[Zawgyi]

ဆာလာ Salah ရဲ႕ဂိုးေတြ မရပ္တန္႔ေသးဘူး

လီဗာပူးလ္က အိမ္ကြင္းမွာ၀က္စ္ဟမ္းကို အႏုိင္ယူၿပီး တစ္ပြဲအသာနဲ႔ ဒုတိယေနရာကုိ ေရာက္ရွိလာပါတယ္။ ဆာလာ Salah၊ ေဖမီႏို Firmino၊ မာေနး Mane တုိ႔အပါအ၀င္အဓိကကစားသမားအစံုအလင္နဲ႔ လီဗာပူးလ္ပြဲထြက္ခဲ့ၿပီး ၀က္စ္ဟမ္းကလည္း အေနာ္တိုဗစ္ Arnautovic၊ လန္ဇီနီ Lanzini ၊ ကူယာေတး Kouyate ၊ အီဗရာ Evra စတဲ့ကစားသမားေတြနဲ႔ လီဗာပူးလ္ကို ျပန္ၿပီးတံု႔ျပန္ခဲ့ပါတယ္။ ပြဲအစပုိင္းမွာ လီဗာပူးလ္က ဂိုးရဖို႔အခြင့္အေရးနီးစပ္ခဲ့ပါတယ္။ ဆာလာရဲ႕ ကန္ခ်က္တုိင္ထိထြက္ခဲ့တာျဖစ္ၿပီး (၈)မိနစ္မွာ ဗန္ဒုိက္အပိုင္ေခါင္းတုိက္ခဲ့ေပမယ့္ ၀က္စ္ဟမ္းဂိုးသမား အက္ဒရီယန္ Adrian ကာကြယ္ႏုိင္ခဲ့လို႔ လီဗာပူးလ္ ဂိုးေစာေစာမရခဲ့တာပါပဲ။ ဒါေပမဲ့ မိနစ္ (၃၀)မွာ လီဗာပူးလ္အဖြင့္ဂိုးရခဲ့ပါတယ္။ ဆာလာရဲ႕ ေပးပို႔မႈကေန အမ္မရီခ်န္ Emre Can အဆံုးသတ္ေပးခဲ့တာျဖစ္ပါတယ္။ အမ္မရီခ်န္ရဲ႕ဂိုးဟာ ဒီရာသီမွာ လီဗာပူးလ္အတြက္ ၿပိဳင္ပြဲစံုရာျပည့္ဂိုးအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

၀က္စ္ဟမ္းအသင္းကလည္း ပထမပိုင္းမွာ ဂိုးရဖို႔နီးစပ္ခဲ့ပါေသးတယ္။ အေနာ္တုိဗစ္ရဲ႕ ကန္ခ်က္တုိင္ထိထြက္ခဲ့သလို၊ မိနစ္ (၂၀)မွာ အေနာ္တုိဗစ္ရဲ႕ ဂိုးရဖို႔အားထုတ္မႈကို လီဗာပူးလ္ဂိုးသမား ကာရီယက္စ္ Karius လက္စြမ္းျပကာကြယ္ခဲ့လို႔ ၀က္စ္ဟမ္းကံဆုိးခဲ့ပါတယ္။ ပထမပိုင္းမွာ ႏွစ္သင္းစလံုးအခြင့္အေရးကို္ယ္စီရခဲ့ေပမယ့္ တစ္ဂိုးသာျမင္ခဲ့ရတဲ့ပြဲဟာ ဒုတိယပိုင္းအစမွာပဲ ဂိုးေတြျမဴးခဲ့ပါတယ္။ လီဗာပူးလ္ရဲ႕ ေနာက္ထပ္ဂိုး(၂)ဂိုးနဲ႔ ၀က္စ္ဟမ္းရဲ႕ေခ်ပဂိုးတစ္ဂိုး၊ စုစုေပါင္း (၃)ဂိုးဟာ (၈)မိနစ္သာၾကာခဲ့တာပါပဲ။ လီဗာပူးလ္အတြက္ ဒုတိယဂိုးကို မိနစ္ (၅၀)မွာ ဆာလာက ဘယ္ေျခနဲ႔  သြင္းယူခဲ့ၿပီး သူ႕အတြက္ ဒီရာသီမွာဂိုး (၂၀)ေျမာက္ဘယ္ေျခကန္ခ်က္သြင္းဂိုးပါပဲ။ ပရီးမီးယားလိဂ္သမုိင္းမွာ တစ္ရာသီအတြင္းဘယ္ေျခနဲ႔ဂိုးအမ်ားဆံုးသြင္းယူႏုိင္သူအျဖစ္ ဆာလာမွတ္တမ္း၀င္ခဲ့ပါတယ္။ (၅၆)မိနစ္မွာ ေဖမီႏုိက လီဗာပူးလ္အတြက္ တတိယဂိုးသြင္းယူခဲ့ၿပီး (၅၈)မိနစ္မွာ အန္တိုနီယို Antonio က ကူယာေတး Kouyate ေပးပို႔တာကေန ၀က္စ္ဟမ္းအတြက္ ေခ်ပဂိုးတစ္ဂိုးသြင္းယူေပးခဲ့ပါတယ္။

လီဗာပူးလ္အတြက္ ပြဲသိမ္းဂိုးကို (၈၇)မိနစ္မွာ မာေနး Mane ကသြင္းယူေပးခဲ့ၿပီး ဂိုးျပတ္ေအာင္ပြဲကို ပိုင္ဆုိင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရလဒ္မ်ား

လက္စတာ ၁-၁ စတုတ္စီးတီး

ဘုန္းေမာက္ ၂-၂ နယူးကာဆယ္

ဘ႐ုိက္တန္ ၄-၁ ဆြမ္ဆီး

ဘန္ေလ ၁-၁ ေဆာက္သမ္တန္

လီဗာပူလ္း ၄-၁ ၀က္စ္ဟမ္း

၀က္စ္ဘရြန္း ၁-၂ ဟတ္ဒါဖီးလ္

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆာလာ Salah ရဲ့ဂိုးတွေ မရပ်တန့်သေးဘူး

လီဗာပူးလ်က အိမ်ကွင်းမှာဝက်စ်ဟမ်းကို အနိုင်ယူပြီး တစ်ပွဲအသာနဲ့ ဒုတိယနေရာကို ရောက်ရှိလာပါတယ်။ ဆာလာ Salah၊ ဖေမီနို Firmino၊ မာနေး Mane တို့အပါအဝင်အဓိကကစားသမားအစုံအလင်နဲ့ လီဗာပူးလ်ပွဲထွက်ခဲ့ပြီး ဝက်စ်ဟမ်းကလည်း အနော်တိုဗစ် Arnautovic၊ လန်ဇီနီ Lanzini ၊ ကူယာတေး Kouyate ၊ အီဗရာ Evra စတဲ့ကစားသမားတွေနဲ့ လီဗာပူးလ်ကို ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လီဗာပူးလ်က ဂိုးရဖို့အခွင့်အရေးနီးစပ်ခဲ့ပါတယ်။ ဆာလာရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့တာဖြစ်ပြီး (၈)မိနစ်မှာ ဗန်ဒိုက်အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် ဝက်စ်ဟမ်းဂိုးသမား အက်ဒရီယန် Adrian ကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ် ဂိုးစောစောမရခဲ့တာပါပဲ။ ဒါပေမဲ့ မိနစ် (၃၀)မှာ လီဗာပူးလ်အဖွင့်ဂိုးရခဲ့ပါတယ်။ ဆာလာရဲ့ ပေးပို့မှုကနေ အမ်မရီချန် Emre Can အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။ အမ်မရီချန်ရဲ့ဂိုးဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံရာပြည့်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ဝက်စ်ဟမ်းအသင်းကလည်း ပထမပိုင်းမှာ ဂိုးရဖို့နီးစပ်ခဲ့ပါသေးတယ်။ အနော်တိုဗစ်ရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့သလို၊ မိနစ် (၂၀)မှာ အနော်တိုဗစ်ရဲ့ ဂိုးရဖို့အားထုတ်မှုကို လီဗာပူးလ်ဂိုးသမား ကာရီယက်စ် Karius လက်စွမ်းပြကာကွယ်ခဲ့လို့ ဝက်စ်ဟမ်းကံဆိုးခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီရခဲ့ပေမယ့် တစ်ဂိုးသာမြင်ခဲ့ရတဲ့ပွဲဟာ ဒုတိယပိုင်းအစမှာပဲ ဂိုးတွေမြူးခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ နောက်ထပ်ဂိုး(၂)ဂိုးနဲ့ ဝက်စ်ဟမ်းရဲ့ချေပဂိုးတစ်ဂိုး၊ စုစုပေါင်း (၃)ဂိုးဟာ (၈)မိနစ်သာကြာခဲ့တာပါပဲ။ လီဗာပူးလ်အတွက် ဒုတိယဂိုးကို မိနစ် (၅၀)မှာ ဆာလာက ဘယ်ခြေနဲ့  သွင်းယူခဲ့ပြီး သူ့အတွက် ဒီရာသီမှာဂိုး (၂၀)မြောက်ဘယ်ခြေကန်ချက်သွင်းဂိုးပါပဲ။ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်းဘယ်ခြေနဲ့ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ဆာလာမှတ်တမ်းဝင်ခဲ့ပါတယ်။ (၅၆)မိနစ်မှာ ဖေမီနိုက လီဗာပူးလ်အတွက် တတိယဂိုးသွင်းယူခဲ့ပြီး (၅၈)မိနစ်မှာ အန်တိုနီယို Antonio က ကူယာတေး Kouyate ပေးပို့တာကနေ ဝက်စ်ဟမ်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

လီဗာပူးလ်အတွက် ပွဲသိမ်းဂိုးကို (၈၇)မိနစ်မှာ မာနေး Mane ကသွင်းယူပေးခဲ့ပြီး ဂိုးပြတ်အောင်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရလဒ်များ

လက်စတာ ၁-၁ စတုတ်စီးတီး

ဘုန်းမောက် ၂-၂ နယူးကာဆယ်

ဘရိုက်တန် ၄-၁ ဆွမ်ဆီး

ဘန်လေ ၁-၁ ဆောက်သမ်တန်

လီဗာပူလ်း ၄-၁ ဝက်စ်ဟမ်း

ဝက်စ်ဘရွန်း ၁-၂ ဟတ်ဒါဖီးလ်

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။