[Zawgyi]

တစ္သက္တာမွာ ၾကည့္ကို ၾကည့္ရမယ့္ အေကာင္းဆံုး ခရီးသြား ဇာတ္ကား (၁၀) ကား

ခရီးသြားတာကို ၾကိဳက္ႏွစ္သက္သူေတြက ခရီးသြားျခင္းကို စိန္ဝယ္၊ ေရႊဝယ္ရတာနဲ႔ေတာင္ မလဲနုိင္ပါဘူးတဲ့။ ခရီးသြားတယ္ဆိုတာ စိတ္ပုိင္းဆုိင္ရာ အပန္းေျဖနည္းတစ္ခုလညး္ ျဖစ္ပါတယ္။ ရႈခင္းေတြ ၾကည့္ရင္း၊ မတူညီတဲ့ ယဥ္ေက်းမႈေတြကို ေလ့လာရင္း၊ အစားအေသာက္ေတြ၊ ဓေလ့ထံုးစံေတြကို ျမည္းစမ္းၾကည့္ရင္း ခရီးသြားရတာဟာ ဘဝရဲ့ နိဗၺာန္ပါပဲ။

ဒီမွာေတာ့ ခရီးသြားရတာ ၾကိဳက္တဲ့သူေတြအတြက္ အခရာက ညႊန္းခ်င္တဲ့ အေကာင္းဆံုး ခရီးသြားဇာတ္ကား (၁၀) ကားကို လက္တို႔လိုက္ပါရေစ။

The Secret Life of Walter Mitty (2013)

Ben Stiller ရိုက္ကူးျပီး ကိုယ္တုိင္လည္း ပါဝင္သရုပ္ေဆာင္ထားတဲ့ ဒီကားမွာ Kristen Wig နဲ႔ John Daly တို႔လည္း တြဲဖက္ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ Walter ဆိုတဲ့ လူတစ္ေယာက္ဟာ သူစိတ္ကူးထားသမွ်ထက္ စြန္႔စားခန္းေတြပါတဲ့ ခရီးကို ႏွင္ရတဲ့ ဇာတ္ေၾကာင္းကို စိတ္ဝင္စားစရာ ၾကည့္ရမွာပါ။

The Motorcycle Diaries (2004)

ဒီကားကိုေတာ့ ဒါရိုက္တာ Walter Salles ရိုက္ကူးတင္ဆက္ထားျပီး Gael Garcia Bernal ၊ Rodrigo De la Serna ၊ Mia Maestro တို႔ ပါဝင္ထားပါတယ္။ ခ်ီေဂြဗားရား ငယ္ငယ္တုန္းက ဆိုင္ကယ္စီးခရီးႏွင္ခဲ့တဲ့ Road Trip ကို အတၳဳပတၱိဆန္ဆန္ရုိက္ကူးထားတဲ့ ဒီဇာတ္ကားဟာလည္း စိတ္ဝင္စားစရာပါပဲ။

A Map for Saturday (2007)

Scott Erikson ၊ Rebecca Filmer ၊ Sabrina Hezinger တို႔ ပါဝင္သရုပ္ေဆာင္ထားျပီး Brook Silva-Braga က ဒါရိုက္တာ အျဖစ္ရိုက္ကူးထားပါတယ္။ တိုက္ၾကီး ၄ တိုက္ကို ျဖတ္သန္းခရီးၾကမ္းနွင္သူေတြရဲ့ ဇာတ္ေၾကာင္းကို ရုိက္ကူးထားတဲ့ ဒီကားဟာ ခရီးသြားရတာ ၾကိဳက္သူေတြ သေဘာေခြ႔မွာပါ။

Into the Wild (2007)

 

ဒီကားဟာလည္း ၂၀၀၇ ခုႏွစ္ထြက္ ဇာတ္ကားပဲ ျဖစ္ျပီး ထိပ္တန္းေက်ာင္းသားလည္းျဖစ္၊ အားကစားသမားလည္း ျဖစ္တဲ့ Christopher McCandless တစ္ေယာက္ တကၠသိုလ္က ဘြဲ႔ရအျပီးမွာ သူစုထားတဲ့ စုေငြအားလံုးလွဴဒါန္းလုိက္ျပီး အလာစကာကို ေျခလ်င္ခရီးနွင္ခဲ့ပံုကို ဇာတ္လမ္းဆင္ ရိုက္ကူးထားပါတယ္။ Sean Penn က ရိုက္ကူးထားျပီး Emile Hirsch ၊ Vince Vaughn ၊ Catherine Keener တို႔က ေခါင္းေဆာင္ပါဝင္ထားပါတယ္။

The Beach (2000)

ဒီဇာတ္ကားကေတာ့ ဒါရိုက္တာ Danny Boyle ရဲ့ ဇာတ္ကားျဖစ္ျပီးေတာ့ Leonardo DiCaprio ၊ Tilda Swinton ၊ Virginie Ledoyen ၊ Guillaume Canet နဲ႔ Robert Carlyle တို႔နဲ႔ ရိုက္ကူးထားပါတယ္။ ဒီကားဟာ ထုိင္းႏုိင္ငံမွာရွိတဲ့ Phi Phi Island မွာရုိက္ကူးထားတဲ့အတြက္ ခရီးသြားတတ္သူေတြ ၾကိဳက္မယ့္ ဇာတ္ကားျဖစ္ပါတယ္။

180° South (2010)

ဒီဇာတ္ကားကေတာ့ ခရီးသြားစြန္႔စားခန္းဇာတ္ကားျဖစ္ျပီး ဒါရိုက္တာ Chris Malloy က ရိုက္ကူးထားပါတယ္။ Yvon Chouinard ၊ Doug Tompkins ၊ Keith Malloy တို႔ ပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။

The Darjeeling Limited (2007)

ဒီဇာတ္ကားကေတာ့ Comedy-Drama Film အမ်ိဳးအစားျဖစ္ျပီး ဒါရိုက္တာ Wes Anderson က ရိုက္ကူးတင္ဆက္ထားပါတယ္။ နာမည္ၾကီးေတြျဖစ္တဲ့ Owen Wilson ၊ Adrien Brody ၊ Waris Ahluwalia ၊ Amara Karan ၊ Barbet Schroeder ၊ Anjelica Huston ၊ Natalie Portman၊ Camilla Rutherford ၊ Irrfan Khan နဲ႔ Bill Murray တို႔ ပါဝင္ထားပါတယ္။ ဒီကားဟာ အေကာင္းျမင္ေဝဖန္မႈေတြတသီၾကီး ရရွိခဲ့ျပီး အျမတ္ေငြလည္း ေတာ္ေတာ္ရခဲ့တဲ့ ကားမို႔ လက္မလႊတ္တမ္းၾကည့္သင့္ပါတယ္။

Zindagi Na Milegi Dobara (2011)

ဒီကားကေတာ့ ေဘာလီးဝုဒ္ပရိသတ္ေတြ အတြက္ျဖစ္ျပီး အဂၤလိပ္လို အဓိပၸာယ္ကေတာ့ You Won’t Get This Life Again ျဖစ္ပါတယ္။ ဟာသနဲ႔ ေမတၱာဖြဲ႔ေရာေႏွာေပါင္းစပ္ထားျပီး ဒါရိုက္တာ Zoya Akhtar က ရိုက္ကူးတင္ျပထားပါတယ္။

Life of Pi (2012)

အထူးညႊန္းစရာမလုိတဲ့ Life of Pi ပါ။ ဒါရိုက္တာ Ang Lee က ရုိက္ကူးထားျပီး Suraj Sharma ၊ Irrfan Khan ၊ Rafe Spall ၊ Tabu ၊ Adil Hussain နဲ႔ Gerard Depardieu တို႔ ပါဝင္သရုပ္ေဆာင္ထားတဲ့ ဒီကားဟာ Ang Lee အေကာင္းဆံုး ဒါရိုက္တာ ေအာ္စကာဆုရရွိခဲ့တဲ့ ကားမို႔ လံုးဝၾကည့္ရႈသင့္တဲ့ ကားျဖစ္ပါတယ္။

Eat Pray Love (2010)

Eat Pray Love ကေတာ့ နာမည္ၾကီး မင္းသမီး Julia Roberts ပါဝင္ျပီး Elizabeth Gilbert ရဲ့ အေရာင္းရဆံုး Eat, Pray, Love ကိုပဲ အေျခခံျပီး ျပန္ရုိက္ကူးထားတာပါ။ ဒီကားဟာ အဆုိးေရာ၊ အေကာင္းေရာ ေဝဖန္မႈေတြရခဲ့ေပမယ့္ ေငြေရးေၾကးေရးပုိင္ဆုိင္ရာအရေတာ့ ေအာင္ျမင္မႈရရွိခဲ့ျပီး ေဒၚလာ ၂၀၄.၆ သန္း ကမာၻနဲ႔အဝွမ္း ဝင္ေငြရရွိခဲ့ပါတယ္။

ကဲ! ဒီခရီးသြားဇာတ္ကားေတြနဲ႔ ဒီတစ္ပတ္ ပိတ္ရက္ကို ျဖတ္ေက်ာ္လိုက္ရေအာင္၊ ဒါမွမဟုတ္လည္း ရုပ္ရွင္ၾကည့္ျပီး စိတ္ကူးနဲ႔ ကမၻာပတ္ၾကတာေပါ့။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

တစ်သက်တာမှာ ကြည့်ကို ကြည့်ရမယ့် အကောင်းဆုံး ခရီးသွား ဇာတ်ကား (၁၀) ကား

ခရီးသွားတာကို ကြိုက်နှစ်သက်သူတွေက ခရီးသွားခြင်းကို စိန်ဝယ်၊ ရွှေဝယ်ရတာနဲ့တောင် မလဲနိုင်ပါဘူးတဲ့။ ခရီးသွားတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ရှုခင်းတွေ ကြည့်ရင်း၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကို လေ့လာရင်း၊ အစားအသောက်တွေ၊ ဓလေ့ထုံးစံတွေကို မြည်းစမ်းကြည့်ရင်း ခရီးသွားရတာဟာ ဘဝရဲ့ နိဗ္ဗာန်ပါပဲ။

ဒီမှာတော့ ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အခရာက ညွှန်းချင်တဲ့ အကောင်းဆုံး ခရီးသွားဇာတ်ကား (၁၀) ကားကို လက်တို့လိုက်ပါရစေ။

The Secret Life of Walter Mitty (2013)

Ben Stiller ရိုက်ကူးပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားမှာ Kristen Wig နဲ့ John Daly တို့လည်း တွဲဖက်ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Walter ဆိုတဲ့ လူတစ်ယောက်ဟာ သူစိတ်ကူးထားသမျှထက် စွန့်စားခန်းတွေပါတဲ့ ခရီးကို နှင်ရတဲ့ ဇာတ်ကြောင်းကို စိတ်ဝင်စားစရာ ကြည့်ရမှာပါ။

The Motorcycle Diaries (2004)

ဒီကားကိုတော့ ဒါရိုက်တာ Walter Salles ရိုက်ကူးတင်ဆက်ထားပြီး Gael Garcia Bernal ၊ Rodrigo De la Serna ၊ Mia Maestro တို့ ပါဝင်ထားပါတယ်။ ချီဂွေဗားရား ငယ်ငယ်တုန်းက ဆိုင်ကယ်စီးခရီးနှင်ခဲ့တဲ့ Road Trip ကို အတ္ထုပတ္တိဆန်ဆန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်း စိတ်ဝင်စားစရာပါပဲ။

A Map for Saturday (2007)

Scott Erikson ၊ Rebecca Filmer ၊ Sabrina Hezinger တို့ ပါဝင်သရုပ်ဆောင်ထားပြီး Brook Silva-Braga က ဒါရိုက်တာ အဖြစ်ရိုက်ကူးထားပါတယ်။ တိုက်ကြီး ၄ တိုက်ကို ဖြတ်သန်းခရီးကြမ်းနှင်သူတွေရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဒီကားဟာ ခရီးသွားရတာ ကြိုက်သူတွေ သဘောခွေ့မှာပါ။

Into the Wild (2007)

 

ဒီကားဟာလည်း ၂၀၀၇ ခုနှစ်ထွက် ဇာတ်ကားပဲ ဖြစ်ပြီး ထိပ်တန်းကျောင်းသားလည်းဖြစ်၊ အားကစားသမားလည်း ဖြစ်တဲ့ Christopher McCandless တစ်ယောက် တက္ကသိုလ်က ဘွဲ့ရအပြီးမှာ သူစုထားတဲ့ စုငွေအားလုံးလှူဒါန်းလိုက်ပြီး အလာစကာကို ခြေလျင်ခရီးနှင်ခဲ့ပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားပါတယ်။ Sean Penn က ရိုက်ကူးထားပြီး Emile Hirsch ၊ Vince Vaughn ၊ Catherine Keener တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။

The Beach (2000)

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Danny Boyle ရဲ့ ဇာတ်ကားဖြစ်ပြီးတော့ Leonardo DiCaprio ၊ Tilda Swinton ၊ Virginie Ledoyen ၊ Guillaume Canet နဲ့ Robert Carlyle တို့နဲ့ ရိုက်ကူးထားပါတယ်။ ဒီကားဟာ ထိုင်းနိုင်ငံမှာရှိတဲ့ Phi Phi Island မှာရိုက်ကူးထားတဲ့အတွက် ခရီးသွားတတ်သူတွေ ကြိုက်မယ့် ဇာတ်ကားဖြစ်ပါတယ်။

180° South (2010)

ဒီဇာတ်ကားကတော့ ခရီးသွားစွန့်စားခန်းဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Chris Malloy က ရိုက်ကူးထားပါတယ်။ Yvon Chouinard ၊ Doug Tompkins ၊ Keith Malloy တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

The Darjeeling Limited (2007)

ဒီဇာတ်ကားကတော့ Comedy-Drama Film အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Wes Anderson က ရိုက်ကူးတင်ဆက်ထားပါတယ်။ နာမည်ကြီးတွေဖြစ်တဲ့ Owen Wilson ၊ Adrien Brody ၊ Waris Ahluwalia ၊ Amara Karan ၊ Barbet Schroeder ၊ Anjelica Huston ၊ Natalie Portman၊ Camilla Rutherford ၊ Irrfan Khan နဲ့ Bill Murray တို့ ပါဝင်ထားပါတယ်။ ဒီကားဟာ အကောင်းမြင်ဝေဖန်မှုတွေတသီကြီး ရရှိခဲ့ပြီး အမြတ်ငွေလည်း တော်တော်ရခဲ့တဲ့ ကားမို့ လက်မလွှတ်တမ်းကြည့်သင့်ပါတယ်။

Zindagi Na Milegi Dobara (2011)

ဒီကားကတော့ ဘောလီးဝုဒ်ပရိသတ်တွေ အတွက်ဖြစ်ပြီး အင်္ဂလိပ်လို အဓိပ္ပာယ်ကတော့ You Won’t Get This Life Again ဖြစ်ပါတယ်။ ဟာသနဲ့ မေတ္တာဖွဲ့ရောနှောပေါင်းစပ်ထားပြီး ဒါရိုက်တာ Zoya Akhtar က ရိုက်ကူးတင်ပြထားပါတယ်။

Life of Pi (2012)

အထူးညွှန်းစရာမလိုတဲ့ Life of Pi ပါ။ ဒါရိုက်တာ Ang Lee က ရိုက်ကူးထားပြီး Suraj Sharma ၊ Irrfan Khan ၊ Rafe Spall ၊ Tabu ၊ Adil Hussain နဲ့ Gerard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားဟာ Ang Lee အကောင်းဆုံး ဒါရိုက်တာ အော်စကာဆုရရှိခဲ့တဲ့ ကားမို့ လုံးဝကြည့်ရှုသင့်တဲ့ ကားဖြစ်ပါတယ်။

Eat Pray Love (2010)

Eat Pray Love ကတော့ နာမည်ကြီး မင်းသမီး Julia Roberts ပါဝင်ပြီး Elizabeth Gilbert ရဲ့ အရောင်းရဆုံး Eat, Pray, Love ကိုပဲ အခြေခံပြီး ပြန်ရိုက်ကူးထားတာပါ။ ဒီကားဟာ အဆိုးရော၊ အကောင်းရော ဝေဖန်မှုတွေရခဲ့ပေမယ့် ငွေရေးကြေးရေးပိုင်ဆိုင်ရာအရတော့ အောင်မြင်မှုရရှိခဲ့ပြီး ဒေါ်လာ ၂၀၄.၆ သန်း ကမ္ဘာနဲ့အဝှမ်း ဝင်ငွေရရှိခဲ့ပါတယ်။

ကဲ! ဒီခရီးသွားဇာတ်ကားတွေနဲ့ ဒီတစ်ပတ် ပိတ်ရက်ကို ဖြတ်ကျော်လိုက်ရအောင်၊ ဒါမှမဟုတ်လည်း ရုပ်ရှင်ကြည့်ပြီး စိတ်ကူးနဲ့ ကမ္ဘာပတ်ကြတာပေါ့။

Yoe Lu (Akhayar)

www.akhayar.com

Ref : blogrope.com