ခုတစ္ေလာရန္ကုန္ျမိဳ႕ထဲအသစ္ေရာက္လာတဲ႔ ဆိုင္ေလးေတြထဲမွာ အစားအေသာက္ဆိုတာထက္ ဖီလင္အရသြားေရာက္စူးစမ္းသင္႔တဲ႔ ဆိုင္ေလးရွိပါတယ္။ အဲဒါက Hard Rock Cafe ပါပဲ။ အခု သူက ျမန္မာပလာဇာ ေလးလႊာမွာေရာက္ေနပါျပီ။

ကမၻာေပၚမွာ ဂီတနဲ႔ပတ္သက္တဲ႔အမွတ္တရပစၥည္းေတြကို စုေဆာင္းျပသထားႏိုင္တဲ႔ဆိုင္ေတြထဲမွာ Hard Rock ကအၾကီးဆံုးျဖစ္ပါတယ္။ Hard Rock ရဲ႕မူလပထမဆိုင္ၾကီးကေတာ႔ လန္ဒန္မွာတည္ရွိပါတယ္။ Hard  Rock ကို၁၉၇၁ ခုနစ္မွာ Issac Tigrett နဲ႔ Peter Morton တို႔ႏွစ္ဦးကစတင္တည္ေထာင္ခဲ႔ျပီး ၁၉၇၉ ခုနစ္မွာမွ Themes Restaurant ပံုစံေျပာင္းခဲ႔တာျဖစ္ပါတယ္။ Themes Restaurant ဆိုတာက ယဥ္ေက်းမႈလက္ရာ ၊ ဂီတအႏုပညာ ၊ အစားအေသာက္ယဥ္ေက်းမႈ စသျဖင္႔ အေၾကာင္းအရာတစ္ခုခုကိုေဖာ္ေဆာင္ျပီး ဆိုင္တစ္ဆိုင္လံုးကိုဒီအေၾကာင္းအရာေတြနဲ႔ ထံုမႊမ္းထားတဲ႔ စားေသာက္ဆိုင္မ်ိဳးျဖစ္ပါတယ္။ အဓိကက အစားအေသာက္အရသာထက္ ခံစားခ်က္ကိုေပးတဲ႔ စားေသာက္ဆုိင္မ်ိဳးျဖစ္ပါတယ္။

ဒီေကာ္ဖီဆိုင္အေနနဲ႔ အမွတ္တရပစၥည္းေတြနဲ႔ပတ္သက္ရင္ တခ်ိဳ႕ေတြကိုလည္းအႏုပညာရွင္ေတြဆီက ေတာင္းခံ ၊ တခ်ိဳ႕ေတြကိုလည္း ဝယ္ယူျပီး စုစည္းထားၾကတာပါ။ ဒီလိုပစၥည္းစုစည္းမႈေတြကို ၁၉၇၉ ခုနစ္က စတင္ခဲ႔ျပီး သူတို႔စုေဆာင္းထားတဲ႔ပစၥည္းေတြက အမ်ိဳးေပါင္း ၈၀၀၀၀ ေလာက္ရွိေနပါတယ္။ Rock and Roll ဂီတအမွတ္တရေတြနဲ႔ပတ္သက္ရင္ကမၻာမွာအၾကီးဆံုး Private ေနရာလို႔သိရပါတယ္။ The Beatles ရဲ႕ Magical Mystery Tour ရုပ္ရွင္ရိုက္ကူးစဥ္ကသံုးခဲ႔တဲ႔ Bedford Val ကားၾကီးလည္း Hard Rock မွာရွိတယ္လို႔ဖတ္ရပါတယ္။

အခုဆိုရင္ Hard Rock ဟာ Seminole Tribe of Florida လက္ေအာက္မွာရွိျပီး  ႏိုင္ငံေပါင္း ၅၉ ႏိုင္ငံမွာ Hard Rock နာမည္နဲ႔ ေကာ္ဖီဆိုင္ ၁၆၈ ဆိုင္ ၊ ဟိုတယ္ ၂၃ လံုး ၊ ကာစီနို ၁၁ ရံု ရွိပါတယ္။ သက္တမ္း ၄၅ ႏွစ္ရွိျပီဆိုေတာ႔ ေရွ႕မီေနာက္မီလူေတြအတြက္ေတာ႔ ဒီဆိုင္ကဂီတသံစဥ္နဲ႔အေငြ႔အသက္ေတြက ငယ္ဘဝကိုျပန္ေရာက္ေစမယ္႔ဆုိင္မ်ိဳးပါ။

ဒီလိုသမိုင္းေၾကာင္းေတြရွိေနတဲ႔ Hard Rock ၾကီး ရန္ကုန္ေရာက္ေနျပီဆိုေတာ႔ သြားၾကည္႔မယ္ဆိုျပီး သြားျဖစ္ၾကပါတယ္။ သူက ဧျပီလကမွ Soft Opening လုပ္တာဆုိေတာ႔ သိပ္ေတာ႔မၾကာေသးပါဘူး။ ျမန္မာပလာဇာ ၄ လႊာမွာဖြင္႔ထားျပီး ဆိုင္ဖြင္႔ခ်ိန္ကေတာ႔ မနက္ ၁၂ နာရီကေန ည ၂ နာရီအထိျဖစ္ပါတယ္။ ၾကာသပေတးေန႔ကလြဲျပီး က်န္တဲ႔ရက္ေတြမွာ Live Music ရွိပါတယ္။

Hard Rock ကိုေရာက္ျဖစ္တာက ျမန္မာပလာဇာကိုေစ်းဝယ္ထြက္ရင္း သူငယ္ခ်င္းက Hard Rock သြားၾကည္႔ရေအာင္ဆိုျပီးေျပာတာနဲ႔ သြားျဖစ္တာဆိုေတာ႔ ေန႔ခင္းဘက္ၾကီးျဖစ္ေနပါတယ္။ ေန႔ခင္းဘက္ဆိုေတာ႔ လူနည္းနည္းရွင္းပါတယ္။

Hard Rock Cafe

ဓာတ္ေလွကားကထြက္ျပီး ဒီလမ္းေလးအတိုင္းေလွ်ာက္သြားပါ

အျပင္အဆင္

ဆိုင္ထဲဝင္လိုက္တာနဲ႔ ဆိုင္ရဲ႕အျပင္အဆင္ကေတာ႔ လံုးဝမိုက္ပါတယ္။ အမိုးေတြကို Sound Box ပံုစံေတြလုပ္ထားျပီး လင္းထင္းမေနဘဲ မီးေရာင္ဝါဝါေလးေတြက ဆြဲေဆာင္မႈရွိပါတယ္။

Hard Rock မွာေကာ္ဖီေသာက္ၾကည္႔မယ္ဆိုတဲ႔ ရည္ရြယ္ခ်က္နဲ႔လာတာဆိုေတာ႔ ေကာ္ဖီႏွစ္ခြက္မွာထားျပီး သူငယ္ခ်င္းျဖစ္သူနဲ႔ ဆိုင္တစ္ဆိုင္လံုးပတ္ၾကည္႔ေတာ႔တာပါပဲ။ အဓိကက ဆိုင္အေငြ႔အသက္နဲ႔ဖီလင္ကိုခံစားခ်င္တာပါ။ အဲဒီအခ်ိန္ကေတာ႔ တီးဝိုင္းရွိတဲ႔စင္ေပၚက ပိတ္ကားထက္မွာ Sheryl Crow ရဲ႕ပံုရိပ္နဲ႔အသံက ျငိမ္႔ျငိမ္႔ေညာင္းေညာင္းေလးလႈပ္ရွားလ်က္ပါ။

Hard Rock Cafe

အမွတ္တရပစၥည္း

ဒီဆိုင္ကိုေရာက္ျပီဆိုေတာ႔ အမွတ္တရပစၥည္းေတြအေၾကာင္းကလည္းထည္႔ေျပာရပါမယ္။

ဆိုင္ထဲမွာရွိတဲ႔ အမွတ္တရပစၥည္းေတြထဲမွာဆိုရင္ေတာ႔ ျမန္မာႏိုင္ငံကနဲ႔ ႏိုင္ငံတကာက ဆိုျပီးရွိေနပါတယ္။  ျမန္မာႏိုင္ငံကဂီတပညာရွင္ႏွစ္ဦးရဲ႕အမွတ္တရပစၥည္းေတြကေတာ႔ ကိုငွက္ ေခၚ ထူးအိမ္သင္ ရဲ႕သီခ်င္းစာအုပ္ ၊ ဘာဂ်ာေလးနဲ႔ မ်က္မွန္ပါ။ ေနာက္တစ္ခုကေတာ႔ ေဇာ္ဝင္းထြဋ္ဝတ္ခဲ႔တဲ႔ သားေရဂ်ာကင္ျဖစ္ပါတယ္။ ဒီပစၥည္းေတြကို မွန္ေဘာင္သြင္းထားျပီး ေအာက္မွာေတာ႔ ရွင္းလင္းခ်က္ေလးေတြေရးထားပါတယ္။

ေနာက္ထပ္ထားရွိတဲ႔အမွတ္တရပစၥည္းေတြကေတာ႔ ကမၻာေက်ာ္ Rapper Kendrick Lamar ရဲ႕ The Blacker The Berry သီခ်င္းမွာသံုးခဲ႔တဲ႔ Drum ၊ News Week မဂၢဇင္းအတြက္ ကာဗာရိုက္ကူးစဥ္က Eminem ေဆာင္းခဲ႔တဲ႔ Nike ဦးထုပ္ ၊ Lady GaGa ၂၀၁၁ မွာဝတ္ခဲ႔တဲ႔ ဝတ္စံု ၊ Rita Ora ဝတ္ခဲ႔တဲ႔ေဖ်ာ္ေျဖပြဲ ဝတ္စံု ၊ Elvis Presley ရဲ႕ညအိပ္ဝတ္စံု (အၾကီးၾကီးပဲ…ဟီး) ၊ ၁၉၉၀ ျပည္႔ႏွစ္ေတြက အသဲစြဲျဖစ္ခဲ႔ရတဲ႔Tori Amos ရဲ႕ဝတ္စံု ၊ Joey Kramer ၊ Malcolm Young တို႔ရဲ႕အမွတ္တရပစၥည္းေတြ ၊ The WHO ရဲ႕ My Generation သီခ်င္းစာသားစာရြက္ စတဲ႔စတဲ႔အမွတ္တရ ပစၥည္းေတြအမ်ားၾကီးကိုေတြ႔ရမွာပါ။ (ေနာက္ထပ္အမ်ားၾကီးရွိေနပါေသးတယ္)

စိတ္ခံစားခ်က္

ဖီလင္အေနနဲ႔ေျပာရမယ္ဆိုရင္ ကိုယ္အရမ္း Crazy ျဖစ္ရတဲ႔ အႏုပညာရွင္တစ္ေယာက္ရဲ႕အသံုးအေဆာင္ပစၥည္း ၊ သူတို႔ရဲ႕လက္ေရးစာသား၊ အမွတ္တရလက္မွတ္ေတြကို ျမင္ေတြ႔ခြင္႔ရတဲ႔ အခ်ိန္မွာ စိတ္ခံစားမႈက ေပ်ာ္ရႊင္မႈဆိုတာထက္ပိုပါတယ္။ Hard Rock ကေန႔ခင္းေန႔ဘက္ ေအးေအးေဆးေဆးေကာ္ဖီေသာက္မယ္ ေန႔လယ္စာစားမယ္ဆိုတာထက္ ညဘက္မွာျမဴးျမဴးၾကြၾကြ သီခ်င္းေတြနဲ႔ကခုန္မယ္၊ Live အရသာကိုခံစားမယ္ဆိုုလို႔ရွိရင္ ပိုျပီးေတာ႔ ထိုက္တန္မွာပါ။ အထူးသျဖင္႔ Night Club ေတြ Bar သီးသန္႔ေတြ မသြားခ်င္တဲ႔ Oldies ေတြအေနနဲ႔ Night Life ကို ခံစားဖုိ႔ Hard Rock ကသင္႔ေတာ္ပါတယ္။

အစားအေသာက္နဲ႔ ေဖ်ာ္ေျဖေရး

အစားအေသာက္အေနနဲ႔ဆိုရင္ ဘာဂါေတြ ၊ အသားကင္ေတြနဲ႔ ဥေရာပစာေတြ မ်ိဳးစံုရပါတယ္။ လူၾကိဳက္မ်ားတာကေတာ႔ Legendary Burgers လို႔သိရပါတယ္။ Smokehouse မွာေတာ႔ အန႔ံအရသာထူးျခားလွတဲ႔ ၾကက္နံရိုး ၊ ဝက္နံရိုးကင္ေတြကို စားသံုးႏိုင္မွာပါ။ ေသာက္စရာအေနနဲ႔  Cocktails ၊ Wine ၊ အရက္ ၊ ဘီယာ ၊ အေအး အစံုရပါတယ္။ အမ်ိဳးအစားေတြအမ်ားၾကီးရွိတာေတြ႔ရျပီး ေစ်းကေတာ႔ အျပင္ထက္ တစ္ဆခြဲေလာက္မ်ားပါတယ္။ ေစ်းနႈန္းေတြအကုန္လံုးကို ျမန္မာက်ပ္နဲ႔ပဲေဖာ္ျပထားပါတယ္။ ေကာ္ဖီအပူေတြကေတာ႔ ၂၀၀၀ ကေန ၂၅၀၀ က်ပ္အထိရွိပါတယ္။

ဆိုင္အတြင္းမွာေတာ႔ လူဦးေရ ၁၉၂ ေယာက္အထိဆ႔ံျပီး ဘား ၊ VIP စားေသာက္ခန္း ၊ ကာရာအိုေကခန္းေတြရွိပါတယ္။ Live ေဖ်ာ္ေျဖေရး စင္ျမင္႔ကေတာ႔ ညဘက္ ၈ နာရီေလာက္မွာစျပီး သက္ဝင္လႈပ္ရွားမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕အေကာင္းဆံုး DJ ေတြ ၊ ႏိုင္ငံတကာက ဂီတအႏုပညာရွင္ေတြရဲ႕ ေဖ်ာ္ေျဖမႈေတြနဲ႔ အျမဲလိုလုိျမဴးၾကြေနမွာပါ။

 

Hard Rock Cafe

Hard Rock Cafe

အစားအေသာက္ေတြက ေစ်းမ်ားတာမို႔ စားစရာဆိုတာထက္ ေသာက္စရာဘက္ကိုအရင္ေမႊေနွာက္ျပီးမွာတာက ပိုအဆင္ေျပမွာပါ။ ေနာက္မွစားစရာကို ေစ႔ေစ႔စပ္စပ္ၾကည္႔ျပီးမွာသင္႔ပါတယ္။ ဆိုင္အတြင္းမွာ Rock Shop ဆိုတဲ႔ဆိုင္ခန္းသတ္သတ္နဲ႔ Hard Rock နာမည္နဲ႔ထုတ္ထားတဲ႔ တီရွပ္ေတြ ၊ ဂစ္တာပံုေသာ႔ခ်ိတ္ေလးေတြ ၊ ဂီတနဲ႔ႏြယ္တဲ႔အမွတ္တရ လက္ေဆာင္ေလးေတြကိုဝယ္ယူႏိုင္ပါတယ္။

Hard Rock Cafe

Hard Rock မွာခဏတာအခ်ိန္ျဖဳန္းျဖစ္ခဲ႔တဲ႔ ခံစားမႈကိုမ်ွေဝရရင္ေတာ႔ ေစ်းမ်ားတယ္ဆိုေပမယ္႔ ေပးရတဲ႔ပိုက္ဆံနဲ႔ထုိက္တန္တဲ႔ခံစားမႈကိုရေစပါတယ္လို႔ ေျပာခ်င္ပါတယ္။ တစ္ခုရွိတာက လက္ရွိမွာ ဆိုင္က Soft Opening ပဲရွိေသးတာမို႔ ဝန္ထမ္းအင္အားလံုလံုေလာက္ေလာက္မရွိေသးပါဘူး။ မၾကာခင္မွာေတာ႔ Grand Opening လုပ္မယ္လို႔သိရပါတယ္။ Rock n Roll ခ်စ္သူေတြ တစ္ေခါက္ေလာက္ေတာ႔ သြားၾကည္႔သင္႔တဲ႔ေနရာလို႔ ညႊန္းခ်င္ပါတယ္။

တခ်ိဳ႕ေသာပံုေတြအတြက္ Hard Rock Facebook Page ကို Credit ေပးပါတယ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

 

Unicode

ခုတစ်လောရန်ကုန်မြို့ထဲအသစ်ရောက်လာတဲ့ ဆိုင်လေးတွေထဲမှာ အစားအသောက်ဆိုတာထက် ဖီလင်အရသွားရောက်စူးစမ်းသင့်တဲ့ ဆိုင်လေးရှိပါတယ်။ အဲဒါက Hard Rock Cafe ပါပဲ။ အခု သူက မြန်မာပလာဇာ လေးလွှာမှာရောက်နေပါပြီ။
ကမ္ဘာပေါ်မှာ ဂီတနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေကို စုဆောင်းပြသထားနိုင်တဲ့ဆိုင်တွေထဲမှာ Hard Rock ကအကြီးဆုံးဖြစ်ပါတယ်။ Hard Rock ရဲ့မူလပထမဆိုင်ကြီးကတော့ လန်ဒန်မှာတည်ရှိပါတယ်။ Hard  Rock ကို၁၉၇၁ ခုနစ်မှာ Issac Tigrett နဲ့ Peter Morton တို့နှစ်ဦးကစတင်တည်ထောင်ခဲ့ပြီး ၁၉၇၉ ခုနစ်မှာမှ Themes Restaurant ပုံစံပြောင်းခဲ့တာဖြစ်ပါတယ်။ Themes Restaurant ဆိုတာက ယဉ်ကျေးမှုလက်ရာ ၊ ဂီတအနုပညာ ၊ အစားအသောက်ယဉ်ကျေးမှု စသဖြင့် အကြောင်းအရာတစ်ခုခုကိုဖော်ဆောင်ပြီး ဆိုင်တစ်ဆိုင်လုံးကိုဒီအကြောင်းအရာတွေနဲ့ ထုံမွှမ်းထားတဲ့ စားသောက်ဆိုင်မျိုးဖြစ်ပါတယ်။ အဓိကက အစားအသောက်အရသာထက် ခံစားချက်ကိုပေးတဲ့ စားသောက်ဆိုင်မျိုးဖြစ်ပါတယ်။

ဒီကော်ဖီဆိုင်အနေနဲ့ အမှတ်တရပစ္စည်းတွေနဲ့ပတ်သက်ရင် တချို့တွေကိုလည်းအနုပညာရှင်တွေဆီက တောင်းခံ ၊ တချို့တွေကိုလည်း ဝယ်ယူပြီး စုစည်းထားကြတာပါ။ ဒီလိုပစ္စည်းစုစည်းမှုတွေကို ၁၉၇၉ ခုနစ်က စတင်ခဲ့ပြီး သူတို့စုဆောင်းထားတဲ့ပစ္စည်းတွေက အမျိုးပေါင်း ၈၀၀၀၀ လောက်ရှိနေပါတယ်။ Rock and Roll ဂီတအမှတ်တရတွေနဲ့ပတ်သက်ရင်ကမ္ဘာမှာအကြီးဆုံး Private နေရာလို့သိရပါတယ်။ The Beatles ရဲ့ Magical Mystery Tour ရုပ်ရှင်ရိုက်ကူးစဉ်ကသုံးခဲ့တဲ့ Bedford Val ကားကြီးလည်း Hard Rock မှာရှိတယ်လို့ဖတ်ရပါတယ်။

အခုဆိုရင် Hard Rock ဟာ Seminole Tribe of Florida လက်အောက်မှာရှိပြီး  နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ Hard Rock နာမည်နဲ့ ကော်ဖီဆိုင် ၁၆၈ ဆိုင် ၊ ဟိုတယ် ၂၃ လုံး ၊ ကာစီနို ၁၁ ရုံ ရှိပါတယ်။ သက်တမ်း ၄၅ နှစ်ရှိပြီဆိုတော့ ရှေ့မီနောက်မီလူတွေအတွက်တော့ ဒီဆိုင်ကဂီတသံစဉ်နဲ့အငွေ့အသက်တွေက ငယ်ဘဝကိုပြန်ရောက်စေမယ့်ဆိုင်မျိုးပါ။

ဒီလိုသမိုင်းကြောင်းတွေရှိနေတဲ့ Hard Rock ကြီး ရန်ကုန်ရောက်နေပြီဆိုတော့ သွားကြည့်မယ်ဆိုပြီး သွားဖြစ်ကြပါတယ်။ သူက ဧပြီလကမှ Soft Opening လုပ်တာဆိုတော့ သိပ်တော့မကြာသေးပါဘူး။ မြန်မာပလာဇာ ၄ လွှာမှာဖွင့်ထားပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၂ နာရီကနေ ည ၂ နာရီအထိဖြစ်ပါတယ်။ ကြာသပတေးနေ့ကလွဲပြီး ကျန်တဲ့ရက်တွေမှာ Live Music ရှိပါတယ်။

Hard Rock ကိုရောက်ဖြစ်တာက မြန်မာပလာဇာကိုဈေးဝယ်ထွက်ရင်း သူငယ်ချင်းက Hard Rock သွားကြည့်ရအောင်ဆိုပြီးပြောတာနဲ့ သွားဖြစ်တာဆိုတော့ နေ့ခင်းဘက်ကြီးဖြစ်နေပါတယ်။ နေ့ခင်းဘက်ဆိုတော့ လူနည်းနည်းရှင်းပါတယ်။

အပြင်အဆင်

ဆိုင်ထဲဝင်လိုက်တာနဲ့ ဆိုင်ရဲ့အပြင်အဆင်ကတော့ လုံးဝမိုက်ပါတယ်။ အမိုးတွေကို Sound Box ပုံစံတွေလုပ်ထားပြီး လင်းထင်းမနေဘဲ မီးရောင်ဝါဝါလေးတွေက ဆွဲဆောင်မှုရှိပါတယ်။
Hard Rock မှာကော်ဖီသောက်ကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတာဆိုတော့ ကော်ဖီနှစ်ခွက်မှာထားပြီး သူငယ်ချင်းဖြစ်သူနဲ့ ဆိုင်တစ်ဆိုင်လုံးပတ်ကြည့်တော့တာပါပဲ။ အဓိကက ဆိုင်အငွေ့အသက်နဲ့ဖီလင်ကိုခံစားချင်တာပါ။ အဲဒီအချိန်ကတော့ တီးဝိုင်းရှိတဲ့စင်ပေါ်က ပိတ်ကားထက်မှာ Sheryl Crow ရဲ့ပုံရိပ်နဲ့အသံက ငြိမ့်ငြိမ့်ညောင်းညောင်းလေးလှုပ်ရှားလျက်ပါ။

အမှတ်တရပစ္စည်း

ဒီဆိုင်ကိုရောက်ပြီဆိုတော့ အမှတ်တရပစ္စည်းတွေအကြောင်းကလည်းထည့်ပြောရပါမယ်။
ဆိုင်ထဲမှာရှိတဲ့ အမှတ်တရပစ္စည်းတွေထဲမှာဆိုရင်တော့ မြန်မာနိုင်ငံကနဲ့ နိုင်ငံတကာက ဆိုပြီးရှိနေပါတယ်။  မြန်မာနိုင်ငံကဂီတပညာရှင်နှစ်ဦးရဲ့အမှတ်တရပစ္စည်းတွေကတော့ ကိုငှက် ခေါ် ထူးအိမ်သင် ရဲ့သီချင်းစာအုပ် ၊ ဘာဂျာလေးနဲ့ မျက်မှန်ပါ။ နောက်တစ်ခုကတော့ ဇော်ဝင်းထွဋ်ဝတ်ခဲ့တဲ့ သားရေဂျာကင်ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို မှန်ဘောင်သွင်းထားပြီး အောက်မှာတော့ ရှင်းလင်းချက်လေးတွေရေးထားပါတယ်။
နောက်ထပ်ထားရှိတဲ့အမှတ်တရပစ္စည်းတွေကတော့ ကမ္ဘာကျော် Rapper Kendrick Lamar ရဲ့ The Blacker The Berry သီချင်းမှာသုံးခဲ့တဲ့ Drum ၊ News Week မဂ္ဂဇင်းအတွက် ကာဗာရိုက်ကူးစဉ်က Eminem ဆောင်းခဲ့တဲ့ Nike ဦးထုပ် ၊ Lady GaGa ၂၀၁၁ မှာဝတ်ခဲ့တဲ့ ဝတ်စုံ ၊ Rita Ora ဝတ်ခဲ့တဲ့ဖျော်ဖြေပွဲ ဝတ်စုံ ၊ Elvis Presley ရဲ့ညအိပ်ဝတ်စုံ (အကြီးကြီးပဲ…ဟီး) ၊ ၁၉၉၀ ပြည့်နှစ်တွေက အသဲစွဲဖြစ်ခဲ့ရတဲ့Tori Amos ရဲ့ဝတ်စုံ ၊ Joey Kramer ၊ Malcolm Young တို့ရဲ့အမှတ်တရပစ္စည်းတွေ ၊ The WHO ရဲ့ My Generation သီချင်းစာသားစာရွက် စတဲ့စတဲ့အမှတ်တရ ပစ္စည်းတွေအများကြီးကိုတွေ့ရမှာပါ။ (နောက်ထပ်အများကြီးရှိနေပါသေးတယ်)

စိတ်ခံစားချက်

ဖီလင်အနေနဲ့ပြောရမယ်ဆိုရင် ကိုယ်အရမ်း Crazy ဖြစ်ရတဲ့ အနုပညာရှင်တစ်ယောက်ရဲ့အသုံးအဆောင်ပစ္စည်း ၊ သူတို့ရဲ့လက်ရေးစာသား ၊ အမှတ်တရလက်မှတ်တွေကို မြင်တွေ့ခွင့်ရတဲ့ အချိန်မှာစိတ်ခံစားမှုက ပျော်ရွှင်မှုဆိုတာထက်ပိုပါတယ်။ Hard Rock ကနေ့ခင်းနေ့ဘက် အေးအေးဆေးဆေးကော်ဖီသောက်မယ် နေ့လယ်စာစားမယ်ဆိုတာထက် ညဘက်မှာမြူးမြူးကြွကြွ သီချင်းတွေနဲ့ကခုန်မယ် ၊ Live အရသာကိုခံစားမယ်ဆိုုလို့ရှိရင် ပိုပြီးတော့ ထိုက်တန်မှာပါ။ အထူးသဖြင့် Night Club တွေ Bar သီးသန့်တွေ မသွားချင်တဲ့ Oldies တွေအနေနဲ့ Night Life ကို ခံစားဖို့ Hard Rock ကသင့်တော်ပါတယ်။

အစားအသောက်နဲ့ ဖျော်ဖြေရေး

အစားအသောက်အနေနဲ့ဆိုရင် ဘာဂါတွေ ၊ အသားကင်တွေနဲ့ ဥရောပစာတွေ မျိုးစုံရပါတယ်။ လူကြိုက်များတာကတော့ Legendary Burgers လို့သိရပါတယ်။ Smokehouse မှာတော့ အနံ့အရသာထူးခြားလှတဲ့ ကြက်နံရိုး ၊ ဝက်နံရိုးကင်တွေကို စားသုံးနိုင်မှာပါ။ သောက်စရာအနေနဲ့  Cocktails ၊ Wine ၊ အရက် ၊ ဘီယာ ၊ အအေး အစုံရပါတယ်။ အမျိုးအစားတွေအများကြီးရှိတာတွေ့ရပြီး ဈေးကတော့ အပြင်ထက် တစ်ဆခွဲလောက်များပါတယ်။ ဈေးနှုန်းတွေအကုန်လုံးကို မြန်မာကျပ်နဲ့ပဲဖော်ပြထားပါတယ်။ ကော်ဖီအပူတွေကတော့ ၂၀၀၀ ကနေ ၂၅၀၀ ကျပ်အထိရှိပါတယ်။

ဆိုင်အတွင်းမှာတော့ လူဦးရေ ၁၉၂ ယောက်အထိဆံ့ပြီး ဘား ၊ VIP စားသောက်ခန်း ၊ ကာရာအိုကေခန်းတွေရှိပါတယ်။ Live ဖျော်ဖြေရေး စင်မြင့်ကတော့ ညဘက် ၈ နာရီလောက်မှာစပြီး သက်ဝင်လှုပ်ရှားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အကောင်းဆုံး DJ တွေ ၊ နိုင်ငံတကာက ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ အမြဲလိုလိုမြူးကြွနေမှာပါ။
အစားအသောက်တွေက ဈေးများတာမို့ စားစရာဆိုတာထက် သောက်စရာဘက်ကိုအရင်မွှေနှောက်ပြီးမှာတာက ပိုအဆင်ပြေမှာပါ။ နောက်မှစားစရာကို စေ့စေ့စပ်စပ်ကြည့်ပြီးမှာသင့်ပါတယ်။ ဆိုင်အတွင်းမှာ Rock Shop ဆိုတဲ့ဆိုင်ခန်းသတ်သတ်နဲ့ Hard Rock နာမည်နဲ့ထုတ်ထားတဲ့ တီရှပ်တွေ ၊ ဂစ်တာပုံသော့ချိတ်လေးတွေ ၊ ဂီတနဲ့နွယ်တဲ့အမှတ်တရ လက်ဆောင်လေးတွေကိုဝယ်ယူနိုင်ပါတယ်။
Hard Rock မှာခဏတာအချိန်ဖြုန်းဖြစ်ခဲ့တဲ့ ခံစားမှုကိုမျှဝေရရင်တော့ ဈေးများတယ်ဆိုပေမယ့် ပေးရတဲ့ပိုက်ဆံနဲ့ထိုက်တန်တဲ့ခံစားမှုကိုရစေပါတယ်လို့ ပြောချင်ပါတယ်။ တစ်ခုရှိတာက လက်ရှိမှာ ဆိုင်က Soft Opening ပဲရှိသေးတာမို့ ဝန်ထမ်းအင်အားလုံလုံလောက်လောက်မရှိသေးပါဘူး။ မကြာခင်မှာတော့ Grand Opening လုပ်မယ်လို့သိရပါတယ်။ Rock n Roll ချစ်သူတွေ တစ်ခေါက်လောက်တော့ သွားကြည့်သင့်တဲ့နေရာလို့ ညွှန်းချင်ပါတယ်။

တချို့သောပုံတွေအတွက် Hard Rock Facebook Page ကို Credit ပေးပါတယ်။

ဂျူဂျူး(အခရာ)

www.akhayar.com