[Zawgyi]

စီေရာ္နယ္လ္ဒုိ(C. Ronaldo)ကုိ အျမင္မၾကည္လင္ဘူးဆိုရင္

စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ တခါတေလ အတၱႀကီးခ်င္ႀကီးပါလိမ့္မယ္။ဂိုးမသြင္းႏုိင္တဲ့အခါမ်ဳိးဆိုေရႊမ်က္ႏွာညိဳးႏြမ္းၿပီး မ်က္၀န္းေတြထဲ အလိုမက်ျခင္းေတြ ျပည့္ဖံုးေနပါလိမ့္မယ္။စိတ္ေကာက္သလိုပံုစံမ်ဳိး ႏႈတ္ခမ္းေလးခပ္စူစူ ျဖစ္ေနပါလိမ့္မယ္။ကုိယ္ခႏၶာႀကံ့ခိုင္ေအာင္ အၿမဲလိုလို လံုးပမ္းေနေပမယ့္ သူ႕အတြင္းစိတ္ဟာႏူးညံ့ေပ်ာ့ေပ်ာင္းေနမလားပဲ။ သူ႕ရဲ႕ခပ္၀င့္၀င့္လူေနမႈပံုစံကို မႏွစ္သက္ဘူးလား။ဂိုးသြင္းယူၿပီးခ်ိန္တုိုင္း ဘုရင္တစ္ပါးလို မာနႀကီးျပေနတာကို ၾကည့္မရဘူးလား။စီေရာ္နယ္လ္ဒို ရဲ႕(C. Ronaldo)၀င့္ထည္မႈမ်ား အျခားတစ္ဖက္မွာ လူသားခ်င္းစာနာမႈ စိတ္ထားဟာ ျမင့္ျမတ္စြာ ရွိေနတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ေသြးလွဴတတ္သူဟာသူ႕ရဲ႕ ေသြးမညစ္ႏြမ္းေစဖို႔ တက္တူးထိုးျခင္းကို စီေရာ္နယ္လ္ဒို(C. Ronaldo) ေရွာင္ရွားထားပါတယ္။သူ႕ရဲ႕ ပရဟိတလုပ္ရပ္တခ်ဳိ႕ကို သိမယ္ဆိုရင္ ခပ္၀င့္၀င့္လုပ္ရပ္ေတြေၾကာင့္သူ႕အေပၚ အျမင္မၾကည္တဲ့အဆင့္မွာပဲရပ္တန္႔ေနပါလိမ့္မယ္။ မုန္းတီးတဲ့အဆင့္ကို ေရာက္မယ္​မထင္​ပါဘူး။

ဥေရာပေရႊဖိနပ္ဆု

၂၀၁၁ ဥေရာပေရႊ႕ဖိနပ္ဆုကို ရီးယဲလ္အတြက္ ဂိုး (၄၀)သြင္းခဲ့သူ စီေရာ္နယ္လ္ဒို(C. Ronaldo)ပိုင္ဆုိင္ခဲ့ပါတယ္။ ဒါေပမဲ့ နည္းျပေမာ္ရင္ဟိုလက္ထက္ ရီးယဲလ္အသင္းဟာအဲဒီရာသီမွာ လာလီဂါဆုနဲ႔ ေ၀းခဲ့ရ၊ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ဟာ ဆီမီးဖုိင္နယ္အဆင့္မွာပဲၿပိဳကြဲရ၊ ကံတရားအနိမ့္ပိုင္းပါပဲ။ ေနာက္ဆံုးစီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ သြင္းဂိုး (၄၀)ဟာလည္းတစ္ဦးခ်င္းေအာင္ျမင္မႈသက္သက္၊ ဂုဏ္ယူဖြယ္ဆုလာဘ္ ျဖစ္သြားရတယ္။ဒီအတြက္ စီေရာ္နယ္လ္ဒို (C. Ronaldo)မခ်င့္မရဲျဖစ္ခဲ့သလားမေျပာတတ္ဘူး။သူ႕ရဲ႕ ေရႊဖိနပ္ဆုႀကီးကို ေလလံတင္ေတာ့တာပါပဲ။ ေလလံေစ်းက ေပါင္ (၁ .၂)သန္းရခဲ့ၿပီး ဒီေငြေတြအားလံုးကို စစ္ဒဏ္ၾကားက ဂါဇာေဒသမွာ ေက်ာင္းေတြေဆာက္လုပ္ဖို႔အတြက္စီေရာ္နယ္လ္ဒို(C. Ronaldo) လွဴဒါန္းခဲ့တယ္။

Ballon d’Or

၂၀၁၃ Ballon d’Or ဆုကိုလည္း စီေရာ္နယ္လ္ဒို(C. Ronaldo) ေလလံတင္ခဲ့ျပန္တယ္။ဒီေလလံပြဲကို လန္ဒန္မွာ ျပဳလုပ္ခဲ့ၿပီး ကေလးသူငယ္က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္ေရးရံပံုေငြရွာေဖြေရးအဖြဲ႕အစည္း Make-A-Wish ကို လွဴဒါန္းခဲ့ပါတယ္။Ballon d’Or ရဲ႕ ေလလံေအာင္ေၾကးဟာ ေပါင္ (၅၃၀၀၀၀)ပါပဲ။

သံတမန္

အမွတ္တရဆုတံဆိပ္ ေလလံတင္ေရာင္းခ်၊ လွဴဒါန္းမႈေတြအျပင္ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ကမၻာလံုးဆုိင္ရာေက်ာ္ၾကား အဖြဲ႕အစည္းေတြရဲ႕ သံတမန္အျဖစ္လည္းေဆာင္ရြက္ေနပါတယ္။ Save the Children, Unicef နဲ႔ World Visionတို႔ရဲ႕ သံတမန္ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ၂၀၁၄ Ballon d’Or ဆုေပးပဲြအခမ္းအနားမွာေသြးကင္ဆာခံစားေနရတဲ့ ကေလးငယ္ေတြနဲ႔ ဆံုေတြ႕ခဲ့တုန္းက ၾကားသိခဲ့ရာ သူတို႔ရဲ႕ ကရုဏာသက္ဖြယ္ေန႔ရက္ေတြအေၾကာင္း တခုတ္တရေျပာခဲ့ပါတယ္။မႏွစ္တုန္းကလည္း ဆီးရီးယားျပည္တြင္းစစ္ၾကား အနာဂတ္ေလာင္ကၽြမ္းေနရတဲ့ကေလးငယ္ေတြကို True Hero လို႔ ေခၚေ၀ၚအားေပးခဲ့ပါေသးတယ္။ ၿပီးေတာ့ Save the Children ကို ပမာဏအတိအက်မသိႏုိင္တဲ့ ေငြေၾကးမ်ားစြာလွဴဒါန္းခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ေခတ္စားခဲ့တဲ့ Ice Bucket Challengeျပဳလုပ္ေနတဲ့ ဗီဒီယုိဖုိင္ကို လူမႈကြန္ရက္မွာ လႊင့္တင္ခဲ့ၿပီးကေလးငယ္မ်ားဆုိင္ရာအနာဂတ္အတြက္ ကူညီေထာက္ပံ့ဖို႔ ကမၻာတစ္၀ွမ္းကလူသန္းေပါင္းမ်ားစြာ တုိက္တြန္းခဲ့တယ္။

အပိုဆုေၾကး

La Decima ေအာင္ပြဲအလြန္တစ္ႏွစ္အၾကာမွာ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ဆုေၾကးေငြေတြကိုလွဴဒါန္းခဲ့ပါေသးတယ္။ ဆယ္ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့လို႔စီေရာ္နယ္လ္ဒို (C. Ronaldo)ကို ရီးယဲလ္အသင္းက ေပါင္ (၄၅၀၀၀၀) ဆုေၾကးေပးခဲ့ပါတယ္။ဒီဆုေၾကးေတြကို စီေရာ္နယ္လ္ဒိုဟာကိုယ္က်ဳိးအတြက္ မသံုးခဲ့ဘဲSave the Children, Unicef နဲ႔ World Vision တုိ႔ကို လွဴဒါန္းခဲ့တာပါပဲ။

အေသြးအသား၊ ရိုးတြင္းခ်င္ဆီ

စီေရာ္နယ္လ္ဒို(C. Ronaldo) ေသြးမသန္႔မွာစိုးလို႔ တက္တူးမထိုးဘူး။ သူ႕ေသြးကို ရသူအတြက္အက်ဳိးရွိပါေစေၾကာင္းလည္း ဆုေတာင္းတတ္ပါတယ္။ေသြးလွဴဒါန္းတဲ့အျပင္ အသင္းေဖာ္ေဟာင္း ကားလုိ႔စ္မာတင္စ္ရဲ႕သား ရိုးတြင္းခ်င္ဆီ လုိအပ္ေနခ်ိန္မွာလည္း ကူညီခဲ့ပါေသးတယ္။

ျပန္လည္ထူေထာင္ေရးအတြက္ ေပါင္သန္းေပါင္းမ်ားစြာ

၂၀၁၅ ခုႏွစ္အတြင္းမွာလည္း စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ နီေပါငလ်င္ဒဏ္ခံစားခဲ့ရသူေတြအတြက္ေငြေၾကးေပါင္သန္းေပါင္းမ်ားစြာ လွဴဒါန္းခဲ့တယ္လို႔ သိရတယ္။နီေပါငလ်င္ဟာ လူ (၉၀၀၀)ေက်ာ္ရဲ႕ အသက္ကို ဆဲြႏႈတ္သြား၊ လူ (၂၂၀၀၀)ကိုဒဏ္ရာအနာတရေတြ ေပးသြားပါတယ္။ နီေပါႏုိင္ငံျပန္လည္ထူေထာင္ေရးအတြက္စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ အလွဴေငြဟာ ေပါင္ (၅)သန္းအထိ ရွိခဲ့ပါတယ္။

ကင္ဆာစင္တာမ်ားသို႔

စီေရာ္နယ္လ္ဒုိ (C. Ronaldo)ရဲ႕ အေမဒိုေလာရက္စ္ဟာ ရင္သားကင္ဆာေရာဂါကို ခံစားခဲ့ရဖူးပါတယ္။ ဒါေပမဲ့ ကံေကာင္းေထာက္မစြာပဲ ေရာဂါႏုခ်ိန္ႀကိဳသိခဲ့လို႔၂၀၀၇ ခုႏွစ္မွာ ေပ်ာက္ကင္းခဲ့တယ္။ ဒီအတြက္ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ေက်းဇူးဆပ္တဲ့အေနဲ႔သူ႕အေမေဆးကုသခဲ့ရာ ေပၚတူဂီႏုိင္ငံကကင္ဆာစင္တာကိုေပါင္ (၁၂၀၀၀၀) လွဴဒါန္းခဲ့တာပါပဲ။

မိဘမဲ့

လက္ဘႏြန္ႏုိင္ငံက မိဘမဲ့ကေလးတစ္ဦးနဲ႔ စီေရာ္နယ္လ္ဒို (C. Ronaldo)တို႔ ဆံုေတြ႕ခဲ့ခ်ိန္ကလည္းတကယ့္ကို ေၾကကြဲစရာပါပဲ။ ဟုိင္ဒါလို႔အမည္ရတ့ဲ ကေလးငယ္ရဲ႕ မိဘႏွစ္ပါးဟာအေသခံဗံုးခဲြသူတစ္ဦးရဲ႕ လက္ခ်က္ေၾကာင့္ ေသဆံုးခဲ့ပါတယ္။ဟုိင္ဒါကို စီေရာ္နယ္လ္ဒို (C. Ronaldo)က ရီးယဲလ္အသင္းဆီ အလည္လာဖို႔ ဖိတ္ေခၚခဲ့ၿပီးစီေရာ္နယ္လ္ဒို (C. Ronaldo)ကို အရွင္လတ္လတ္ျမင္လိုက္ခ်ိန္မွာ ရီးယဲလ္ပရိသတ္ဟုိင္ဒါတစ္ေယာက္စိတ္မထိန္းႏုိင္ဘဲ ငိုေၾကြးခဲ့တယ္။ ဒီဗီဒီယိုဖိုင္ကို ၾကည့္ရသူအားလံုးရင္ထဲမွာလည္းေပ်ာ္ရႊင္ေနမယ္မထင္ပါဘူး။၂၀၀၉ ခုႏွစ္အတြင္းမွာလည္း စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ကင္ဆာေရာဂါကၽြမ္းေနၿပီျဖစ္တဲ့ရီးယဲလ္ပရိသတ္ (၉)ႏွစ္အရြယ္ကေလးကို ကူညီခဲ့ဖူးပါတယ္။ ကင္ဆာေရာဂါသည္ကေလးအေၾကာင္း ၾကားသိသိျခင္းပဲစီေရာ္နယ္လ္ဒိုဟာ သူ႕ဆီလာလည္ဖို႔ ဖိတ္ေခၚခဲ့တယ္။ၿပီးေတာ့ ကေလးအတြက္ ေဆးကုသစရိတ္အားလံုးကို အကုန္အက်ခံခဲ့ပါတယ္။ဒါေပမဲ့ ကံဆိုးစြာပဲ ၂၀၁၃ ခုႏွစ္မွာ ကင္ဆာေရာဂါသည္ကေလးေလာကႀကီးကေနႏႈတ္ဆက္ခဲ့ရတယ္။

Ballon d' Or ဆုႏွင့္အတူေတြ႕ရသည့္ စီေရာ္နယ္လ္ဒို (C.Ronaldo)

Ballon d’ Or ဆုႏွင့္အတူေတြ႕ရသည့္ စီေရာ္နယ္လ္ဒို (C.Ronaldo)

ပရိသတ္မေရြး

စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ သူ႕ကိုႏႈတ္ဆက္ခ်င္လို႔ ကြင္းထဲေျပး၀င္လာမယ့္ပရိသတ္ေတြကို ပစ္ထားေလ့မရွိပါဘူး။ ေႏြးေႏြးေထြးေထြးႀကိဳဆိုၿပီးဆယ္လ္ဖီရုိက္ေလ့ရွိပါတယ္။ လံုၿခံဳေရးေတြ တားဆီးမယ္ဆုိရင္လည္းစီေရာ္နယ္လ္ဒို (C. Ronaldo)က ဒီလိုမလုပ္ဖို႔ ေတာင္းဆိုတတ္ပါတယ္။ ပြဲၾကည့္စင္ေပၚက ပရိသတ္ေတြဆီ ပြဲၿပီးဆံုးခ်ိန္တုိင္း ၀တ္စံုေတြ ပစ္ေပးတတ္၊ မၿငိဳမျငင္အမွတ္တရလက္မွတ္ထိုးေပး၊ ဓာတ္ပံုရုိက္ေပးေလ့ရွိသူလည္းျဖစ္ပါတယ္။

အလွဴတစ္ခု

၂၀၁၄ ခုႏွစ္အတြင္းမွာပဲ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ နိမ့္ပါးေနသူဆယ္လအရြယ္ကေလးငယ္ အဲရစ္ကို လွဴဒါန္းခဲ့ပါတယ္။အဲရစ္ရဲ႕ အေမက သူ႕သားဆီကို ရီးယဲလ္အသင္းအက်ၤ ီတစ္ထည္လက္ေဆာင္ေပးပါလို႔ေတာင္းဆိုခဲ့တာပါပဲ။ ဒါေပမဲ့ စီေရာ္နယ္လ္ဒို (C. Ronaldo)က ေဆးကုသစရိတ္ေပါင္ (၅၅၀၀၀)လွဴခဲ့တဲ့အျပင္အက်ၤ ီေလလံပြဲလုပ္ၿပီး ရန္ပံုေငြ ထပ္အလွဴခံခဲ့ပါေသးတယ္။
ကေလးခ်စ္တတ္သူ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ သူ႕ရဲ႕ဖရီးကစ္ကန္ခ်က္ထိမွန္ၿပီးလက္က်ဳိးခဲ့သူ (၁၁)ႏွစ္အရြယ္ပရိသတ္ ခ်ာလီကိုလည္း ႏွစ္သိမ့္အားေပးမႈေတြလုပ္ခဲ့ပါတယ္။ ခ်ာလီကို ရီးယဲလ္အသင္းဥကၠ႒ပီရက္ဇ္ (Perez)ကိုယ္တုိင္ ဖိတ္ၾကားၿပီး
စီေရာ္နယ္လ္ဒို (C. Ronaldo)ကလည္း သူ႕လက္မွတ္ပါ အက်ၤ ီ လက္ေဆာင္ေပးခဲ့တယ္။

BFF

စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ဘ၀မွာ ေအးဂ်င့္ေဂ်ာ့ခ်္မန္ဒက္စ္ (Jorge Mendes)ဟာ BFF လို႔ဆုိရမယ္။
၂၀၁၅ ခုႏွစ္မွာ ေဂ်ာ႔ခ်္မန္ဒက္စ္ (Jorge Mendes)မဂၤလာေဆာင္ေတာ့ စီေရာ္နယ္လ္ဒို (C. Ronaldo)ဟာ ဂရိက ကၽြန္းစုတစ္ခုကိုလက္ေဆာင္ေပးခဲ့တယ္လို႔ သတင္းေတြက ဆုိပါတယ္။အဲဒီကၽြန္းရဲ႕ တန္ေၾကးက ေပါင္သန္း (၄၀)၀န္းက်င္ရွိတယ္လုိ႔ေကာလာဟလေတြ ထြက္ခဲ့ဖူးတယ္။

ေန၀င္ခ်ိန္ေရာက္ ေဘာလံုးသမားဆီ ေမတၱာ

စေကာ့တလန္အမွတ္ေပးဖလားခ်န္ပီယံ ရိန္းဂ်ားစ္အသင္းကစားသမားေဟာင္း
ဖာနန္ဒို(Fernando)ဟာ ၂၀၁၃ ခုႏွစ္အတြင္းမွာ အာရံုေၾကာခ်ဳိ႕တဲ့မႈေရာဂါကိုရုတ္တရက္ခံစားခဲ့ရပါတယ္။ ၀မ္းနည္းစရာ ေန၀င္ခ်ိန္ကို ရင္ဆုိင္ေနရတဲ့ ဖာနန္ဒို (Fernando)ကို စီေရာ္နယ္လ္ဒုိ (C. Ronaldo)က ရီးယဲလ္ပြဲကိုၾကည့္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ဖာနန္ဒို (Fernando)နဲ႔အတူ မိသားစု၀င္ေတြကိုပါ စီေရာ္နယ္လ္ဒို (C. Ronaldo)က ဖိတ္ၾကားခဲ့ၿပီး အမွတ္တရလက္ေဆာင္ေပးခဲ့တာပါပဲ။
ဘ၀တူေဘာလံုးသမားေဟာင္းတစ္ဦးဆီ စီေရာ္နယ္လ္ဒို (C. Ronaldo) ေမတၱာေတြ ပို႔လႊတ္ခ့ဲသလုိLa Decima ေအာင္ပြဲအထိမ္းအမွတ္အျဖစ္ ရီးယဲလ္အသင္းေဖာ္ေတြကိုတစ္လံုးကို ေပါင္ (၅၀၀၀)တန္ Bulgari တံဆိပ္နာရီေတြ လက္ေဆာင္ေပးခဲ့ဖူးပါတယ္။နာရီရဲ႕ ေက်ာဘက္မွာ La Decima၊ CR 7 စာသားေတြနဲ႔အတူ လက္ေဆာင္ရသူကစားသမားတစ္ဦးခ်င္စီရဲ႕ နာမည္ကိုပါ အမွတ္တရထည့္သြင္းထားတာပါပဲ။

စီေရာ္နယ္လ္ဒို (C. Ronaldo) တို႔ မိသားစု

စီေရာ္နယ္လ္ဒို (C. Ronaldo) တို႔ မိသားစု

ေသြးခ်င္းသားခ်င္း

စီေရာ္နယ္လ္ဒို (C. Ronaldo)ရဲ႕ အေဖဟာ ယစ္ထုပ္ႀကီးဘ၀နဲ႔ ၂၀၀၅ ခုႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။သူ႕အစ္ကို ဟူဂိုကလည္း အေဖျဖစ္သူရဲ႕ အဆိုးလမ္းေၾကာင္းအတုိင္းအရက္နဲ႔ မူးယစ္ေဆးစြဲလန္​းေနခဲ့ပါတယ္။ ဒီအခ်ိန္မွာ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ေစခ်င္သူ စီေရာ္နယ္လ္ဒို (C. Ronaldo)က La Decima ေအာင္ပြဲရေအာင္လုပ္ခဲ့မယ္ဆုိရင္အက်င့္ဆိုးေတြ ေဖ်ာက္ပစ္ဖို႔ ဟူဂိုကုိ ေတာင္းဆုိခဲ့ပါတယ္။
La Decima ေအာင္ပြဲရခ်ိန္မွာ သူတို႔ညီအစ္ကိုႏွစ္ဦး ကြင္းထဲမွာ ခ်စ္ခင္စြာေပြ႕ဖက္ထားပံုေတြဟာ မေမ့ႏုိင္စရာပါပဲ။

စီေရာ္နယ္လ္ဒို (C. Ronaldo)ကို အျမင္မၾကည္ခ်င္ မၾကည္ပါနဲ႔ ၊ ဒါမွမဟုတ္ မုန္းခ်င္မုန္းပါ။ဒါေပမဲ့ သူ႕ေဖာ္က်ဴးခဲ့ရာ လူသားခ်င္းစာနာမႈ၊ သူ႕ႏွလံုးသားထဲကေမတၱာတရားကိုေတာ့ အသိအမွတ္မျပဳဘဲ မေနေစခ်င္ဘူး။ ေဘာလံုးသမားဘ၀ေန၀င္ခ်ိန္ကို သူ ျဖတ္သန္းေနရပါၿပီ။ သူ႕ရဲ႕ ေဘာလံုးသမားဘ၀တစ္ေလွ်ာက္မွာ ကြင္းအတြင္းေအာင္ျမင္မႈေတြသာမကဘဲ ကြင္းျပင္ပလူေနမႈဘ၀မွာပါ ေအာင္ျမင္မႈေတြ ရခဲ့တယ္လို႔ ဆိုရမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စီရော်နယ်လ်ဒို(C. Ronaldo)ကို အမြင်မကြည်လင်ဘူးဆိုရင်

စီရော်နယ်လ်ဒို (C. Ronaldo)ဟာ တခါတလေ အတ္တကြီးချင်ကြီးပါလိမ့်မယ်။ဂိုးမသွင်းနိုင်တဲ့အခါမျိုးဆိုရွှေမျက်နှာညိုးနွမ်းပြီး မျက်ဝန်းတွေထဲ အလိုမကျခြင်းတွေ ပြည့်ဖုံးနေပါလိမ့်မယ်။စိတ်ကောက်သလိုပုံစံမျိုး နှုတ်ခမ်းလေးခပ်စူစူ ဖြစ်နေပါလိမ့်မယ်။ကိုယ်ခန္ဓာကြံ့ခိုင်အောင် အမြဲလိုလို လုံးပမ်းနေပေမယ့် သူ့အတွင်းစိတ်ဟာနူးညံ့ပျော့ပျောင်းနေမလားပဲ။ သူ့ရဲ့ခပ်ဝင့်ဝင့်လူနေမှုပုံစံကို မနှစ်သက်ဘူးလား။ဂိုးသွင်းယူပြီးချိန်တိုင်း ဘုရင်တစ်ပါးလို မာနကြီးပြနေတာကို ကြည့်မရဘူးလား။စီရော်နယ်လ်ဒို ရဲ့(C. Ronaldo)ဝင့်ထည်မှုများ အခြားတစ်ဖက်မှာ လူသားချင်းစာနာမှု စိတ်ထားဟာ မြင့်မြတ်စွာ ရှိနေတယ်။ နှစ်စဉ်နှစ်တိုင်း သွေးလှူတတ်သူဟာသူ့ရဲ့ သွေးမညစ်နွမ်းစေဖို့ တက်တူးထိုးခြင်းကို စီရော်နယ်လ်ဒို(C. Ronaldo) ရှောင်ရှားထားပါတယ်။သူ့ရဲ့ ပရဟိတလုပ်ရပ်တချို့ကို သိမယ်ဆိုရင် ခပ်ဝင့်ဝင့်လုပ်ရပ်တွေကြောင့်သူ့အပေါ် အမြင်မကြည်တဲ့အဆင့်မှာပဲရပ်တန့်နေပါလိမ့်မယ်။ မုန်းတီးတဲ့အဆင့်ကို ရောက်မယ်မထင်ပါဘူး။

ဥရောပရွှေဖိနပ်ဆု

၂၀၁၁ ဥရောပရွှေ့ဖိနပ်ဆုကို ရီးယဲလ်အတွက် ဂိုး (၄၀)သွင်းခဲ့သူ စီရော်နယ်လ်ဒို(C. Ronaldo)ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြမော်ရင်ဟိုလက်ထက် ရီးယဲလ်အသင်းဟာအဲဒီရာသီမှာ လာလီဂါဆုနဲ့ ဝေးခဲ့ရ၊ ချန်ပီယံလိဂ်မျှော်လင့်ချက်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာပဲပြိုကွဲရ၊ ကံတရားအနိမ့်ပိုင်းပါပဲ။ နောက်ဆုံးစီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ သွင်းဂိုး (၄၀)ဟာလည်းတစ်ဦးချင်းအောင်မြင်မှုသက်သက်၊ ဂုဏ်ယူဖွယ်ဆုလာဘ် ဖြစ်သွားရတယ်။ဒီအတွက် စီရော်နယ်လ်ဒို (C. Ronaldo)မချင့်မရဲဖြစ်ခဲ့သလားမပြောတတ်ဘူး။သူ့ရဲ့ ရွှေဖိနပ်ဆုကြီးကို လေလံတင်တော့တာပါပဲ။ လေလံဈေးက ပေါင် (၁ .၂)သန်းရခဲ့ပြီး ဒီငွေတွေအားလုံးကို စစ်ဒဏ်ကြားက ဂါဇာဒေသမှာ ကျောင်းတွေဆောက်လုပ်ဖို့အတွက်စီရော်နယ်လ်ဒို(C. Ronaldo) လှူဒါန်းခဲ့တယ်။

Ballon d’Or

၂၀၁၃ Ballon d’Or ဆုကိုလည်း စီရော်နယ်လ်ဒို(C. Ronaldo) လေလံတင်ခဲ့ပြန်တယ်။ဒီလေလံပွဲကို လန်ဒန်မှာ ပြုလုပ်ခဲ့ပြီး ကလေးသူငယ်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်ရေးရံပုံငွေရှာဖွေရေးအဖွဲ့အစည်း Make-A-Wish ကို လှူဒါန်းခဲ့ပါတယ်။Ballon d’Or ရဲ့ လေလံအောင်ကြေးဟာ ပေါင် (၅၃၀၀၀၀)ပါပဲ။

သံတမန်

အမှတ်တရဆုတံဆိပ် လေလံတင်ရောင်းချ၊ လှူဒါန်းမှုတွေအပြင် စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ကမ္ဘာလုံးဆိုင်ရာကျော်ကြား အဖွဲ့အစည်းတွေရဲ့ သံတမန်အဖြစ်လည်းဆောင်ရွက်နေပါတယ်။ Save the Children, Unicef နဲ့ World Visionတို့ရဲ့ သံတမန် စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ၂၀၁၄ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာသွေးကင်ဆာခံစားနေရတဲ့ ကလေးငယ်တွေနဲ့ ဆုံတွေ့ခဲ့တုန်းက ကြားသိခဲ့ရာ သူတို့ရဲ့ ကရုဏာသက်ဖွယ်နေ့ရက်တွေအကြောင်း တခုတ်တရပြောခဲ့ပါတယ်။မနှစ်တုန်းကလည်း ဆီးရီးယားပြည်တွင်းစစ်ကြား အနာဂတ်လောင်ကျွမ်းနေရတဲ့ကလေးငယ်တွေကို True Hero လို့ ခေါ်ဝေါ်အားပေးခဲ့ပါသေးတယ်။ ပြီးတော့ Save the Children ကို ပမာဏအတိအကျမသိနိုင်တဲ့ ငွေကြေးများစွာလှူဒါန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ခေတ်စားခဲ့တဲ့ Ice Bucket Challengeပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ပြီးကလေးငယ်များဆိုင်ရာအနာဂတ်အတွက် ကူညီထောက်ပံ့ဖို့ ကမ္ဘာတစ်ဝှမ်းကလူသန်းပေါင်းများစွာ တိုက်တွန်းခဲ့တယ်။

အပိုဆုကြေး

La Decima အောင်ပွဲအလွန်တစ်နှစ်အကြာမှာ စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ဆုကြေးငွေတွေကိုလှူဒါန်းခဲ့ပါသေးတယ်။ ဆယ်ကြိမ်မြောက်ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့လို့စီရော်နယ်လ်ဒို (C. Ronaldo)ကို ရီးယဲလ်အသင်းက ပေါင် (၄၅၀၀၀၀) ဆုကြေးပေးခဲ့ပါတယ်။ဒီဆုကြေးတွေကို စီရော်နယ်လ်ဒိုဟာကိုယ်ကျိုးအတွက် မသုံးခဲ့ဘဲSave the Children, Unicef နဲ့ World Vision တို့ကို လှူဒါန်းခဲ့တာပါပဲ။

အသွေးအသား၊ ရိုးတွင်းချင်ဆီ

စီရော်နယ်လ်ဒို(C. Ronaldo) သွေးမသန့်မှာစိုးလို့ တက်တူးမထိုးဘူး။ သူ့သွေးကို ရသူအတွက်အကျိုးရှိပါစေကြောင်းလည်း ဆုတောင်းတတ်ပါတယ်။သွေးလှူဒါန်းတဲ့အပြင် အသင်းဖော်ဟောင်း ကားလို့စ်မာတင်စ်ရဲ့သား ရိုးတွင်းချင်ဆီ လိုအပ်နေချိန်မှာလည်း ကူညီခဲ့ပါသေးတယ်။

ပြန်လည်ထူထောင်ရေးအတွက် ပေါင်သန်းပေါင်းများစွာ

၂၀၁၅ ခုနှစ်အတွင်းမှာလည်း စီရော်နယ်လ်ဒို (C. Ronaldo)ဟာ နီပေါငလျင်ဒဏ်ခံစားခဲ့ရသူတွေအတွက်ငွေကြေးပေါင်သန်းပေါင်းများစွာ လှူဒါန်းခဲ့တယ်လို့ သိရတယ်။နီပေါငလျင်ဟာ လူ (၉၀၀၀)ကျော်ရဲ့ အသက်ကို ဆွဲနှုတ်သွား၊ လူ (၂၂၀၀၀)ကိုဒဏ်ရာအနာတရတွေ ပေးသွားပါတယ်။ နီပေါနိုင်ငံပြန်လည်ထူထောင်ရေးအတွက်စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ အလှူငွေဟာ ပေါင် (၅)သန်းအထိ ရှိခဲ့ပါတယ်။

ကင်ဆာစင်တာများသို့

စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ အမေဒိုလောရက်စ်ဟာ ရင်သားကင်ဆာရောဂါကို ခံစားခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ရောဂါနုချိန်ကြိုသိခဲ့လို့၂၀၀၇ ခုနှစ်မှာ ပျောက်ကင်းခဲ့တယ်။ ဒီအတွက် စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ကျေးဇူးဆပ်တဲ့အနေဲ့သူ့အမေဆေးကုသခဲ့ရာ ပေါ်တူဂီနိုင်ငံကကင်ဆာစင်တာကိုပေါင် (၁၂၀၀၀၀) လှူဒါန်းခဲ့တာပါပဲ။

မိဘမဲ့

လက်ဘနွန်နိုင်ငံက မိဘမဲ့ကလေးတစ်ဦးနဲ့ စီရော်နယ်လ်ဒို (C. Ronaldo)တို့ ဆုံတွေ့ခဲ့ချိန်ကလည်းတကယ့်ကို ကြေကွဲစရာပါပဲ။ ဟိုင်ဒါလို့အမည်ရတဲ့ ကလေးငယ်ရဲ့ မိဘနှစ်ပါးဟာအသေခံဗုံးခွဲသူတစ်ဦးရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ပါတယ်။ဟိုင်ဒါကို စီရော်နယ်လ်ဒို (C. Ronaldo)က ရီးယဲလ်အသင်းဆီ အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပြီးစီရော်နယ်လ်ဒို (C. Ronaldo)ကို အရှင်လတ်လတ်မြင်လိုက်ချိန်မှာ ရီးယဲလ်ပရိသတ်ဟိုင်ဒါတစ်ယောက်စိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့တယ်။ ဒီဗီဒီယိုဖိုင်ကို ကြည့်ရသူအားလုံးရင်ထဲမှာလည်းပျော်ရွှင်နေမယ်မထင်ပါဘူး။၂၀၀၉ ခုနှစ်အတွင်းမှာလည်း စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ကင်ဆာရောဂါကျွမ်းနေပြီဖြစ်တဲ့ရီးယဲလ်ပရိသတ် (၉)နှစ်အရွယ်ကလေးကို ကူညီခဲ့ဖူးပါတယ်။ ကင်ဆာရောဂါသည်ကလေးအကြောင်း ကြားသိသိခြင်းပဲစီရော်နယ်လ်ဒိုဟာ သူ့ဆီလာလည်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ပြီးတော့ ကလေးအတွက် ဆေးကုသစရိတ်အားလုံးကို အကုန်အကျခံခဲ့ပါတယ်။ဒါပေမဲ့ ကံဆိုးစွာပဲ ၂၀၁၃ ခုနှစ်မှာ ကင်ဆာရောဂါသည်ကလေးလောကကြီးကနေနှုတ်ဆက်ခဲ့ရတယ်။

Ballon d' Or ဆုနှင့်အတူတွေ့ရသည့် စီရော်နယ်လ်ဒို (C.Ronaldo)

Ballon d’ Or ဆုနှင့်အတူတွေ့ရသည့် စီရော်နယ်လ်ဒို (C.Ronaldo)

ပရိသတ်မရွေး

စီရော်နယ်လ်ဒို (C. Ronaldo)ဟာ သူ့ကိုနှုတ်ဆက်ချင်လို့ ကွင်းထဲပြေးဝင်လာမယ့်ပရိသတ်တွေကို ပစ်ထားလေ့မရှိပါဘူး။ နွေးနွေးထွေးထွေးကြိုဆိုပြီးဆယ်လ်ဖီရိုက်လေ့ရှိပါတယ်။ လုံခြုံရေးတွေ တားဆီးမယ်ဆိုရင်လည်းစီရော်နယ်လ်ဒို (C. Ronaldo)က ဒီလိုမလုပ်ဖို့ တောင်းဆိုတတ်ပါတယ်။ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေဆီ ပွဲပြီးဆုံးချိန်တိုင်း ဝတ်စုံတွေ ပစ်ပေးတတ်၊ မငြိုမငြင်အမှတ်တရလက်မှတ်ထိုးပေး၊ ဓာတ်ပုံရိုက်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။

အလှူတစ်ခု

၂၀၁၄ ခုနှစ်အတွင်းမှာပဲ စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ဦးနှောက်ဖွံ့ဖြိုးမှု နိမ့်ပါးနေသူဆယ်လအရွယ်ကလေးငယ် အဲရစ်ကို လှူဒါန်းခဲ့ပါတယ်။အဲရစ်ရဲ့ အမေက သူ့သားဆီကို ရီးယဲလ်အသင်းအင်္ကျ ီတစ်ထည်လက်ဆောင်ပေးပါလို့တောင်းဆိုခဲ့တာပါပဲ။ ဒါပေမဲ့ စီရော်နယ်လ်ဒို (C. Ronaldo)က ဆေးကုသစရိတ်ပေါင် (၅၅၀၀၀)လှူခဲ့တဲ့အပြင်အင်္ကျ ီလေလံပွဲလုပ်ပြီး ရန်ပုံငွေ ထပ်အလှူခံခဲ့ပါသေးတယ်။
ကလေးချစ်တတ်သူ စီရော်နယ်လ်ဒို (C. Ronaldo)ဟာ သူ့ရဲ့ဖရီးကစ်ကန်ချက်ထိမှန်ပြီးလက်ကျိုးခဲ့သူ (၁၁)နှစ်အရွယ်ပရိသတ် ချာလီကိုလည်း နှစ်သိမ့်အားပေးမှုတွေလုပ်ခဲ့ပါတယ်။ ချာလီကို ရီးယဲလ်အသင်းဥက္ကဋ္ဌပီရက်ဇ် (Perez)ကိုယ်တိုင် ဖိတ်ကြားပြီး
စီရော်နယ်လ်ဒို (C. Ronaldo)ကလည်း သူ့လက်မှတ်ပါ အင်္ကျ ီ လက်ဆောင်ပေးခဲ့တယ်။

BFF

စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ဘဝမှာ အေးဂျင့်ဂျော့ချ်မန်ဒက်စ် (Jorge Mendes)ဟာ BFF လို့ဆိုရမယ်။
၂၀၁၅ ခုနှစ်မှာ ဂျော့ချ်မန်ဒက်စ် (Jorge Mendes)မင်္ဂလာဆောင်တော့ စီရော်နယ်လ်ဒို (C. Ronaldo)ဟာ ဂရိက ကျွန်းစုတစ်ခုကိုလက်ဆောင်ပေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။အဲဒီကျွန်းရဲ့ တန်ကြေးက ပေါင်သန်း (၄၀)ဝန်းကျင်ရှိတယ်လို့ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်။

နေဝင်ချိန်ရောက် ဘောလုံးသမားဆီ မေတ္တာ

စကော့တလန်အမှတ်ပေးဖလားချန်ပီယံ ရိန်းဂျားစ်အသင်းကစားသမားဟောင်း
ဖာနန်ဒို(Fernando)ဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ အာရုံကြောချို့တဲ့မှုရောဂါကိုရုတ်တရက်ခံစားခဲ့ရပါတယ်။ ဝမ်းနည်းစရာ နေဝင်ချိန်ကို ရင်ဆိုင်နေရတဲ့ ဖာနန်ဒို (Fernando)ကို စီရော်နယ်လ်ဒို (C. Ronaldo)က ရီးယဲလ်ပွဲကိုကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ဖာနန်ဒို (Fernando)နဲ့အတူ မိသားစုဝင်တွေကိုပါ စီရော်နယ်လ်ဒို (C. Ronaldo)က ဖိတ်ကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပေးခဲ့တာပါပဲ။
ဘဝတူဘောလုံးသမားဟောင်းတစ်ဦးဆီ စီရော်နယ်လ်ဒို (C. Ronaldo) မေတ္တာတွေ ပို့လွှတ်ခဲ့သလိုLa Decima အောင်ပွဲအထိမ်းအမှတ်အဖြစ် ရီးယဲလ်အသင်းဖော်တွေကိုတစ်လုံးကို ပေါင် (၅၀၀၀)တန် Bulgari တံဆိပ်နာရီတွေ လက်ဆောင်ပေးခဲ့ဖူးပါတယ်။နာရီရဲ့ ကျောဘက်မှာ La Decima၊ CR 7 စာသားတွေနဲ့အတူ လက်ဆောင်ရသူကစားသမားတစ်ဦးချင်စီရဲ့ နာမည်ကိုပါ အမှတ်တရထည့်သွင်းထားတာပါပဲ။

စီရော်နယ်လ်ဒို (C. Ronaldo) တို့ မိသားစု

စီရော်နယ်လ်ဒို (C. Ronaldo) တို့ မိသားစု

သွေးချင်းသားချင်း

စီရော်နယ်လ်ဒို (C. Ronaldo)ရဲ့ အဖေဟာ ယစ်ထုပ်ကြီးဘဝနဲ့ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။သူ့အစ်ကို ဟူဂိုကလည်း အဖေဖြစ်သူရဲ့ အဆိုးလမ်းကြောင်းအတိုင်းအရက်နဲ့ မူးယစ်ဆေးစွဲလန်းနေခဲ့ပါတယ်။ ဒီအချိန်မှာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်စေချင်သူ စီရော်နယ်လ်ဒို (C. Ronaldo)က La Decima အောင်ပွဲရအောင်လုပ်ခဲ့မယ်ဆိုရင်အကျင့်ဆိုးတွေ ဖျောက်ပစ်ဖို့ ဟူဂိုကို တောင်းဆိုခဲ့ပါတယ်။
La Decima အောင်ပွဲရချိန်မှာ သူတို့ညီအစ်ကိုနှစ်ဦး ကွင်းထဲမှာ ချစ်ခင်စွာပွေ့ဖက်ထားပုံတွေဟာ မမေ့နိုင်စရာပါပဲ။

စီရော်နယ်လ်ဒို (C. Ronaldo)ကို အမြင်မကြည်ချင် မကြည်ပါနဲ့ ၊ ဒါမှမဟုတ် မုန်းချင်မုန်းပါ။ဒါပေမဲ့ သူ့ဖော်ကျူးခဲ့ရာ လူသားချင်းစာနာမှု၊ သူ့နှလုံးသားထဲကမေတ္တာတရားကိုတော့ အသိအမှတ်မပြုဘဲ မနေစေချင်ဘူး။ ဘောလုံးသမားဘဝနေဝင်ချိန်ကို သူ ဖြတ်သန်းနေရပါပြီ။ သူ့ရဲ့ ဘောလုံးသမားဘဝတစ်လျှောက်မှာ ကွင်းအတွင်းအောင်မြင်မှုတွေသာမကဘဲ ကွင်းပြင်ပလူနေမှုဘဝမှာပါ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။