[Zawgyi]

ေအာင္ျမင္တယ္လို႔ ကိုယ့္ကိုယ္ကိုသတ္မွတ္လိုက္ခ်ိန္ဟာ ကိုယ္က်ဆံုးတဲ့ေန႔လို႔ တစ္ပါတည္းသတ္မွတ္လိုက္တဲ႔ႏွင္႔တူေၾကာင္း သရုပ္ေဆာင္ေရႊသမီးက ေျပာဆိုလိုက္ပါတယ္။

“ကိုယ့္ကိုယ္ကိုေအာင္ျမင္တဲ့သူအျဖစ္ ကိုယ္တိုင္သတ္မွတ္လို႔မရပါဘူး။ ကိုယ့္ရဲ႕ႀကိဳးစားမႈအေပၚ ပရိသတ္ကပဲ ဆံုးျဖတ္တာပါ။ လူေတြက ကိုယ္ဘာျဖစ္ေနတယ္ဆိုတာ မျမင္ရပါဘူး။ ေဘးကၾကည့္ေနတဲ့သူကပဲ ျမင္ရတာပါ။ ဒီေတာ့ ေဘးပတ္ဝန္းက်င္မွာရိွေနတဲ့ ကိုယ့္စီနီယာ၊ ဂ်ဴနီယာေတြနဲ႔ ကိုယ္ခ်စ္ရတဲ့ပရိသတ္ေတြကပဲ ဆံုးျဖတ္ေပးမွာပါ။ အဲ့အတြက္ ကိုယ့္ဘက္ကေအာင္ျမင္ေနၿပီလို႔ သတ္မွတ္စိတ္ထားတဲ့ေန႔က က်ဆံုးတဲ့ေန႔လို႔ ကိုယ့္ကိုယ္ကို သတ္မွတ္ထားပါတယ္”လုိ႔ ေရႊသမီးကေျပာပါတယ္။

ေအာင္ျမင္မႈအတြက္ ႀကိဳးစားေနတဲ့သူ႔ေတြဟာ အႏုပညာအလုပ္အေပၚ သစၥာရိွရမွာျဖစ္ၿပီး ႀကိဳးစားမႈက ရာခိုင္ႏႈန္းက်လို႔မရဘူးလို႔ ဆိုပါတယ္။ တစ္ဆင့္ခ်င္းစီ ႀကိဳးစားရမွာျဖစ္ၿပီး ေအာင္ျမင္ေနတဲ့သူမ်ားက ႀကိဳးစားမႈေၾကာင့္သာ ရပ္တည္ေနႏိုင္ၾကျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

“ဒီအႏုပညာရပ္ဆိုတာက သင္ယူလို႔မကုန္ပါဘူး။ သင္ယူလို႔ရတဲ့အပိုင္းေတြရိွသလို မရတဲ့အပိုင္းေတြလည္း ရိွပါတယ္။ အဲ့အတြက္ ဝိုင္းဝန္းပ့ံပိုး၊ စည္းလံုးမႈနဲ႔ ႀကိဳးစားၾကရမွာပါပဲ။ ညီမက အႏုပညာကို တကယ္ခ်စ္ျမတ္ႏိုးတယ္။ အခုလက္ရိွေအာင္ျမင္ေက်ာ္ၾကားေနတဲ့ အႏုပညာရွင္ေတြကို တကယ္အားက်တယ္။ သူတို႔ေအာင္ျမင္မႈတစ္ခုရရိွဖို႔ ဘယ္လိုအဆင့္ဆင့္ျဖတ္သန္းႀကိဳးစားလာရတယ္ဆိုတာကို ႐ႈတင္ေတြမွာဆံုလို႔ေျပာျပရင္ အရမ္းစိတ္ဝင္စားဖို႔ေကာင္းသလို အရမ္းခက္ခဲခဲ့ၾကတယ္ဆိုတာ သိလာပါတယ္”လို႔ ေရႊသမီးကဆက္ေျပာပါတယ္။

သ႐ုပ္ေဆာင္ေရႊသမီးဟာ အႏုပညာပ်ိဳးခင္းရဲ႕ စင္တင္မင္းသမီးတစ္ေယာက္ျဖစ္ခဲ့ၿပီး ဇာတ္ကားေပါင္းမ်ားစြာ႐ိုက္ကူးလ်က္ရွိကာ ယခုေလာေလာဆယ္တြင္ ဒါ႐ိုက္တာစတီး႐ိုက္ကူးတဲ့ “ပီဇာ”႐ုပ္ရွင္ဇာတ္ကားတြင္ သတင္းေထာက္မေလးတစ္ဦးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

အောင်မြင်တယ်လို့ ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်ချိန်ဟာ ကိုယ်ကျဆုံးတဲ့နေ့လို့ တစ်ပါတည်းသတ်မှတ်လိုက်တဲ့နှင့်တူကြောင်း သရုပ်ဆောင်ရွှေသမီးက ပြောဆိုလိုက်ပါတယ်။

“ကိုယ့်ကိုယ်ကိုအောင်မြင်တဲ့သူအဖြစ် ကိုယ်တိုင်သတ်မှတ်လို့မရပါဘူး။ ကိုယ့်ရဲ့ကြိုးစားမှုအပေါ် ပရိသတ်ကပဲ ဆုံးဖြတ်တာပါ။ လူတွေက ကိုယ်ဘာဖြစ်နေတယ်ဆိုတာ မမြင်ရပါဘူး။ ဘေးကကြည့်နေတဲ့သူကပဲ မြင်ရတာပါ။ ဒီတော့ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ ကိုယ့်စီနီယာ၊ ဂျူနီယာတွေနဲ့ ကိုယ်ချစ်ရတဲ့ပရိသတ်တွေကပဲ ဆုံးဖြတ်ပေးမှာပါ။ အဲ့အတွက် ကိုယ့်ဘက်ကအောင်မြင်နေပြီလို့ သတ်မှတ်စိတ်ထားတဲ့နေ့က ကျဆုံးတဲ့နေ့လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားပါတယ်”လို့ ရွှေသမီးကပြောပါတယ်။

အောင်မြင်မှုအတွက် ကြိုးစားနေတဲ့သူ့တွေဟာ အနုပညာအလုပ်အပေါ် သစ္စာရှိရမှာဖြစ်ပြီး ကြိုးစားမှုက ရာခိုင်နှုန်းကျလို့မရဘူးလို့ ဆိုပါတယ်။ တစ်ဆင့်ချင်းစီ ကြိုးစားရမှာဖြစ်ပြီး အောင်မြင်နေတဲ့သူများက ကြိုးစားမှုကြောင့်သာ ရပ်တည်နေနိုင်ကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီအနုပညာရပ်ဆိုတာက သင်ယူလို့မကုန်ပါဘူး။ သင်ယူလို့ရတဲ့အပိုင်းတွေရှိသလို မရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဲ့အတွက် ဝိုင်းဝန်းပံ့ပိုး၊ စည်းလုံးမှုနဲ့ ကြိုးစားကြရမှာပါပဲ။ ညီမက အနုပညာကို တကယ်ချစ်မြတ်နိုးတယ်။ အခုလက်ရှိအောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တွေကို တကယ်အားကျတယ်။ သူတို့အောင်မြင်မှုတစ်ခုရရှိဖို့ ဘယ်လိုအဆင့်ဆင့်ဖြတ်သန်းကြိုးစားလာရတယ်ဆိုတာကို ရှုတင်တွေမှာဆုံလို့ပြောပြရင် အရမ်းစိတ်ဝင်စားဖို့ကောင်းသလို အရမ်းခက်ခဲခဲ့ကြတယ်ဆိုတာ သိလာပါတယ်”လို့ ရွှေသမီးကဆက်ပြောပါတယ်။

သရုပ်ဆောင်ရွှေသမီးဟာ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး ဇာတ်ကားပေါင်းများစွာရိုက်ကူးလျက်ရှိကာ ယခုလောလောဆယ်တွင် ဒါရိုက်တာစတီးရိုက်ကူးတဲ့ “ပီဇာ”ရုပ်ရှင်ဇာတ်ကားတွင် သတင်းထောက်မလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

HGID_KV_Ads_Square

www.akhayar.com