယ်။သူရဲ့ခန္ဓာကိုယ်ပုံစံပြောင်းလဲလာပုံကလည်း တမူထူးခြားလို့နေပါတယ်။

Ryan Reynolds

Deadpool ဇာတ်ကားထဲကမင်းသားရဲ့ငယ်စဉ်ဘဝပုံကိုလည်းပရိသတ်တွေသိချင်ကြမယ်ထင်ပါတယ်။ သူ့ရဲ့အရင်ပုံစံ ကိုကြည့်လိုက်ရင် အသက်ကြီးလာတဲ့ အခါအောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်မယ်လို့ ထင်ရတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး။

ငယ်စဉ်အခါမှာ ရှိတဲ့ပုံစံတွေကိုကြည့်ပြီးတော့ဒီကလေးတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုတာတွေကို မတွေးသင့်ပါဘူး။မပြောသင့်ပါဘူး အရာရာတိုင်းဟာအမြဲတမ်းပြောင်းလဲနေတာပါ။ သူ့ဝါသနာသူ့အရည်အချင်းနဲ့ ကိုယ်စီရှိကြတယ်ဆိုတာကို အထက်ပါနာမည်ကြီးဆယ်လီတွေကသက်သေတစ်ခုပါပဲ။

ကြည်သာ (Akhayar)

Photo Credit:gobuzzed

www.akhayar.com