[Zawgyi]

Akhayar Media ကေနစာဖတ္ပရိတ္သတ္ေတြ သုတ၊ ရသနဲ့ဗဟုသုတပိုၿပီးစံုစံုလင္လင္ရနိုင္ဖို႔အတြက္ လက္ရွိ Akhayar အဖြဲ့သားေတြတင္ဆက္ေနတဲ႔ေဆာင္းပါးေတြအျပင္ ဒီတစ္ပတ္ကစၿပီးျပင္ပကစာေရးဆရာေတြရဲ့ေဆာင္းပါးလက္ရာေကာင္းေတြကိုပါ အလ်ဥ္းသင့္သလိုေဖၚျပေပးသြားမွာၿဖစ္ပါတယ္။ ဒီေန့မွာေတာ့ အြန္လိုင္းမွာေရာ လူသိမ်ားတဲ့စာေရးဆရာတစ္ဦးၿဖစ္သူေဒါက္တာၿဖိဳးသီဟရဲ႕ေဆာင္းပါးေကာင္းတစ္ပုဒ္ကိုစတင္တင္ဆက္ေပးလိုက္ပါတယ္။ဆရာ၀န္တစ္ျဖစ္လည္း စာအေရးအသားေကာင္းၿပီးလူငယ္ေတြအတြက္ဗဟုသုတရဖြယ္ ပညာေပးေဆာင္းပါးေတြေရးသားတင္ဆက္ေလ့ရွိတဲ့ ေဒါက္တာၿဖိဳးသီဟရဲ႕ေဆာင္းပါးေကာင္းေတြကို အခရာမွာေစာင့္ေမွ်ာ္ဖတ္ရွဴနိုင္ပါတယ္။

လူငယ္နဲ႕ လိင္အၾကမ္းဖက္မႈမ်ား

ဒီေန႕ေခတ္မွာ က်ယ္က်ယ္ေလာင္ေလာင္ၾကားလာရတဲ့ ကိစၥကေတာ့ လိင္အၾကမ္းဖက္မႈေတြပါပဲ။ တခ်ိဳ႕က လိင္အၾကမ္းဖက္တယ္ဆုိရင္ အဓမၼျပဳက်င့္မႈလို႔ပဲ ထင္တတ္ၾကတယ္။ တကယ္တမ္းေတာ့ ဒီထက္ပုိပါတယ္။ လိင္မႈကိစၥနဲ႔ပတ္သက္ျပီး သေဘာတူညီမႈမပါဘဲ တစ္ဦးတစ္ေယာက္ကို ရုပ္ပုိင္း၊ စိတ္ပုိင္း အေႏွာင့္အယွက္ျဖစ္ေအာင္ ထိခုိက္ေအာင္ လုပ္လုိက္တဲ့ကိစၥတုိင္းကုိ လိင္အၾကမ္းဖက္တယ္လို႕ ေခၚပါတယ္။ ဒီေတာ့ ဘာေတြပါေသးလဲဆုိရင္ ပြတ္သပ္ကုိင္တြယ္တာ၊ ယိသဲ့သဲ့ေျပာတာ၊ ညစ္ညမ္းဇာတ္ကားေတြျပတာ၊ ညစ္ညမ္းတဲ့စကားလံုးေတြ ေျပာဆုိတာ၊ အလုပ္မွာ ရာထူးတုိးဖုိ႕၊ အဆင္ေျပဖုိ႕ အထက္အရာရွိကေန သူနဲ႔အတူေနမွရမယ္ဆုိျပီး ေတာင္းဆုိတာ၊ လိင္လုပ္ငန္းမွာ အတင္းအၾကပ္ ခုိင္းေစခံရတာ၊ ေရာင္းစားခံရတာ၊ တစ္စံုတစ္ေယာက္နဲ႔ အတင္းအၾကပ္ လက္ထပ္ခုိင္းတာ၊ ဒါေတြအကုန္လံုး အၾကံဳး၀င္ပါတယ္။

တကယ္ေတာ့ လူငယ္ေတြအတြက္ ဒီလိင္အၾကမ္းဖက္ခံရမႈဟာ အင္မတန္မွကုိ အေရးၾကီးတဲ့ ျပႆနာတစ္ရပ္အေနနဲ႔ ပါ၀င္ေနပါတယ္။ စစ္တမ္းတစ္ခုအရ ဆယ္ေက်ာ္သက္မိန္းကေလးေတြရဲ႕ ၃၄ ရာခုိင္ႏႈန္းအထိဟာ လိင္အၾကမ္းဖက္ခံရမႈနဲ႔ ၾကံဳေတြ႕ေနရပါတယ္။ ကုိယ့္ဟာကိုယ္လည္း ျပန္စဥ္းစားၾကည္႔ပါ။ အဓမၼျပဳက်င့္မႈေလာက္ထိ မခံခဲ့ရရင္ေတာင္ ခုနကေျပာခဲ့တဲ့ လိင္အၾကမ္းဖက္မႈေတြကို တစ္ၾကိမ္တစ္ခါေတာ့ ၾကံဳေတြ႔ခဲ့ရတာမ်ိဳး ရွိႏုိင္တယ္။ ငယ္ငယ္ကေတာ့ မသိခဲ့ဘူး၊ ဒါငါ့ကို အၾကမ္းဖက္ေနတာပဲဆုိတာကုိ။ ေနာက္ေတာ့မွသာ ဒီလိုအျဖစ္မ်ိဳး ၾကံဳခဲ့ရတာပဲလုိ႔ သေဘာေပါက္လာၾကတဲ့ အရြယ္ေရာက္ျပီးအမ်ိဳးသမီးေတြ အမ်ားၾကီးရွိပါတယ္။

ဒါေၾကာင့္ ဒီျပႆနာကုိ ေက်းလက္ေဒသက လူေတြ၊ အေျခခံလူတန္းစားေတြပဲ ၾကံဳရႏုိင္တာလုိ႔ မထင္ပါနဲ႕။ သူတို႔ကေတာ့ ပိုျပီးအၾကမ္းဖက္ခံရႏုိင္ေခ်မ်ားေပမယ့္ ျမိဳ႕ေနလူတန္းစား၊ အထက္တန္း၊ အလယ္အလတ္တန္းစား လူေတြမွာလည္း ရွိႏုိင္ပါတယ္။ ဟုိးတစ္ေလာကဆုိ ကၽြန္ေတာ့္ဆီကုိ ညီမေလးတစ္ေယာက္ ရင္လာဖြင့္တယ္။ သူက သင္တန္းေတြတက္၊ ပညာေတြသင္ယူရင္း ဘ၀ကို အဆင့္ျမင့္ျမင့္ တည္ေဆာက္ဖို႔ ၾကိဳးစားေနသူပါ။ လူေနမႈအဆင့္ဟာ အလတ္တန္းစားမွာ ရွိတယ္ေပါ့။ တစ္ရက္ေတာ့ သူနဲ႔သူ႕ရည္းစား ညေနရုပ္ရွင္ၾကည္႔ျပီးအျပန္မွာ သူ႔ရည္းစားက သူနဲ႔အတူေနဖုိ႕ ေတာင္းဆုိတယ္။ ေကာင္မေလးက ျငင္းတယ္၊ သူ ဒါမ်ိဳးမလုပ္ခ်င္ဘူးဆုိေတာ့ ေကာင္ေလးက ခ်စ္လုိ႔ပါဆိုျပီး အတင္းအဓမၼ ျပဳလုပ္သြားတယ္။ ဒါမ်ိဳးေတြက ျမန္မာဇာတ္ကားေတြထဲမွာလည္း ခဏခဏ ပါပါတယ္။ မင္းသားက အဲ့လိုအတင္းအဓမၼလုပ္တယ္။ မင္းသမီးက အစပုိင္းေတာ့ စိတ္ဆုိးတယ္။ ေနာက္ေတာ့ ျပန္ခြင့္လႊတ္ျပီး မင္းသားနဲ႔ မင္းသမီး ညားတယ္ေပါ့။ တကယ္တမ္း အျပင္မွာကေတာ့ ဒီမိန္းကေလးဟာ ေယာက်ာ္းေတြကုိ ေၾကာက္လန္႔သြားျခင္း၊ အိပ္မက္ေတြ ေပ်ာက္ဆံုးသြားျခင္း၊ တန္ဖုိးမရွိေတာ့သလို ခံစားရျခင္းေတြနဲ႔ပဲ က်န္ခဲ့တာပါ။ ဒါေၾကာင့္မို႔ ကုိယ္က လူေနမႈအဆင့္အတန္းျမင့္တယ္ဆုိတုိင္း ဒါေတြမၾကံဳရဘူး မထင္ပါနဲ႕။ အနီးဆံုးလူက ျပဳက်င့္ေနတာ၊ အၾကမ္းဖက္ေနတာေတြလည္း အမ်ားၾကီးရွိေနပါတယ္။

ခ်စ္သူဘ၀မွာ ႏွစ္ဦးသေဘာတူ အတူေနခဲ့ၾကတယ္။ ေနာက္ပုိင္း သေဘာထားမတုိက္ဆုိင္လို႕ မိန္းကေလးဘက္က ျပတ္ခ်င္လာျပီဆုိတဲ့အခါ ေကာင္ေလးက မျပတ္ေပးဘူး။ ဒီအခါ မ်ိဳးစံုအေႏွာင့္အယွက္ေပးတယ္။ အရင္က အတူေနခဲ့တာေတြကို လူအမ်ားသိေအာင္ေျပာျပီး အရွက္ခြဲမယ္လို႔ ျခိမ္းေျခာက္တယ္။ ေနာက္ အ၀တ္အစားလဲေနတာကို ဗီဒီယုိခုိးရုိက္ခံရတယ္။ ဒါကုိျပျပီး မျဖန္႔ေစခ်င္ရင္ သူခုိင္းတာလုပ္ဆုိျပီး အၾကပ္ကုိင္ခံရတယ္။ အြန္လိုင္းကေန စကားေျပာျဖစ္တယ္၊ တစ္ေယာက္ကိုတစ္ေယာက္ စိတ္၀င္စားလုိ႔ အျပင္မွာခ်ိန္းၾကတယ္၊ အဲဒီမွာ ေဆးခပ္ျပီး အဓမၼျပဳက်င့္တယ္၊ Date rape လို႕ ေခၚတာေပါ့။ ဒီလိုမ်ိဳးစံုေသာ လိင္အၾကမ္းဖက္မႈေတြနဲ႕ လူငယ္ေတြဟာ ရင္ဆုိင္ေနရပါတယ္။

ေနာက္ျပီး မိန္းကေလးေတြမွ ၾကံဳေတြ႕ႏုိင္တာမ်ိဳးမဟုတ္ဘဲ ေယာက်ာ္းေလးေတြလည္း ၾကံဳရႏုိင္တယ္။ သူတို႔မွာ ပိုဆုိးတာက ငါဟာ ေယာက်ာ္းစစ္စစ္ မဟုတ္ေတာ့ဘူးဆုိတဲ့ အသိ၀င္သြားတတ္တယ္။ ဒီအခါ တစ္သက္လံုး စိတ္ပိုင္းဆုိင္ရာ ဒဏ္ရာရသြားတယ္။ ဟုိးတစ္ေလာက အင္မတန္မွကို ေအာင္ျမင္ေနတဲ့ ကမာၻေက်ာ္အဆုိေတာ္တစ္ေယာက္ ကုိယ့္ကုိယ္ကုိယ္ သတ္ေသတဲ့ေနရာမွာ သူငယ္ငယ္က ရခဲ့တဲ့ စိတ္ဒဏ္ရာ (Psychological trauma) ေတြက အဓိကအခ်က္အေနနဲ႔ ပါ၀င္ခဲ့တယ္။ အဲဒီဒဏ္ရာေတြထဲမွာ ကေလးဘ၀တုန္းက အဓမၼျပဳက်င့္ခံခဲ့ရျခင္းကလည္း တစ္ခုအပါအ၀င္ပါပဲ။

အဲဒီလို လိင္အၾကမ္းဖက္မႈ ၾကံဳခဲ့ရတဲ့ လူငယ္တစ္ေယာက္ဟာ တစ္ပါးသူကို ထုတ္ေဖာ္ေျပာဖုိ႔လည္း ၀န္ေလးတယ္။ ေယာက်ာ္းေလးဆုိလည္း ဒီလိုမ်ိဳးျပဳက်င့္ခံလိုက္ရရင္ ေသမေလာက္ ရွက္တယ္။ မိန္းကေလးဆုိလည္း အဓမၼျပဳက်င့္မႈမွမဟုတ္ဘူး၊ ဘယ္လုိပံုစံနဲ႕ အၾကမ္းဖက္ခံရသည္ျဖစ္ေစ ထုတ္မေျပာဘူး။ သည္းခံလုိက္မယ္။ ေၾကာက္ေနတယ္။ တစ္ဖက္မွာလည္း အဲ့ဒီလုိထုတ္ေျပာလိုက္တာနဲ႔ အျပစ္တင္မယ့္သူေတြ၊ အထင္ေသးမယ့္သူေတြက အသင့္ေစာင့္ေနတယ္။ ဒီေတာ့ ၾကိတ္ျပီးခံစားတယ္။ ကုိယ့္ကုိယ္ကုိယ္ ေလးစားမႈေတြ ေပ်ာက္ဆံုးသြားတယ္။ လူေတာမတုိးေတာ့ဘူး။ ဒီအခါ ထပ္မံက်ဴးလြန္ခံရဖုိ႔ ရာခုိင္ႏႈန္း တအားမ်ားတယ္။ အဆုိးသံသရာလည္ေနတယ္။

ဒါဆုိ ဒီလိင္အၾကမ္းဖက္မႈေတြကို ဘယ္လိုကာကြယ္ၾကမလဲ။ လုပ္ေဆာင္ရမွာေတြေတာ့ အမ်ားၾကီးရွိပါတယ္။ အရင္ဆံုးအေနနဲ႔ လူငယ္ေတြဟာ လိင္အၾကမ္းဖက္မႈဆုိတာ ဘာလဲ သိထားဖုိ႕လုိတယ္။ ဒါေတြဟာ ငါတုိ႔လည္း ၾကံဳေတြ႔ရႏုိင္ပါလားဆုိတဲ့ အသိ (Awareness) ရွိထားဖုိ႔လိုတယ္။ ဒါမွသာ သတိထားႏုိင္မွာ ျဖစ္ပါတယ္။

ေနာက္တစ္ခု၊ ေယာက်ာ္းေတြ ကုိယ္က်င့္သိကၡာေကာင္းဖို႔လုိတယ္။ ရည္းစားကေန ဒါမ်ိဳးလုပ္တယ္၊ ခုေနာက္ပုိင္းမွာဆုိ ၾကားမိၾကမွာပါ၊ အေဖက သမီးကုိ၊ ဆရာက တပည္႔မကို၊ အဖုိးက ေျမးအရြယ္ကုိ ျပဳက်င့္တယ္ ဆုိေတာ့ကာ ဒီလိုအရင္းႏွီးဆံုးလူေတြကုိေတာင္ မယံုရေတာ့ဘူးလားလုိ႕ ေမးစရာျဖစ္လာတယ္။ မိန္းကေလးေတြ၊ လူငယ္ေတြဟာ ဘယ္သူ႔ကိုမွ မယံုရဲေတာ့ဘဲ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ရွင္သန္သြားရေတာ့မွာလား။ ဒီလိုေတာ့လည္း မဟုတ္ေသးဘူး။ တကယ္ေတာ့ ဒါမ်ိဳးအၾကမ္းဖက္မႈေတြ၊ အဓမၼျပဳက်င့္မႈေတြဟာ ေယာက်ာ္းတုိင္းက လုပ္ေနတာမဟုတ္ဘူး။ ကုိယ္က်င့္သိကၡာေကာင္းတဲ့ ေယာက်ာ္းေတြဟာ ဘယ္ေတာ့မွ ဒါမ်ိဳးမလုပ္ဘူး။ သူတို႔မွာ စိတ္ဆႏၵျပင္းထန္ေနတယ္ ဆုိဦးေတာ့ မိန္းကေလးရဲ႕ဆႏၵကုိ ေလးစားတယ္။ အတင္းအဓမၼ မလုပ္ဘူး။ ဒါေၾကာင့္မို႕ ေယာက်ာ္းေတြ ကုိယ္က်င့္တရားေကာင္းဖို႔ လိုတယ္။ တစ္ဖက္မွာလည္း အဲဒီလိုသားေယာက်ာ္းေလးေတြ မိန္းကေလးကို တန္ဖုိးထားတတ္ဖုိ႔ဆုိတာက မိဘေတြအေနနဲ႔ ငါတုိ႔က သားရွင္ဆိုတဲ့ တစ္ဖက္သတ္ဆန္တဲ့ အယူအဆမ်ိဳး မရွိဖုိ႔လုိတယ္။ ကုိယ့္သားနဲ႕ အိမ္အကူေကာင္မေလးျဖစ္ၾကတဲ့ကိစၥမွာ အေၾကာင္းရင္းကို ေသခ်ာေတာင္မေမးျမန္းဘဲ နင္က ငါ့သားကုိ ျမွဴဆြယ္တာဆုိတဲ့ တစ္ဖက္သတ္ကာကြယ္ေပးမႈမ်ိဳး လုပ္ေနသေရြ႕ ကုိယ့္သားဟာ ဒီလုိလူစားမ်ိဳး ျဖစ္ေနမွာပဲ။

ေနာက္ဆံုးတစ္ခုကေတာ့ ထုတ္ေဖာ္ေျပာဖုိ႔ပါ။ ဒါဟာ ေျပာသေလာက္ေတာ့ မလြယ္တာ သေဘာေပါက္ပါတယ္။ ထုတ္ေျပာလိုက္ရင္ လူေတြက ၀ုိင္းကဲ့ရဲ႕မယ္၊ အျပစ္တင္မယ္၊ အထင္ေသးမယ္။ ဒါေတြကို နားလည္ပါတယ္။ သုိ႕ေသာ္ စဥ္းစားၾကည္႕ပါ။ မေျပာဘဲ ထားေနသေရြ႕ ဒီကိစၥေတြ ရွိေနမွန္း လူမသိဘူး။ မေျပာဘဲ ထားေနသေရြ႕ ဒီလူေတြဟာ လူယုတ္မာေတြမွန္း ဘယ္သူမွ မသိဘူး။ မေျပာဘဲ ထားေနသေရြ႕ ဒီလိုအၾကမ္းဖက္မႈေတြ ဘယ္ေတာ့မွ မပေပ်ာက္ဘူး။ ဒါေၾကာင့္မုိ႕ ထုတ္ေဖာ္ေျပာပါ။ တုိင္တန္းပါ။ တရားဥပေဒရဲ႕ အကူအညီကုိ ယူပါ။ ဒီအကူအညီရဖုိ႕ ခက္ခဲမယ္ဆုိတာ သိပါတယ္။ ဒါေပမယ့္ ေတာင္းဆုိပါ၊ ကုိယ့္ရဲ႕ ႏုိင္ငံသားအခြင့္အေရးကုိ ရယူပါ။ တစ္ဖက္မွာလည္း ကၽြန္ေတာ္တုိ႕ လူ႕အသိုင္းအ၀ုိင္းအေနနဲ႕ အၾကမ္းဖက္မႈတစ္ခု ျဖစ္တုိင္း ျဖစ္တုိင္း က်ဴးလြန္သြားသူ လူယုတ္မာထက္ အၾကမ္းဖက္ခံရသူကုိသာ ျပစ္တင္ရံႈ႕ခ်ကဲ့ရဲ႕ေနၾကတဲ့ အေလ့အထေလးေတြ ျပင္ေပးပါ။ ဒါမွသာ သူတို႕အေနနဲ႕ ထုတ္ေဖာ္ေျပာဖုိ႔ရာ ပုိလြယ္ကူပါလိမ့္မယ္။

ေရးသားသူ – ေဒါက္တာ ျဖိဳးသီဟ

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Akhayar Media ကနေစာဖတ်ပရိတ်သတ်တွေ သုတ၊ ရသနဲ့ဗဟုသုတပိုပြီးစုံစုံလင်လင်ရနိုင်ဖို့အတွက် လက်ရှိ Akhayarအဖွဲ့သားတွေတင်ဆက်နေတဲ့ဆောင်းပါးတွေအပြင် ဒီတစ်ပတ်ကစပြီးပြင်ပကစာရေးဆရာတွေရဲ့ဆောင်းပါးလက်ရာကောင်းတွေကိုပါ အလျဉ်းသင့်သလိုဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အွန်လိုင်းမှာရော လူသိများတဲ့စာရေးဆရာတစ်ဦးဖြစ်သူဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတစ်ပုဒ်ကိုစတင်တင်ဆက်ပေးလိုက်ပါတယ်။ဆရာဝန်တစ်ဖြစ်လည်း စာအရေးအသားကောင်းပြီးလူငယ်တွေအတွက်ဗဟုသုတရဖွယ် ပညာပေးဆောင်းပါးတွေရေးသားတင်ဆက်လေ့ရှိတဲ့ ဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတွေကို အခရာမှာစောင့်မျှော်ဖတ်ရှူနိုင်ပါတယ်။

လူငယ်နဲ့ လိင်အကြမ်းဖက်မှုများ

ဒီနေ့ခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားလာရတဲ့ ကိစ္စကတော့ လိင်အကြမ်းဖက်မှုတွေပါပဲ။ တချို့က လိင်အကြမ်းဖက်တယ်ဆိုရင် အဓမ္မပြုကျင့်မှုလို့ပဲ ထင်တတ်ကြတယ်။ တကယ်တမ်းတော့ ဒီထက်ပိုပါတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုမပါဘဲ တစ်ဦးတစ်ယောက်ကို ရုပ်ပိုင်း၊ စိတ်ပိုင်း အနှောင့်အယှက်ဖြစ်အောင် ထိခိုက်အောင် လုပ်လိုက်တဲ့ကိစ္စတိုင်းကို လိင်အကြမ်းဖက်တယ်လို့ ခေါ်ပါတယ်။ ဒီတော့ ဘာတွေပါသေးလဲဆိုရင် ပွတ်သပ်ကိုင်တွယ်တာ၊ ယိသဲ့သဲ့ပြောတာ၊ ညစ်ညမ်းဇာတ်ကားတွေပြတာ၊ ညစ်ညမ်းတဲ့စကားလုံးတွေ ပြောဆိုတာ၊ အလုပ်မှာ ရာထူးတိုးဖို့၊ အဆင်ပြေဖို့ အထက်အရာရှိကနေ သူနဲ့အတူနေမှရမယ်ဆိုပြီး တောင်းဆိုတာ၊ လိင်လုပ်ငန်းမှာ အတင်းအကြပ် ခိုင်းစေခံရတာ၊ ရောင်းစားခံရတာ၊ တစ်စုံတစ်ယောက်နဲ့ အတင်းအကြပ် လက်ထပ်ခိုင်းတာ၊ ဒါတွေအကုန်လုံး အကြုံးဝင်ပါတယ်။

တကယ်တော့ လူငယ်တွေအတွက် ဒီလိင်အကြမ်းဖက်ခံရမှုဟာ အင်မတန်မှကို အရေးကြီးတဲ့ ပြဿနာတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ စစ်တမ်းတစ်ခုအရ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ ၃၄ ရာခိုင်နှုန်းအထိဟာ လိင်အကြမ်းဖက်ခံရမှုနဲ့ ကြုံတွေ့နေရပါတယ်။ ကိုယ့်ဟာကိုယ်လည်း ပြန်စဉ်းစားကြည့်ပါ။ အဓမ္မပြုကျင့်မှုလောက်ထိ မခံခဲ့ရရင်တောင် ခုနကပြောခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေကို တစ်ကြိမ်တစ်ခါတော့ ကြုံတွေ့ခဲ့ရတာမျိုး ရှိနိုင်တယ်။ ငယ်ငယ်ကတော့ မသိခဲ့ဘူး၊ ဒါငါ့ကို အကြမ်းဖက်နေတာပဲဆိုတာကို။ နောက်တော့မှသာ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရတာပဲလို့ သဘောပေါက်လာကြတဲ့ အရွယ်ရောက်ပြီးအမျိုးသမီးတွေ အများကြီးရှိပါတယ်။

ဒါကြောင့် ဒီပြဿနာကို ကျေးလက်ဒေသက လူတွေ၊ အခြေခံလူတန်းစားတွေပဲ ကြုံရနိုင်တာလို့ မထင်ပါနဲ့။ သူတို့ကတော့ ပိုပြီးအကြမ်းဖက်ခံရနိုင်ချေများပေမယ့် မြို့နေလူတန်းစား၊ အထက်တန်း၊ အလယ်အလတ်တန်းစား လူတွေမှာလည်း ရှိနိုင်ပါတယ်။ ဟိုးတစ်လောကဆို ကျွန်တော့်ဆီကို ညီမလေးတစ်ယောက် ရင်လာဖွင့်တယ်။ သူက သင်တန်းတွေတက်၊ ပညာတွေသင်ယူရင်း ဘဝကို အဆင့်မြင့်မြင့် တည်ဆောက်ဖို့ ကြိုးစားနေသူပါ။ လူနေမှုအဆင့်ဟာ အလတ်တန်းစားမှာ ရှိတယ်ပေါ့။ တစ်ရက်တော့ သူနဲ့သူ့ရည်းစား ညနေရုပ်ရှင်ကြည့်ပြီးအပြန်မှာ သူ့ရည်းစားက သူနဲ့အတူနေဖို့ တောင်းဆိုတယ်။ ကောင်မလေးက ငြင်းတယ်၊ သူ ဒါမျိုးမလုပ်ချင်ဘူးဆိုတော့ ကောင်လေးက ချစ်လို့ပါဆိုပြီး အတင်းအဓမ္မ ပြုလုပ်သွားတယ်။ ဒါမျိုးတွေက မြန်မာဇာတ်ကားတွေထဲမှာလည်း ခဏခဏ ပါပါတယ်။ မင်းသားက အဲ့လိုအတင်းအဓမ္မလုပ်တယ်။ မင်းသမီးက အစပိုင်းတော့ စိတ်ဆိုးတယ်။ နောက်တော့ ပြန်ခွင့်လွှတ်ပြီး မင်းသားနဲ့ မင်းသမီး ညားတယ်ပေါ့။ တကယ်တမ်း အပြင်မှာကတော့ ဒီမိန်းကလေးဟာ ယောကျာ်းတွေကို ကြောက်လန့်သွားခြင်း၊ အိပ်မက်တွေ ပျောက်ဆုံးသွားခြင်း၊ တန်ဖိုးမရှိတော့သလို ခံစားရခြင်းတွေနဲ့ပဲ ကျန်ခဲ့တာပါ။ ဒါကြောင့်မို့ ကိုယ်က လူနေမှုအဆင့်အတန်းမြင့်တယ်ဆိုတိုင်း ဒါတွေမကြုံရဘူး မထင်ပါနဲ့။ အနီးဆုံးလူက ပြုကျင့်နေတာ၊ အကြမ်းဖက်နေတာတွေလည်း အများကြီးရှိနေပါတယ်။

ချစ်သူဘဝမှာ နှစ်ဦးသဘောတူ အတူနေခဲ့ကြတယ်။ နောက်ပိုင်း သဘောထားမတိုက်ဆိုင်လို့ မိန်းကလေးဘက်က ပြတ်ချင်လာပြီဆိုတဲ့အခါ ကောင်လေးက မပြတ်ပေးဘူး။ ဒီအခါ မျိုးစုံအနှောင့်အယှက်ပေးတယ်။ အရင်က အတူနေခဲ့တာတွေကို လူအများသိအောင်ပြောပြီး အရှက်ခွဲမယ်လို့ ခြိမ်းခြောက်တယ်။ နောက် အဝတ်အစားလဲနေတာကို ဗီဒီယိုခိုးရိုက်ခံရတယ်။ ဒါကိုပြပြီး မဖြန့်စေချင်ရင် သူခိုင်းတာလုပ်ဆိုပြီး အကြပ်ကိုင်ခံရတယ်။ အွန်လိုင်းကနေ စကားပြောဖြစ်တယ်၊ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားလို့ အပြင်မှာချိန်းကြတယ်၊ အဲဒီမှာ ဆေးခပ်ပြီး အဓမ္မပြုကျင့်တယ်၊ Date rape လို့ ခေါ်တာပေါ့။ ဒီလိုမျိုးစုံသော လိင်အကြမ်းဖက်မှုတွေနဲ့ လူငယ်တွေဟာ ရင်ဆိုင်နေရပါတယ်။

နောက်ပြီး မိန်းကလေးတွေမှ ကြုံတွေ့နိုင်တာမျိုးမဟုတ်ဘဲ ယောကျာ်းလေးတွေလည်း ကြုံရနိုင်တယ်။ သူတို့မှာ ပိုဆိုးတာက ငါဟာ ယောကျာ်းစစ်စစ် မဟုတ်တော့ဘူးဆိုတဲ့ အသိဝင်သွားတတ်တယ်။ ဒီအခါ တစ်သက်လုံး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားတယ်။ ဟိုးတစ်လောက အင်မတန်မှကို အောင်မြင်နေတဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နေရာမှာ သူငယ်ငယ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ (Psychological trauma) တွေက အဓိကအချက်အနေနဲ့ ပါဝင်ခဲ့တယ်။ အဲဒီဒဏ်ရာတွေထဲမှာ ကလေးဘဝတုန်းက အဓမ္မပြုကျင့်ခံခဲ့ရခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။

အဲဒီလို လိင်အကြမ်းဖက်မှု ကြုံခဲ့ရတဲ့ လူငယ်တစ်ယောက်ဟာ တစ်ပါးသူကို ထုတ်ဖော်ပြောဖို့လည်း ဝန်လေးတယ်။ ယောကျာ်းလေးဆိုလည်း ဒီလိုမျိုးပြုကျင့်ခံလိုက်ရရင် သေမလောက် ရှက်တယ်။ မိန်းကလေးဆိုလည်း အဓမ္မပြုကျင့်မှုမှမဟုတ်ဘူး၊ ဘယ်လိုပုံစံနဲ့ အကြမ်းဖက်ခံရသည်ဖြစ်စေ ထုတ်မပြောဘူး။ သည်းခံလိုက်မယ်။ ကြောက်နေတယ်။ တစ်ဖက်မှာလည်း အဲ့ဒီလိုထုတ်ပြောလိုက်တာနဲ့ အပြစ်တင်မယ့်သူတွေ၊ အထင်သေးမယ့်သူတွေက အသင့်စောင့်နေတယ်။ ဒီတော့ ကြိတ်ပြီးခံစားတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ ပျောက်ဆုံးသွားတယ်။ လူတောမတိုးတော့ဘူး။ ဒီအခါ ထပ်မံကျူးလွန်ခံရဖို့ ရာခိုင်နှုန်း တအားများတယ်။ အဆိုးသံသရာလည်နေတယ်။

ဒါဆို ဒီလိင်အကြမ်းဖက်မှုတွေကို ဘယ်လိုကာကွယ်ကြမလဲ။ လုပ်ဆောင်ရမှာတွေတော့ အများကြီးရှိပါတယ်။ အရင်ဆုံးအနေနဲ့ လူငယ်တွေဟာ လိင်အကြမ်းဖက်မှုဆိုတာ ဘာလဲ သိထားဖို့လိုတယ်။ ဒါတွေဟာ ငါတို့လည်း ကြုံတွေ့ရနိုင်ပါလားဆိုတဲ့ အသိ (Awareness) ရှိထားဖို့လိုတယ်။ ဒါမှသာ သတိထားနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခု၊ ယောကျာ်းတွေ ကိုယ်ကျင့်သိက္ခာကောင်းဖို့လိုတယ်။ ရည်းစားကနေ ဒါမျိုးလုပ်တယ်၊ ခုနောက်ပိုင်းမှာဆို ကြားမိကြမှာပါ၊ အဖေက သမီးကို၊ ဆရာက တပည့်မကို၊ အဖိုးက မြေးအရွယ်ကို ပြုကျင့်တယ် ဆိုတော့ကာ ဒီလိုအရင်းနှီးဆုံးလူတွေကိုတောင် မယုံရတော့ဘူးလားလို့ မေးစရာဖြစ်လာတယ်။ မိန်းကလေးတွေ၊ လူငယ်တွေဟာ ဘယ်သူ့ကိုမှ မယုံရဲတော့ဘဲ ကြောက်ကြောက်လန့်လန့်နဲ့ ရှင်သန်သွားရတော့မှာလား။ ဒီလိုတော့လည်း မဟုတ်သေးဘူး။ တကယ်တော့ ဒါမျိုးအကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေဟာ ယောကျာ်းတိုင်းက လုပ်နေတာမဟုတ်ဘူး။ ကိုယ်ကျင့်သိက္ခာကောင်းတဲ့ ယောကျာ်းတွေဟာ ဘယ်တော့မှ ဒါမျိုးမလုပ်ဘူး။ သူတို့မှာ စိတ်ဆန္ဒပြင်းထန်နေတယ် ဆိုဦးတော့ မိန်းကလေးရဲ့ဆန္ဒကို လေးစားတယ်။ အတင်းအဓမ္မ မလုပ်ဘူး။ ဒါကြောင့်မို့ ယောကျာ်းတွေ ကိုယ်ကျင့်တရားကောင်းဖို့ လိုတယ်။ တစ်ဖက်မှာလည်း အဲဒီလိုသားယောကျာ်းလေးတွေ မိန်းကလေးကို တန်ဖိုးထားတတ်ဖို့ဆိုတာက မိဘတွေအနေနဲ့ ငါတို့က သားရှင်ဆိုတဲ့ တစ်ဖက်သတ်ဆန်တဲ့ အယူအဆမျိုး မရှိဖို့လိုတယ်။ ကိုယ့်သားနဲ့ အိမ်အကူကောင်မလေးဖြစ်ကြတဲ့ကိစ္စမှာ အကြောင်းရင်းကို သေချာတောင်မမေးမြန်းဘဲ နင်က ငါ့သားကို မြှူဆွယ်တာဆိုတဲ့ တစ်ဖက်သတ်ကာကွယ်ပေးမှုမျိုး လုပ်နေသရွေ့ ကိုယ့်သားဟာ ဒီလိုလူစားမျိုး ဖြစ်နေမှာပဲ။

နောက်ဆုံးတစ်ခုကတော့ ထုတ်ဖော်ပြောဖို့ပါ။ ဒါဟာ ပြောသလောက်တော့ မလွယ်တာ သဘောပေါက်ပါတယ်။ ထုတ်ပြောလိုက်ရင် လူတွေက ဝိုင်းကဲ့ရဲ့မယ်၊ အပြစ်တင်မယ်၊ အထင်သေးမယ်။ ဒါတွေကို နားလည်ပါတယ်။ သို့သော် စဉ်းစားကြည့်ပါ။ မပြောဘဲ ထားနေသရွေ့ ဒီကိစ္စတွေ ရှိနေမှန်း လူမသိဘူး။ မပြောဘဲ ထားနေသရွေ့ ဒီလူတွေဟာ လူယုတ်မာတွေမှန်း ဘယ်သူမှ မသိဘူး။ မပြောဘဲ ထားနေသရွေ့ ဒီလိုအကြမ်းဖက်မှုတွေ ဘယ်တော့မှ မပပျောက်ဘူး။ ဒါကြောင့်မို့ ထုတ်ဖော်ပြောပါ။ တိုင်တန်းပါ။ တရားဥပဒေရဲ့ အကူအညီကို ယူပါ။ ဒီအကူအညီရဖို့ ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် တောင်းဆိုပါ၊ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေးကို ရယူပါ။ တစ်ဖက်မှာလည်း ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်တိုင်း ဖြစ်တိုင်း ကျူးလွန်သွားသူ လူယုတ်မာထက် အကြမ်းဖက်ခံရသူကိုသာ ပြစ်တင်ရှုံ့ချကဲ့ရဲ့နေကြတဲ့ အလေ့အထလေးတွေ ပြင်ပေးပါ။ ဒါမှသာ သူတို့အနေနဲ့ ထုတ်ဖော်ပြောဖို့ရာ ပိုလွယ်ကူပါလိမ့်မယ်။

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။