[Zawgyi]

Dua Lipa တကယ္ပဲ ၾကဳိက္လြန္းလုိ႕ Gigi ၀တ္သလုိ ပုံစံတူလုိက္၀တ္တာမ်ားလား

အသက္(၂၂)ႏွစ္အရြယ္ အဂၤလန္အဆုိေတာ္မေလး Dua Lipa ကုိေတာ့ နာမည္ရျပီးသားအဆုိေတာ္ေတြရဲ႕ သီခ်င္းကုိ Youtube မွာ Cover ျပန္ဆုိရင္း ကမာၻေက်ာ္လာသူမုိ႕ သူမရဲ႕ သီခ်င္းေတြကုိ မသိတဲ့သူကမရွိသေလာက္ပါပဲ။ သူမရဲ႕ တစ္ကုိယ္ေတာ္ေတးစီးရီးေတြကလည္း နာမည္ၾကီးလာသလုိ ဂီတလမ္းေၾကာင္းေပၚ ပရိသတ္အခုိင္အမာရရွိေနျပီျဖစ္တဲ့ Dua Lipa တစ္ေယာက္ ဇူလုိင္လ(၂၆)ရက္ေန႕က အမုိက္စားဖက္ရွင္နဲ႕ အထာက်က် ပြဲတက္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီဖက္ရွင္ဟာ Victoria Secret စူပါေမာ္ဒယ္လ္ Gigi Hadid 0တ္ဆင္ထားတဲ့ ပိတ္စနဲ႕ခၽြတ္စြပ္နီးပါးတူေနတာပါ။ ဒါေၾကာင့္Lipa တစ္ေယာက္ Gigi ၀တ္ဆင္ဖူးတဲ့ ဖက္ရွင္ကုိ သေဘာက်လုိ႕မ်ား အတုခုိးျပီးလုိက္၀တ္ေလသလား ဆုိတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

Dua Lipa

သူမ မ၀တ္ဆင္ခင္ကထဲက ဇြန္လ(၁၆)ရက္ေန႕မွာ က်င္းပတဲ့ CFDA ဖက္ရွင္ဆုေပးပြဲမွာ Gigi က အရင္ဦးဆုံး ၀တ္ဆင္ခဲ့တာေတြ႕ရပါတယ္။ ပန္းခ်ီေဆးေရာင္ေတြျခယ္ထားသလုိ ေၾကာင္ေၾကာင္က်ားက်ား ပုံစံလုိ႕ ထင္ရေပမယ့္ သူတုိ႕ႏွစ္ဦးစလုံး၀တ္ဆင္ထားတဲ့ပုံကေတာ့ လုံး၀ကုိ ဖက္ရွင္က်ကာ သူမ်ားထက္ ကြဲထြက္ေနတာကုိေတြ႕ရပါတယ္။အေပၚနဲ႕ ေအာက္ တစ္ဆက္တည္း ၀တ္ဆင္ရတဲ့ ၀တ္စုံျဖစ္ျပီး Dua က ၀တ္စုံအေရာင္နဲ႕လိုက္ဖက္တဲ့ ဖိနပ္ကုိပါ ေရြးခ်ယ္၀တ္ဆင္လာခဲ့တာပါ။ခ်ဳပ္ထားတဲ့ ဒီဇုိင္းခ်င္းမတူေပမယ့္လည္း တစ္ေယာက္တစ္မ်ိဳးစီလွေနတာကုိေတြ႕ရပါတယ္။

Gigi

သူတုိ႕ႏွစ္ဦးဟာ အႏုပညာလမ္းေၾကာင္းေပၚမွာ ပရိသတ္ကုိယ္စီနဲ႕ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ လူငယ္အႏုပညာရွင္ေတြျဖစ္ျပီး ကမာၻတစ္လႊားက ပရိသတ္ေတြရဲ႕ စိတ္၀င္တစားေစာင့္ၾကည့္အားေပးမႈေတြကုိ ရရွိေနသူေတြျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူတုိ႕ႏွစ္ဦးရဲ႕ ဖက္ရွင္က သိသိသာသာကုိ တစ္ပုံစံထဲျဖစ္ေနတာ အားလုံးက သတိထားမိခဲ့ပုံပါပဲ။ Dua က Gigi နဲ႕ အရမ္းရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ျပီး Gigi ရဲ႕ ၀တ္စုံေလးကုိ ၾကဳိက္လြန္းလုိ႕ တမင္အတုယူထားသလားမွတ္ရပါတယ္။

Dua Lipa and Gigi Hadid

ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးႏွစ္ေယာက္စလုံးက တစ္ပုံစံထဲ တူတဲ့ ဒီဇုိင္းမ်ိဳးကုိ ၀တ္ဆင္ထားတာျဖစ္လုိ႕ ဘယ္သူကပုိအလွဆုံးလဲဆုိတာ ေျပာခဲ့ၾကပါဦးေနာ္။

Stella (Akhayar)

www.Akhayar.com

[Unicode]

Dua Lipa တကယ်ပဲ ကြိုက်လွန်းလို့ Gigi ဝတ်သလို ပုံစံတူလိုက်ဝတ်တာများလား

အသက်(၂၂)နှစ်အရွယ် အင်္ဂလန်အဆိုတော်မလေး Dua Lipa ကိုတော့ နာမည်ရပြီးသားအဆိုတော်တွေရဲ့ သီချင်းကို Youtube မှာ Cover ပြန်ဆိုရင်း ကမ္ဘာကျော်လာသူမို့ သူမရဲ့ သီချင်းတွေကို မသိတဲ့သူကမရှိသလောက်ပါပဲ။ သူမရဲ့ တစ်ကိုယ်တော်တေးစီးရီးတွေကလည်း နာမည်ကြီးလာသလို ဂီတလမ်းကြောင်းပေါ် ပရိသတ်အခိုင်အမာရရှိနေပြီဖြစ်တဲ့ Dua Lipa တစ်ယောက် ဇူလိုင်လ(၂၆)ရက်နေ့က အမိုက်စားဖက်ရှင်နဲ့ အထာကျကျ ပွဲတက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖက်ရှင်ဟာ Victoria Secret စူပါမော်ဒယ်လ် Gigi Hadid 0တ်ဆင်ထားတဲ့ ပိတ်စနဲ့ချွတ်စွပ်နီးပါးတူနေတာပါ။ ဒါကြောင့်Lipa တစ်ယောက် Gigi ဝတ်ဆင်ဖူးတဲ့ ဖက်ရှင်ကို သဘောကျလို့များ အတုခိုးပြီးလိုက်ဝတ်လေသလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

Dua Lipa

သူမ မဝတ်ဆင်ခင်ကထဲက ဇွန်လ(၁၆)ရက်နေ့မှာ ကျင်းပတဲ့ CFDA ဖက်ရှင်ဆုပေးပွဲမှာ Gigi က အရင်ဦးဆုံး ဝတ်ဆင်ခဲ့တာတွေ့ရပါတယ်။ ပန်းချီဆေးရောင်တွေခြယ်ထားသလို ကြောင်ကြောင်ကျားကျား ပုံစံလို့ ထင်ရပေမယ့် သူတို့နှစ်ဦးစလုံးဝတ်ဆင်ထားတဲ့ပုံကတော့ လုံးဝကို ဖက်ရှင်ကျကာ သူများထက် ကွဲထွက်နေတာကိုတွေ့ရပါတယ်။ အပေါ်နဲ့ အောက် တစ်ဆက်တည်း ဝတ်ဆင်ရတဲ့ ဝတ်စုံဖြစ်ပြီး Dua က ဝတ်စုံအရောင်နဲ့လိုက်ဖက်တဲ့ ဖိနပ်ကိုပါ ရွေးချယ်ဝတ်ဆင်လာခဲ့တာပါ။

Gigi

သူတို့နှစ်ဦးဟာ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်ကိုယ်စီနဲ့ အောင်မြင်ကျော်ကြားနေတဲ့ လူငယ်အနုပညာရှင်တွေဖြစ်ပြီး ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်အားပေးမှုတွေကို ရရှိနေသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့ ဖက်ရှင်က သိသိသာသာကို တစ်ပုံစံထဲဖြစ်နေတာ အားလုံးက သတိထားမိခဲ့ပုံပါပဲ။ Dua က Gigi နဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး Gigi ရဲ့ ဝတ်စုံလေးကို ကြိုက်လွန်းလို့ တမင်အတုယူထားသလားမှတ်ရပါတယ်။

Dua Lipa and Gigi Hadid

ချစ်စရာကောင်းတဲ့ ကောင်မလေးနှစ်ယောက်စလုံးက တစ်ပုံစံထဲ တူတဲ့ ဒီဇိုင်းမျိုးကို ဝတ်ဆင်ထားတာဖြစ်လို့ ဘယ်သူကပိုအလှဆုံးလဲဆိုတာ ပြောခဲ့ကြပါဦးနော်။

Stella (Akhayar)

www.Akhayar.com