[Zawgyi]

ရာသီအဖြင္႔လွခဲ႔တဲ႔ နာပိုလီ

စီးရီးေအရာသီအဖြင္႔ ပြဲစဥ္ေတြဟာ ပရိသတ္ေတြကိုဖမ္းစားႏိုင္တဲ႔ပြဲစဥ္ေတြျဖစ္ခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်ီေယဗိုအသင္းကို ေနာက္ကေနလိုက္ကစားခဲ႔ျပီးမွ အႏိုင္ရလဒ္ကိုရရိွခဲ႔သလို အသင္းၾကီးႏွစ္သင္းေတြ႕ဆံုတဲ႔ပြဲစဥ္ျဖစ္တဲ႔ လာဇီယို နဲ႔ နာပိုလီပြဲဟာလည္း ပြဲေကာင္းတစ္ပြဲျဖစ္ခဲ႔ပါတယ္။

Lazio-Vs-Napoli

Lazio-Vs-Napoli

နာပိုလီနဲ႔ေတြ႕ဆံုတိုင္းရလဒ္မေကာင္းတတ္တဲ႔ အစဥ္အလာဆိုးကို ဒီပြဲမွာလည္း လာဇီယိုအသင္းကေခ်ဖ်က္ျပႏိုင္ခဲ႔ျခင္းမရိွခဲ႔ဘူးလို႔ဆိုရမွာပါ။ ပြဲကအစပိုင္းမွာ အျပန္အလွန္ရိွခဲ႔ေပမယ္႕ ထိေရာက္တဲ႔ထိုးေဖာက္ကန္သြင္းခ်က္ေတြ သိပ္မရိွတာကိုေတြ႕ခဲ႔ရပါတယ္။ ပြဲခ်ိန္(၂၅)မိနစ္မွာေတာ႔ လာဇီယိုအသင္းကဦးေဆာင္ဂိုးစရခဲ႔ျပီး ေကာင္းမြန္တဲ႔သြင္းဂိုးတစ္ဂိုးျဖစ္ခဲ႔ပါတယ္။ လာဇီယိုတိုက္စစ္မႈး အီမိုဘီလီ Immobile ဟာ နာပိုလီကစားသမား(၃)ဦးကို ပါးပါးနပ္နပ္နဲ႔ေခါက္ထြက္ခဲ႔ကာ ဘယ္ေျခနဲ႔လွလွပပအဆံုးသတ္ကန္သြင္းယူခဲ႔တာပါ။ ဦးေဆာင္ဂိုးစရခဲ႔လို႔ လာဇီယိုအသင္းအစဥ္အလာဆိုးကေန ေဖာက္ထြက္ျပႏိုင္မလားဆိုျပီး ထင္စရာျဖစ္ခဲ႔ေပမယ္႕ ပထမပိုင္းျပီးခါနီးမွာ နာပိုလီအသင္းကေခ်ပဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကေတာ႔ ေကာင္းမြန္တဲ႔ျဖတ္ေဘာကတစ္ဆင္႔ ကယ္လီဟြန္ Callejón ခ်ေပးလိုက္တဲ႔ေဘာလံုးကို မီလစ္ Milik ကအလိုက္သင္႔ေျပး၀င္ပိတ္သြင္းခဲ႔တာပါ။ဒုတိယပိုင္းပြဲခ်ိန္(၅၉)မိနစ္မွာေတာ႔ နာပိုလီအသင္းဟာ ဦးေဆာင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကေတာ႔ ညာျခမ္းကေနတင္္ေပးလိုက္တဲ႔ ေဘာလံုးကို အယ္လန္ Allan ကအလိုက္သင္႔ခ်ေပးခဲ႔တာျဖစ္ျပီး ဒီေဘာလံုးကို အသင္႔ရိွေနတဲ႔ အင္ဆစ္ဂနီ Insigne ဟာေကာင္းမြန္တဲ႔ကန္ခ်က္နဲ႔အဆံုးသတ္ခဲ႔တာပဲျဖစ္ပါတယ္။

Insigne

Insigne

ေနာက္ပိုင္းမိနစ္ေတြမွာေတာ႔ လာဇီယိုအသင္းရဲ႕ကန္သြင္းခ်က္ေတြကို နာပိုလီဂိုးသမား ကာနီဇစ္ Karnezis ကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပြဲအျပီးမွာေတာ႔ နည္းျပအန္ဆယ္ေလာ႔တီ Ancelotti ရဲ႕နာပိုလီအသင္းဟာ လာဇီယိုအသင္းကို (၁ – ၂ )နဲ႔အႏိုင္ရရိွခဲ႔ျပီး ရာသီအဖြင္႔လွခဲ႔ပါတယ္။

Photo: Napoli Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရာသီအဖွင့်လှခဲ့တဲ့ နာပိုလီ

စီးရီးအေရာသီအဖွင့် ပွဲစဉ်တွေဟာ ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ချီယေဗိုအသင်းကို နောက်ကနေလိုက်ကစားခဲ့ပြီးမှ အနိုင်ရလဒ်ကိုရရှိခဲ့သလို အသင်းကြီးနှစ်သင်းတွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တဲ့ လာဇီယို နဲ့ နာပိုလီပွဲဟာလည်း ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

Lazio-Vs-Napoli

Lazio-Vs-Napoli

နာပိုလီနဲ့တွေ့ဆုံတိုင်းရလဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုးကို ဒီပွဲမှာလည်း လာဇီယိုအသင်းကချေဖျက်ပြနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ဆိုရမှာပါ။ ပွဲကအစပိုင်းမှာ အပြန်အလှန်ရှိခဲ့ပေမယ့် ထိရောက်တဲ့ထိုးဖောက်ကန်သွင်းချက်တွေ သိပ်မရှိတာကိုတွေ့ခဲ့ရပါတယ်။ ပွဲချိန်(၂၅)မိနစ်မှာတော့ လာဇီယိုအသင်းကဦးဆောင်ဂိုးစရခဲ့ပြီး ကောင်းမွန်တဲ့သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။ လာဇီယိုတိုက်စစ်မှုး အီမိုဘီလီ Immobile ဟာ နာပိုလီကစားသမား(၃)ဦးကို ပါးပါးနပ်နပ်နဲ့ခေါက်ထွက်ခဲ့ကာ ဘယ်ခြေနဲ့လှလှပပအဆုံးသတ်ကန်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးစရခဲ့လို့ လာဇီယိုအသင်းအစဉ်အလာဆိုးကနေ ဖောက်ထွက်ပြနိုင်မလားဆိုပြီး ထင်စရာဖြစ်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ နာပိုလီအသင်းကချေပဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ကောင်းမွန်တဲ့ဖြတ်ဘောကတစ်ဆင့် ကယ်လီဟွန် Callejón ချပေးလိုက်တဲ့ဘောလုံးကို မီလစ် Milik ကအလိုက်သင့်ပြေးဝင်ပိတ်သွင်းခဲ့တာပါ။ဒုတိယပိုင်းပွဲချိန်(၅၉)မိနစ်မှာတော့ နာပိုလီအသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ညာခြမ်းကနေတင်ပေးလိုက်တဲ့ ဘောလုံးကို အယ်လန် Allan ကအလိုက်သင့်ချပေးခဲ့တာဖြစ်ပြီး ဒီဘောလုံးကို အသင့်ရှိနေတဲ့ အင်ဆစ်ဂနီ Insigne ဟာကောင်းမွန်တဲ့ကန်ချက်နဲ့အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။

Insigne

Insigne

နောက်ပိုင်းမိနစ်တွေမှာတော့ လာဇီယိုအသင်းရဲ့ကန်သွင်းချက်တွေကို နာပိုလီဂိုးသမား ကာနီဇစ် Karnezis ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြအန်ဆယ်လော့တီ Ancelotti ရဲ့နာပိုလီအသင်းဟာ လာဇီယိုအသင်းကို (၁ – ၂ )နဲ့အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့်လှခဲ့ပါတယ်။

Photo: Napoli Twitter
Ko Kyue(Akhayar)
www.akhayar.com