[Zawgyi]

သားေယာက္်ားေလးလိုခ်င္လို႔ လသားအရြယ္သမီးငယ္ေလးကုိ ရိုက္ႏွက္ခဲ့တဲ့ဖခင္

သားသမီးဆိုတာ ဇနီးေမာင္ႏွံေတြအတြက္ေတာ့ ဘုရားေပးတဲ့လက္ေဆာင္ပါပဲ။ သားပဲေမြးေမြး၊ သမီးပဲရရ၊ ကိုယ့္ေသြးကျဖစ္တဲ့ သက္ရွိလူသားေလးေတြျဖစ္လို႔ ခ်စ္ျမတ္ႏိုးစရာခ်ည္းပါပဲ။ တစ္ခ်ိဳ႕ေတြ ခ်စ္ခ်င္ၾကလြန္းလို႔ ဘာေလးပဲရရ လိုခ်င္ေနၾကတဲ့အခ်ိန္ သားရမွ သမီးရမွဆိုၿပီး သားသမီးကိုေရြးခ်ယ္ေနၾကတဲ့ မိဘေတြရွိေနတာဟာ တကယ့္ကိုစိတ္မေကာင္းစရာပါ။ အခုလည္း ဖခင္လုပ္သူကသားေယာက္်ားေလးလိုခ်င္ေပမယ့္ သမီးမိန္းကေလးေမြးလာလို႔ဆိုၿပီး အဲဒီလသားအရြယ္သမီးငယ္ေလးကို ဦးေႏွာက္ထိခိုက္တဲ့အထိ လူမဆန္စြာ ရိုက္ႏွက္ခဲ့တဲ့ျဖစ္ရပ္တစ္ခုအေၾကာင္း ေဖာ္ျပခ်င္ပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

အေမရိကန္ႏိုင္ငံ အိုဟိုင္းအိုးျပည္နယ္က အသက္ ၃၃ ႏွစ္အရြယ္ Jason Bittner ဆိုသူဟာ အသက္ ၃ လသာရွိေသးတဲ့ သမီးငယ္ေလးကို လူမဆန္စြာ ရိုက္ႏွက္ခဲ့ပါတယ္။ သမီးငယ္ေလးအေနနဲ႔ ထိခိုက္ဒဏ္ရာဒဏ္ခ်က္ေပါင္း ဒါဇင္ထက္မနည္း ရရွိခဲ့တဲ့အတြက္ ဦးေႏွာက္ကိုပါ ထိခိုက္ခံစားေနရပါတယ္။ အစပိုင္းမွာ သမီးငယ္ေလးဟာ ေခ်းမ်ားၿပီး ဂ်ီက်လြန္းတဲ့အတြက္ ရိုက္ခဲ့မိတယ္လို႔ ထြက္ဆိုထားေပမဲ့ ေနာက္ပိုင္းမွာ မိသားစုဝင္ေတြရဲ႕ထြက္ဆိုမႈေတြအရ Jason ဟာ သားေယာက္်ားေလးလိုခ်င္ေနတာျဖစ္ၿပီး သမီးမိန္းကေလးေမြးလာၿပီးေနာက္ပိုင္း မိသားစုဝင္ေတြၾကားမွာ သိပ္ၿပီးမၾကည္မလင္ျဖစ္ေနခဲ့တယ္ဆိုတာ သိရပါေတာ့တယ္။

Jason Bittner

မိခင္လုပ္သူက သမီးငယ္ေလးကို ေဆးရံုကိုေခၚယူၿပီးျပသခဲ့တဲ့အခါမွာေတာ့ မ်ားျပားလြန္းတဲ့ဒဏ္ရာဒဏ္ခ်က္ေတြေၾကာင့္ ဦးေႏွာက္ကိုပါ ထိခိုက္သြားတာ သိလိုက္ရပါတယ္။ ကေလးဟာ ျပင္းထန္တဲ့ထိခိုက္ဒဏ္ရာရခဲ့တယ္ဆိုတာကို မိခင္ျဖစ္သူကဝန္ခံထားၿပီး ဖခင္လုပ္သူကေတာ့ ဒါဟာမေတာ္တဆျဖစ္ရပ္လို႔သာ ထြက္ဆိုထားပါတယ္။ ကေလးငယ္ဟာ ဒဏ္ရာဒဏ္ခ်က္ေပါင္း ၂၈ ခ်က္ရရွိထားတဲ့အတြက္ ဒါဟာ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈလည္း ေျမာက္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

တကယ္ေတာ့ Jason တို႔လင္မယားမွာ သမီးမိန္းကေလးႏွစ္ေယာက္ရွိထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ Jason ဟာ ေနာက္ထပ္ သားေယာက္်ားေလးသာ လိုခ်င္ေတာ့တာျဖစ္ၿပီး အခုလိုသမီးမိန္းကေလးေမြးလာတဲ့အတြက္ စိတ္ပ်က္မိရာကေန အခုလိုဆင္ျခင္တံုတရားကင္းမဲ့စြာ ျပဳမူမိေတာ့တာပဲျဖစ္ပါတယ္။ ဒါအျပင္ Jason ဟာ အရိုးအေက်ာနဲ႔ေဆးဖက္ဆိုင္ရာသမားေတာ္တစ္ဦးျဖစ္ၿပီး သမီးငယ္အတြက္ ေဆးကုသမႈတစ္စံုတစ္ရာ လုပ္ေပးသင့္ေပမယ့္ လ်စ္လ်ဴရႈထားခဲ့ပါတယ္။ ကေလးငယ္အေနနဲ႔ ေဆးရံုကေနဆင္းခြင့္ရၿပီဆိုေပမယ့္ ျပန္လည္က်န္းမာလာဖို႔ကေတာ့ အခ်ိန္ၾကာျမင့္ဦးမွာျဖစ္ပါတယ္။

ဒီအေတာအတြင္း သူမရဲ႕ဖခင္ျဖစ္သူ Jason Bittner ကို ခံုသမာဓိအဖြဲ႕က ပုဒ္မႏွစ္ခုနဲ႔စြဲခ်က္တင္ထားပါတယ္။ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈနဲ႔ ေဆးကုသမႈကို လ်စ္လ်ဴရႈထားမႈတို႔ပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Jason Bittner ဟာ လာမယ့္ရံုးခ်ိန္းမွာ အမႈကိုၾကားနာမွာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သားယောက်ျားလေးလိုချင်လို့ လသားအရွယ်သမီးငယ်လေးကို ရိုက်နှက်ခဲ့တဲ့ဖခင်

သားသမီးဆိုတာ ဇနီးမောင်နှံတွေအတွက်တော့ ဘုရားပေးတဲ့လက်ဆောင်ပါပဲ။ သားပဲမွေးမွေး၊ သမီးပဲရရ၊ ကိုယ့်သွေးကဖြစ်တဲ့ သက်ရှိလူသားလေးတွေဖြစ်လို့ ချစ်မြတ်နိုးစရာချည်းပါပဲ။ တစ်ချို့တွေ ချစ်ချင်ကြလွန်းလို့ ဘာလေးပဲရရ လိုချင်နေကြတဲ့အချိန် သားရမှ သမီးရမှဆိုပြီး သားသမီးကိုရွေးချယ်နေကြတဲ့ မိဘတွေရှိနေတာဟာ တကယ့်ကိုစိတ်မကောင်းစရာပါ။ အခုလည်း ဖခင်လုပ်သူကသားယောက်ျားလေးလိုချင်ပေမယ့် သမီးမိန်းကလေးမွေးလာလို့ဆိုပြီး အဲဒီလသားအရွယ်သမီးငယ်လေးကို ဦးနှောက်ထိခိုက်တဲ့အထိ လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုအကြောင်း ဖော်ပြချင်ပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်က အသက် ၃၃ နှစ်အရွယ် Jason Bittner ဆိုသူဟာ အသက် ၃ လသာရှိသေးတဲ့ သမီးငယ်လေးကို လူမဆန်စွာ ရိုက်နှက်ခဲ့ပါတယ်။ သမီးငယ်လေးအနေနဲ့ ထိခိုက်ဒဏ်ရာဒဏ်ချက်ပေါင်း ဒါဇင်ထက်မနည်း ရရှိခဲ့တဲ့အတွက် ဦးနှောက်ကိုပါ ထိခိုက်ခံစားနေရပါတယ်။ အစပိုင်းမှာ သမီးငယ်လေးဟာ ချေးများပြီး ဂျီကျလွန်းတဲ့အတွက် ရိုက်ခဲ့မိတယ်လို့ ထွက်ဆိုထားပေမဲ့ နောက်ပိုင်းမှာ မိသားစုဝင်တွေရဲ့ထွက်ဆိုမှုတွေအရ Jason ဟာ သားယောက်ျားလေးလိုချင်နေတာဖြစ်ပြီး သမီးမိန်းကလေးမွေးလာပြီးနောက်ပိုင်း မိသားစုဝင်တွေကြားမှာ သိပ်ပြီးမကြည်မလင်ဖြစ်နေခဲ့တယ်ဆိုတာ သိရပါတော့တယ်။

Jason Bittner

မိခင်လုပ်သူက သမီးငယ်လေးကို ဆေးရုံကိုခေါ်ယူပြီးပြသခဲ့တဲ့အခါမှာတော့ များပြားလွန်းတဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့် ဦးနှောက်ကိုပါ ထိခိုက်သွားတာ သိလိုက်ရပါတယ်။ ကလေးဟာ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာကို မိခင်ဖြစ်သူကဝန်ခံထားပြီး ဖခင်လုပ်သူကတော့ ဒါဟာမတော်တဆဖြစ်ရပ်လို့သာ ထွက်ဆိုထားပါတယ်။ ကလေးငယ်ဟာ ဒဏ်ရာဒဏ်ချက်ပေါင်း ၂၈ ချက်ရရှိထားတဲ့အတွက် ဒါဟာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုလည်း မြောက်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

တကယ်တော့ Jason တို့လင်မယားမှာ သမီးမိန်းကလေးနှစ်ယောက်ရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် Jason ဟာ နောက်ထပ် သားယောက်ျားလေးသာ လိုချင်တော့တာဖြစ်ပြီး အခုလိုသမီးမိန်းကလေးမွေးလာတဲ့အတွက် စိတ်ပျက်မိရာကနေ အခုလိုဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူမိတော့တာပဲဖြစ်ပါတယ်။ ဒါအပြင် Jason ဟာ အရိုးအကျောနဲ့ဆေးဖက်ဆိုင်ရာသမားတော်တစ်ဦးဖြစ်ပြီး သမီးငယ်အတွက် ဆေးကုသမှုတစ်စုံတစ်ရာ လုပ်ပေးသင့်ပေမယ့် လျစ်လျူရှုထားခဲ့ပါတယ်။ ကလေးငယ်အနေနဲ့ ဆေးရုံကနေဆင်းခွင့်ရပြီဆိုပေမယ့် ပြန်လည်ကျန်းမာလာဖို့ကတော့ အချိန်ကြာမြင့်ဦးမှာဖြစ်ပါတယ်။

ဒီအတောအတွင်း သူမရဲ့ဖခင်ဖြစ်သူ Jason Bittner ကို ခုံသမာဓိအဖွဲ့က ပုဒ်မနှစ်ခုနဲ့စွဲချက်တင်ထားပါတယ်။ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ ဆေးကုသမှုကို လျစ်လျူရှုထားမှုတို့ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Jason Bittner ဟာ လာမယ့်ရုံးချိန်းမှာ အမှုကိုကြားနာမှာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။