[Zawgyi]

ကြန္ပ်ဴတာနည္းပညာနဲ႔ ဆုိင္တဲ့ ဇာတ္ကားေကာင္းေလးေတြ ၾကည့္ခ်င္တယ္ဆုိရင္

ဒီေန႔ေခတ္မွာ Cyber လံုျခံဳေရးဟာ အေရးၾကီးသထက္ ၾကီးလာတဲ့အတြက္ အဲဒီအေၾကာင္းကို အေျခတည္ျပီးေတာ့ ရုပ္ရွင္ေတြ ရိုက္ကူးခဲ့ၾကတာလည္း ၾကာပါျပီ။ Hackers ေတြဆိုတာ ဘယ္လိုလူမ်ိဳးေတြလဲ၊ ဘယ္ေနရာေတြမွာ သူတို႔ရဲ့ အားသာခ်က္ကို အေကာင္းဆံုး ဇာတ္လမ္းဆင္ထားတဲ့ ရုပ္ရွင္ေတြနဲ႔  နည္းပညာဇာတ္ကားေတြထဲက ေကာင္းတဲ့ ဇာတ္ကားတစ္ခ်ိဳ႕ကို အခုလို ေဖာ္ျပေပးလိုက္ပါတယ္။

The Fifth Estate (2013)

ဒီဇာတ္ကားကေတာ့ တကယ့္အျဖစ္အပ်က္ကို အေျခတည္ထားျပီး Wikileaks ရဲ့ အေၾကာင္းကို ရုိက္ကူးထားတာ ျဖစ္ပါတယ္။ ဒါရို္က္တ Bill Condon ျဖစ္ျပီး Benedict Cumberbatch ကေတာ့ Wikileaks ရဲ့ Founder Julian Assange အေနနဲ႔ သရုပ္ေဆာင္ထားပါတယ္။ နာမည္ၾကီး အျဖစ္အပ်က္မို႔ ၾကည့္ရႈသင့္တဲ့ ဇာတ္ကားလို႔ ညႊန္းပါရေစ။

The Girl with the Dragon Tattoo (2011)

ဒီကားကေတာ့ Gothic ပံုအထာနဲ႔ Computer Hacker မိန္းကေလးတစ္ေယာက္ဟာ ေပ်ာက္ဆံုးသြားတဲ့ အမ်ိဳးသမီးတစ္ေယာက္အေၾကာင္း ေဖာ္ထုတ္ရာမွာ ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့ Daniel Criag ကို အကူအညီေပးတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီကားဟာ ဝင္ေငြ ေဒၚလာ ၂၃၂.၆ သန္းရရွိခဲ့တဲ့ ဇာတ္ကားျဖစ္ျပီး Hacker အျဖစ္သရုပ္ေဆာင္တဲ့ Rooney Mara ဟာ သူ႔ရဲ့ သရုပ္ေဆာင္မႈအတြက္ ေအာ္စကာမွာ အေကာင္းဆံုးမင္းသမီးဆုအတြက္ ဆန္ကာတင္စာရင္းတင္သြင္းခံခဲ့ရပါတယ္။

Hacker (2016)

အေမအလုပ္ျပဳတ္ျပီးတဲ့ေနာက္ပိုင္းမွာ ဘဏ္စနစ္တစ္ခုလံုးကို ေဖာက္ထြင္းဝင္ေရာက္ဖုိ႔ ၾကိဳးစားတဲ့ Hacker ေကာင္ေလးတစ္ေယာက္အေၾကာင္းျဖစ္ပါတယ္။

Mr. Robot (2015)

လူတစ္ေယာက္ရဲ့ မနက္ဆို အင္ဂ်င္နီယာအလုပ္၊ ညဆိုရင္ေတာ့ Hacker တစ္ေယာက္ရဲ့ ဘဝဆုိျပီး ဘဝႏွစ္ခုနဲ႔ ျဖတ္သန္းေနပံုကို ရုိက္ကူးထားတဲ့ ဇာတ္လမ္းတြဲျဖစ္ပါတယ္။

Die Hard 4.0 (2007)

 

Die Hard ဇာတ္ကားေတြရဲ့ ေလးကားေျမာက္ဇာတ္ကားျဖစ္ျပီး Bruce Willis က စံုေထာက္ John McClane အျဖစ္ပါဝင္္သရုပ္ေဆာင္ထားပါတယ္။ ဒီကားဟာ Hacking နဲ႔ Action ေရာေမႊထားတဲ့ ကားမို႔ စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။

Cyberbully (2011)

ဒီကားကေတာ့ Hacking ဆိုတာထက္ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ေယာက္အြန္လိုင္းမွာ Cyberbully လုပ္ခံရတာကို ရိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ငယ္ရြယ္ေသးတဲ့ ဆယ္ေက်ာ္သက္ေတြအေနနဲ႔ အင္တာနက္ကို ဘယ္လို သတိထားသံုးသင့္တယ္ဆိုတာပါ မီးေမာင္းထိုးျပမွာပါ။

Who Am I (2014)

ဂ်ာမန္ဇာတ္ကားျဖစ္ျပီး ဇာတ္ကားရဲ့ အရွည္က Who Am I – Kein System ist sicher (အဂၤလိပ္လိုဆိုရင္ေတာ့ Who Am I : No System Is safe) ျဖစျ္ပီး ဘာလင္မွာရွိတဲ့ ဟက္ကာအဖြဲ႔တစ္ဖြဲ႔ဟာ တစ္ကမာၻလံုးထိ ေက်ာ္ၾကားဖို႔ ၾကံစည္ေနၾကပံုကို ဇာတ္လမ္းဆင္ရုိက္ကူးထားပါတယ္။ ဒီကားကို Fight Club နဲ႔ Mr.Robot တို႔လို ကားမ်ိဳးနဲ႔ ႏႈိင္းယွဥ္ၾကပါတယ္။

Algorithm (2014)

Freelance Computer Hacker တစ္ေယာက္ဟာ အစိုးရရဲ့ လွ်ိဳ႕ဝွက္ Computer Program တစ္ခုကို ေတြ႕ရွိတဲ့အခါ ခ်ိဳးဖ်က္ဝင္ေရာက္ဖို႔ ၾကိဳးစားခဲ့ျပီး ေတာ္လွန္ေရးတစ္ရပ္နဲ႔  သြားျငိမိတဲ့အခါ ဘာေတြဆက္ျဖစ္လာေလမလဲ ဆက္ၾကည့္ရမွာပါ။

The Social Network (2010)

ဒီကားကေတာ့ ဟားဗတ္ေက်ာင္းသား ေမာင္Mark Zuckerberg တစ္ေယာက္ Facebook ရယ္လုိ႔ ျဖစ္လာမယ့္ Social Networking Site တစ္ခုကို အေျခတည္လုပ္ေဆာင္ျဖစ္ပံုကို ရုိက္ကူးထားတာပါ။

I.T. (2016)

ဒီကားကေတာ့ Pierce Brosnan ပါဝင္သရုပ္ေဆာင္ထားျပီး အလုပ္ျဖဳတ္ခံထားရတဲ့ IT Consultant တစ္ေယာက္ဟာ မီလ်ံနာတစ္ေယာက္ရဲ့ ဘဝကို ဝင္ေရာက္ေမႊေႏွာက္ဖို႔ လက္စားေခ်ဖို႔ ၾကံစည္ခဲ့ပံု ဇာတ္လမ္းပါ။

တျခားေကာငး္တဲ့ကားေတြ ရွိရင္လည္း Comment Box မွာ မွ်ေဝေပးသြားပါဦးဗ်ာ။

Yoe Lu (Akhayar)

www.akhayar.com

Blogrope.com

[Unicode]

ကွန်ပျူတာနည်းပညာနဲ့ ဆိုင်တဲ့ ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်တယ်ဆိုရင်

ဒီနေ့ခေတ်မှာ Cyber လုံခြုံရေးဟာ အရေးကြီးသထက် ကြီးလာတဲ့အတွက် အဲဒီအကြောင်းကို အခြေတည်ပြီးတော့ ရုပ်ရှင်တွေ ရိုက်ကူးခဲ့ကြတာလည်း ကြာပါပြီ။ Hackers တွေဆိုတာ ဘယ်လိုလူမျိုးတွေလဲ၊ ဘယ်နေရာတွေမှာ သူတို့ရဲ့ အားသာချက်ကို အကောင်းဆုံး ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်တွေနဲ့  နည်းပညာဇာတ်ကားတွေထဲက ကောင်းတဲ့ ဇာတ်ကားတစ်ချို့ကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

The Fifth Estate (2013)

ဒီဇာတ်ကားကတော့ တကယ့်အဖြစ်အပျက်ကို အခြေတည်ထားပြီး Wikileaks ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တ Bill Condon ဖြစ်ပြီး Benedict Cumberbatch ကတော့ Wikileaks ရဲ့ Founder Julian Assange အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး အဖြစ်အပျက်မို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ညွှန်းပါရစေ။

The Girl with the Dragon Tattoo (2011)

ဒီကားကတော့ Gothic ပုံအထာနဲ့ Computer Hacker မိန်းကလေးတစ်ယောက်ဟာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဖော်ထုတ်ရာမှာ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Daniel Criag ကို အကူအညီပေးတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီကားဟာ ဝင်ငွေ ဒေါ်လာ ၂၃၂.၆ သန်းရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Hacker အဖြစ်သရုပ်ဆောင်တဲ့ Rooney Mara ဟာ သူ့ရဲ့ သရုပ်ဆောင်မှုအတွက် အော်စကာမှာ အကောင်းဆုံးမင်းသမီးဆုအတွက် ဆန်ကာတင်စာရင်းတင်သွင်းခံခဲ့ရပါတယ်။

Hacker (2016)

အမေအလုပ်ပြုတ်ပြီးတဲ့နောက်ပိုင်းမှာ ဘဏ်စနစ်တစ်ခုလုံးကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ Hacker ကောင်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။

Mr. Robot (2015)

လူတစ်ယောက်ရဲ့ မနက်ဆို အင်ဂျင်နီယာအလုပ်၊ ညဆိုရင်တော့ Hacker တစ်ယောက်ရဲ့ ဘဝဆိုပြီး ဘဝနှစ်ခုနဲ့ ဖြတ်သန်းနေပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Die Hard 4.0 (2007)

 

Die Hard ဇာတ်ကားတွေရဲ့ လေးကားမြောက်ဇာတ်ကားဖြစ်ပြီး Bruce Willis က စုံထောက် John McClane အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားဟာ Hacking နဲ့ Action ရောမွှေထားတဲ့ ကားမို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

Cyberbully (2011)

ဒီကားကတော့ Hacking ဆိုတာထက် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်အွန်လိုင်းမှာ Cyberbully လုပ်ခံရတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ငယ်ရွယ်သေးတဲ့ ဆယ်ကျော်သက်တွေအနေနဲ့ အင်တာနက်ကို ဘယ်လို သတိထားသုံးသင့်တယ်ဆိုတာပါ မီးမောင်းထိုးပြမှာပါ။

Who Am I (2014)

ဂျာမန်ဇာတ်ကားဖြစ်ပြီး ဇာတ်ကားရဲ့ အရှည်က Who Am I – Kein System ist sicher (အင်္ဂလိပ်လိုဆိုရင်တော့ Who Am I : No System Is safe) ဖြြစ်ပီး ဘာလင်မှာရှိတဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ တစ်ကမ္ဘာလုံးထိ ကျော်ကြားဖို့ ကြံစည်နေကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ ဒီကားကို Fight Club နဲ့ Mr.Robot တို့လို ကားမျိုးနဲ့ နှိုင်းယှဉ်ကြပါတယ်။

Algorithm (2014)

Freelance Computer Hacker တစ်ယောက်ဟာ အစိုးရရဲ့ လျှို့ဝှက် Computer Program တစ်ခုကို တွေ့ရှိတဲ့အခါ ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး တော်လှန်ရေးတစ်ရပ်နဲ့  သွားငြိမိတဲ့အခါ ဘာတွေဆက်ဖြစ်လာလေမလဲ ဆက်ကြည့်ရမှာပါ။

The Social Network (2010)

ဒီကားကတော့ ဟားဗတ်ကျောင်းသား မောင်Mark Zuckerberg တစ်ယောက် Facebook ရယ်လို့ ဖြစ်လာမယ့် Social Networking Site တစ်ခုကို အခြေတည်လုပ်ဆောင်ဖြစ်ပုံကို ရိုက်ကူးထားတာပါ။

I.T. (2016)

ဒီကားကတော့ Pierce Brosnan ပါဝင်သရုပ်ဆောင်ထားပြီး အလုပ်ဖြုတ်ခံထားရတဲ့ IT Consultant တစ်ယောက်ဟာ မီလျံနာတစ်ယောက်ရဲ့ ဘဝကို ဝင်ရောက်မွှေနှောက်ဖို့ လက်စားချေဖို့ ကြံစည်ခဲ့ပုံ ဇာတ်လမ်းပါ။

တခြားကောင်းတဲ့ကားတွေ ရှိရင်လည်း Comment Box မှာ မျှဝေပေးသွားပါဦးဗျာ။

Yoe Lu (Akhayar)

www.akhayar.com