[Zawgyi]

နံနက္စာဆန္းေလးေတြကို ၆၀၀က်ပ္ကစၿပီး ရတဲ့ ဗိုလ္တေထာင္က ဘိုဆန္ဆန္ဆိုင္လွလွေလး

နံနက္စာကို ၾကက္သားအဆီအႏွစ္အျပည့္ ႀကက္သြန္ဆီခ်က္နံ႔သင္းသင္းေလးနဲ႔ ေတာႀကက္ဆီထမင္းေလး စားခ်င္သူမ်ား၊
အက်ရည္ႏိုင္ႏိုင္ႏွပ္ထားတဲ႔ လဖက္ရည္ဆိမ့္ဆိမ့္ေလး ေသာက္ခ်င္သူမ်ား၊
အေငြ႕တေထာင္းေထာင္း ပဲျပဳတ္ႏိုင္းခ်င္း ေကာက္ၫွင္းငခ်ိပ္ေပါင္းေလးနဲ႔ အာဟာရျဖည့္ခ်င္သူမ်ား၊
ခိုေတာင္၊ နန္းႀကီးသုပ္ ေကာင္းေကာင္းစားခ်င္သူမ်ား အတြက္ မနက္စာေကာင္းေကာင္းရႏိုင္တဲ့ ဘိုဆန္ဆန္ဆိုင္ေလးတစ္ဆိုင္ ဗိုလ္တေထာင္မွာ ရွိေနပါၿပီ။

menu

ေစ်းႏႈန္းေလးေတြက ၆၀၀၊ ၁၀၀၀ မွ စၿပီး ေစ်းသက္သာတဲ့အျပင္ ပံုမွန္စားေနက်မနက္စာအျပင္ ထူးထူးျခားျခား မႏၲေလးအစားအစာေလးေတြပါ စံုစံုလင္လင္ရပါတယ္။ ထမင္းေၾကာ္၊ ထမင္းေပါင္းေတြအျပင္ သူ႔ဆိုင္မွာပဲ ရတဲ့ ထူးထူးျခားျခားမီႏူးေလးေတြကလည္းစားခ်င္စရာေလးပါ။

 

ဆိုင္နာမည္ေလးက Four Tomatoes ပါ။လိပ္စာက ၄၈လမ္းထိပ္၊မဟာဗႏၶဳလလမ္းေပၚ၊ ဗိုလ္ျမတ္ထြန္းတာဝါ ေျမညီထပ္ ျဖစ္ပါတယ္။ မနက္ ၇ နာရီကေန ေန႔လည္ ၂ နာရီထိက မနက္စာ၊ ေန႔လည္စာေတြ ရၿပီး ညေန ၅ နာရီမွ ည ၁၀ နာရီထိကို Western Foods ေလးေတြ ေရာင္းခ်တာပါ။

front side

ဆိုင္ပံုစံေလးက အျပင္ဘက္မွာ ပန္းအိုးေလးေတြနဲ႔ လွလွပပခင္းက်င္းထားၿပီး အထဲမွာေတာ့ အဆင့္တန္းျမင့္တဲ့ပံုစံေလး ရွင္းရွင္းေလးျပင္ထားပါတယ္။ အစားအေသာက္ျပင္ဆင္မႈ၊ ပန္းကန္ခြက္ေယာက္ အကုန္ သန္႔ရွင္းသပ္ရပ္မႈက အမွတ္ျပည့္ပါပဲ။ အရသာရွိတဲ့အျပင္ ဝန္ထမ္းေလးေတြ ဝန္ေဆာင္မႈေတာ္ေတာ္ေကာင္းတာလည္း ေတြ႕ရပါတယ္။ ေရကို ဝယ္ေသာက္စရာမလိုပဲ သံပုရာကြင္းေလးခပ္ထားတဲ့ Detox Water ကို ေရာက္တာနဲ႔ခ်ေပးၿပီး ကုန္သြားတိုင္းလာျဖည့္ေပးပါတယ္။ လမ္းမတန္းမွာဆိုေတာ့ ကားရပ္ရလည္းလြယ္ကူပါတယ္။

inside

မနက္စာစားခ်ိန္သြားခဲ့တာမို႔ စားခဲ့တဲ့ထဲကအရသာေတာ္ေတာ္ရွိလို႔ မစားမျဖစ္စားေစခ်င္တာေလးေတြကေတာ့-

(၁) ေတာၾကက္ဆီထမင္း

ၾကက္သားကို ႏူးအိေနေအာင္ ဒိန္ခ်ဥ္နဲ႔ႏွပ္ထားၿပီး ဂ်င္းၾကက္သြန္ျဖဴနဲ႔နယ္၊ ဆီပူထိုး၊ အျပင္သားေလးႂကြပ္ၿပီဆိုမွ Oven ထဲထည့္ေပါင္းထားတာမို႔ အသားက ရွယ္အရသာ ႏူးညံ့ေနတာပါ။ ထမင္းကိုေတာ့ ၾကက္သားကထြက္တဲ့ အဆီအႏွစ္အေရခြံေလးေတြနဲ႔ ဆီခ်က္နံ႔ေမႊးေမႊးေလးရေအာင္ နယ္ထားၿပီး အေပၚက ၾကက္သားမႊေလးေတြျဖဴးေပးထားလို႔ ပံုမွန္ၾကက္ဆီထမင္းေတြနဲ႔ ကြဲထြက္ေနတဲ့ ျမန္မာအရသာေလးရၿပီး ေတာ္ေတာ္ကို စားေကာင္းတာပါ။ သူနဲ႔တြဲစားတဲ့ ၾကက္သြန္နီ၊ ပဲပင္ေပါက္၊ ေဂၚဖီစပ္ထားတဲ့ အခ်ဥ္ေလးလည္း အေတာ္အစပ္ဟပ္တည့္ပါတယ္။ ငယ္ငယ္က အေမနယ္ေပးတဲ့ ထမင္းဆီဆမ္းေလးေတာင္ လြမ္းမိေစပါတယ္။ တစ္ပြဲမွ ၂၆၀၀ က်ပ္ပါ။

ေတာျကက္ဆီထမင္း

(၂) ၾကက္ဥေပါင္း

ၾကက္ဥကို ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီးေလးနဲ႔ ေမႊးေနေအာင္ ပီဇာပံုစံေလးေပါင္းထားေပးတာပါ။ သံုးေျမႇာင့္အစိတ္လိုက္ေလးေတြေရာင္းၿပီး တစ္စိတ္မွ ၆၀၀ က်ပ္ပဲရွိပါတယ္။ ဆိမ့္သက္ၿပီး စားေကာင္းလြန္းလို႔ တစ္စိတ္နဲ႔ေတာင္ မဝေအာင္ပါပဲ။

ႀကက္ဥေပါင္း

(၃) ဖက္ထုပ္ေၾကာ္

အသားေတြကို ဌာပနာထားတဲ့အစာေလး လတ္ဆတ္ၿပီး အရသာရွိပါတယ္။ ေၾကာ္ထားတာ အျပင္ခြံႂကြပ္ႂကြပ္ေလးနဲ႔ ပံုမွန္ ဖက္ထုပ္ေၾကာ္ အရသာေလးပါ။ သူက တစ္ပြဲမွာ ၅ ခုပါတာကို ၂၀၀၀ က်ပ္ပါ။

ဖက္ထုုပ္ေၿကာ္

ေနာက္ ေကာက္ၫွင္းငခ်ိပ္ေပါင္းဆိုလည္း ေကာင္ၫွင္းအေနေတာ္ေလးနဲ႔ ပဲျပဳတ္၊ ႏွမ္းေထာင္းေလး အစံုနဲ႔စားေပ်ာ္ပါတယ္။ တစ္ပြဲမွ ၈၅၀ က်ပ္ပါ။ လဖက္ရည္ေလးလည္း သူ႔ႏွပ္နည္းေလးနဲ႔သူ အက်ရည္ေကာင္းမွန္း ေသာက္လိုက္တာနဲ႔ သတိထားမိေစပါတယ္။ တစ္ခြက္မွ ၆၀၀ က်ပ္ပါ။ တျခား ေန႔အလိုက္ရႏိုင္တဲ့ ထူးထူးဆန္းဆန္း Special Breakfast Menu ေလးေတြလည္း Blackboard ေပၚမွာ ေၾကာ္ျငာထားပါတယ္။ အိမ္ခ်က္ဒန္ေပါက္လည္း ရပါေသးသတဲ့။
တကယ့္ကို တိတ္ဆိတ္ၿပီး ထိုင္လို႔ေကာင္းတဲ့ဆိုင္ေလးပါ။ ႏိုင္ငံျခားသားမိတ္ေဆြေတြကို တည္ခင္းဧည့္ခံဖို႔ အေကာင္းဆံုးဆိုင္ပါ။

ေကာက္ညင္းငခ်ိပ္ေပါင္း

မနက္ခင္းဆိုတာ ေန႔တစ္ေန႔ရဲ႕ အေရးႀကီးဆံုးအခ်ိန္မို႔ မနက္ခင္း နံနက္စာစားခ်ိန္တည္းက စိတ္ၾကည္လင္ေနမွ တစ္ေနကုန္ အဆင္ေျပေျပျဖတ္သန္းႏိုင္မွာပါ။ ဒါ့ေၾကာင့္ အာရံုေနာက္စရာေတြမရွိ၊ ဆူညံသံေတြမရွိတဲ့အျပင္ အရသာေကာင္းတဲ့ မနက္စာေလးကိုဇိမ္က်က် စားၿပီး တစ္ေန႔လံုးစာအတြက္ Good day with good mood ျဖစ္ဖို႔ ဗိုလ္တေထာင္က Four Tomatoes ဆိုင္ေလးကို တစ္ေခါက္ေလာက္သြားစားၾကည့္ပါဦးလို႔ အစားအေသာက္ခ်စ္သူေတြအတြက္ Akhayar မွ ေဖာ္ျပေပးလိုက္ပါတယ္။

best for breakfast

ကဲ…ကိုယ့္သူငယ္ခ်င္း Breakfast Monster ေတြကို mention ေခၚေပးလိုက္ပါဦးေနာ္။

FoodieEi ( Akhayar )

www.akhayarmedia.com

[Unicode]

နံနက်စာဆန်းလေးတွေကို ၆၀၀ကျပ်ကစပြီး ရတဲ့ ဗိုလ်တထောင်က ဘိုဆန်ဆန် နံနက်စာဆိုင်လှလှလေး

နံနက်စာကို ကြက်သားအဆီအနှစ်အပြည့် ကြက်သွန်ဆီချက်နံ့သင်းသင်းလေးနဲ့ တောကြက်ဆီထမင်းလေး စားချင်သူများ၊
အကျရည်နိုင်နိုင်နှပ်ထားတဲ့ လဖက်ရည်ဆိမ့်ဆိမ့်လေး သောက်ချင်သူများ၊
အငွေ့တထောင်းထောင်း ပဲပြုတ်နိုင်းချင်း ကောက်ညှင်းငချိပ်ပေါင်းလေးနဲ့ အာဟာရဖြည့်ချင်သူများ၊
ခိုတောင်၊ နန်းကြီးသုပ် ကောင်းကောင်းစားချင်သူများ အတွက် မနက်စာကောင်းကောင်းရနိုင်တဲ့ ဘိုဆန်ဆန်ဆိုင်လေးတစ်ဆိုင် ဗိုလ်တထောင်မှာ ရှိနေပါပြီ။

menu

ဈေးနှုန်းလေးတွေက ၆၀၀၊ ၁၀၀၀ မှ စပြီး ဈေးသက်သာတဲ့အပြင် ပုံမှန်စားနေကျမနက်စာအပြင် ထူးထူးခြားခြား မန္တလေးအစားအစာလေးတွေပါ စုံစုံလင်လင်ရပါတယ်။ ထမင်းကြော်၊ ထမင်းပေါင်းတွေအပြင် သူ့ဆိုင်မှာပဲ ရတဲ့ ထူးထူးခြားခြားမီနူးလေးတွေကလည်းစားချင်စရာလေးပါ။

HUAWEI Nova 2i

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

ဆိုင်နာမည်လေးက Four Tomatoes ပါ။လိပ်စာက ၄၈လမ်းထိပ်၊မဟာဗန္ဓုလလမ်းပေါ်၊ ဗိုလ်မြတ်ထွန်းတာဝါ မြေညီထပ် ဖြစ်ပါတယ်။ မနက် ၇ နာရီကနေ နေ့လည် ၂ နာရီထိက မနက်စာ၊ နေ့လည်စာတွေ ရပြီး ညနေ ၅ နာရီမှ ည ၁၀ နာရီထိကို Western Foods လေးတွေ ရောင်းချတာပါ။

front side

ဆိုင်ပုံစံလေးက အပြင်ဘက်မှာ ပန်းအိုးလေးတွေနဲ့ လှလှပပခင်းကျင်းထားပြီး အထဲမှာတော့ အဆင့်တန်းမြင့်တဲ့ပုံစံလေး ရှင်းရှင်းလေးပြင်ထားပါတယ်။ အစားအသောက်ပြင်ဆင်မှု၊ ပန်းကန်ခွက်ယောက် အကုန် သန့်ရှင်းသပ်ရပ်မှုက အမှတ်ပြည့်ပါပဲ။ အရသာရှိတဲ့အပြင် ဝန်ထမ်းလေးတွေ ဝန်ဆောင်မှုတော်တော်ကောင်းတာလည်း တွေ့ရပါတယ်။ ရေကို ဝယ်သောက်စရာမလိုပဲ သံပုရာကွင်းလေးခပ်ထားတဲ့ Detox Water ကို ရောက်တာနဲ့ချပေးပြီး ကုန်သွားတိုင်းလာဖြည့်ပေးပါတယ်။ လမ်းမတန်းမှာဆိုတော့ ကားရပ်ရလည်းလွယ်ကူပါတယ်။

inside

မနက်စာစားချိန်သွားခဲ့တာမို့ စားခဲ့တဲ့ထဲကအရသာတော်တော်ရှိလို့ မစားမဖြစ်စားစေချင်တာလေးတွေကတော့-

(၁) တောကြက်ဆီထမင်း

ကြက်သားကို နူးအိနေအောင် ဒိန်ချဉ်နဲ့နှပ်ထားပြီး ဂျင်းကြက်သွန်ဖြူနဲ့နယ်၊ ဆီပူထိုး၊ အပြင်သားလေးကြွပ်ပြီဆိုမှ Oven ထဲထည့်ပေါင်းထားတာမို့ အသားက ရှယ်အရသာ နူးညံ့နေတာပါ။ ထမင်းကိုတော့ ကြက်သားကထွက်တဲ့ အဆီအနှစ်အရေခွံလေးတွေနဲ့ ဆီချက်နံ့မွှေးမွှေးလေးရအောင် နယ်ထားပြီး အပေါ်က ကြက်သားမွှလေးတွေဖြူးပေးထားလို့ ပုံမှန်ကြက်ဆီထမင်းတွေနဲ့ ကွဲထွက်နေတဲ့ မြန်မာအရသာလေးရပြီး တော်တော်ကို စားကောင်းတာပါ။ သူနဲ့တွဲစားတဲ့ ကြက်သွန်နီ၊ ပဲပင်ပေါက်၊ ဂေါ်ဖီစပ်ထားတဲ့ အချဉ်လေးလည်း အတော်အစပ်ဟပ်တည့်ပါတယ်။ ငယ်ငယ်က အမေနယ်ပေးတဲ့ ထမင်းဆီဆမ်းလေးတောင် လွမ်းမိစေပါတယ်။ တစ်ပွဲမှ ၂၆၀၀ ကျပ်ပါ။

တောကြက်ဆီထမင်း

(၂) ကြက်ဥပေါင်း

ကြက်ဥကို ကြက်သွန်နီ၊ ခရမ်းချဉ်သီးလေးနဲ့ မွှေးနေအောင် ပီဇာပုံစံလေးပေါင်းထားပေးတာပါ။ သုံးမြှောင့်အစိတ်လိုက်လေးတွေရောင်းပြီး တစ်စိတ်မှ ၆၀၀ ကျပ်ပဲရှိပါတယ်။ ဆိမ့်သက်ပြီး စားကောင်းလွန်းလို့ တစ်စိတ်နဲ့တောင် မဝအောင်ပါပဲ။

ကြက်ဥပေါင်း

(၃) ဖက်ထုပ်ကြော်

အသားတွေကို ဌာပနာထားတဲ့အစာလေး လတ်ဆတ်ပြီး အရသာရှိပါတယ်။ ကြော်ထားတာ အပြင်ခွံကြွပ်ကြွပ်လေးနဲ့ ပုံမှန် ဖက်ထုပ်ကြော် အရသာလေးပါ။ သူက တစ်ပွဲမှာ ၅ ခုပါတာကို ၂၀၀၀ ကျပ်ပါ။

ဖက်ထုုပ်ကြော်

နောက် ကောက်ညှင်းငချိပ်ပေါင်းဆိုလည်း ကောင်ညှင်းအနေတော်လေးနဲ့ ပဲပြုတ်၊ နှမ်းထောင်းလေး အစုံနဲ့စားပျော်ပါတယ်။ တစ်ပွဲမှ ၈၅၀ ကျပ်ပါ။ လဖက်ရည်လေးလည်း သူ့နှပ်နည်းလေးနဲ့သူ အကျရည်ကောင်းမှန်း သောက်လိုက်တာနဲ့ သတိထားမိစေပါတယ်။ တစ်ခွက်မှ ၆၀၀ ကျပ်ပါ။ တခြား နေ့အလိုက်ရနိုင်တဲ့ ထူးထူးဆန်းဆန်း Special Breakfast Menu လေးတွေလည်း Blackboard ပေါ်မှာ ကြော်ငြာထားပါတယ်။ အိမ်ချက်ဒန်ပေါက်လည်း ရပါသေးသတဲ့။
တကယ့်ကို တိတ်ဆိတ်ပြီး ထိုင်လို့ကောင်းတဲ့ဆိုင်လေးပါ။ နိုင်ငံခြားသားမိတ်ဆွေတွေကို တည်ခင်းဧည့်ခံဖို့ အကောင်းဆုံးဆိုင်ပါ။

ကောက်ညင်းငချိပ်ပေါင်း

မနက်ခင်းဆိုတာ နေ့တစ်နေ့ရဲ့ အရေးကြီးဆုံးအချိန်မို့ မနက်ခင်း နံနက်စာစားချိန်တည်းက စိတ်ကြည်လင်နေမှ တစ်နေကုန် အဆင်ပြေပြေဖြတ်သန်းနိုင်မှာပါ။ ဒါ့ကြောင့် အာရုံနောက်စရာတွေမရှိ၊ ဆူညံသံတွေမရှိတဲ့အပြင် အရသာကောင်းတဲ့ မနက်စာလေးကိုဇိမ်ကျကျ စားပြီး တစ်နေ့လုံးစာအတွက် Good day with good mood ဖြစ်ဖို့ ဗိုလ်တထောင်က Four Tomatoes ဆိုင်လေးကို တစ်ခေါက်လောက်သွားစားကြည့်ပါဦးလို့ အစားအသောက်ချစ်သူတွေအတွက် Akhayar မှ ဖော်ပြပေးလိုက်ပါတယ်။

best for breakfast

ကဲ…ကိုယ့်သူငယ်ချင်း Breakfast Monster တွေကို mention ခေါ်ပေးလိုက်ပါဦးနော်။

FoodieEi ( Akhayar )

www.akhayarmedia.com