[Zawgyi]

က်ိတ္က်ိတ္တိုးလူျပည့္တဲ့ ရန္ကုန္ရဲ႕ အတန္ဆံုး လွည္းတန္းက မာလာရွမ္းေကာ

စိတ္ဝင္စားသြားၿပီမလား မာလာရွမ္းေကာသရဲတို႔?

မာလာရွမ္းေကာ စားဖူးသမွ်ထဲ ရန္ကုန္ရဲ႕ အတန္တကာ့အတန္ဆံုးလည္း ေျပာလို႔ရတယ္။ လူအစည္ဆံုး လွည္းတန္းမွာလည္းရွိတယ္ဆိုေတာ့ကာ….အို ဘာေျပာေကာင္းမလဲ?

အဲ့ဆိုင္ေလးမွာ မာလာရွမ္းေကာရယ္ Mini Hot Pot ရယ္ကို အဓိကထားေရာင္းတယ္။ တျခားကိုရီးယားစာနဲ႔ ထိုင္းစာနည္းနည္းေလးရတယ္။

သူ႕ မာလာရွမ္းေကာ ေရာင္းပံုက ဘယ္ဆိုင္နဲ႔မွ မတူဘူး။ Set လည္းမဟုတ္၊ Gram နဲ႔လည္းမခ်ိန္ေနာ္။ ဒါေပမယ့္ ေစ်းက လတ္တေလာစားဖူးသမွ်ထဲမယ္ အတန္ဆံုးစာရင္းဝင္သြားတာဗ်ိဳ႕။

ဘယ္လိုေရာင္းလဲဆိုေတာ့ကာ- ေစ်းႏႈန္းအလိုက္အထုပ္ကေလးေတြနဲ႔ဗ်ား။ ဟုတ္တယ္။ အရြက္၊ အသား၊ မိႈေတြ၊ ေရစိမ္ေတြက် အထုပ္ေလးေတြနဲ႔ ၂၀၀၊ ၃၀၀ ဝန္းက်င္။ အသားလံုးေတြက် ၂၅၀ ကေန ၅၀၀ ဝန္းက်င္။

ေခါက္ဆြဲက ၃၅၀။ ကဲ..အဲ့ဒါမွ မတန္ရင္ ဘယ္ဟာတန္မတုန္း..ေနာ့။ အရြက္တစ္ထုပ္ ၂၀၀ ဆိုတာ ခပ္မ်ားမ်ား။ အသားေတြနဲ႔အသားေခ်ာင္းေတြလည္း လတ္တယ္။ တန္တယ္။ တုတ္ထိုးထားေတာ့ ေစ်းဘယ္ေလာက္ဖိုးစားမယ္ဆိုတာ ႀကိဳတြက္လို႔ရတယ္။

အခရာကေတာ့ ဗိုက္ဆာေနတာနဲ႔ ခပ္မ်ားမ်ား အသားေတြ၊ အသားေခ်ာင္းေတြနဲ႔ အရြက္ေတြ ၃ေယာက္စာ ယူခ်လိုက္တယ္။ ေရာက္ခ်လာေတာ့ မွာတာေတြအကုန္ပါတယ္။ မာလာရွမ္းေကာ တစ္ပန္းကန္လံုးအေမာက္ႀကီး။ ကိုယ့္အႀကိဳက္ အသားေတြခ်ည္း ေရြးယူထားတာဆိုေတာ့ လံုးဝရွယ္ပဲ။ အရသာကေလ တကယ့္ ဆိုင္ႀကီးေတြက မာလာရွမ္းေကာအရသာကြက္တိ။ နည္းနည္းေတာ့ေလးတယ္။ ဒါလည္း အငန္ေလွ်ာ့လို႔ ေျပာရင္ရမယ္ ထင္တယ္။

အဲ့ခ်ိန္တြက္ခ်လိုက္တာက ဒီေလာက္ဆို တစ္ေသာင္းခြဲေလာက္ေျပးမလြတ္ဘူးေပါ့ေနာ္။ ယူထားတာက အသားတစ္ထုပ္၊ အသားေခ်ာင္းေတြခ်ည္း ၁၀ေခ်ာင္းေက်ာ္တယ္။ အရြက္ေတြလည္း ရွိသမွ်အမ်ိဳးအစားစားေကာင္းတာ အကုန္ယူတာ။ အပ္မိႈက ၂ထုပ္။ ပုစြန္ ၄၀၀ တန္၂ေကာင္။ ပံုမွန္ဆိုင္ဆို တေသာင္းခြဲဝန္းက်င္ပဲ။ ကိုယ္႔အၾကိဳက္ေတြခ်ည္းပဲကိုး။

လာခ်ေပးေတာ့ ပန္းကန္ထဲမွာက ၾကက္အူေခ်ာင္း၊ အသားလံုးနဲ႔အသားေတြခ်ည္းေလ။ ေခါက္ဆြဲခ်ည္းတင္ ၂ထုပ္။ ဒါေပမယ့္ ရင္တထိတ္ထိတ္နဲ႔ ေဘလ္ေတာင္းလိုက္မွ အမ္…ဟုတ္မွဟုတ္ရဲ႕လားလို႔ မ်က္လံုးျပဴးရပါေတာ့တယ္။ အဲ့ဒီအဝအၿပဲ ၂ေယာက္စာစားလို႔ရတာကိုမွ ၆၂၀၀ တဲ့။ လံုး၀ မထင္ထားတာေနာ္။

မၾကိဳက္တာကေတာ့ ဂ်င္းဖတ္ၾကီးေတြနဲ႔ ၾကက္သြန္ျဖဴဥအလံုးလိုက္ၾကီးေတြပါတာပါပဲ။ စားရတာ ဖယ္ေနရတာ အလုပ္တစ္လုပ္ကြယ္။ ၿပီးေတာ့ဆိုင္ၾကီးေတြက အစာသြပ္အသားလံုးေတြ မရွိပါဘူးေနာ္။

အဲ့ေတာ့မွ လူေတြက်ိတ္က်ိတ္တိုးေနၾကတဲ့အေၾကာင္းရင္းသိေတာ့တယ္။ တကယ္ တန္တာေတာ့ေတာ္ေတာ္တန္တာ။ သူ႔ထက္တန္တာေတာင္ သူ႔ေလာက္မတန္ဘူး။ အရသာကလည္း ေတာ္ေတာ္ေကာင္းတယ္ဆိုတဲ့ထဲပါတယ္။ ေနာက္ၿပီး သန္႔ရွင္းမႈ။ တစ္ဆိုင္လံုးက က်ယ္က်ယ္ဝန္းဝန္းသပ္သပ္ရပ္ရပ္ေလး။ ဝန္ထမ္းလည္းမ်ားတယ္။ ေစာင့္ရတာေတာ့ နည္းနည္းၾကာတယ္။ ဒါေပမယ့္ ျပန္ရတာနဲ႔ေတာ့ စိတ္ခ်မ္းသာတယ္ေျပာရမယ္။

Hot Pot ေတာ့ မၿမည္းခဲ႔ရဘူး။ Hot Pot ဆိုရင္ေတာ့ ယူထားတဲ႔ အေခ်ာင္းေတြကို အိုးထဲတခါတည္းထည္႔ခ်က္ေပးတာတဲ႔။ တုတ္ထိုးေဟာ့ေပါ့ပံုမ်ိဳးထင္တယ္။ မာလာရွမ္းေကာေရာ၊ Hot Pot ေရာ ၅၀၀၀ ဖိုးမေက်ာ္ရင္ အႏွစ္ဖိုးနဲ႔ အရည္ဖိုး ၁၀၀၀ ေကာက္တယ္။

ဆိုင္နာမည္က “Home Mala Xiang Guo နဲ႔ Mini Hot Pot” ပါတဲ့။ လွည္းတန္း အမွတ္ ၃၊ ေဇယ်ာသီရိလမ္း။ Iceberry ေဘးကပ္ရက္လမ္းေလးထဲတင္ အဆံုးထိဝင္သြားလိုက္ရင္ ဘယ္ဘက္ျခမ္းမွာရွိပါတယ္။ ဖုန္း-09251925955 ကိုႀကိဳဆက္ၿပီး ေနရာရွိမရွိ အရင္ေမးေနာ္။

မာလာရွမ္းေကာကို အရသာရွိရွိ၊ဗိုက္လဲအဝ၊ ဘက္ဂ်က္မွစားခ်င္တဲ့သူေတြအတြက္ေတာ့ “Home” ဆိုတဲ့ ဒီဆိုင္ေလးကို အခရာကလည္း လံုးဝ Recommend ေပးပါတယ္လို႔။ ဒီရက္ပိုင္းသြားမယ္ဆို ေန႔ခင္းထမင္းစားခ်ိန္နဲ႔ ညေနရံုးဆင္းခ်ိန္ေရွာင္ၿပီးသြားမွ ေနရာရမယ့္အေျခအေနပါ။ အဲ့၂ခ်ိန္ကေတာ့ လူက်ိတ္က်ိတ္တိုးပဲ။

ယူတို႔ လွည္းတန္းဘက္ေရာက္ရင္ ရန္ကုန္ၿမိဳ႕ရဲ႕ အတန္ဆံုးမာလာရွမ္းေကာကို အရသာရွိရွိ ဝင္စားၾကည့္လိုက္ဦးေနာ္။

ခ်စ္လွစြာေသာ

FoodieEi (Akhayar)

[Unicode]

ကျိတ်ကျိတ်တိုးလူပြည့်တဲ့ ရန်ကုန်ရဲ့ အတန်ဆုံး လှည်းတန်းက မာလာရှမ်းကော

စိတ်ဝင်စားသွားပြီမလား မာလာရှမ်းကောသရဲတို့?

မာလာရှမ်းကော စားဖူးသမျှထဲ ရန်ကုန်ရဲ့ အတန်တကာ့အတန်ဆုံးလည်း ပြောလို့ရတယ်။ လူအစည်ဆုံး လှည်းတန်းမှာလည်းရှိတယ်ဆိုတော့ကာ….အို ဘာပြောကောင်းမလဲ?

အဲ့ဆိုင်လေးမှာ မာလာရှမ်းကောရယ် Mini Hot Pot ရယ်ကို အဓိကထားရောင်းတယ်။ တခြားကိုရီးယားစာနဲ့ ထိုင်းစာနည်းနည်းလေးရတယ်။

သူ့ မာလာရှမ်းကော ရောင်းပုံက ဘယ်ဆိုင်နဲ့မှ မတူဘူး။ Set လည်းမဟုတ်၊ Gram နဲ့လည်းမချိန်နော်။ ဒါပေမယ့် ဈေးက လတ်တလောစားဖူးသမျှထဲမယ် အတန်ဆုံးစာရင်းဝင်သွားတာဗျို့။

ဘယ်လိုရောင်းလဲဆိုတော့ကာ- ဈေးနှုန်းအလိုက်အထုပ်ကလေးတွေနဲ့ဗျား။ ဟုတ်တယ်။ အရွက်၊ အသား၊ မှိုတွေ၊ ရေစိမ်တွေကျ အထုပ်လေးတွေနဲ့ ၂၀၀၊ ၃၀၀ ဝန်းကျင်။ အသားလုံးတွေကျ ၂၅၀ ကနေ ၅၀၀ ဝန်းကျင်။

ခေါက်ဆွဲက ၃၅၀။ ကဲ..အဲ့ဒါမှ မတန်ရင် ဘယ်ဟာတန်မတုန်း..နော့။ အရွက်တစ်ထုပ် ၂၀၀ ဆိုတာ ခပ်များများ။ အသားတွေနဲ့အသားချောင်းတွေလည်း လတ်တယ်။ တန်တယ်။ တုတ်ထိုးထားတော့ ဈေးဘယ်လောက်ဖိုးစားမယ်ဆိုတာ ကြိုတွက်လို့ရတယ်။

အခရာကတော့ ဗိုက်ဆာနေတာနဲ့ ခပ်များများ အသားတွေ၊ အသားချောင်းတွေနဲ့ အရွက်တွေ ၃ယောက်စာ ယူချလိုက်တယ်။ ရောက်ချလာတော့ မှာတာတွေအကုန်ပါတယ်။ မာလာရှမ်းကော တစ်ပန်းကန်လုံးအမောက်ကြီး။ ကိုယ့်အကြိုက် အသားတွေချည်း ရွေးယူထားတာဆိုတော့ လုံးဝရှယ်ပဲ။ အရသာကလေ တကယ့် ဆိုင်ကြီးတွေက မာလာရှမ်းကောအရသာကွက်တိ။ နည်းနည်းတော့လေးတယ်။ ဒါလည်း အငန်လျှော့လို့ ပြောရင်ရမယ် ထင်တယ်။

အဲ့ချိန်တွက်ချလိုက်တာက ဒီလောက်ဆို တစ်သောင်းခွဲလောက်ပြေးမလွတ်ဘူးပေါ့နော်။ ယူထားတာက အသားတစ်ထုပ်၊ အသားချောင်းတွေချည်း ၁၀ချောင်းကျော်တယ်။ အရွက်တွေလည်း ရှိသမျှအမျိုးအစားစားကောင်းတာ အကုန်ယူတာ။ အပ်မှိုက ၂ထုပ်။ ပုစွန် ၄၀၀ တန်၂ကောင်။ ပုံမှန်ဆိုင်ဆို တသောင်းခွဲဝန်းကျင်ပဲ။ ကိုယ့်အကြိုက်တွေချည်းပဲကိုး။

လာချပေးတော့ ပန်းကန်ထဲမှာက ကြက်အူချောင်း၊ အသားလုံးနဲ့အသားတွေချည်းလေ။ ခေါက်ဆွဲချည်းတင် ၂ထုပ်။ ဒါပေမယ့် ရင်တထိတ်ထိတ်နဲ့ ဘေလ်တောင်းလိုက်မှ အမ်…ဟုတ်မှဟုတ်ရဲ့လားလို့ မျက်လုံးပြူးရပါတော့တယ်။ အဲ့ဒီအဝအပြဲ ၂ယောက်စာစားလို့ရတာကိုမှ ၆၂၀၀ တဲ့။ လုံး၀ မထင်ထားတာနော်။

မကြိုက်တာကတော့ ဂျင်းဖတ်ကြီးတွေနဲ့ ကြက်သွန်ဖြူဥအလုံးလိုက်ကြီးတွေပါတာပါပဲ။ စားရတာ ဖယ်နေရတာ အလုပ်တစ်လုပ်ကွယ်။ ပြီးတော့ဆိုင်ကြီးတွေက အစာသွပ်အသားလုံးတွေ မရှိပါဘူးနော်။

အဲ့တော့မှ လူတွေကျိတ်ကျိတ်တိုးနေကြတဲ့အကြောင်းရင်းသိတော့တယ်။ တကယ် တန်တာတော့တော်တော်တန်တာ။ သူ့ထက်တန်တာတောင် သူ့လောက်မတန်ဘူး။ အရသာကလည်း တော်တော်ကောင်းတယ်ဆိုတဲ့ထဲပါတယ်။ နောက်ပြီး သန့်ရှင်းမှု။ တစ်ဆိုင်လုံးက ကျယ်ကျယ်ဝန်းဝန်းသပ်သပ်ရပ်ရပ်လေး။ ဝန်ထမ်းလည်းများတယ်။ စောင့်ရတာတော့ နည်းနည်းကြာတယ်။ ဒါပေမယ့် ပြန်ရတာနဲ့တော့ စိတ်ချမ်းသာတယ်ပြောရမယ်။

Hot Pot တော့ မမြည်းခဲ့ရဘူး။ Hot Pot ဆိုရင်တော့ ယူထားတဲ့ အချောင်းတွေကို အိုးထဲတခါတည်းထည့်ချက်ပေးတာတဲ့။ တုတ်ထိုးဟော့ပေါ့ပုံမျိုးထင်တယ်။ မာလာရှမ်းကောရော၊ Hot Pot ရော ၅၀၀၀ ဖိုးမကျော်ရင် အနှစ်ဖိုးနဲ့ အရည်ဖိုး ၁၀၀၀ ကောက်တယ်။

ဆိုင်နာမည်က “Home Mala Xiang Guo နဲ့ Mini Hot Pot” ပါတဲ့။ လှည်းတန်း အမှတ် ၃၊ ဇေယျာသီရိလမ်း။ Iceberry ဘေးကပ်ရက်လမ်းလေးထဲတင် အဆုံးထိဝင်သွားလိုက်ရင် ဘယ်ဘက်ခြမ်းမှာရှိပါတယ်။ ဖုန်း-09251925955 ကိုကြိုဆက်ပြီး နေရာရှိမရှိ အရင်မေးနော်။

မာလာရှမ်းကောကို အရသာရှိရှိ၊ဗိုက်လဲအဝ၊ ဘက်ဂျက်မှစားချင်တဲ့သူတွေအတွက်တော့ “Home” ဆိုတဲ့ ဒီဆိုင်လေးကို အခရာကလည်း လုံးဝ Recommend ပေးပါတယ်လို့။ ဒီရက်ပိုင်းသွားမယ်ဆို နေ့ခင်းထမင်းစားချိန်နဲ့ ညနေရုံးဆင်းချိန်ရှောင်ပြီးသွားမှ နေရာရမယ့်အခြေအနေပါ။ အဲ့၂ချိန်ကတော့ လူကျိတ်ကျိတ်တိုးပဲ။

ယူတို့ လှည်းတန်းဘက်ရောက်ရင် ရန်ကုန်မြို့ရဲ့ အတန်ဆုံးမာလာရှမ်းကောကို အရသာရှိရှိ ဝင်စားကြည့်လိုက်ဦးနော်။

ချစ်လှစွာသော

FoodieEi (Akhayar)