[Zawgyi]

တြဲေနျပီလုိ႕ လူမႈကြန္ရက္မွာ သတင္းေတြထြက္ေနတဲ့ သူတုိ႕ႏွစ္ေယာက္

လတ္တေလာလူမႈကြန္ရက္မွာေတာ့ အဆုိေတာ္ ေရႊထူးနဲ႕ ထိပ္တန္းမင္းသမီး ေရႊမႈံရတီ တုိ႕ တြဲခုတ္ေနၾကျပီဆုိတဲ့ သတင္းေတြက ပရိသတ္ေတြၾကားမွာ ဂယက္ထလ်က္ရွိပါတယ္။ သက္ဆုိင္သူကိုယ္စီနဲ႕လမ္းခြဲထားျပီး Single ျဖစ္ေနၾကတဲ့ သူတုိ႕ႏွစ္ဦးရဲ႕ အခ်စ္ေရးေကာလဟလနဲ႕ပတ္သက္ျပီး သေဘာတူေနတဲ့ ပရိသတ္ေတြရွိသလုိ ေ၀ဖန္သူေတြလည္းရွိေနတာျဖစ္ပါတယ္။သူတုိ႕ႏွစ္ဦးရဲ႕ လူမႈကြန္ရက္အေကာင့္ကုိယ္စီမွာ တင္ထားၾကတဲ့ လႈပ္ရွားမႈပုံရိပ္ေလးေတြေၾကာင့္ပဲ ေရႊမႈံရတီရဲ႕ ခ်စ္သူဟာ ေရႊထူး ျဖစ္မယ္လုိ႕ မွတ္ခ်က္ေပးေနၾကတာျဖစ္ပါတယ္။


ဒါ့ျပင္ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသဲေက်ာ္ ေရႊထူးရဲ႕လက္မွာ ၀တ္ထားတဲ့ လက္စြပ္ နဲ႕ ေရႊမႈံ ရဲ႕လက္က လက္စြပ္ေလး ဆင္တူျဖစ္ေနတာကုိလည္းေတြ႕ရပါတယ္။
အႏုပညာေလာကမွာ အခ်ိန္တုိအတြင္း ေအာင္ျမင္မႈကုိယ္စီရရွိထားတဲ့ ေရႊထူး နဲ႕ ေရႊမႈံရတီဟာ “ဧည့္သည္”ဆုိတဲ့ ရုပ္ရွင္ကားၾကီး အတူတူရုိက္ကူးထားျပီး သူတုိ႕ႏွစ္ေယာက္ရဲ႕အသက္၀င္လွတဲ့ ဇာတ္၀င္ခန္းပုံရိပ္ေတြကေတာ့ တကယ့္ခ်စ္သူရည္းစားေတြလုိ႕ေတာင္ထင္ရက္စရာပါပဲ။

လူမႈကြန္ရက္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ ရင္းရင္းႏွီးႏွီး စလုိက္ေနာက္လုိက္ေနၾကတာကုိလည္းတြ႕ရပါတယ္။ ႏွစ္ဦးစလုံးဟာ အခ်စ္ေရးနဲ႕ပတ္သက္ျပီး ဘယ္သူဘယ္၀ါနဲ႕တြဲေနလဲဆုိတာ တရား၀င္ခ်ျပျခင္းမရွိေသးေပမယ့္ သူတုိ႕ရဲ႕ ပရိသတ္ေတြကေတာ့ တကယ္ျဖစ္မယ္လုိ႕ ခန္႕မွန္းထားၾကပါတယ္။ ပရိသတ္ေတြေရာ သူတုိ႕ႏွစ္ဦးရဲ႕ အခ်စ္ေရးေကာလာဟလက တကယ္ျဖစ္ေနတယ္ဆုိရင္ သေဘာတူရဲ႕လား။

Photos Credit – Htoo Khant and Shwe hmone Yati

Stella(Akhayar)

www.akhayar.com

[Unicode]

တွဲနေပြီလို့ လူမှုကွန်ရက်မှာ သတင်းတွေထွက်နေတဲ့ သူတို့နှစ်ယောက်

လတ်တလောလူမှုကွန်ရက်မှာတော့ အဆိုတော် ရွှေထူးနဲ့ ထိပ်တန်းမင်းသမီး ရွှေမှုံရတီ တို့ တွဲခုတ်နေကြပြီဆိုတဲ့ သတင်းတွေက ပရိသတ်တွေကြားမှာ ဂယက်ထလျက်ရှိပါတယ်။ သက်ဆိုင်သူကိုယ်စီနဲ့လမ်းခွဲထားပြီး Single ဖြစ်နေကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကောလဟလနဲ့ပတ်သက်ပြီး သဘောတူနေတဲ့ ပရိသတ်တွေရှိသလို ဝေဖန်သူတွေလည်းရှိနေတာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ လူမှုကွန်ရက်အကောင့်ကိုယ်စီမှာ တင်ထားကြတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကြောင့်ပဲ ရွှေမှုံရတီရဲ့ ချစ်သူဟာ ရွှေထူး ဖြစ်မယ်လို့ မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။

ဒါ့ပြင် နှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော် ရွှေထူးရဲ့လက်မှာ ဝတ်ထားတဲ့ လက်စွပ် နဲ့ ရွှေမှုံ ရဲ့လက်က လက်စွပ်လေး ဆင်တူဖြစ်နေတာကိုလည်းတွေ့ရပါတယ်။
အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုကိုယ်စီရရှိထားတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီဟာ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ကားကြီး အတူတူရိုက်ကူးထားပြီး သူတို့နှစ်ယောက်ရဲ့အသက်ဝင်လှတဲ့ ဇာတ်ဝင်ခန်းပုံရိပ်တွေကတော့ တကယ့်ချစ်သူရည်းစားတွေလို့တောင်ထင်ရက်စရာပါပဲ။

လူမှုကွန်ရက်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး စလိုက်နောက်လိုက်နေကြတာကိုလည်းတွ့ရပါတယ်။ နှစ်ဦးစလုံးဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါနဲ့တွဲနေလဲဆိုတာ တရားဝင်ချပြခြင်းမရှိသေးပေမယ့် သူတို့ရဲ့ ပရိသတ်တွေကတော့ တကယ်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပရိသတ်တွေရော သူတို့နှစ်ဦးရဲ့ အချစ်ရေးကောလာဟလက တကယ်ဖြစ်နေတယ်ဆိုရင် သဘောတူရဲ့လား။

Photos Credit – Htoo Khant and Shwe hmone Yati

Stella(Akhayar)

www.akhayar.com