ဓါတ္ပံုရိုက္ၿပီးဝင္ေငြရွာမယ္

Akhayar - how-to-sell-photo-onlines

ဓါတ္ပံုရိုက္ၿပီးဝင္ေငြရွာမယ္

ကိုယ့္ကိုယ္ကို ဓါတ္ပံုေကာင္းေကာင္းရုိုက္တတ္တဲ့သူတစ္ဦးလို႔ ယူဆပါသလား။ ဒီလိုမ်ိဳးသူေတြအတြက္ အပိုဝင္ ေငြရွာဖို႔ အခြင့္အလမ္းတစ္ခုရွွိပါတယ္။ ဒါေပမယ့္ ကုိယ္က ဖုန္းကင္မရာနဲ႔ပဲဓါတ္ပံုရိုက္ခဲ့တဲ့သူဆိုရင္ေတာ့ ဝင္ေငြ ရွာဖို႔မလံုေလာက္ေသးပါဘူး။ Digital ကင္မရာ ေကာင္းေကာင္းတစ္လံုးေတာ့လိုအပ္ပါဦးမယ္။ ေနာက္တစ္ခ်က္ အေနနဲ႔ ဖုန္းကင္မရာနဲ႔ Digital ကင္မရာနဲ႔က ရိုက္ရတာနည္းနည္းကြာျခားမႈ ရွိပါတယ္။ အဲ့ဒီေတာ့ ဒိလိုကြာျခားမႈ ေတြကိုလည္း ေလ့လာထားဖုိ႔လိုပါမယ္။

အဲ့ဒီေတာ့ ဓါတ္ပံုရိုက္ၿပီး ဝင္ေငြမရွာခင္ ဒီဂ်စ္တယ္ကင္မရာ တစ္လံုးဝယ္ဖို႔ လိုအပ္လာပါၿပီ။ ဒီလိုဝယ္ရမယ္ဆို လို႔ ပိုက္ဆံအမ်ားႀကီးကုန္မယ္လို႔မထင္ပါနဲ႔။ အနည္းဆံုးျမန္မာေငြ ေလးငါးသိန္းေလာက္ကေနစၿပီး ဒီဂ်စ္တယ္ ကင္မရာေတြကို ဝယ္လို႔ရႏိုင္ပါတယ္။ ေစ်းႀကီးႀကီးကင္မရာအေကာင္းစားႀကီးနဲ႔ရိုက္မွ ဓါတ္ပံုေကာင္းေကာင္းရ တာမဟုတ္ပါဘူး။ ေစ်းအလယ္အလတ္ကင္မရာနဲ႔ရိုက္ရင္လည္း ဓါတ္ပံုေကာင္းေကာင္းထြက္ပါတယ္။ ကင္မရာ ထက္စာရင္ ဓါတ္ပံုပညာမွာ ရိုက္တဲ့သူကပိုၿပီးေတာ့ အေရးႀကီးတယ္ဆိုတာကို အၿမဲသတိရပါ။

ဖုန္းကင္မရာေတြက စြမ္းေဆာင္ရည္ျမင့္လာၿပီဆိုေပမယ့္ ဒီဂ်စ္တယ္ကင္မရာေတြကိုေတာ့ မယွဥ္ႏိုင္ေသးပါဘူး

ဘယ္ကင္မရာေရြးဝယ္မလဲ?

ဒီဂ်စ္တယ္ကင္မရာစဝယ္မယ္ဆိုတာနဲ႔ ၾကံဳရမွာက ဘယ္လုိအမ်ိဳးအစားဝယ္မွာလဲ။ Bridge လား၊ DSLR လား၊ Mirrorless လားဆိုၿပီးေတာ့ စၿပီးေတာ့ စဥ္းစားရပါမယ္။ ၿပီးရင္ဘယ္တံဆိပ္ဝယ္ကိုင္သင့္လဲဆိုတာ ထပ္ၿပီး ေတာ့ စဥ္းၿပီးေတာ့ စဥ္းစားရပါမယ္။ ျမန္မာႏိုင္ငံေစ်းကြက္ထဲမွာ Cannon, Nikon, Sony, Panasonic နဲ႔ Fuji ဆိုတဲ့ တံဆိပ္ေတြ ရွိပါတယ္။ Cannon ကေတာ့ Toyota ကားလိုပဲ ျမန္မာႏိုင္ငံမွာလူႀကိဳက္မ်ားတဲ့ အမွတ္တံဆိပ္ပါ။

ဒီေနရာမွာ ကင္မရာ Review လုပ္မွာမဟုတ္တဲ့အတြက္ ကင္မရာေတြအေၾကာင္းကို သီးသန္႔မေျပာေတာ့ပါဘူး။ ဘယ္ေလာက္ေစ်းႏႈန္းသံုးမယ္ဆိုရင္ ဘယ္လိုကင္မရာမ်ိဳးေတြဝယ္သင့္လဲဆိုတာပဲ ေျပာသြားပါမယ္။ အခုမွစၿပီး ဒီဂ်စ္တယ္ကင္မရာနဲ႔ ဓါတ္ပံုရို္က္ခ်င္တယ္ဆုိတဲ့သူေတြအတြက္ DSLR အမ်ိဳးအစားကို ေရြးဝယ္ပါလို႔အၾကံေပး ပါတယ္။ Mirrorless ေတြက ေပါ့ပါးေပမယ့္ ေစ်းႏႈန္းျမင့္မားပါတယ္။

ဒီဂ်စ္တယ္ကင္မရာေတြက အမ်ိဳးအစားအမ်ားႀကီးရွိပါတယ္။

ေလး၊ ငါးသိန္းဆိုရပါၿပီ

DSLR အမ်ိဳးအစားေတြထဲမွာဆိုရင္ Nikon D3300, D3400 ၊ Cannon 1300D တုိ႔က ေလးသိန္းခြဲ၊ ငါးသိန္းနဲ႔ ရႏိုင္ပါတယ္။ Tocuch Screen နဲ႔လိုခ်င္တယ္ဆိုရင္ေတာ့ ၇ သိန္းခြဲ၊ ၈ သိန္းေလာက္သံုးရပါမယ္။ ေနာက္ၿပီး ကင္မရာဆိုတာက သူ႔ခ်ည္းပဲမၿပီးေသးပါဘူး။ မွန္ဘီလူးဝယ္ဖို႔ က်န္ပါေသးတယ္။ Sony ေတာ့၊ Fuji တို႔က လည္းေကာင္းတယ္ဆိုေပမယ့္ သူတုိ႔က ေစ်းနည္းနည္းမ်ားမ်ားပါတယ္။ ကုိယ္ကပိုက္ဆံသံုးႏိုင္တဲ့သူေတြဆိုရင္ ေတာ့ ဘာမွျပႆနာမရွိပါဘူး။ ကၽြမ္းက်င္တဲ့သူနဲ႔သာတိုင္ပင္ၿပီး ေစ်းႀကီးႀကီးကင္မရာအေကာင္းစားတစ္လံုးသာ ဝယ္လိုက္ပါ။

ဒါကေတာ့ Digital ကင္မရာအေၾကာင္းေကာင္းေကာင္းမသိေသးတဲ့သူေတြကို နည္းနည္းမိတ္ဆက္ေပးတာပါ။ ကင္မရာဝယ္ၿပီးသြားၿပီဆိုရင္ေတာ့ ပိုက္ဆံစရရွာလို႔ရပါၿပီ။

Nikon D5600 DSLR ကင္မရာပံုပါ။

စည္းကမ္းခ်က္ေလးေတြ သိထားရမယ္

ကုိယ္ရိုက္ထားတဲ့ဓါတ္ပံုေတြကို အြန္လိုင္းေပၚမွာေရာင္းလို႔ရပါတယ္။ ႏိုင္ငံျခားမွာေတာ့ ဒိလိုမ်ိဳး Websites ေတြ အမ်ားႀကီးပါ။ Shutterstock နဲ႔ Alamy တုိ႔ကေတာ့ အြန္လိုင္းမွာ ဓါတ္ပံုေရာင္းဝယ္ႏုိင္တဲ့ နာမည္ႀကီး Websites ေတြပါ။ ျမန္မာႏို္င္ငံမွာလည္း ဒီလိုမ်ိဳးဓါတ္ပံုေရာင္းဝယ္ႏို္င္တဲ့ Website တစ္ခုရွိပါတယ္။ အဲ့ဒါ ကေတာ့ Flairs Eyes ပါ။ သူရဲ႕ Websites လိပ္စာက www.flaireyes.com ျဖစ္ပါတယ္။

Flair Eyes Website ပံု

သူ႔ဆီကုိ ဓါတ္ပံုပို႔ၿပီးေရာင္းမယ္ဆိုရင္ေတာ့ စည္းကမ္းခ်က္တခ်ိဳ႕ရွိပါတယ္။ အဲ့ဒါေတြက

– ရိုက္ကူးသူက အသက္ ၁၈ ႏွစ္ျပည့္ၿပီးျဖစ္ရပါမယ္။
– ျမန္မာႏိုင္ငံအတြင္းမွာ ရုိက္ကူူးထားတဲ့ ဓါတ္ပံုေတြသာ ျဖစ္ရပါမယ္။
– DSLR (သို႔) Mirrorless Camera နဲ႔ ရိုက္ကူးရပါမယ္။
– ဓါတ္ပံုအရြယ္အစားက အလ်ား ၃,၀၀၀ x အနံ ၂,၀၀၀ Pixels (3,000 x 2,000 Pixels) အနည္းဆုံးရွိပါမယ္။
Resolutions အေနနဲ႔ 300 (PPI) နဲ႔ ဖုိင္ဆုိက္က အနည္းဆုံး 1 MB မွ 3 MB အတြင္း ရွိရပါမယ္။
အေသးစိတ္အခ်က္အလက္ေတြ သိခ်င္တယ္ဆိုရင္ ဒီ Facebook Page မွာ အေသးစိတ္ဝင္ၾကည့္လို႔ရပါတယ္။

Link >>> Flair Eyes Facebook Link
ဓါတ္ပံုေတြေရာင္းဝယ္ႏိုင္တဲ့ Websites ေတြအေၾကာင္းကိုလည္း ေနာက္အပတ္မွာ ေရးသားေဖာ္ျပေပးပါဦးမယ္။

မင္းသုခ (အခရာ)
www.akhayar.com

[Unicode]

ဓါတ်ပုံရိုက်ပြီးဝင်ငွေရှာမယ်

ကိုယ့်ကိုယ်ကို ဓါတ်ပုံကောင်းကောင်းရိုက်တတ်တဲ့သူတစ်ဦးလို့ ယူဆပါသလား။ ဒီလိုမျိုးသူတွေအတွက် အပိုဝင် ငွေရှာဖို့ အခွင့်အလမ်းတစ်ခုရှှိပါတယ်။ ဒါပေမယ့် ကိုယ်က ဖုန်းကင်မရာနဲ့ပဲဓါတ်ပုံရိုက်ခဲ့တဲ့သူဆိုရင်တော့ ဝင်ငွေ ရှာဖို့မလုံလောက်သေးပါဘူး။ Digital ကင်မရာ ကောင်းကောင်းတစ်လုံးတော့လိုအပ်ပါဦးမယ်။ နောက်တစ်ချက် အနေနဲ့ ဖုန်းကင်မရာနဲ့ Digital ကင်မရာနဲ့က ရိုက်ရတာနည်းနည်းကွာခြားမှု ရှိပါတယ်။ အဲ့ဒီတော့ ဒိလိုကွာခြားမှု တွေကိုလည်း လေ့လာထားဖို့လိုပါမယ်။

အဲ့ဒီတော့ ဓါတ်ပုံရိုက်ပြီး ဝင်ငွေမရှာခင် ဒီဂျစ်တယ်ကင်မရာ တစ်လုံးဝယ်ဖို့ လိုအပ်လာပါပြီ။ ဒီလိုဝယ်ရမယ်ဆို လို့ ပိုက်ဆံအများကြီးကုန်မယ်လို့မထင်ပါနဲ့။ အနည်းဆုံးမြန်မာငွေ လေးငါးသိန်းလောက်ကနေစပြီး ဒီဂျစ်တယ် ကင်မရာတွေကို ဝယ်လို့ရနိုင်ပါတယ်။ ဈေးကြီးကြီးကင်မရာအကောင်းစားကြီးနဲ့ရိုက်မှ ဓါတ်ပုံကောင်းကောင်းရ တာမဟုတ်ပါဘူး။ ဈေးအလယ်အလတ်ကင်မရာနဲ့ရိုက်ရင်လည်း ဓါတ်ပုံကောင်းကောင်းထွက်ပါတယ်။ ကင်မရာ ထက်စာရင် ဓါတ်ပုံပညာမှာ ရိုက်တဲ့သူကပိုပြီးတော့ အရေးကြီးတယ်ဆိုတာကို အမြဲသတိရပါ။

ဘယ်ကင်မရာရွေးဝယ်မလဲ?

ဒီဂျစ်တယ်ကင်မရာစဝယ်မယ်ဆိုတာနဲ့ ကြုံရမှာက ဘယ်လိုအမျိုးအစားဝယ်မှာလဲ။ Bridge လား၊ DSLR လား၊ Mirrorless လားဆိုပြီးတော့ စပြီးတော့ စဉ်းစားရပါမယ်။ ပြီးရင်ဘယ်တံဆိပ်ဝယ်ကိုင်သင့်လဲဆိုတာ ထပ်ပြီး တော့ စဉ်းပြီးတော့ စဉ်းစားရပါမယ်။ မြန်မာနိုင်ငံဈေးကွက်ထဲမှာ Cannon, Nikon, Sony, Panasonic နဲ့ Fuji ဆိုတဲ့ တံဆိပ်တွေ ရှိပါတယ်။ Cannon ကတော့ Toyota ကားလိုပဲ မြန်မာနိုင်ငံမှာလူကြိုက်များတဲ့ အမှတ်တံ ဆိပ်ပါ။

ဒီနေရာမှာ ကင်မရာ Review လုပ်မှာမဟုတ်တဲ့အတွက် ကင်မရာတွေအကြောင်းကို သီးသန့်မပြောတော့ပါဘူး။ ဘယ်လောက်ဈေးနှုန်းသုံးမယ်ဆိုရင် ဘယ်လိုကင်မရာမျိုးတွေဝယ်သင့်လဲဆိုတာပဲ ပြောသွားပါမယ်။ အခုမှစပြီး ဒီဂျစ်တယ်ကင်မရာနဲ့ ဓါတ်ပုံရိုက်ချင်တယ်ဆိုတဲ့သူတွေအတွက် DSLR အမျိုးအစားကို ရွေးဝယ်ပါလို့အကြံပေး ပါတယ်။ Mirrorless တွေက ပေါ့ပါးပေမယ့် ဈေးနှုန်းမြင့်မားပါတယ်။

လေး၊ ငါးသိန်းဆိုရပါပြီ

DSLR အမျိုးအစားတွေထဲမှာဆိုရင် Nikon D3300, D3400 ၊ Cannon 1300D တို့က လေးသိန်းခွဲ၊ ငါးသိန်းနဲ့ ရနိုင်ပါတယ်။ Tocuch Screen နဲ့လိုချင်တယ်ဆိုရင်တော့ ၇ သိန်းခွဲ၊ ၈ သိန်းလောက်သုံးရပါမယ်။ နောက်ပြီး ကင်မရာဆိုတာက သူ့ချည်းပဲမပြီးသေးပါဘူး။ မှန်ဘီလူးဝယ်ဖို့ ကျန်ပါသေးတယ်။ Sony တော့၊ Fuji တို့က လည်းကောင်းတယ်ဆိုပေမယ့် သူတို့က ဈေးနည်းနည်းများများပါတယ်။ ကိုယ်ကပိုက်ဆံသုံးနိုင်တဲ့သူတွေဆိုရင် တော့ ဘာမှပြဿနာမရှိပါဘူး။ ကျွမ်းကျင်တဲ့သူနဲ့သာတိုင်ပင်ပြီး ဈေးကြီးကြီးကင်မရာအကောင်းစားတစ်လုံးသာ ဝယ်လိုက်ပါ။

ဒါကတော့ Digital ကင်မရာအကြောင်းကောင်းကောင်းမသိသေးတဲ့သူတွေကို နည်းနည်းမိတ်ဆက်ပေးတာပါ။ ကင်မရာဝယ်ပြီးသွားပြီဆိုရင်တော့ ပိုက်ဆံစရရှာလို့ရပါပြီ။

စည်းကမ်းချက်လေးတွေ သိထားရမယ်

ကိုယ်ရိုက်ထားတဲ့ဓါတ်ပုံတွေကို အွန်လိုင်းပေါ်မှာရောင်းလို့ရပါတယ်။ နိုင်ငံခြားမှာတော့ ဒိလိုမျိုး Websites တွေ အများကြီးပါ။ Shutterstock နဲ့ Alamy တို့ကတော့ အွန်လိုင်းမှာ ဓါတ်ပုံရောင်းဝယ်နိုင်တဲ့ နာမည်ကြီး Websites တွေပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးဓါတ်ပုံရောင်းဝယ်နိုင်တဲ့ Website တစ်ခုရှိပါတယ်။ အဲ့ဒါ ကတော့ Flairs Eyes ပါ။ သူရဲ့ Websites လိပ်စာက www.flaireyes.com ဖြစ်ပါတယ်။

သူ့ဆီကို ဓါတ်ပုံပို့ပြီးရောင်းမယ်ဆိုရင်တော့ စည်းကမ်းချက်တချို့ရှိပါတယ်။ အဲ့ဒါတွေက
– ရိုက်ကူးသူက အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရပါမယ်။
– မြန်မာနိုင်ငံအတွင်းမှာ ရိုက်ကူူးထားတဲ့ ဓါတ်ပုံတွေသာ ဖြစ်ရပါမယ်။
– DSLR (သို့) Mirrorless Camera နဲ့ ရိုက်ကူးရပါမယ်။
– ဓါတ်ပုံအရွယ်အစားက အလျား ၃,၀၀၀ x အနံ ၂,၀၀၀ Pixels (3,000 x 2,000 Pixels) အနည်းဆုံးရှိပါမယ်။
Resolutions အနေနဲ့ 300 (PPI) နဲ့ ဖိုင်ဆိုက်က အနည်းဆုံး 1 MB မှ 3 MB အတွင်း ရှိရပါမယ်။
အသေးစိတ်အချက်အလက်တွေ သိချင်တယ်ဆိုရင် ဒီ Facebook Page မှာ အသေးစိတ်ဝင်ကြည့်လို့ရပါတယ်။

Link >>> Flair Eyes Facebook Link
ဓါတ်ပုံတွေရောင်းဝယ်နိုင်တဲ့ Websites တွေအကြောင်းကိုလည်း နောက်အပတ်မှာ ရေးသားဖော်ပြပေးပါဦးမယ်။

မင်းသုခ (အခရာ)
www.akhayar.com